Revolutionary Fight For Freedom

14/09/2022

တော်လှန်ရေးသမားတွေဆိုတာ သစ်ခုတ်သမားလိုပဲလို့ တွေးကြည့်ရအောင်
တောရိုင်းမြေမှာ သစ်ပင်ခုတ်မယ်တောရှင်းမယ်

ဟုတ်ပြီ ဒီကြားထဲကမှ သစ်တုံးကိုပုံဖော်ချင်လိုပါတယ် ဆိုလာတဲ့သူတွေရှိမယ် လာရောက်ပူးပေါင်းလို့ရတယ်
BUT
သစ်တုံးရဖို့ သစ်ပင်ကို အရင်ခုတ်ရဦးမယ်

အရင်လုပ်မယ့်အလုပ်ကို အရင်လုပ်နေစဥ်မှာပဲ တပြိုင်နက်ထုဆစ်လို့ရတာတွေကို ထုဆစ်ကြပါ အိုခေတယ်

သူ့အကန့်နဲ့သူ မရောဘူး သို့သော် ချိတ်ဆက်မှုရှိတယ်
လေးစားရမယ်
ကိုယ်တိုင်မခုတ်ဘဲနဲ့ ခုတ်ပါတယ်လို့လည်း ဂုဏ်မဆာနဲ့ ရိုးသားရမယ်

ခုတ်သလိိုလို ထုဆစ်သလိုလိုနဲ့ အလုပ်မလုပ်တာမျိုူလည်း မလုပ်နဲ့ပေါ့
သူများက ခုတ်ထားတာကိုလည်း အလစ်မသုတ်နဲ့ ပွင့်ပွင့်လင်းလင်းပြောပြီးယူသုံးသင့်ပါတယ်

ကြိုတင်ပြီး ပွင့်လင်းမြင်သာအောင် ပြောထားရမယ် ပြောကိုပြောထားရမယ်

ဖုံးသလိုကွယ်သလို ဝှက်သလိုနဲ့ ချလည်းမပြ (မဟာဗျူဟာမြောက်နေလို့ ချမပြတာမျိုး မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာအတွက် လီစယ်တာမျိုး)

တကယ်တမ်းက ဘယ်လိုပဲဖြစ်ဖြစ် ချပြသင့်သလောက်ချပြတာမျိုး တိုင်ပင်ဆွေးနွေး အဖြေရှာတာမျိုး ပြုသင့်ပါတယ်

လက်သင့်ရာစားတော်ခေါ်ပြီး ကျိတ်လုပ်တာမျိုး ရှောင်ရပါမယ်

တပည့်မွေးဆရာမွေး ရှောင်ရပါမယ်

စနစ်မှားကိုတိုက်ရင်း စနစ်မှားလိုကျင့်သုံးမိနေတတ်တာပြင်ရမယ်

ငါက မခုတ်နိုင်ဘူး ထုဆစ်ချင်တာ
ဒီလိုမျိုးပြောပါရတယ်
ထုဆစ်ဖို့ တကန့်လုပ်ပေးမယ်

၀င်မယောင်နဲ့
၀င်မရှုပ်နဲ့
သူ့ကဏ္ဍနဲ့သူ

ထိုးမချနဲ့

ငါ​မ​ပြောဘူးလားမလုပ်နဲ့

ငါသိငါတတ်မလုပ်နဲ့

အတူပူးပေါင်းဆောင်ရွက်ခြင်းဆိုတာကို သဘောပေါက်ရမယ်

ဆိုက်ဝါး လား နှိုက်စားလားဆိုတာ သဘောပေါက်တတ်တဲ့သူတွေချည်းပဲ

အထင်မြင်မသေးဘဲ တမင် အလေးထားဆက်ဆံပေးတတ်တဲ့သူတွေဟာ အ လို့မဟုတ်ပါဘူး
ရှက်စရာတွေမှာ ဘက်မပြိုင်ချင်တတ်ကြလို့ပါ

🌸သုတ
(ပြောသင့်တာပြောပါမယ် ပြင်ရန်လိုတာပြင်ရပါမယ် ပြင်ကြပါမယ်)

05/07/2022

✈✈ တွေတက်လာတိုင်းလဲ
မကြောက်နဲ့...
သူတို့ ရဲ့ မသာ သွားတင်တာလဲ ဖြစ်နိုင်တာဘဲ. 😁

အတ္တစိတ်နှင့်စာနာစိတ်---------------by  Sayar Nay ဘတ်စ်ကားပေါ်မှာ မိန်းမကြီးတယောက်ကို ထိုင်ခုံဖယ်ပေးဘူးတယ်။ခဏနေတော့ သူ့ဘ...
28/06/2022

