Kawi

Kawi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kawi, ครีเอเตอร์ดิจิทัล, phran nok road, Yangon.

26/08/2025

ကျွန်တော်နှင့် ထီးကလေး

ကျွန်တော့်ကောင်းကင်သည်
မို့ပြာအုံ့မှိုင်းလျှက်ရှိ၏
ကျွန်တော့်တောင်ကုန်းမှာ
ခတ္တာရနံ့တို့ထစ်ခြုန်းပြီး
ကျွန်တော်မိုးရွာတော့မည်လောဟု
ငြိမ်သက်တွေးတောရင်း
တစ်ခါတုန်းကထီးကလေးကို
သတိရနေမိတော့၏ ။ ။
တာရာဝင်းဝေ
#ကဗျာ


#တာရာမင်းဝေ

12/08/2025


#သစ္စာပိုင်စိုး

#ကဗျာ
#အပြန်

ဒုက္ခဆက်တင်လူလည်နဲ့လူအနှစ်မျိုးလုံးတင်ဆက်လို့ရတဲ့  မြို့တော်ကြီးမှာတစ်ဝက်အောင်မြင်ပြီးတစ်ဝက်ကျဆုံးခဲ့ရ သည်မြစ်ဟာငါမကူးခတ...
28/07/2025

ဒုက္ခဆက်တင်

လူလည်နဲ့လူအ
နှစ်မျိုးလုံးတင်ဆက်လို့ရတဲ့ မြို့တော်ကြီးမှာ
တစ်ဝက်အောင်မြင်ပြီး
တစ်ဝက်ကျဆုံးခဲ့ရ
သည်မြစ်ဟာ
ငါမကူးခတ်နိုင်လောက်အောင်
မကျယ်ဝန်းပါဘူး ။

လမ်းပျောက်နေသလား ……… တဲ့
လမ်းရှာမတွေ့သေးသူပါ ။

အကုသိုလ်ဒုစရိုက်တရား
ဒါလောက်မများခဲ့ပါဘူးကွယ်
ဆူးလေဘုရားကို ရှာတွေ့ရမှာပေါ့ ။

ဒုက္ခတွေကို ဒုက္ခနဲ့မြှောက်ခဲ့ရသူမို့
နောက်ထပ်ဒုက္ခပန်းတစ်ပွင့်
မဖူးပွင့်ပါရစေနဲ့တော့ ညီမလေးရယ် ။

ဖြောင့်ချက်တွေမပေးမိခင်
လေနှင်ရာလွင့်ခဲ့ရတာကိုပဲ
မင်းတို့မြို့ကလေးကို ကျေးဇူးတင်ရ ။
ဘက်စ်စကားပေါ်မှာ
မတော်တဆလက်ချင်းထိမိသလိုသာ
သဘောထားလိုက်ပါတော ။
ပိုင်စိုးဝေ

#ပိုင်စိုးဝေ
#ကဗျာ


#ဒုက္ခဆက်တင်

25/07/2025

လောကမှာ သည်းခံရမယ့် အချက်(၄)ချက်
(၁)အစားသည်းခံရမယ်
(၂)စကားသည်းခံရမယ်
(၃)နေရာသည်းခံရမယ်
(၄)ပုဂ္ဂိုလ်သည်းခံရမယ်



 #ကဗျာ  #တင်မိုး #အောင်ပွဲသို့
23/07/2025

#ကဗျာ
#တင်မိုး
#အောင်ပွဲသို့

22/07/2025


ဒုက္ခဆက်တင်လူလည်နဲ့လူအနှစ်မျိုးလုံးတင်ဆက်လို့ရတဲ့  မြို့တော်ကြီးမှာတစ်ဝက်အောင်မြင်ပြီးတစ်ဝက်ကျဆုံးခဲ့ရ သည်မြစ်ဟာငါမကူးခတ...
12/12/2024

ဒုက္ခဆက်တင်

လူလည်နဲ့လူအ
နှစ်မျိုးလုံးတင်ဆက်လို့ရတဲ့ မြို့တော်ကြီးမှာ
တစ်ဝက်အောင်မြင်ပြီး
တစ်ဝက်ကျဆုံးခဲ့ရ
သည်မြစ်ဟာ
ငါမကူးခတ်နိုင်လောက်အောင်
မကျယ်ဝန်းပါဘူး ။

လမ်းပျောက်နေသလား ……… တဲ့
လမ်းရှာမတွေ့သေးသူပါ ။

အကုသိုလ်ဒုစရိုက်တရား
ဒါလောက်မများခဲ့ပါဘူးကွယ်
ဆူးလေဘုရားကို ရှာတွေ့ရမှာပေါ့ ။

ဒုက္ခတွေကို ဒုက္ခနဲ့မြှောက်ခဲ့ရသူမို့
နောက်ထပ်ဒုက္ခပန်းတစ်ပွင့်
မဖူးပွင့်ပါရစေနဲ့တော့ ညီမလေးရယ် ။

