13/07/2025
MSC 2025 ပြိုင်ပွဲကြီးရဲ့အုပ်စု ခွဲဝေမှုဇယားကတော့ ထွက်ပေါ်လာပါပြီ။
အသင်းပေါင်း ၁၆ သင်းဟာ အုပ်စုနှစ်စုခွဲကာ ယှဥ်ပြိုင်ရမှာပါ။
မြန်မာအသင်း Mythic SEAL ပါဝင်နေတဲ့ Group A မှာတော့ MPL PH ချန်ပီယံ Team Liquid, MPL ID ချန်ပီယံ Onic ID နဲ့ MPL Malaysia ချန်ပီယံ Seleangor Red Giants တို့လို အသင်းကြီးတွေ ပါဝင်နေတာကြောင့် Group B နဲ့ ယှဥ်ရင် အုပ်စု ပိုကျပ်တယ်လို့ ဆိုနိုင်ပါတယ်။
Group B မှာတော့ RRQ Hoshi, Onic PH နဲ့ Team Spirit တို့လို အသင်းတွေ ရှိနေပါတယ်။
အစောပိုင်းမဲနှိုက်ချိန်အတွင်း Mythic SEAL ဟာ Group B မှာ ကျရောက်မှာဖြစ်ပေမဲ့ Group A မှာ နိုင်ငံတူ Team Liquid အသင်းရှိနေတဲ့အတွက် နိုင်ငံတူအသင်းချင်းတစ်အုပ်စုထဲ ကျလို့မရတဲ့ Rule အရ Mythic SEAL ဟာ Group A ကို အလိုလိုပဲ ကျရောက်သွားခဲ့ပါတယ်။
Group Stage ယှဥ်ပြိုင်ရမယ့်ပုံစံကို အားလုံးနားလည်အောင် အလွယ်နည်းနဲ့ ရှင်းပြပါမယ်။
အုပ်စုအဆင့် ပွဲစဥ်တွေအားလုံးကို Best Of 3 ဆော့ရမယ်။ နိုင်ရင် နိုင်တဲ့အသင်းနဲ့ထပ်တွေ့မှာဖြစ်ပြီး ရှုံးရင် ရှုံးထားတဲ့အသင်းနဲ့ထပ်တွေ့မှာပါ။ ဥပမာ- Mythic SEAL က Corinthians ကို နိုင်ပြီး SRG က Virtus Pro ကို နိုင်ရင် နောက်ထပ်ပွဲစဥ်မှာ Mythic SEAL နဲ့ SRG တို့ ထိပ်တိုက်တွေ့ပါမယ်။
Mythic SEAL အနေနဲ့ SRG ကို ပါထပ်နိုင်ရင်တော့ Knockout Stage ကို Auto တက်ရောက်မှာဖြစ်ပြီး
ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ တခြား match က Loser တွေနဲ့ ထပ်ဆော့ရမှာပါ။
သို့ပေမဲ့ ထုတ်ပြန်ထားတဲ့ Bracket လမ်းကြောင်းအရ Mythic SEAL အနေနဲ့ SRG ကို ရှုံးနိမ့်ခဲ့ရင်တောင်မှ Team Liquid (သို့) Onic တို့လိုမျိူးအသင်းကြီး တစ်သင်းသင်းနဲ့ ထပ်မံတွေ့ဆုံရဖို့ ရှိလာမှာ မဟုတ်တော့ပါဘူး။
အုပ်စုတစ်ခုမှာ နိုင်ပွဲ ၂ ပွဲရတဲ့အသင်းက ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး ၂ ပွဲရှုံးတဲ့ အသင်းတွေက အိမ်ပြန်ရပါမယ်။ အုပ်စုတစ်ခုရဲ့ အသင်း ၄ သင်းကပဲ နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။