အတ္တစိတ်နှင့်စာနာစိတ်
---------------
by Sayar Nay

ဘတ်စ်ကားပေါ်မှာ မိန်းမကြီးတယောက်ကို ထိုင်ခုံဖယ်ပေးဘူးတယ်။

ခဏနေတော့ သူ့ဘေးကလူ ထသွားလို့
ကိုယ်ပြန်ထိုင်ရပြီ မှတ်တာ
မိန်းမကြီးက ကျနော် ဝင်မရအောင်သူ့ကိုယ်လုံးကြီးနဲ့ကွယ်ပြီး သူ့အဖေါ်မိန်းမတယောက်ကို ဝင်ထိုင်ခိုင်းတယ်။

ကျနော် နာကြည်းသွားတာပေါ့ဗျာ။

အဲ့မိန်းမကြီးနဲ့ food boxကနေ သိမ်းကြုံးသယ်တဲ့ မိန်းမနဲ့ ရုပ်ချင်းခပ်ဆင်ဆင်။

အစားတလုပ် ထိုင်ခုံတနေရာစာအတွက် အကျင့်သိက္ခာနဲ့စာနာစိတ်ကို မထိန်းသိမ်းတတ်ဘူး။

ငတ်နေလို့ပါ သနားပါတယ် လာမပြောနဲ့
မျှဝေရမယ်ဆိုတဲ့ အကြင်နာတရား အသိဉာဏ် မရှိတာ အဓိကပဲ။

ဒါကြောင့် ထိခိုက်ဒဏ်ရာရလို့လဲနေသူကို မကူညီဘဲ
လက်ဝတ်လက်စားဖြုတ်ယူ လူကို သတ်ပစ်တာမျိုး သိပ်ကြောက်စရာကောင်းတဲ့ လူဆိုးလူယုတ်မာတွေ ပေါ်လာတာ။

ဒါတွေ ပြုပြင်ဖို့ ဘယ်လိုလုပ်မလဲ။

ကျောင်းမှာ လောကနီတိထည့်သင်
မသင်မနေရပညာရေးကို အနည်းဆုံး အထက်တန်းလောက်အထိ ထား။

လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ ရုပ်ရှင်ဗီဒီယိုတွေ များများပြပေး ကျနော်တော့ ဒီလောက်ပဲ တွေးတတ်တယ်။

28/06/2022

Carabao ဝတ်ထားတဲ့ အင်္ကျီ​လေးက ချစ်စရာ

28/06/2022

စစ်​​ဘေး​ရှောင်​လေးများရဲ့ ဘဝ

23/06/2022

KNDO_Special တပ်ရင်းမှ
တပ်ရင်းမှူး ဗိုလ်အယ်ကွီး (ခ) ​ကော်လာဖိုး နှင့်
ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦးမှ
ရဲ​​ဘော်ကြီး မိုးကြိုး_Tavoy တို့မှ
မြန်မာပြည်တစ်ဝှမ်းရှိ ပြည်သူများနှင့် ​တော်လှန်​ရေး ညီကိုမောင်နှမများသို့ မိတ်ဆက်ခြင်း၊ အား​ပေးစကား​ပြောခြင်း နှင့် အတူ လက်ရှိ ကြုံ​တွေ့​နေရ​သော အခက်အခဲအချို့ကို ​ပြောကြား​ပေးသွားပါတယ်။



#ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး
#ဘုံရန်သူကိုချေမှုန်းဖို့

22/06/2022

ပွင့်ဖြူ​သွေး​ကြွေး ​နေ့တွင်းချင်းပြန်ဆပ် ခင်ဦးမြို့ PDFစုပေါင်းတပ်က
ဝိုင်းဗျင်းတာ စကစ၃ပွင့် ၁ကောင်အပါအဝင် စခ+ပျူ+ရဲ ၁၄ ကောင် ငရဲပြည်​ရောက်..👇

 “ပထမဦးစားပေး စာနာပေးရမဲ့ လူတွေ”▪️ကိုရီးယား ဂျိုဆွန်းခေတ်က စစ်သူကြီး လီဆွန်းရှင်းအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခု င...
21/06/2022


“ပထမဦးစားပေး စာနာပေးရမဲ့ လူတွေ”