ဖြောင့်ချက်တွေမပေးမိခင်
လေနှင်ရာလွင့်ခဲ့ရတာကိုပဲ
မင်းတို့မြို့ကလေးကို ကျေးဇူးတင်ရ ။
ဘက်စ်စကားပေါ်မှာ
မတော်တဆလက်ချင်းထိမိသလိုသာ
သဘောထားလိုက်ပါတော့ ။

ပိုင်စိုးဝေ

#ကဗျာ
#ပိုင်စိုးဝေ

ဘဝလူအများကြီးရှေ့ခေါင်းကိုအလွန်အကျွံမောရင်တွေကော့ပြီး နေခဲ့ဘူးတယ်ထမင်းစားရင် ခေါင်းလေးငုံ့မျက်ရည် ပေါက်ပေါက် ကျဘူးတယ်ရယ်...
06/12/2024

ဘဝ

လူအများကြီးရှေ့
ခေါင်းကိုအလွန်အကျွံမော
ရင်တွေကော့ပြီး နေခဲ့ဘူးတယ်

ထမင်းစားရင် ခေါင်းလေးငုံ့
မျက်ရည် ပေါက်ပေါက် ကျဘူးတယ်

ရယ်စရာရှိရင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားပေါ့
ငိုစရာရှိရင် ပါးစပ်ထဲစောင်ထိုးထည့်
တိတ်တဆိတ်ပေါ့

အတ္တာဟိအတ္တတော နာထောလို့ပြောပြောပြီး
ငိုချင်လာရင် အမေ့ရင်ခွင်ကိုပြေးပြေးသတိရတယ်

ဆန်းကျော်စွာဝင်း
#ဘဝ
#ဆန်းကျော်စွာဝင်း
#ကဗျာ

12/09/2024

#မောင်စိန်ဝင်(ပုတီးကုန်း)
#စာပေဟောပြောပွဲ


#စာပေအကြောင်း

30/08/2024

ရောမစစ်မျက်နှာ (၆)

ရိုမီယိုက ပြိုင်ကားတစ်စင်းလိုချင်တယ်
ဂျူလိယက်က ရေခဲမုန့်စားချင်တယ်
အထပ်မြင့်တိုက်တွေပေါ်ကခုန်ချပြီး
သက်သေနေကြတာ ခုထိ မဆုံး ။

ရောမစစ်မျက်နှာ (၇)

ပြေးစရာမြေမရှိတော့လို့ ရေထဲခုန်ချခဲ့တာ
ရေကူးတတ်လို့တော့ မဟုတ်ပါ
ရေထဲက
ငါးမန်းတွေထက်
ကုန်းမြေပေါ်က စစ်သုံ့ပန်းစခန်းထဲ
ငါ မရှင်သန်လို ။

ရောမစစ်မျက်နှာ (၈)

ပရာဒါ
ဂူချီ
ဘာဘယ်ရီ
အယ်လ်ဗွီ
မိစ္ဆာဝန်ရိုးတန်းသုံးနိုင်ငံထဲမှာ မူဆိုလီနီလည်း
ဖက်ဆစ်စနစ်ရဲ့ ဘရန်းဒက်ပဲ
ဓားမိုးထားလို့ လက်မှတ်ထိုးခဲ့ရတဲ့
စစ်ပြေငြိမ်းရေး စာချုပ်တွေဟာ
သားရေလက်ကိုင်အိတ်တွေအဖြစ်
ကမ္ဘာကြီးကို အလှပြန်ဆင်ပေးနေတယ် ။

ရောမစစ်မျက်နှာ (၉)

"စစ်ပွဲတစ်ခု စတင်လိုက်ပြီဆိုတာနဲ့
မထမဆုံး ကျဆုံးသွားတာဟာ အမှန်တရားပဲ"
ကျဉ်ဆန်ဟာ
ကိုယ့်နားရွက်ဘေးက မဖြတ်သွားသေးသရွေ့
ဖိနပ်ဟာ နှင်းတောထဲမှာ
ကျွတ်မကျန်ခဲ့သေးသရွေ့
မနက်ဖြန်မနက်ရောက်လာမဲ့
သတင်းစာထဲက စစ်ပွဲကိုမြည်းဖို့
အဖိုးကြီးဟာ ကော်ဖီတစ်အိုးနှပ်ထားတယ်
စနေညမှာ
နေပယ်လ်မြို့သားတွေကိုယုံကြည်ထားရင်
မမှားဘူးလို့
သတင်းအတိအကျ ရထားတယ်။ ။

ရောမစစ်မျက်နှာ (၁၀)

ပုပ်ရဟန်းမင်းကြီးရဲ့ ကားဟာ
အော့ဇ်ဝစ်အကျဉ်းစခန်းရှေ့မှာ
ဆီပြတ်သွားတော့
နာဇီအဖွဲ့ဝင်တွေဟာ ပါတီအလံလွှင့်ပြီး
ဝိုင်းတွန်းပေးကြရတယ်
ကား အမျိုးအစားက
လန်ဘိုဂီနီ ပါ ။
ကြည်ဇော်အေး

