ဆရာမဂျူးစာပေ

ဆရာမဂျူးစာပေ Like Page Share

ခေါင်းကွဲအောင်ထိအရိုက်ခံလိုက်ရတဲ့ Liveဗီဒီယိုဖိုင်တက်လာတဲ့ မြန်မာမော်ဒယ်မင်းသမီး-ဖွေးဖွေးရဲ့သတင်းထူး …See more
19/08/2022

ခေါင်းကွဲအောင်ထိအရိုက်ခံလိုက်ရတဲ့ Liveဗီဒီယိုဖိုင်တက်လာတဲ့ မြန်မာမော်ဒယ်မင်းသမီး-ဖွေးဖွေးရဲ့သတင်းထူး …See more

all newsခေါင်းကွဲအောင်ထိအရိုက်ခံလိုက်ရတဲ့ Liveဗီဒီယိုဖိုင်တက်လာတဲ့ မြန်မာမော်ဒယ်မင်းသမီး-ဖွေးဖွေးရဲ့သတင်းထူး …Se...

၁၉ နှစ်သမီးလေးရဲ့ အဖြစ်ဆိုး-ဖခင်ဇင်ဝိုင်းရဲ့ လက်ရှိအခြေနေကို ဝမ်းနည်းစွာပြောပြလာတဲ့မင်းမော်ကွန်း…..Read More
14/08/2022

၁၉ နှစ်သမီးလေးရဲ့ အဖြစ်ဆိုး-ဖခင်ဇင်ဝိုင်းရဲ့ လက်ရှိအခြေနေကို ဝမ်းနည်းစွာပြောပြလာတဲ့မင်းမော်ကွန်း…..Read More

all news၁၉ နှစ်သမီးလေးရဲ့ အဖြစ်ဆိုး-ဖခင်ဇင်ဝိုင်းရဲ့ လက်ရှိအခြေနေကို ဝမ်းနည်းစွာပြောပြလာတဲ့မင်းမော်ကွန်း…..Read More...

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်အရင်းကို ရက်ရက်စက်စက် လုပ်ရက်တဲ့သမီး ဗီဒီယိုအမိအရရိုက်ကူးနိုင်ခဲ့…….Read More
13/08/2022

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်အရင်းကို ရက်ရက်စက်စက် လုပ်ရက်တဲ့သမီး ဗီဒီယိုအမိအရရိုက်ကူးနိုင်ခဲ့…….Read More

all newsကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မိခင်အရင်းကို ရက်ရက်စက်စက် လုပ်ရက်တဲ့သမီး ဗီဒီယိုအမိအရရိုက်ကူးနိုင်ခဲ့.....

အန္တရာယ်ရှိသော Lunar Naga ကိုမြင်လျှင် အပြစ်ကင်းစင်သော ကလေး၏ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့အမေက ဂျနာကီကို လောင်းကစား...
11/08/2022

အန္တရာယ်ရှိသော Lunar Naga ကိုမြင်လျှင် အပြစ်ကင်းစင်သော ကလေး၏ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့အမေက ဂျနာကီကို လောင်းကစားခြင်းဖြင့် သူ့အသက်ကို ကယ်တင်ခဲ့သည်။ ကလေးအခန်းထဲမှာ မြွေဟောက်………See More

Myanmar NewSအန္တရာယ်ရှိသော Lunar Naga ကိုမြင်လျှင် အပြစ်ကင်းစင်သော ကလေး၏ဦးခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့အမေက ဂျနာကီက....

မိခင်ဖြစ်သူက ပေါင်တွေနာနေတဲ့ …(၉) နှစ်သမီးလေးကို ….နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မေးမြန်းရာ…See more
06/08/2022

မိခင်ဖြစ်သူက ပေါင်တွေနာနေတဲ့ …(၉) နှစ်သမီးလေးကို ….နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မေးမြန်းရာ…See more

Myanmar NewSမိခင်ဖြစ်သူက ပေါင်တွေနာနေတဲ့ …(၉) နှစ်သမီးလေးကို ….နတ်ကိုင်တယ်ထင်ခဲ့ပြီး အဒေါ်ဖြစ်သူမှ မသင်္ကာသဖြင့် မ.....

သတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်းကောင်းသတင်းပဲ
05/08/2022

သတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်းကောင်းသတင်းပဲ

Myanmar NewSသတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်းကောင်းသတင်းပဲ August 5, 2022 - by Heng Baby - Leave a Comment သတင်းကချိုမြိန်နေတယ်ဟေ့ အရသာကောင်း...

တစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို အရမ်းလွမ်းနေတယ်လို့ အမှာပါးလိုက်တဲ့ အဆိုတော် ပိုပို
04/08/2022

တစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို အရမ်းလွမ်းနေတယ်လို့ အမှာပါးလိုက်တဲ့ အဆိုတော် ပိုပို

Myanmar NewSတစ်နိုင်ငံလုံးက ချစ်တဲ့ပရိသတ်တွေကို အရမ်းလွမ်းနေတယ်လို့ အမှာပါးလိုက်တဲ့ အဆိုတော် ပိုပို August 4, 2022 - by Heng Baby - Leav...

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး***************************ဖတ်ကြည့်နော်အိမ်ထောင်ရေးဆိုတာမျိုးကဘောလုံးအသင်း တစ်သင်းလိုပါပဲ။...
28/07/2022

ပျော်ရွှင်သော စံပြအိမ်ထောင်ရေး
***************************
ဖတ်ကြည့်နော်
အိမ်ထောင်ရေးဆိုတာမျိုးက
ဘောလုံးအသင်း တစ်သင်းလိုပါပဲ။
တစ်ယောက်တည်း
ကွင်းပတ်ကစားလို့ မရနိုင်ပါဘူး။
လင်နဲ့ မယား အပေးအယူ
အချိတ်အဆက် မိမှ
သာယာသော အိမ်ထောင်ရေး
ဖြစ်လာမှာပါ။
အိမ်ထောင်ဦးစီးကလည်း
ငွေကြေးရှာဖွေပေးရုံနဲ့ မလုံလောက်သလို
အိမ်ရှင်မကလည်း
အိမ်မှုကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။
အိမ်ထောင်ဦးစီးတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ
၁။အလုပ်တစ်ခုကို အတည်တကျ
လုပ်ပါ။
၂။အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။
၃။မိသားစုအတွက် တတ်နိုင်သမျှ
အချိန်ပေးပါ။
၄။အရက်သေစာ လောင်းကစား
အပျော်အပါးများကို
တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၅။သား သမီးများကို အချိန်ရရင် ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။
၆။ကိုယ်ကျင့်တရားကို
အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းပါ။
၇။ဘုရား တရား သံဃာ မိဘ ဆရာကို
ရိုသေ ကိုးကွယ်ပါ။
၈။အသိပညာမြင့်မားအောင် စာဖတ်ပါ။
၉။အကောင်း အဆိုးကို ခွဲခြားတတ်ဖို့
လိုပါတယ်။
၁ဝ။အမြင်ကျယ်ပြီး
စိတ်သဘောထားမြင့်မားဖို့ လိုပါတယ်။
၁၁။ဇနီးသည်ကို လေးစား တန်ဖိုးထားပါ။
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ
သား သမီးနှင့် ပတ်ဝန်းကျင်က
လေးစား တန်ဖိုးထားမှာပါ)
၁၂။အလုပ်ရဲ့ဖိအားကို
အိမ်မှာ မပေါက်ကွဲမိပါစေနဲ့။
၁၃။တည်ကြည်သော စကား
နွေးထွေးသော အပြုအမူနဲ့
အိမ်ရှင်မရဲ့ ချွေးကို သုတ်ပေးပါ။
၁၄။အိမ်ရှင်မကို ရိုက်နှက်ခြင်း နှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း
မပြုလုပ်သင့်ပါ။
အိမ်ထောင်ဦးစီးဆိုတာ
ဇနီးမယား၏ အားကိုးရာ ဖြစ်သလို
သား သမီးများအတွက်
စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့်
ကိုယ်ကျင့်တရား လုံခြုံဖို့တော့ လိုပါတယ်။
အိမ်ရှင်မ ဆိုတာ
အိမ်ကို ရှင်သန်အောင် မ-စ သူ ဖြစ်သလို
သား သမီးများ၏ ဘဝကို
တည့်မတ်အောင် မ-စ ပေးနိုင်သော
အနွေးထွေးဆုံး ရင်ခွင်တစ်ခုပါ။
အိမ်ရှင်မတစ်ယောက်
ပြုလုပ်သင့်သော တာဝန်များမှာ
၁။စည်းကမ်းရှိပါ။
၂။နှစ်ဖက်ဆွေမျိုးတွေအပေါ်
အတတ်နိုင်ဆုံး ကြည့်ရှုပေးကမ်းပါ။
၃။ဖြစ်သလို မနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ။
၄။အနေအထိုင် အပြောအဆို
သတိထားပါ။
၅။ဝင်ငွေ ထွက်ငွေကို အသုံးချတတ်ပါစေ။
၆။သစ္စာတရားကို လက်ကိုင်ထားပါ။
၇။မယျတဈရှကျ မရွက်နိုင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့ အရေးကြီးပါတယ်။
၈။ဘုရား တရား သံဃာ မိဘ ဆရာကို
ကိုးကွယ်ယုံကြည်ပါ။
၉။အိမ်လည်ခြင်း
ချဲထီစသော လောင်းကစားများကို
ရှောင်ကြဉ်ပါ။
၁ဝ။ဘေးလူပြောစကားထက်
ကိုယ့်လင်သားကို ယုံကြည်မှု ထားပါ။
၁၁။ကိုယ့်လင်သားကို လေးစားပါ။
(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က
လေးစားမှာပါ)
၁၂။လင်ယောက်ျား
အလုပ် အဆင်ပြေသည် ဖြစ်စေ
မပြေသည် ဖြစ်စေ
ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။
၁၃။ချိုသာသောစကား နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့
ဘဝအမောတွေကို ဖြေဖျောက်ပါ။
၁၄။လင်ယောက်ျား စိတ်ရှုပ်နေတဲ့အခါ
စကားကို သတိထားပြောပါ။
အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့
အတ္တတွေ လျှော့ချပြီး ချစ်ခြင်းထက်
ယုံကြည်မှု
နားလည်မှုကို
ခိုင်မာအောင် တည်ဆောက်ရတာမျိုးပါ။
အတ္တတွေ လျှော့ချပြီး
သူ့ဘက် ကိုယ့်ဘက်မျှတအောင် ကြည့်ရှု
ခံစားပေးခဲ့ရင်
သစ္စာတရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။
ပျော်ရွှင်စရာကောင်းသော
စံပြအိမ်ထောင်ရေး ဖြစ်လာဖို့က
နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး
ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်ရွှင်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။

အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ ငွေကြေးချမ်းသာသူတစ်ယောက်  ခင်ပွန်းတော်ထားရတာမဟုတ်ဘူးကို့ယ်ကိုနွေးထွေးကြင်နာနားလည်ခွင့်လွှတ...
28/07/2022

အိမ်ထောင်ရေး ကံကောင်းတယ်ဆိုတာ
ငွေကြေးချမ်းသာသူတစ်ယောက် ခင်ပွန်းတော်
ထားရတာမဟုတ်ဘူး
ကို့ယ်ကိုနွေးထွေးကြင်နာ
နားလည်ခွင့်လွှတ်ပေးတတ်သူကို
ပိုင်ဆိုင်ထားရတာပါ
ဂုဏ်ယူဖို့ကောင်းတယ်ဆိုတာ
တင့်တောင်းတင့်တယ် ထားနိုင်တာ
မက်လောက်စရာတွေပေးနိုင်တယ်
တင်တောင်းနိုင်တာ မဟုတ်ပါဘူး
ဘယ်အခြေအနေမဆို
ကိုယ့်ကိုသာအရာရာဦးစားပေးခံရတာ
ညှာသာစာနာ
အလျှော့ပေးလိုက်လျောမှုတွေရတာပါ
လိုက်ဖက်လိုက်တာနော်ဆိုတာ
ဂုဏ်ချင်းထပ် ရွှေချင်းထပ်လို့ မြတ်တာကိုမခေါ်ဘူး
သူရဲ့ ကိုယ်ရဲ့ အားနည်းချက် အားသာချက်တိုင်းကို
နှစ်ဦးနှစ်ဖက်လုံးက ချစ်နိုင်ကြပြီး
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ဖေးမနိုင်ကြတာကိုခေါ်တာ
အားက်စရာပဲဆိုတာ
Suprise မျိုးစုံလုပ်ကြ social
network တွေမှာဝက်ဝက်ကွဲချစ်ကြတာကို
ဆိုလိုတာ မဟုတ်ဘူး
ဘယ်အခြေအနေမှာမဆို လက်တွဲမြဲမြဲနဲ့
ရန်တွေ ဘယ်လောက်ဖြစ်ဖြစ်
သစ္စာတစ်ချက်မပြတ်ကြပဲ
သက်ဆုံးတိုင်ချစ်သွားကြတာကိုဆိုလိုတာ
CRD.
လင်းသိုက်ညွှန့်

"အခမ်းနားဆုံးး မုသားများ " သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက် ရင်းမေးတယ် သမီးလေးအလုပ်လုပ်ရ...
28/07/2022