▪️ကိုရီးယား ဂျိုဆွန်းခေတ်က စစ်သူကြီး လီဆွန်းရှင်းအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ငယ်ငယ်က ကြည့်ဖူးတယ်။ အဲဒီထဲက ဇာတ်ဝင်ခန်း/ အဖြစ်အပျက်တစ်ခုက နောက်ပိုင်း ကျွန်တော် အလုပ်လုပ်တဲ့အခါ၊ ဦးဆောင်မှု ပေးတဲ့အခါ ပြန်အသုံးချမိတဲ့ သင်ခန်းစာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဂျပန်တွေရဲ့ ကျူးကျော်စစ်က နှစ်တွေကြာလာတဲ့အခါ ရှေ့တန်းက စစ်သားတွေလည်း ပင်ပန်းလာကြတာပေါ့။ တစ်ရက်တော့ အောက်ခြေတပ်သား ၃ ယောက်က ထွက်ပြေးတယ်။ လိုက်ဖမ်းတော့ မိသွားတယ်။ အပြစ်ပေးရဖို့ ဖြစ်လာတယ်။ အဲဒီမှာ စစ်သူကြီးက သေဒဏ်ပေးဖို့ အမိန့်ချလိုက်တယ်။

တခြားတပ်မှူးတွေကအစ အကုန်အံ့သြသွားတာပေါ့။ ဘာလို့ဆို ဒီစစ်သူကြီးက သူ့လက်အောက်ငယ်သားတွေကို သွေးသားရင်းချာလို သဘောထားတာ သိနေတာကိုး။ နောက်ပြီး ထွက်ပြေးတာကလည်း ဒလန်လုပ်ဖို့ မဟုတ်ဘူး။ အမေဆုံးတဲ့သူက ဆုံး၊ ကလေးဆုံးတဲ့သူက ဆုံးနဲ့ဆိုတော့ ခဏတဖြုတ် ပြန်ချင်ကြတာမျိုး။ နားလည်ပေးလို့ ရတဲ့ အကြောင်းပြချက်တွေပေါ့။ အဲဒါကို ကွပ်မျက်ဖို့ အမိန့်ချတော့ အံ့သြကုန်ကြတာ။

နောက်တော့မှ ဒီစစ်သူကြီးက သူ့ရဲ့ နေ့စဉ်မှတ်တမ်းမှာ ရေးတယ်။ သူ ဒီလိုမလုပ်ချင်ဘူး။ တပ်သားတွေရဲ့ ခံစားချက်ကိုလည်း စာနာတယ်။ ဖြစ်နိုင်ရင် ပေးပြန်ချင်တယ်။ ဒါပေမဲ့ သူတို့ကို တင်းတင်းကြပ်ကြပ် မကိုင်တွယ်လိုက်ရင် ကျန်တဲ့တပ်သားတွေကပါ အဲ့လိုလုပ်လာကြလိမ့်မယ်။ တပ်ရဲ့ စုဖွဲ့မှု အစည်းပြေသွားလိမ့်မယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတယ်။ ဒါမှသာ အားလုံး အိမ်ပြန်ခွင့်ရတဲ့ တစ်နေ့ကို ရောက်လာလိမ့်မယ်ပေါ့။

▪️နောက်ပိုင်း ကျွန်တော် အလုပ်တွေ လုပ်တဲ့အခါ တချို့ဝန်ထမ်းတွေ ရုံးနောက်ကျတယ်။ ဘာလို့လဲဆိုတော့ ကလေးနေမကောင်းလို့၊ မိသားစုပြဿနာ ရှိလို့ စသဖြင့်ပေါ့။ သူတို့အခက်အခဲကို နားလည်တယ်။ သို့သော် ခွင့်ပြုပေးလို့တော့ မရဘူး။ အဲ့လိုနောက်ကျခွင့် ပေးလိုက်ခြင်းဟာ တူညီသော အခြေအနေမှာကိုပဲ သူ့လို နောက်မကျဘဲ ရုံးချိန်အမီ ရောက်အောင် ကြိုးစားလာတဲ့ တခြားဝန်ထမ်းကို စိတ်ဓါတ်ကျစေလိမ့်မယ်။

သူက ကလေးနေမကောင်းလို့ ဆို ကျွန်တော်လည်း အမေမှ နေမကောင်းတာ၊ ကျွန်မမှာလည်း ကလေးရှိတာပဲ စသဖြင့် ဖြစ်လာကြရင် ဒီအဖွဲ့က ထိန်းလို့ကို ရမှာ မဟုတ်တော့ဘူး။ အစည်းပြေသွားမယ်။

