 
                                                                                                    09/07/2025
                                        အမူးလွန်နေတဲ့ လူအနားမှာ ရေသန့်ဘူးတွေ ဝယ်ပြီးထားပေးတတ်တဲ့ ဂျပန်လူမျိုးတွေ
ဂျပန်လို့ပြောလို့တာနဲ့ စည်းကမ်းကောင်းမွန်ပြီး လူနေမှုအဆင့်တန်းမြင့်မားတဲ့ နိုင်ငံဆိုတာ အားလုံး သိရှိထားပြီးဖြစ်ပါတယ် ဒါ့အပြင် ဂျပန်လူမျိုးတွေရဲ့ စိတ်ထားဟာလည်း အရမ်းကို လေးစားအတုယူစရာကောင်းနေခဲ့ပါတယ်
ဂျပန်နိုင်ငံက အများပြည်သူသွားလာနေတဲ့ နေရာတွေ၊ လမ်းတွေပေါ်မှာ အမူးလွန်ပြီး မှောက်နေမယ်ဆိုရင် လမ်းသွားလမ်းလာ ဂျပန်လူမျိုးတွေက ဒီအမူးလွန်နေတဲ့ လူနားမှာ ရေသန့်ဘူးတွေ ထားပေးခဲ့တာကို တွေ့ရတတ်ပါတယ် ။ 
အလုပ်ပင်ပန်းလို့ဖြစ်စေ ၊ စိတ်ဖိစီးမူများလို့ဖြစ်စေ အမူးလွန်ပြီးလို့ သတိရလာတဲ့အခါ ရေဓာတ်ခန်းခြောက်မူ မဖြစ်စေဖို့ ဘေးနားမှာအလွယ်တကူရေတွေယူသောက်လို့ရအောင် လုပ်ပေးထားတဲ့  ကြင်နာသော လုပ်ရပ်တစ်ခုအဖြစ် အများစုက ယူဆကြပါတယ်                                    
 
                                                                                                     
                                         
   
   
   
   
     
   
   
  