#ကဗျာ
#ကြည်ဇော်အေး

ရောမစစ်မျက်နှာ   ရောမစစ်မျက်နှာ (၁)စစ်မြေပြင်မှာတစ်ယောက်ကိုတစ်ယောင်မမြင်ရဘူးအမှောင်ထဲမှာသင်သေမရှိဘူးလူကိုမမြင်ရတော့လည်းစ...
27/08/2024

ရောမစစ်မျက်နှာ


ရောမစစ်မျက်နှာ (၁)

စစ်မြေပြင်မှာ
တစ်ယောက်ကိုတစ်ယောင်မမြင်ရဘူး

အမှောင်ထဲမှာ
သင်သေမရှိဘူး

လူကိုမမြင်ရတော့လည်း
စိတ်ကမနာမိဘူး

နောက်ကျောမှာ ဓါးတန်းလန်းကြီးနဲ့
ဒီကဗျာရေးမိတယ်။

ရောမစစ်မျက်နှာ (၂)

ငါ့ အိမ်နိမ့်စံဘဝမှာ
ရန်သူနဲ့ စေ့စပ်ခဲ့ရတယ်

နန်းတော်ကို သိမ်းပိုက်ပြီးချိန်မှာ
မင်းကို မိဖုရားမြှောက်ချင်တာ

ဒါပေမယ့်
မင့်က ရန်သူနဲ့ လင်ငယ်နေခဲ့တယ်

အေး
ငါ့ထီနန်းရိပ်မှာ
ကလီယိုပတ်ထရာ ပြက္ခဒိန်
ချိတ်ခွင့်မရှိစေရဘူး။ ။

ရောမစစ်မျက်နှာ (၃)

ရောမရောက်ရင်
ဗင်းနစ် လိုပဲ ကျင့်ကျင့်
မီလန် လိုပဲကျင့်ကျင့်
ဖလောရင့် လိုပဲကျင့်ကျင့်

ငါက
တန်းဆင်းဇုံထဲမှာ မူးစုပဲစု
အမှတ်လေးတွေရှာနေရတဲ့
ဥရောပရဲ့ တော့မြို့ကလေး
ဆီစီနာ ။

ရောမစစ်မျက်နှာ(၄)

သူရဲကောင်းတစ်ယောက်ရဲ့ အလောင်းကို
စစ်ပွဲအတွင်းမှာ
သံခွါကျွတ်ထွက်သွားတဲ့ မြင်းတစ်ကောင်လို
သားသက်ရုံပို့လိုက်ပါပြီလား

ခင်ဗျားရဲ့
အသွားနှစ်ဖက်ပါတဲ့ ဓားတွေကို
ပြန် သ ထားလိုက်ပါ ဆီဇာ ။

ရောမစစ်မျက်နှာ (၅)

တူရင်မှာ လုပ်ပွဲကစားရင်း တန်းဆင်းရတယ်
မာဖီးယားတွေက စစ္စလီကျွန်းပေါ်မှာ
ဖဲရိုက်နေကြတယ်

ဒီည ဘရုစ်တပ်က
အောက်အသင်းတွေကြိုက်နေတယ် ။

ကြည်ဇော်အေး

#ကဗျာအပုဒ်(၃၀) ပါဝင်ပြီး နောက်ရက်များတွင်လည်းဆက်လက်ဖော်ပြပေးသွားပါမည်။
#ကြည်ဇော်အေး
#ကဗျာ

ပါးစပ်တစ်ပေါက်ပဲရှိတယ်မင်းမှာပါးစပ်တစ်ပေါက်ပဲရှိတယ်ဒါပေမယ့် နားရွက်နှစ်ဖက်ရှိတယ်ဒါကြောင့်တစ်ခါပြောပြီးနှစ်ခါနားထောင်ရတယ်...
26/06/2024

ပါးစပ်တစ်ပေါက်ပဲရှိတယ်

မင်းမှာပါးစပ်တစ်ပေါက်ပဲရှိတယ်
ဒါပေမယ့် နားရွက်နှစ်ဖက်ရှိတယ်
ဒါကြောင့်တစ်ခါပြောပြီးနှစ်ခါနားထောင်ရတယ်
အများကြီး‌မြင်နေရပေမယ့်နည်းနည်းပဲပြောရတယ်
မင်းမှာပါးစပ်တစ်ပေါက်ပဲရှိတယ်
ဒါပေမယ့်လက်နှစ်ဖက်ရှိတယ်
ဒါကြေင့် နှစ်ခုနဲ့လုပ်ပြီး
တစ်ခုနဲ့ပဲ အစာစားရတယ်။

#(အာဖရိက ကျေးလက်ရိုးရာကဗျာ)
#ကဝိ
#ကဗျာ

Address

Phran Nok Road
Yangon
10700

Telephone

+959782241579

Website

Alerts

Be the first to know and let us send you an email when Kawi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kawi:

Share