▪️အခု တော်လှန်ရေးမှာလည်း ဒီလိုပဲ။

ကျွန်တော်တို့ နားလည်တယ်။ Non-CDM တွေထဲမှာ စစ်တပ်ကို ထောက်ခံလို့ မဟုတ်ဘဲ မိသားစု၊ စားဝတ်နေရေး စသဖြင့် အခြေအနေ အကြောင်းကြောင်းကြောင့် အလုပ်ပြန်ဝင်လိုက်ရတဲ့သူတွေ ရှိတယ်။ သူတို့ဟာသူတို့လည်း အပြစ်ရှိသလို ခံစားနေကြရတယ်။ ဒီလိုလူတွေကို အပြစ်မပြောလိုဘူး။

သို့သော် သူတို့လို အခြေအနေမှာကိုပဲ၊ ဆိုလိုတာက မိသားစုကိစ္စ၊ စားဝတ်နေရေး အခက်အခဲတွေ ကြားထဲကကိုပဲ CDM လုပ်ပြီး တောင့်ခံနေတဲ့သူတွေ တစ်ပုံကြီး ရှိတယ်။

အဲ့ဒီတော့ Non-CDM တွေကို နားလည်ပါတယ် ဆိုပြီး ပြောနေခြင်းက ဒီဘက်က တူညီသော အခြေအနေမှာ မတူညီသော ရွေးချယ်ရပ်တည်မှုကို လုပ်ခဲ့ကြတဲ့ CDMer တွေကို မျက်နှာဖြတ်ရိုက်လိုက်သလိုပဲလို့ ကျွန်တော်ကတော့ ခံယူတယ်။

▪️ဆေးရုံမှာ အလုပ်ဆက်လုပ်နေကြတဲ့ ဆရာဝန်ကြီးတွေထဲ ကျွန်တော်တို့ ဆရာသမားတွေ ပါတယ်။ နားလည်တယ်၊ အသက်အရွယ်အရရော၊ ရထားတဲ့ ဘဝအခြေအနေကြောင့်ပါ တော်လှန်ရေးထဲ မစွန့်စားချင်ဘူး ဆိုတာကို။ ရှောင်ရတိမ်းရ၊ လွတ်မြောက်နယ်မြေမှာ သွားနေရတယ် ဆိုတာ လွယ်တဲ့ကိစ္စမှတ်လို့။

သို့သော် တစ်ဖက်မှာလည်း အဲ့လိုအခြေအနေကနေပဲ တော်လှန်ရေးထဲ ဝင်ပါနေတဲ့ ဆရာဇော်ဝေစိုး၊ ဆရာခင်မောင်လွင်၊ ဆရာစိုးမင်း အပါအဝင် ဆရာကြီး၊ ဆရာမကြီးတွေ ရှိနေတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေ၊ ထောင်ထဲမှာ အသက်သေဆုံးသွားတဲ့ ဆရာဝန်ကြီးတွေ ရှိတယ်။ ခုနကလို နားလည်ပါတယ် ဆိုပြီး ပြောနေတာက သူတို့ကို အားနာဖို့ ကောင်းတယ်။

▪️အနုပညာရှင်တွေ၊ Social influencer တွေလည်း ထိုနည်းလည်းကောင်းပဲ။ ဘဝတွေ မရင်းနိုင်တာ နားလည်တယ်။ ဒါပေမဲ့ အဲ့လိုအတူတူချင်းကို အနာဂတ်တွေ ရင်းထားကြတဲ့ ချစ်သုဝေတို့၊ ကိုပေါက်တို့၊ နော်ထိုက်တို့ကို ကျွန်တော်တို့ အရင်ဆုံး ဂုဏ်ပြုမှု လုပ်ရလိမ့်မယ်။

▪️တက္ကသိုလ်သွားတက်နေတဲ့ လူငယ်တွေကို ဖြစ်သင့်တယ်၊ မှန်တယ် ပြောနေတာကရော ဒီဘက်မှာ တက္ကသိုလ် မတက်ဘဲ တောင့်ခံနေတဲ့ CDM ကျောင်းသားတွေကို စိတ်မထိခိုက်စေဘူးလား။