"အခမ်းနားဆုံးး မုသားများ "
သူဌေးအိမ်မှာ အိမ်ဖော်လုပ်နေတဲ့
ကောင်မလေးကို နယ်ကသူ့အမေက ဖုန်းဆက်
ရင်းမေးတယ် သမီးလေးအလုပ်လုပ်ရအဆင်
ပြေရဲ့လားး??
"ဟုတ်ကဲ့အမေ သမီးအဆင်ပြေပါတယ် သူဌေးလင်မယားကလဲ သဘောအရမ်းကောင်း
ကြတယ်"တဲ့
သူဌေးကတော် ခေါက်လို့ဖူးနေတဲ့ ခေါင်းလေးကို
ပွတ်ရင်းဖြေတယ် #
---------------
"မောင်တိုးရေ မင်းအမေဖုန်းဆက်တယ်
လာပြောလိုက်ဦး"
စားပွဲထိုးလေးမောင်တိုးဆေးလက်စပန်းကန်
တွေပစ်ချပီးပြေးသွားတယ်
"သား လူလေး နေကောင်းလား အဆင်ပြေလား
သားလေး"
"အင်းးးအမေ ပြေတယ် စားသောက်ဆိုင်ဆိုတော့
မုန့်တွေလဲများကြီးစားရတယ်အမေရဲ့"
မနက်ကတည်းက ဘာမှမစားရသေးလို့
တဂွီဂွီမြည်နေတဲ့ ဗိုက်ကအသံ အမေကြားသွား
မလားလို့တော့ စိုးရိမ်မိသားး
------------
"ဟျောင့်းးးးဖိုးးဇော် တပ်ရင်းအဝမှာ မင်းအဖေ
ဧည့်တွေ့လာတယ် သွားလိုက်ဦးး"
ရဲဘော်လေးဖိုးဇော် အိပ်ယာအောက်ကိုလှန်
သတင်းစာလေးနဲ့ ကျစ်ကျစ် ပါအောင် ထုတ်ပီး
ဖွက်ထားတဲ့ လစာ တစ်သိန်းကိုယူပီး တပ်ရင်း
ဝက သူ့အဖေဆီပြေးးတယ်
"သားးဖိုးဇော် အဆင်ပြေရဲ့လားးကွ ဒီမှာ
မင်းစားဖို့မင်း အမေဟင်းဘူးတွေထည့်ပေး
လိုက်တယ်"
"ဟာ အေဖကလဲ မလိုပါဘူး အေဖတို့စားဖို့
ပြန်ယူသွား သားဒီမှာအဆင်ပြေတယ် ဒီလ
လစာကျန် တစ်သိန်းတောင် အဖေတို့ကိုသား
ကန်တော့နိုင်မယ်
အဖေ့လက် လစာလေးအပ် အဲ့နားမြေကြီး
ထဲတင် ဒူးလေးထောက် ထိုင်ကန်တော့-
"သားးးးမင်းသုံးဖို့ရော ရှိရဲ့လားကွာ ပြန်ယူ
ထားပါလား"
"ရပါတယ် အဖေရာ သားအတွက်က ဘာမှပူ
စရာမရှိပါဖူး အစစအရာရာအဆင်ပြေပါတယ်"
အဖေ့ရဲ့အပြုံးးတွေအောက် နေ့တိုင်းစားနေ
ရတဲ့ ပဲရည်ကျဲဟင်းနဲ့ ကြက်ဥရေလုံပြုတ်က ပိုပီး
အားရှိစေခဲ့တယ် #
---------------
လိမ်ညာခြင်းဟာမကောင်းကြောင်း လောက
နီတိတွေ ကိုသင်ပီးပြန်လာတဲ့ ကျောင်းဆရာ
မလေးးမိုးချုပ်လို့ အိမ်နဲ့ phပြောတဲ့အခါ
-ဗွက်တောထဲ လမ်းလျှောက်သွားရတဲ့ ဒုက္ခတွေ
မသိတော့ဖူး
-အိမ်ပို့ဖို့ လစာမကျန်မှာစိုးလို့ အသီးရွက်ကြော်နဲ့
ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူးး
-နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာစား
နေနေရတဲ့ သောကတွေကို မေ့ပီးအဆင်
ပြေပါတယ် အမေလို့ ညာမိပြန်တယ် #
------------
ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူး
လိမ်ဖူးကြပေမယ့်
အဝေးရောက်သားသမီးတွေရဲ့ ကိုယ့်ရဲ့
လက်တလောဒုက္ခတွေ သောကတွေကိုမေ့ပီး
မိဘတွေစိတ်ချမ်းသာဖို့အတွက်
"အဆင်ပြေပါတယ် အဖေ"
"အဆင်ပြေပါတယ် အမေ" လို့ ညာရတဲ့
အချိန်တွေက အခမ်းးနားဆုံးးနဲ့ ကျေနပ်ရဆုံး
အချိန်တွေပါပဲ 😊😊
(အဝေးရောက် သားသမီးများသာ နားလည်မည်)
crd.လင်းသိုက်ညွှန့်

ဖတ်ကြည့်နော် သိပ်ကောင်းတယ်ဘဝနေထိုင်နည်း ==========( ၁ ) သိသလောက် မပြောပါနဲ့ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘ...
28/07/2022

ဖတ်ကြည့်နော် သိပ်ကောင်းတယ်
ဘဝနေထိုင်နည်း
==========
( ၁ ) သိသလောက် မပြောပါနဲ့
ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး
လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို
သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့
ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့
တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်
သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။
( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ
အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့
အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်
အထုတ်ခံရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်
တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ
လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။
( ၃ ) ကြားတိုင်းမယုံပါနဲ့
နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို
ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်
မယ်။ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ
သလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုး
ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး
နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိူင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံ
နိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။
နှူတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်
သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မှူ
လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်
ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။
သူငယ်ချင်း....
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ
ချည်းပါပဲ။

သိပ်တော်တဲ့ ယောက်ျား ဆိုတာမိန်းမတစ်ယောက်ကို ကိုယ်စွမ်း ကိုယ်စ နဲ့လူတန်းစေ့  ထားနိုင်တဲ့ အပြင် ဘာအကြောင်းကြောင့်မှ စိတ်ဆင...
28/07/2022

သိပ်တော်တဲ့ ယောက်ျား ဆိုတာ
မိန်းမတစ်ယောက်ကို
ကိုယ်စွမ်း ကိုယ်စ နဲ့
လူတန်းစေ့ ထားနိုင်တဲ့ အပြင်
ဘာအကြောင်းကြောင့်မှ
စိတ်ဆင်းရဲမှု ကို
မပေးတတ်သူ ကို ခေါ်တယ် . . .
သိပ်တော်တဲ့ မိန်းမ ဆိုတာ
ဘဝမှာ တယောက်တည်း ကျန်ခဲ့လဲ
လောကဓံကို မမှုဘဲ
ကိုယ့်စွမ်းကိုယ်စနဲ့ ကိုယ့်ဒူးကိုယ်ချွန်
ရပ်တည်နိုင်တဲ့သူကို ခေါ်တယ် . . .
သိပ်တော်တဲ့ သူငယ်ချင်းဆိုတာ
ဝမ်းနည်း အားငယ် နေတဲ့အချိန်
အားပေး နှစ်သိမ့်မှုနဲ့
ကူညီတတ်သူကို ခေါ်တယ်...
သိပ်တော်တဲ့ လူဆိုတာ
ကိုယ်ကျင့်တရား ကောင်းမွန်ပြီး
ကိုယ့်ဘဝဖြတ်သန်းမှုထဲ ထိပ်ဆုံးရောက်အောင်
ဘယ်လို ကြိုးစားခဲ့ရလဲဆိုတာ
နောက်လူသိအောင်
လမ်းညွှန်ပေးတဲ့သူ ကိုခေါ်တယ်....
သိပ်တော်တဲ့ ပုဂ္ဂိုလ်ဆိုတာ
သေရတော့မဲ့အချိန်မှာ
နောင်တ ကင်းကင်း အမှားနည်းနည်းနဲ့
ကောင်းမှု ကုသိုလ်တွေကိုသာ
စုဆောင်းထားသူ ကိုခေါ်တယ်....
တကယ်တော့ ....
လူ့ဘဝဆိုတာ
သေခြင်းတရား မလာမီ အချိန်အတွင်း
အစွမ်းကုန် ကြိုးစားပြီး
နေထိုင် အသက်ရှင်စဉ်မှာ
လောကမှာ
ကုသိုလ် နဲ့ အကုသိုလ်ကို
ကောင်းစွာ သိတဲ့အပြင်
တရားခြင်း မတရားခြင်းကိုလည်း
နားလည်တဲ့ သိပ်တော်တဲ့ သူ ဖြစ်တာကိုက
လူ့ဘဝရတာ
အဖိုးတန်ဆုံးပါဘဲ သူငယ်ချင်း . . . . .

ที่อยู่

Bangkok Yai

เบอร์โทรศัพท์

+6624785326

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဆရာမဂျူးစာပေผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဆရာမဂျူးစာပေ:

แชร์