13/08/2026
Disneyကတော့ ဒတ်စနီပီသစွာဘဲ ယခုရုပ်ရှင်ကားကိုလည်းအကောင်းဆုံးရိုက်ကူးခဲ့ပြန်ပါတယ်...
Disney ရိုက်ကူးသမျှကားတွေဟာအတော်လေးလက်ရာပြောင်မြောက်လွန်းတယ်လို့ ဒီဇာတ်ကားကြည့်ပြီးတော့ မှတ်ချက်ထပ်ပေးရပြန်အုံးမှာပါဘဲ.....
#အညွှန်း
Moana2026 Live-Action
ပင်လယ်သမုဒ္ဒရာရဲ့ ရွေးချယ်ခံရသူ ကမ်းစပ်ရွာသူမလေး Moana ဟာ သူမရဲ့ ကျွန်းပေါ်မှာ ကျရောက်နေတဲ့ သယံဇာတ ကင်းမဲ့မှုရဲ့အန္တရာယ်ဆိုးကြီးကနေ ကျွန်းသူကျွန်းသားတွေကိုကယ်တင်ဖို့အတွက် သမုဒ္ဒရာပြင်ကျယ်ကြီးဆီကို စွန့်စားခရီး ထွက်ခွာလာခဲ့ပါတယ်။
ခရီးလမ်းမှာ ရုပ်ပြောင်းရုပ်လွှဲ တန်ခိုးရှင် နတ်ဘုရား Maui လို့ခေါ်တဲ့ Dwayne Johnson(the rock) နဲ့ ဆုံတွေ့ခဲ့ပြီး သမုဒ္ဒရာရဲ့ ပျောက်ဆုံးနေတဲ့ အသက်နှလုံးသား (Heart of Te Fiti) ကို မူလနေရာဆီ ပြန်လည်ပို့ဆောင်ပေးဖို့တွက် ပင်လယ်သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာသဲထိတ်ရင်ဖို စွန့်စားခန်းများနဲ့အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရအုံးမှာဘဲဖြစ်ပါတယ်။