ဆယ်တန်းကလေးတွေမှာလည်း ဒီလိုပဲ။ ဂုဏ်ထူး ၅ ဘာသာ၊ ၆ ဘာသာ စသဖြင့် ပြောနေတဲ့သူတွေကို သူတို့ရွေးချယ်မှုပဲမို့ နားလည်ပေးပါ၊ စည်းရုံးပါ ဆိုတော့ စာမေးပွဲဝင်မဖြေဘဲ နေခဲ့တဲ့ ကလေးတွေ ဘယ်လိုခံစားရမယ် ထင်သလဲ စဉ်းစားကြည့်ပေါ့။

အကုန်လုံးသာ လိုက်နားလည်ပေးနေရရင် ဒါဆို ငါတို့လည်း ကျောင်းတက်မှာပေါ့၊ စာမေးပွဲ ဝင်ဖြေမှာပေါ့၊ အလုပ်တွေ ပြန်လုပ်မှာပေါ့၊ အရင်လို ဘဝတွေဆီ ပြန်သွားကြမှာပေါ့ ဖြစ်ကုန်ကြလိမ့်မယ်။ တကယ်မလုပ်တောင် သူတို့ရွေးချယ်မှုနဲ့ ပတ်သက်လို့ စိတ်ဓါတ်တော့ ကျကြမှာချည်းပဲ။

▪️မတရားမှုတစ်ခုကို လူတွေ ဘယ်လိုတုံ့ပြန်သလဲ ဆိုတာက နောင်ဖြစ်လာလတ္တံ့သော မတရားမှုတွေအပေါ် သက်ရောက်မှု ရှိတယ်။

မဆိုင်သလို နေခဲ့သူတွေ၊ နေသာသလို နေခဲ့သူတွေက ဘာထိခိုက်နစ်နာမှုမှ မရှိဘဲ၊ တတ်နိုင်တဲ့ နေရာကနေ ဝင်ကူခဲ့ကြသူတွေချည်း ပျက်စီးဆုံးရှုံးရမယ်ဆို နောက်ထပ် နောက်ထပ် မတရားမှုတွေမှာ လက်ပိုက်ကြည့်နေသူတွေသာ များလာလိမ့်မယ်။

ဒါကြောင့် အနိမ့်ဆုံးအနေနဲ့ ကိုယ်မလုပ်နိုင်တောင် လုပ်နေတဲ့သူတွေကို ဂုဏ်ပြုဖို့ လိုတယ်။ စိတ်ခွန်အားပေးဖို့ လိုတယ်။

▪️တစ်ခါတလေကျ စာနာနားလည်မှုတွေပဲ သိပ်အားကောင်းသွားတာလား၊ လူအများနဲ့မတူ ကွဲပြားရတာကို နှစ်သက်တာလား မပြောတတ်ဘူး။ အမိုးအကာအောက်မှာ အဆင်ပြေနေတဲ့သူတွေကို နားလည်ပေးဖို့ မိုးထဲလေထဲ ဒုက္ခရောက်နေသူတွေကို နားချနေကြတာ တွေ့ရတယ်။

အရက်မူးပြီး ကားမောင်းလို့ တိုက်မိပြီး လူသေသွားတယ်။ အဲဒီလူရဲ့ ကျန်ရစ်သူ မိသားစုကို သတင်းသွားမမေး၊ ငွေမကူသေးဘဲ ဒီဘက်က မူးပြီး မောင်းမိတဲ့ လူကို အရင်သွားနှစ်သိမ့်၊ အားပေး၊ နားလည်နေတာမျိုးဟာ ဖြစ်သင့်ရဲ့လားဆိုတာ စဉ်းစားကြည့်ပါ။

ဒါ အစွန်းရောက်တာ မဟုတ်ဘူး။ အမုန်းပွားခိုင်းနေတာလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ စာနာနားလည်မှုကို အမေကျော် ဒွေးတော်လွမ်းသလို မဖြစ်စေချင်တာပါ။

▪️အကြမ်းဖက် အနိုင်ကျင့်မှုတစ်ခုမှာ ကြားနေတယ် ဆိုတာ အဲဒီအကြမ်းဖက်မှုမှာ သွယ်ဝိုက်သောအားဖြင့် ပါဝင်နေခြင်း ဖြစ်တယ်။

အဲ့လိုပဲ၊ အလုပ်လုပ်တဲ့ ဝန်ထမ်းနဲ့ အလုပ်မလုပ်တဲ့ ဝန်ထမ်းကို တူညီသော ချီးကျူးမှု၊ ဆက်ဆံမှု ပြုလုပ်ခြင်းဟာလည်း အလုပ်လုပ်တဲ့ ဝန်ထမ်းကို အလုပ်လုပ်ချင်စိတ် ကုန်ဆုံးသွားစေတယ်။

တော်လှန်ရေးကျ မတရားမှုကို တွန်းလှန်နေတာ ဖြစ်တဲ့အတွက် အလုပ်ခွင်လို သူတစ်ယောက်တည်းနဲ့တင် မပြီးသွားဘူး။ ဒီမျိုးဆက်နဲ့တင် ရပ်မနေဘူး။ ဒီအဖြစ်အပျက်ကြီးကို ကြည့်ရှုသင်ယူနေတဲ့ ကလေးတွေဆီပါ သက်ရောက်မှု ရှိတယ်။

▪️တော်လှန်ရေးဟာ မာရသွန်ခရီးရှည်ကြီးမို့ လမ်းခုလတ်မှာ ပြတ်ကျန်ခဲ့တဲ့သူတွေကို ကျွန်တော်တို့ အပြစ်မတင်ဘူး။ အကြောင်းကြောင်းကြောင့် မပါဝင်နိုင်တဲ့သူတွေကိုလည်း နားလည်တယ်။ သို့သော် အဲဒါတွေကို ထုတ်ဖော်ပြီး ပြောနေမှာတော့ မဟုတ်ဘူး။ ဘာလို့ဆိုတော့ တူညီသော အခြေအနေမှာကိုပဲ မရရအောင် တောင့်ခံပြီး ပါဝင်နေတဲ့သူတွေကို အားနာစရာ ကောင်းလို့ပဲ။ သူတို့ကသာ ကျွန်တော်တို့ ပေးရမဲ့ နားလည်မှု၊ စာနာမှုတွေအတွက် ပထမဦးစားပေး ဖြစ်သင့်တယ်လို့ ခံယူထားပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၁.၆.၂၀၂၂

 မတိုးတက်သော ရွာ /ရပ်ကွက်..======================၁။ လူတတ်ပေါ၍ ဆရာများခြင်း၂။ လူကပ်ပေါ၍ ကန့်လန့်တိုက်ခြင်း၃။ အမှားကို ဝန်...
20/06/2022


မတိုးတက်သော ရွာ /ရပ်ကွက်..
======================
၁။ လူတတ်ပေါ၍ ဆရာများခြင်း
၂။ လူကပ်ပေါ၍ ကန့်လန့်တိုက်ခြင်း
၃။ အမှားကို ဝန်မခံဘဲ အငြင်းသန်ခြင်း
၄။ မှန်တယ်ထင်၍ မတိုင်ပင်ဘဲ
ရမ်းလုပ်ခြင်း..
၅။ အလုပ်ကိစ္စမှန်သမျှ တွက်ကပ်ခြင်း..
၆။ ဗဟုသုတ၊စာဖတ်အား နည်းပါး ခြင်း..
၇။ ကိုယ်တိုင်ဦးမဆောင်နိုင်ဘဲ
သူတစ်ပါးကို အပြစ်ပြောခြင်း...
၈။ ညီညွတ်တိုင်ပင်စွာ မပြုလုပ်ဘဲ
ကန့်လန့်တိုက်ငြင်းခုန်ုခြင်း..
၉။ ခေါင်းဆောင်ကောင်းနဲ့
နောက်လိုက်ကောင်း မရှိခြင်း..
၁၀။ တတ်ယောင်ကန်းများ ပေါများခြင်း..
ထိုလူများ ပေါများပါက ရပ်ရွာတိုးတက်မှု၊စည်းလုံးညီညွတ်၊သာယာဖို့ဆိုတာ မဖြစ်နိုင်ချေ။
လှည်းဘီး နွံထဲ ကျွံနေသည်..
မင်း မတွန်းရင် ငါလည်း မတွန်းပါက
လမ်းပိတ်နေရင် ရောက်လိုသောခရီး
အချိန်ကြာတတ်ပါသည်။

မွေးနေ့မှာ ကျန်းမာပျော်ရွှင်ပါစေ မိန်းခလေးလူ့ဘဝမှာ Professional skill လို့ ခေါ်တဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာဆိုတာ .......
19/06/2022

မွေးနေ့မှာ ကျန်းမာပျော်ရွှင်ပါစေ မိန်းခလေး

လူ့ဘဝမှာ
Professional skill လို့ ခေါ်တဲ့
အသက်မွေးဝမ်းကျောင်း အတတ်ပညာဆိုတာ ....
မသေမချင်း သင်ယူလို့ ရတယ်
ငတုံး ငအ ဖြစ်နေပါစေ...အချိန်က သင်ပေးသွားရင်
ကားမောင်းလည်း တတ်လာမယ်
စာရင်းကိုင်လည်း ဖြစ်လာမယ်
ရာထူးသည်လည်း ကြီးလာမယ်
ဘာမှ သိပ် မထူးဆန်းပါဘူး ...နော်
အင်ဂျင်နီယာ ဖြစ်ဖြစ်...ဆရာဝန်..ဖြစ်ဖြစ်
သရုပ်ဆောင် မင်းသမီးပဲ ဖြစ်ဖြစ်ပါ
အလုပ်က သင်ပေးသွားတာပဲ
အချိန်ကြာလာရင် ကျွမ်းကျင်ရာ လိမ္မာ ဖြစ်လာကြတာပဲ

ဒါပေမဲ့ ဗုဒ္ဓဘာသာလိုပြောရရင်" ပါရမီ " ပေါ့
အနောက်တိုင်းကတော့ Talents လို့ခေါ်တဲ့
အားသာချက် အရည်အသွေးတွေကတော့
အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ....
အသက်တွေ ဘယ်လောက်ပဲ ကြီးကြီး....
ကျွမ်းကျင်ရာ လိမ္မာ ဖြစ်မလာပါဘူး။

လူပီသဖို့ လူ့အရည်အသွေး( life skills) တွေဖြစ်တဲ့
(၁)စကားပြောစွမ်းရည်
(၂)စာရေးသားနိုင်စွမ်း
(၃)အထွေထွေ ဗဟုသုတ
(၄)ပညာဥာဏ်
(၅)ရိုးသားမှု့
(၆) လူမှု့ ဆက်ဆံရေး စတဲ့ အရည်အချင်းတွေဟာ
အချိန်ကြာလာရုံနဲ့
အသက်ကြီး လာရုံနဲ့ တိုးတက်မလာပါဘူး။

စောင်သက်ကြီး သေခါနီး (၇၀)ကျော်ပေမဲ့လည်း
စကားပြော ညံ့သူဟာ ညံ့လျှက်ပါပဲ

ကိုယ့် ခံယူချက်၊ ကိုယ့်ခံစားချက်ကို
လူအများ နားလည်အောင် စာမရေးတတ်သူကလည်း
အသက်သာ ကြီးလာမယ်
စာ မရေးတတ်တာက....မရေးတတ်တာပါပဲ

စာရွက်ကြီး ကြည့်ပြီး (၁) နာရီလောက် စာဖတ်ပြနေပေမဲ့
အထွေထွေ ဗဟုသုတ မရှိ
ဥာဏ်ပညာ နိမ့်ကျသူတွေဟာ
ပညာရှိတွေ မှတ်သားနာယူစရာ စကား(၁)လုံး
စာ(၁)ကြောင်း ပါဝင်အောင် မပြောနိုင်ပါဘူး

အရှင်အာနန္ဒာဟာ
မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာ
စကားလုံးရေပေါင်း (၄-၈)လုံး ဆိုလား ပြောနိုင်သတဲ့
မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာထက်ကို
(၄)ဆ ပိုမြန်တယ် ဆိုပဲ
မြတ်စွာ ဘုရား နဲ့ အရှင်အာနန္ဒာ တို့အချင်းချင်း
စကားပြောနေကြရင်
သာမန်ဘေးလူက နားမလည်နိုင်ဘူး
စကားလုံးကို နားက လိုက် မဖမ်းနိုင်....
ဥာဏ် မလျင်မြန်၊ မမှီနိုင် ဘူး ဆိုပါတော့
ပြောချင်တာက
စကားပြောကောင်းခြင်း......
စာအရေးအသား ကောင်းခြင်းဆိုတာက....
ဥာဏ်ရည် ဥာဏ်သွေးနဲ့ တိုက်ရိုက်အချိုးကျတယ်
ဥာဏ်ရည်နိမ့်တဲ့ မျောက်တွေမှာ
လေ့ကျင့်လို့ မရဘူး ဆိုတာပါပဲ

ကျွန်တော် အရမ်းချစ်တဲ့....မြတ်နိုးတဲ့....
လေးစားအားကျရတဲ့ မိန်းခလေးမှာတော့
ကမ္ဘာ့အဆင့် စကားပြောစွမ်းရည်.....
ကမ္ဘာ့အဆင့် ...စာရေးသားနိုင်စွမ်း...စာရေးသူ
ပညာရှိတွေတောင်မှ လေးစားအားကျရတဲ့...
အထွေထွေ ဗဟုသုတ နဲ့ ဥာဏ်ပညာတွေ...
လူမှု့ ဆက်ဆံရေးတွေ ရှိပါတယ်။

စကားပြော ကောင်းတယ် ဆိုတာ
(Speaking skill)ဆိုတာ
ကလေးဘဝ (၁)နှစ်ကနေ (၁၅)နှစ် အတွင်းမှာ မူတည်ပါတယ်။
မိဘတွေ ညံ့ရင် ကလေးက တသက်လုံး အဖို့
စကားပြောကောင်းသူ မဖြစ်နိုင်ဘူး။

စာအရေးအသားကောင်းတယ်ဆိုတာ
(Writing skill)ဆိုတာ
နေရတဲ့ ကျောင်း ပညာရေးပေါ်မူတည်ပါတယ်
နီးစပ်ရာ ကျောင်းစုတ်ကလေးမှာ (၁၀)တန်းအထိ နေခဲ့ပြီး
ကြက်တူရွေးစနစ် ပညာရေးမှာတောင်မှ
(၁)ဘာသာ ပျမ်းမျှ (၇၅)မကျော်တဲ့ ဦးနှောက်နဲ့
ကမ္ဘာကျော် စာရေးသူ အဆင့် မဖြစ်နိုင်ပါဘူး
မနာလို ဖြစ်လည်း ...
အကုသိုလ် ပွားရုံ သက်သက်ပဲ ဖြစ်မှာပါ။

အင်မတန် များပြားတဲ့ ပရိသတ်လူထုကြီးနဲ့
ကြိုက်တာမေး
ကြိုက်တာ ဆွေးနွေး
အကန့်အသတ်မရှိ ယှဥ်ပြောနိုင်ဖို့ဆိုတာလည်း
ဦးနှောက်ထဲမှာ အထွေထွေ ဗဟုသုတအချက်အလက်သာမက
စကားလုံးရွေးခြယ်နိုင်စွမ်း
ပြဿနာဖြေရှင်းနိုင်စွမ်း
စိတ်လှုပ်ရှားမှု့ ထိန်းချုပ်နိုင်စွမ်းတွေ မြင့်မားမှပဲ ရတယ်
16 G ပဲ မှတ်ဥာဏ်ရှိတဲ့ ဖုန်းတလုံးနဲ့
512 G မှတ်ဥာဏ်ရှိတဲ့ ဖုန်းဟာ
အဆပေါင်းများစွာ စွမ်းရည်ကွာခြားသလိုပေါ့။
ကျွန်တော် ချစ်တဲ့ မိန်းခလေးမှာ
ပညာရှိတွေ လေးစားလောက်စရာ...မြတ်နိုးလောက်စရာ
ဥာဏ်ပညာ ထက်မြက်ခြင်းတွေ ရှိတယ်

အခက်ခဲဆုံးကတော့
ရိုးသားမှု့ နဲ့ အကျင့်စာရိတ္တ ပဲ
သူ့ရဲ့ ရိုးသားမှု့ နဲ့ ဖြူစင်မှု့ဟာ...မှဲ့ တပေါက် မစွန်းထင်းဘူး

ရိုးသားတဲ့ အပြုံးနဲ့ အမြဲပြုံးတတ်တဲ့ မိန်းခလေး..
နူးညံ့တဲ့ ...
ရိုးသားဖြူစင်တဲ့ နှလုံးသားနဲ့ မိန်းခလေးမှာ
သံမဏိထက် ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ရှိတယ်

သူ သေသွားပြီးခဲ့ရင်တောင်မှ
အဲ့ဒီ မိန်းခလေးရဲ့ ဗီဒီယိုတွေ၊ ရုပ်ပုံတွေဟာ
ကမ္ဘာ့ လူသားတွေ ကြားထဲမှာ...
သူ့ ကို မြတ်နိုးချစ်ခင်ကြသူတွေ ရင်ထဲမှာ
နှစ်ပေါင်းရာချီ ရှင်သန်နေမှာပါ

ကျွန်တော်က သူ့ကို အရမ်းချစ်တယ်
ရင်နဲ့ အမျှ မြတ်နိုးတယ်
လေးစားတယ် ...အားကျတယ်
အသက်ရာကျော် တိုင်အောင်
ကျန်းမာသက်ရှည်နေပါစေ ချစ်တဲ့ မိန်းခလေး

​တော်လှန်သူ(YMC)
----------------------------------------+±+++++-----

ที่อยู่

Bangkok Yai
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Revolutionaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท