Clear Mind တရားစာပေ

ပဌာန်း ကျမ်းတော်လေ့လာရာမှာ အထောက်အကူ ဖြစ်မယ်လို့ယူဆသဖြင့် ဓမ္မဒါန ပြန်လည်မျှဝေပါသည်။ #4
14/07/2025

ပဌာန်း ကျမ်းတော်လေ့လာရာမှာ အထောက်အကူ ဖြစ်မယ်လို့ယူဆသဖြင့် ဓမ္မဒါန ပြန်လည်မျှဝေပါသည်။

#4

ကျီးကန်းနှင့် စာကလေး( ဘင်္ဂလားဒေ့ရှ်ပုံပြင် )တခါတုန်းက စာကလေးတကောင်သည် ကျီးကန်းတကောင်နှင့် အဆွေခင်ပွန်း ဖွဲ့၍ နေထိုင်၏။ ...
09/06/2025

ကျီးကန်းနှင့် စာကလေး

( ဘင်္ဂလားဒေ့ရှ်ပုံပြင် )

တခါတုန်းက စာကလေးတကောင်သည် ကျီးကန်းတကောင်နှင့် အဆွေခင်ပွန်း ဖွဲ့၍ နေထိုင်၏။ တနေ့တွင် အစာရှာထွက်ကြရာ ဖျာပေါ်၌ နေလှန်းထားသော ငရုတ် သီးများကို ကျီးကန်းက တွေမြင်လေ၏။ ထိုအခါ ကျီးကန်းက -

လေ၏။ “ဒီငရုတ်သီးတွေကို ဘယ်သူအများဆုံးစားနိုင်မလဲ ပြိုင်ကြရအောင်” ဟု ပြော

“ကောင်းပြီလေ၊ ပြိုင်ကြတာပေါ့” ဟု စာကလေးက ပြန်ပြောလိုက်၏။ “ပြီးတော့ နိုင်သူက ရှုံးသူကို စားစတမ်းနော်” ဟု ကျီးကန်းက ပြောပြန်သည်။

စာကလေးသည် ကျီးကန်းက နောက်ပြောင်ပြောသည် ထင်မှတ်၍ ရှယ်ရှယ် မောမောနှင့် သဘောတူလိုက်၏။ မိတ်ဆွေအချင်းချင်း ဆိုသည်မှာလည်း စားကောင်း သည် မဟုတ်ချေ။

စာကလေးသည် ငရုတ်သီးများကို တတောင့်စီတတောင့်စီသာ ရိုးသားစွာစား ၏။ ကျီးကန်းကမူ အကောက်ကြံ၍ ငရုတ်သီး တတောင့်စားပြီးတိုင်း သုံးလေးတောင့် ကို စာကလေး မမြင်အောင် ဖျာအောက်တွင် ဝှက်ထား၏။

နောက်ဆုံးတွင် ကျီးကန်းက -

“ငါနိုင်ပြီက္ခ၊ ခု - မင်းကို ငါစားရတော့မယ်” ဟု ပြောလေ၏။

ယခုမှ ကျီးကန်းက အတည်ပေါက် ပြောဆိုခြင်းဖြစ်သည်ကို စာကလေးက သဘောပေါက်သွား၏။ ထိုကြောင့် စာကလေးက

“ကောင်းပါပြီ၊ ကျုပ် ကတိတည်ရပါစေ့မယ်။ ဒါပေမယ့် ကျုပ်ကို မစားခင် အဆွေနှုတ်သီးကိုတော့ ရေဆေးပါဦး။ အညစ်အကြေး၊ အပုပ်အသိုးတွေကို စားလို အဆွေဟာ ညစ်ပတ်တဲ့ ငှက်တကောင်ဆိုတာ လူတိုင်း သိပါတယ်” ဟု ပြောလိုက်၏။ ထိုအခါ ကျီးကန်းသည် နှုတ်သီးကိုရေဆေးရန် အလို့ငှာ မြစ်ဆီသို့သွား၍ ရေ တောင်း၏။

မြစ်၊ မြစ်
ရေပေးပါ နှုတ်သီးဆေးဖို့ပါ
နှုတ်သီး စင်အောင်ဆေး
စာကလေးကို စားမယ်လေး

ထိုအခါ မြစ်က “အဆွေ ရေလိုချင် လိုလား၊ ကောင်းပါပြီ၊ ဒါပေမယ့် အဆွေ ဟာ အညစ်အကြေးတွေကို စားတယ်လို့ အများက ပြောကြပါတယ်။ အဆွေနှုတ်သီး ကို ကျုပ်ရေထဲမှာ ဆေးချင်ယင် ထည့်စရာ ရေအိုး သွားယူပါ။ ပြီးတော့ လိုသမျှရေကို ကြိုက်သလောက် ခပ်ယူနိုင်ပါတယ်” ဟု ပြန်ပြောလိုက်သည်။

ကျီးကန်းသည် ရွာထဲရှိ အိုးထိန်း သည် ထံသွား၍ အိုးလုပ်ပေးရန် တောင်းပြန် လေသည်။

အိုးထိန်းသည်၊ အိုးထိန်းသည် နှုတ်သီးဆေးဖို ရေခတ်မယ်
အိုးတလုံးလောက် ဖုတ်ပေးကွယ်။
ရေကိုခတ်လို့ နှုတ်သီးဆေး
စာကလေးကို စားမယ်လေး

ကျီးကန်း၏ စကားကို ကြားရသောအခါ အိုးထိန်းသည်က …

“ အဆွေ- အိုးလိုချင်လိုလား ကောင်းပါပြီ။ ဒါပေမယ့် ကျုပ်မှာ ရွှံမရှိဘူး။ ကျုပ်ဆီကို ရွှံ့ယူလာခဲ့။ သင့်ဖို အိုးလုပ်ပေးပါ့မယ်” ဟု ပြန်ပြောလေသည်။

ကျီးကန်းသည် လယ်ကွင်းသိုသွား၍ နှုတ်သီးဖြင့် ရွှံများကို စတင်တူးဆွလေ၏။ ထိုအခါ မြေကြီးက -

“အဆွေ ကျီးကန်း၊ သင်ဟာ အညစ်အကြေးတွေကို စားတယ်ဆိုတာ တကမ္ဘာ လုံးက သိကြပါတယ်။ တူးရွင်းနဲ့မတူးယင်တော့ ကျုပ်ရွှံတွေကို တူးခွင့် မပေးနိုင်ဘူး” ဟု ပြောလေ၏။

ကျီးကန်းသည် ရွာထဲရှိ လှည်းဘီးလုပ်နေသော ပန်းပဲဆရာထံ သွားပြီး တူး ရွှင်းတလက် လုပ်ပေးရန် တောင်းရပြန်လေသည်။

ပန်းပဲဆရာ၊ ပန်းပဲဆရာ
တူးရွှင်းတလက် လုပ်ပေးပါ။
ရွှံကိုတူးလို အိုးလုပ်ဖို့
ရေကိုခတ်ယူဖို့
ရေကိုခတ်လို နှုတ်သီးဆေး
စာကလေးကို စားမယ်လေး

ဤတွင် ပန်းပဲဆရာက “အဆွေကျီးကန်း၊ တူးရွှင်းလိုချင်လိုလား၊ ကောင်းပါ ပြီ။ ဒါပေမယ့် အဆွေမြင်တဲ့ အတိုင်းပဲ၊ ဖိုထဲမှာ မီးမရှိဘူး၊ ကျုပ်ကို တူးရွင်း လုပ် ပေးစေချင်ယင် မီးယူလာခဲ့ရမှာပေါ့” ဟု ပြောလေ၏။

ကျီးကန်းသည် အနီးရှိ လယ်သမားတဦး၏ အိမ်သို့ မီးရှာရန် သွားရပြန်သည်။ လယ်သမား၏ ဇနီးသည် ခြံဝင်းထဲ၌ ထမင်းချက်နေ၏။

လယ်သမားကြီး ဇနီးသည်
မီးတစလောက် ပေးပါကွယ်
တူးရွှင်းလုပ်မှာ ရွှံတူးစရာ
ရေအိုးလုပ်ဖို့ပါ
ရေကိုခတ်လို နှုတ်သီးဆေး
စာကလေးကို စားမယ်လေး

ကျီးကန်းက လယ်သမား၏ ဇနီးသည်ထံတွင် မီးတောင်း၏။

လယ်သမားကြီး၏ ဇနီးသည်က “သင်မီးလိုချင်လို့လား၊ ကောင်းပါပြီ။ ဒါပေမယ့် မီးကို ဘယ်လို ယူသွားမလဲ” ဟု မေး၏။

“မီးကို ကျွန်ုပ်ကျောပေါ်မှာ တင်ပေးပါ” ဟု ကျီးကန်းက ပြောလေ၏။

လယ်သမား၏ ဇနီးသည် မီးကို ကျီးကန်း၏ ကျောပေါ်သို့ တင်ပေးလိုက်ရာ ကျီးကန်း၏ အမွေးအတောင်များကို ချက်ချင်းပင် မီးစွဲလောင်လေတော့သည်။ ဤသို့ဖြင့် မတော်လောဘ ရှိသော ကျီးယုတ်မာသည် မီးလောင်ပြာကျ၍ 6သပွဲဝင်သွားရလေသည်။

ရိုးသားသော စာကလေးမှာကား သက်တမ်းစေ့အောင် စိတ်ချမ်းသာစွာဖြင့် နေသွားရလေသတည်း။

မျက်လုံးတော်လား၊ ရတနာလားဗုဒ္ဓခေတ်ဝန်းကျင်၌ အိန္ဒိယနိုင်ငံတွင် အုပ်ချုပ်ရေးစနစ် နှစ်ခုသည် စင်ပြိုင်လွှမ်းမိုးလျက်ရှိနေသည်...
08/06/2025

မျက်လုံးတော်လား၊ ရတနာလား

ဗုဒ္ဓခေတ်ဝန်းကျင်၌ အိန္ဒိယနိုင်ငံတွင် အုပ်ချုပ်ရေးစနစ် နှစ်ခုသည် စင်ပြိုင်လွှမ်းမိုးလျက်ရှိနေသည်။ အုပ်ချုပ်ရေးစနစ် တစ်ခု မှာ သက်ဦးဆံပိုင် ဘုရင်စိုးမိုးအုပ်ချုပ်သည့် စနစ်ဖြစ်ပြီး၊ အခြား အုပ်ချုပ်ရေး စနစ်တစ်ခုမှာ အများဆန္ဒအရ အုပ်ချုပ်သည့် စနစ် ဖြစ်သည်။ ယင်း နှစ်မျိုးအနက် ဝဇ္ဇီနိုင်ငံသည် အများဆန္ဒအရ အုပ်ချုပ်သည့်နိုင်ငံများထဲတွင် ရှေ့သွားဖြစ်ပြီး ဗိမ္ဗိသာရဘုရင်နှင့် သားတော် အဇာတသတ်တို့ စိုးမိုးအုပ်ချုပ်သည့် မဂဓနိုင်ငံသည် ဘုရင်စနစ်အုပ်ချုပ်ရေး နိုင်ငံများထဲတွင် ထင်ရှားကျော်ကြားသည့် နိုင်ငံဖြစ်သည်။

မဂဓနိုင်ငံ၌ ခမည်းတော်ဗိမ္ဗိသာရဘုရင် ကွယ်လွန်သော အခါ သားတော်အဇာတသတ် ထီးနန်းစိုးစံသည်။ ဘုရင်အဇာ တသတ်နောက် သူ့သားတော် သုဗာဟု ထီးမွေနန်းမွေဆက်ခံသည်။

သုဗာဟုဘုရင် ကံကုန်သွားသည့်အခါ သူ၏သားတော် သူ့ဓနုက ရာဇပလ္လင်ပေါ်ရောက်လာသည်။ သုဓနုဘုရင် မျက်နှာလွှဲသွားသည့် အခါတွင် သုဓနု၏သားတော် မဟိန္ဒရက တိုင်းပြည်အုပ်ချုပ် မင်း လုပ်သည်။

ထိုအချိန်၌ အိန္ဒိယအရှေ့ပိုင်းဒေသ၌ ဥတ္တရအမည်ရှိ မထေရ် တစ်ပါး သီတင်းသုံးနေထိုင်လျက်ရှိသည်။ သီလ၊ သမာဓိ၊ ပညာ အရာ၌ အလွန်တရာ ထင်ပေါ်ကျော်ကြားသည့် မထေရ်တစ်ပါး ဖြစ် ၍ ဘုရင်မဟိန္ဒရက ဥတ္တရမထေရ်အရှင်အား အထူးပင်ကြည်ညို လေးစားသည်။ ပြည့်သူပြည်သားများသည် ကုက္ကုဋပါလအမည်ရှိ အရပ်၌ ဥတ္တရမထေရ် သီတင်းသုံးနေထိုင်ရန်အတွက် ကျောင်းတစ် ဆောင် ဆောက်လုပ်လှူဒါန်းထားသည်။ ယင်းကျောင်းတိုက်သည် ကုက္ကုဋာရုံကျောင်းတိုက် အမည်ဖြင့် ထင်ရှားကျော်ကြားနေသည်။

ဘုရင်မဟိန္ဒရ နတ်ရွာစံသွားသောအခါ ထီးနန်းအရိုက်အရာ ကို သားတော် ကမသ က ဆက်ခံသည်။ ထိုအချိန်၌ မဂဓနိုင်ငံတွင် ပုဏ္ဏေးမအမယ်အိုတစ်ဦးရှိသည်။ အသက် ၁၂ဝ ရှိနေပြီ။ ပုဏ္ဏေးမ ကြီးတွင် သားသုံးယောက်ရှိသည်။ တစ်ယောက်၏အမည်မှာ ဇယ ဟုခေါ်သည်။ အခြားတစ်ဦးမှာ သုဇယ အမည်တွင်သည်။ တတိယ သားကိုမူ ကလျာဏ ဟုခေါ်သည်။

အိန္ဒိယနိုင်ငံလောက် ယုံကြည်ကိုးကွယ်မှုများသည့် နိုင်ငံ တခြားရှိမည် မထင်ပေ။

ထိုအချိန်ကလည်း အိန္ဒိယနိုင်ငံ၌ ယုံကြည်ကိုးကွယ်မှုများနှင့် အယူဝါဒများသည် အလွန်တရာ ထွေပြားလှပေသည်။ အတ္တ ဝါဒကို ယုံကြည်သူများရှိသလို အနတ္တဝါဒကို ယုံကြည်သူများ လည်း ရှိသည်။ အတ္တဝါဒကို ယုံကြည်သူများထဲတွင်ပင် ဂိုဏ်း အမျိုးမျိုး ကွဲနေသည်။ အဟိံသာဝါဒကို တစ်ဘက်စွန်းရောက် လက်ခံ ထားသည့် ဂျိန်းဝါဒကဲ့သို့သော ဝါဒများလည်းရှိသည်။ သေလျှင် ကိစ္စပြတ်သည်ဟု ယူဆထားသည့် စာရဗာကတို့၏ လောကာယတ ဝါဒလည်း အမြစ်ပြတ်မသွားပေ။ ဘာဖြစ်ဖြစ် ကံကိုပုံချသည့် နိယတိဝါဒသမားများ၏ ခေတ်လည်း မကုန်သေးပေ။

ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်၍လည်း တစ်ဦးနှင့်တစ်ဦး မတူပေ။ မိမိတို့ နှစ်သက်ရာနှစ်သက်ရာ အယူဝါဒကို တီထွင်သည့် ရသေ့ရဟန်းများကို ကိုးကွယ်ကြသူများရှိသကဲ့သို့ နတ်ဘုရားများ ကို ကိုးကွယ်ကြသူများလည်း ရှိသည်။ နတ်ဘုရားများကို ကိုးကွယ် ကြသူများထဲတွင်လည်း တစ်ဦးနှင့်တစ်ဦး မတူပေ။ အချို့က သိဝ နတ်ကို ပူဇော်ကြပြီး တချို့က ဗိဿနိုးနတ်ကို ကိုးကွယ်ကြသည်။ အချို့ပုဂ္ဂိုလ်များ၏ အပူဇော်အပသခံမှာ မဟေသရနတ်ဖြစ်သည်။

ယင်းသို့အားဖြင့် အယူဝါဒနှင့် ကိုးကွယ်မှုများ ထွေပြားနေ - လေရာ တစ်အိမ်ထောင် တစ်မိသားစုအတွင်းမှာပင် တစ်ဦးနှင့်တစ် ဦး ယုံကြည်မှုများ ကိုးကွယ်မှုများ ကွဲပြားခြားနားနေတတ်သည်။ ပုဏ္ဏေးမကြီး၏ အိမ်ထောင်မိသားစုထဲတွင်လည်း ဤနည်းအတိုင်း ပင်ဖြစ်နေသည်။ သားသုံးယောက်သည် တစ်ယောက်နှင့်တစ် ယောက် အယူဝါဒ ကွဲပြားခြားနားနေသည်။ ကိုယ်သန်ရာ သန်ရာကိုသာ ကိုးကွယ်နေကြသည်။ သားသုံးယောက်အနက် ဇယ က မဟာဒေဝနတ်ကို ကိုးကွယ်သည်။ သုဇယက ကပိလရသေ့ကို ပူဇော်သည်။ တတိယသားဖြစ်သူ ကလျာဏကမူ ဗုဒ္ဓဘုရားကို အကြည်ညိုပွားသူဖြစ်သည်။

ညီအစ်ကိုသုံးယောက်သည် မိမိတို့ယုံကြည်သည့် အယူဝါဒ နှင့် ပတ်သက်၍လည်း အတော်အတန် တီးမိခေါက်မိထားသူများ ဖြစ်ကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်း မဆိုင်လိုက်နှင့် ဆိုင်လိုက်သည်နှင့် တပြိုင်နက် အယူဝါဒနှင့် ပတ် သက်ပြီး ငြင်းကြခုံကြလေတော့သည်။ ညီအစ်ကိုသုံးယောက်သည် အခြားကိစ္စများနှင့် ပတ်သက်လျှင် ရင်ကြားစေ့ကြသော်လည်း ယုံကြည်ကိုးကွယ်မှုနှင့် ပတ်သက်လာလျှင်မူ တစ်ယောက်နှင့် တစ် `ယောက် အသာမပေးကြပေ၊ အကြောမခံကြပေ။ အာဘောင်အာရင်း သန်သန်နှင့် ငြင်းကြခုံကြသည်။ တစ်ခါတစ်ရံ၌ ငြင်းယင်းခုံယင်း က ဓားတပြတ် တုတ်တပြတ်ပင် ဖြစ်လိုက်ကြသေးသည်။ ကြာသော် သူတို့ အမေအိုကြီးက စိတ်မရှည်တော့ပေ။

“ဟဲ့ ... နင်တို့သုံးယောက် ဘာဖြစ်နေကြတာလဲ၊ နင်တို့ အတွက်ဘာမှ မပူပင် မကြောင့်ကြရအောင် ငါအားလုံးစီမံပေးထား တယ်၊ အစားဆိုရင်လဲ အစားမို့၊ အဝတ်ဆိုရင်လဲ အဝတ်မို့၊ နင်တို့ အတွက် ဘာမှလိုလေသေးမရှိဘူး၊ ဒါနဲ့တောင်မှ နင်တို့တကျက် ကျက် ဖြစ်နေကြတယ်၊ နင်တို့အတွက် စိတ်ညစ်တာနဲ့ ငါတော့ သေတောင်သေချင်ပြီ”

အမေအိုကြီး မြည်တွန်တောက်တီးသောအခါ သားသုံး ယောက်ကပြန်ပြောသည်။

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မတည့်တာဟာ အစားအတွက်လဲ မဟုတ်ပါဘူး၊ အဝတ်အတွက်လဲ မဟုတ်ပါဘူး၊ ကျွန်တော်တို့ အငြင်းပွားနေကြတာ အယူဝါဒနဲ့သာ ပတ်သက်ပါ တယ်၊ ဘယ်ဆရာအရှင်မြတ်ဟာ အတော်ဆုံးလဲ၊ ဘယ်အယူဝါဒ - ဟာ အမှန်ကန်ဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တစ် ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြတာပါ”

ပုဏ္ဏေးမကြီးသည် အသက်တစ်ရာပင် ကျော်နေပြီဖြစ်၍ အတွေ့အကြုံ ရင့်ကျက်နေသူဖြစ်သည်။ သူ ့သားများ ဤနည်း အတိုင်း တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံနေလျှင် သံသရာဆုံး တော့မည်မဟုတ်ဟု သိရှိနားလည်သည်။ သို့ဖြစ်၍ နည်းလမ်းတစ်ခု ညွှန်ကြား ပြောပြလိုက်လေသည်။

“နင်တို့ ဉာဏ်တစ်မိုက်တစ်ထွာလောက်နဲ့ ဘယ်သူက မှန် တယ်၊ ဘယ်သူက မှားတယ်ဆိုတာ ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး၊ အဲဒီလို ငြင်းယင်းငြင်းယင်းနဲ့ နင်တို့ အသက်ထွက်မှာပဲ၊ အဲဒီတော့ ငါနင်တို့ကို အကြံဥာဏ် တစ်ခုပေးမယ်၊ နင်တို့ကို အဖြေပေးနိုင် မယ့် ပညာရှင် တစ်ဦးတစ်ယောက်ဆီကိုသွားပြီး နင်တို့ ကိုယ့်အယူ အဆကို တင်ပြကြ၊ အဲဒီ ပညာရှင်က နင်တို့ကို ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်ဆိုတာ အဖြေပေးလိမ့်မယ်”

မိခင်အိုကြီး အကြံပေးသည့်အတိုင်း ညီအစ်ကိုသုံးယောက်သည် သူတို့အတွက် အဆုံးအဖြတ်ပေးနိုင်မည့် ပညာရှင် အရှာထွက် လာခဲ့ကြသည်။ သို့သော် သူတို့ကို အဆုံးအဖြတ်ပေးနိုင်သည့် ပညာ ရှင်ကို သူတို့ တော်တော်နှင့် ရှာမတွေ့ကြ။ တစ်ယောက်တွေ့ပြန် လည်း မဟန်၊ တစ်ယောက် တွေ့ပြန်လည်း မဟန်နှင့် ပြန်ခဲ့ရသည် သာများသည်။ ဤတွင် တစ်ယောက်သောပုဂ္ဂိုလ်က သူတို့ကို သတင်းပေးသည်။

“မိတ်ဆွေတို့၊ ကုက္ကုဋပါလအရပ် ကက္ကုဋာရုံကျောင်းတိုက် မှာ သီတင်းသုံးနေတဲ့ ဥတ္တရဘွဲ့မည်ရှိတဲ့ မထေရ်ဟာ ပညာဉာဏ် အရာမှာ အတော်ကျော်ကြားတယ်။ အဲဒီပုဂ္ဂိုလ်မြတ်ဆီ မိတ်ဆွေတို့ သွားယင် မိတ်ဆွေတို့အလိုဆန္ဒ ပြည့်ဝပါလိမ့်မယ်"

ထိုပုဂ္ဂိုလ်ဆီက သတင်းရ၍ ညီအစ်ကိုသုံးယောက်သည် ကုက္ကုဋာရုံကျောင်းရှိရာသို့ သတင်းမေးပြီးသွားကြသည်။ ကျောင်း သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြသည်။ ကျောင်းတွင် ဥတ္တရမထေရ်ကို ဖူးတွေ့ကြရသည်။ မထေရ်က ကိစ္စကိုမေးမြန်း သည်ဖြစ်၍ လာယင်းကိစ္စကို ပြောပြကြသည်။ ပထမ ဇယ က ပြောပြသည်။

“တပည့်တော် မဟာဒေဝနတ်ကို ကိုးကွယ်ဆည်းကပ်ပါ တယ်၊ မဟာဒေဝနတ်ဟာ အင်မတန် တန်ခိုးဣဒ္ဓိပါဒ် ကြီးမားပါ တယ်၊ တရိပုရအသူရာ နတ်မင်းကြီးကိုတောင် နှိမ်နင်းနိုင်စွမ်း ရှိပါ တယ်၊ ဂေါတမဗုဒ္ဓကတော့ အဲဒီလို အသူရာနတ်မင်းကို နှိမ်နင်း နိုင်တဲ့ တန်ခိုးဣဒ္ဓိပါဒ်မျိုး မရှိပါဘူး”

သုဇယကလည်း သူ့အယူအဆကို တင်ပြသည်။

“ကပိလရှင်ရသေ့ဟာ ဘယ်သူ ့ကိုမဆို ကျိန်စာဆိုလိုက်ယင် မှုန့်မှုန့်ညက်ညက် ကျေသွားနိုင်စေတဲ့ တန်ခိုးရှိသူဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓကတော့ အဲဒီလိုတန်ခိုးမျိုး မရှိပါဘူး၊ ဂေါတမဗုဒ္ဓဟာ အကျင့်တရားကို ကျင့်ပေမယ့် သူတစ်ပါးကို ကျိန်စာဆိုနိုင်လောက် တဲ့ တန်ခိုးသတ္တိမျိုး မရပါဘူး”

ကလျာဏ မပြောခင်ပင် ဥတ္တရမထေရ်က ပြန်လည်ဖြေကြား သည်။

“အကျင့်တရားကို ကျင့်တယ်ဆိုတာဟာ အမျက်ဒေါသ ထွက်ဖို့လဲမဟုတ်ဘူး၊ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း ကျိန် စာဆိုဖို့လဲ မဟုတ်ဘူး၊ မသတ်ဘဲနဲ့၊ မရိုက်မနှက်ဘဲနဲ့၊ တစ်နေ့နေ့ မှာ မလွှဲမရှောင်သာ သေရမယ့်သေမျိုးဖြစ်တဲ့လူကို သတ်ဖို့ကြိုးစား တာဟာ အလွန်တရာ မိုက်မဲတဲ့ အလုပ်ဖြစ်ပေတယ်၊ အဲဒီလို ကြိုး စားတဲ့ပုဂ္ဂိုလ်ဟာ ဝင်လုဝင်ဆဲဖြစ်နေတဲ့ နေကို လက်ထဲက တုတ်နဲ့ ခြောက်လှန့်ပြီး “ငါနေကို မောင်းထုတ်ပစ်နိုင်တယ်” လို့ ဝါကြွား နေတဲ့ လူမိုက်လူရူးနဲ့ ဘာမှ မခြားဘူး။

“ဂေါတမဗုဒ္ဓဟာ ကမ္ဘာလောက အကျိုးရှိရာ ရှိကြောင်း အတွက်သာ ကြိုးပမ်းအားထုတ်တော်မူတယ်၊ ဂေါတမဗုဒ္ဓရဲ့ တရား ဟာ သူတစ်ပါးကို မညှဉ်းဆဲ မသတ်ဖြတ်ရဆိုတဲ့ အဟိံသာတရား ဖြစ်တယ်။ ဗုဒ္ဓတရားတော်ကို ယုံကြည်မြတ်နိုးတဲ့လူလဲ မည်သူမဆို အဟိံသာဝါဒကိုသာ လက်ကိုင်ထားတယ်။ ဂေါတမဗုဒ္ဓဟာ သူတစ်ပါးအတွက် အကျိုးရှိရာ ရှိကြောင်းအလုပ်ကို လုပ်ကိုင်ဆောင်ရွက် ဖို့ ရည်ရွယ်ချက်နဲ့ ဥာဏ်အလင်းရောင်ရအောင် ကြိုးပမ်းခြင်း ဖြစ်တယ်၊ မိမိ တပည့်သာဝကများကိုလဲ “ဗဟုဇနဟိတာယ”ဆိုတဲ့ သူတစ်ပါးအကျိုး သည်ပိုးရန်အတွက် ညွှန်ကြားဆုံးမတော်မူတယ်၊ ဗုဒ္ဓတရားကို လိုက်နာကျင့်ကြံတဲ့လူတွေလဲ သူတစ်ပါးအန္တရာယ် ဖြစ်မယ့်အလုပ်ဆိုယင် ဘယ်အလုပ်မျိုးကိုမှ မလုပ်ဘူး။

“မဟာဒေဝနတ် ကိုးကွယ်သူတွေကတော့ ကြမ်းကြုတ်တယ်၊ ရက်စက်တယ်၊ လူ့အသားကို စားချင်တယ်၊ လူ့အသွေးကို သောက် ချင်တယ်၊ လူ့ခြင်ဆီကို စုပ်ချင်တယ်၊ သူတစ်ပါးကို သတ်ချင်ဖြတ် ချင်တယ်၊ မဟာဒေဝနတ် ကိုယ်တိုင်ကလဲ ကြမ်းကြုတ်တယ်၊ မေတ္တာကရုဏာမဲ့တယ်၊ သူ ့ကိုကိုးကွယ် ပသတဲ့အလုပ်ဆိုတာဟာ ညည်းဆဲသတ်ဖြတ်ခြင်းမှ တစ်ပါး အခြားမရှိဘူး၊ အသိဉာဏ်ရှိတဲ့ လူဟာ ညှဉ်းဆဲသတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း လက်ကိုင် ထားသူကို ဘယ်မှာ ကိုးကွယ်မှာလဲ၊ တကယ်လို့ ညှဉ်းဆဲသတ်ဖြတ် မှု၊ ရက်စက်ကြမ်းကြုတ်မှုဟာ ကိုးကွယ်ပူဇော်ရာဖြစ်တယ်ဆိုယင် ခြင်္သေ့တို့ ကျားတို့ကို ဘာဖြစ်လို့ မကိုးကွယ်မပူဇော်သလဲ”

ဥတ္တရမထေရ်၏ တရားအဆုံးတွင် ဗြာဟ္မဏလုလင်နှစ်ဦး သည် အမှန်ကို နားလည်သဘောပေါက်သွားပြီး သရဏဂုံသုံးပါး သာလျှင် ကိုးကွယ်ဆည်းကပ်ရာဟု ဆုံးဖြတ်ချက်ကျသွားကြသည်။ ပင်ကိုယ်က ဗုဒ္ဓတရားကို သက်ဝင်ပြီးဖြစ်သူ ကလျာဏမှာမူ ဗုဒ္ဓ တရားကို ဆထက်ထမ်းပိုး တိုးတက်ယုံကြည်သွားသည်။

ညီအစ်ကို သုံးဦးသားသည် အားရရွှင်လန်းစွာဖြင့် အိမ်ပြန် လာကြသည်။ အိမ်ပြန်ရောက်သောအခါ သူတို့၏မိခင်အိုကြီးအား အကျိုးအကြောင်း ပြန်လည်ပြောပြကြသည်။

“မိခင်၊ ဥတ္တရမထေရ်၏ တရားစကားကို ကြားနာရတဲ့ အတွက် ကျွန်တော်တို့သုံးယောက်စလုံး ဗုဒ္ဓတရားကို သက်ဝင် ယုံကြည်သူ လုံးလုံးဖြစ်သွားကြပါပြီ။ ကျွန်တော်တို့ဟာ ဗုဒ္ဓရှင်တော် ဘုရားကို အထူးပင်ကြည်ညိုသဒ္ဓါ ရှိကြပါတယ်။ သို့အတွက် ဗုဒ္ဓ ရုပ်ပွားတည်ထား ကိုးကွယ်ဖို့အတွက် တစ်ယောက်တန်ဆောင်း တစ်ဆောင်စီ ဆောက်လုပ်လိုပါတယ်၊ ဘယ်နေရာမှာ ဆောက်လုပ် - ရမယ်ဆိုတာကို မိခင်ညွှန်ပြပါ”

မိခင်ပုဏ္ဏေးမကြီးက သူ ့သားသုံးယောက်အား ဘုရား ကျောင်း ဆောက်သင့်ဆောက်ထိုက်သည့် နေရာများကို ညွှန်ပြ သည်။ သား ဇယအား ဗာရာဏသီအနီး ဓမ္မစကြာဒေသနာတော် ဟောကြားရာ မိဂဒါဝုန်၌ တန်ဆောင်းဆောက်ရန် ညွှန်ကြားပြောပြ သည်။ သား သုဇယကိုမူ ရာဇဂြိုဟ် ဝေဠုဝန်၌ ဗုဒ္ဓရုပ်ပွား ကိုးကွယ် တည်ထားရန်အတွက် တန်ဆောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်း ရန်ညွှန်ကြားပြောပြသည်။ အငယ်ဆုံးသား ကလျာဏအတွက်ကား ဗုဒ္ဓရှင်တော်ဘုရား သစ္စာလေးပါးသိမြင်ပြီး ဗုဒ္ဓအဖြစ်ရောက်တော် မူရာ ဗုဒ္ဓဂယာကို ဘုရားတန်ဆောင်း ဆောက်လုပ်လှူဒါန်းရမည့် နေရာအဖြစ် သတ်မှတ်ပေးသည်။

ဗုဒ္ဓဂယာ၌ မဟာဗောဓိတန်ဆောင်း ဆောက်လုပ်သည့်ဗိသုကာပညာရှင်များသည် လူစင်စစ်မဟုတ်ကြဟု အဆိုရှိသည်။ ကလျာဏနှင့် ဗိသုကာပညာရှင်များသည် တန်ဆောင်းဆောက်လုပ် ပြီးသောအခါ မဟာဗောဓိရုပ်ပွားတော်ကို ထုလုပ်ကြသည်။ ရုပ်ပွား တော် ထုလုပ်ချိန်၌ ပစ္စည်းကိရိယာများကို တန်ဆောင်းအတွင်း၌ အဆင်သင့်ထားပြီး တန်ဆောင်းတံခါးကို တစ်ပတ်တိတိ အလုံပိတ် ထားကြသည်။ ရုပ်ပွားတော်ထုလုပ်နေချိန်အတွင်း အခြားမည်သူ့ကို မျှ တန်ဆောင်းအတွင်း ဝင်ခွင့်မပြုပေ။

ဆဋ္ဌမနေ့ရောက်သောအခါ တန်ဆောင်းအပြင်ဘက်မှ တ ဒုန်းဒုန်းနှင့် တံခါးထုနေသံ ကြားရသည်။ တံခါးထုနေသူမှာ ကလျာဏ ၏ မိခင်ပုဏ္ဏေးမကြီးပင် ဖြစ်သည်။

“သား တံခါးဖွင့်စမ်း၊ အမေအထဲဝင်ချင်တယ်”

ဗုဒ္ဓရုပ်ပွား အပြီးသတ်အချောကိုင်နေသည်။ တံခါးဖွင့်ရန် သတ်မှတ်ထားသည့် ရက်လည်း တစ်ရက်ကျန်သေးသည်။ တန် ဆောင်းအတွင်းမှ ကလျာဏနှင့် ဗိသုကာ ပညာရှင်များသည် အဓိဌာန်ထားသည့်အတိုင်း တန်ဆောင်းတံခါးကို ဖွင့်မပေးလိုကြ GO

“အမေ ဘာဖြစ်လို့တန်ဆောင်းအတွင်း ဝင်ချင်ရတာလဲ၊ နက် ဖြန်ခါ တံခါးဖွင့်ရက် ရောက်တော့မှာပဲ၊ နက်ဖြန်ခါကျမှ ဗုဒ္ဓရုပ်ပွါး ကို ကြည်ညိုပါ”

အပြင်ဘက်က ပုဏ္ဏေးမကြီးမှာ ရေးကြီးသုတ်ပျာဖြစ်နေ သည်။

“သား အမေ နက်ဖြန်ခါ မစောင့်နိုင်တော့ဘူး၊ အမေက အခု ညပဲ ကွယ်လွန်အနိစ္စရောက်ရတော့မှာ၊ ကမ္ဘာပေါ်မှာ ဂေါတမဗုဒ္ဓ ကို မီလိုက်တဲ့လူ အမေတစ်ဦးသာ ရှိတော့တယ်။ သားတို့ရဲ့ ဗုဒ္ဓ ရုပ်ပွားတော်ဟာ သက်တော်ထင်ရှားရှိတဲ့ ဗုဒ္ဓဘုရားနဲ့တူသလား မတူဘူးလားဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့လူ အမေမှ တစ်ပါး တခြားဘယ်သူမှ ရှိမှာမဟုတ်ဘူး၊ တံခါးမဖွင့်လို့ မဖြစ်ဘူး၊ ဖွင့်ပါ၊ အခုဖွင့်ပါ”

တန်ဆောင်းတံခါးကို ဖွင့်လိုက်ကြရသည်။ တံခါးဖွင့်လိုက် သည်နှင့် ဗိသုကာပညာရှင်များ ပျောက်ကွယ်သွားကြသည်။ ပုဏ္ဏေးမကြီးသည် ရုပ်ပွားတော်ကို အနီးကပ်ပြီး သေချာစွာကြည့်ရှု သည့်အခါ သက်တော်ထင်ရှား ဗုဒ္ဓဘုရားနှင့်ချွတ်စွပ် တူနေသည်ကို တွေ့ရသည်။ မတူသည့်အချက် သုံးချက်သာရှိသည်။ ပထမအချက် မှာ ရုပ်ပွားတော်မှ ရောင်ခြည်တော်မထွက်ပေ၊ ဒုတိယအချက်ကား ရုပ်ပွားတော်သည် သက်တော်ထင်ရှား ဗုဒ္ဓဘုရားကဲ့သို့ တရား ဒေသနာ မဟောကြားပေ၊ တတိယအချက်မှာမူ ရုပ်ပွားတော်သည် ထိုင်ခြင်းဣရိယာပုထ်တစ်ခုကိုသာ ပြုတော်မူသည်။ အခြား ဣရိယာ ပုထ်များကို ပြုတော်မမူ၊ သို့သော် သတ်မှတ်ထားသည့် ရက်သတ္တ ပတ် မပြည့်သဖြင့် ရုပ်ပွားတော်သည် လုံးဝပြီးပြတ်ခြင်းမရှိဘဲ အတန်ငယ် ကြွင်းကျန်နေသည်။ ညာဘက်ခြေမှ ခြေချောင်းတော် များ မပြည့်မစုံဟု အချို့ကဆိုကြသည်။ အချိုက လည်း ဆံရစ်ခွေ တော် အပြီးမသတ်ဟု ဆိုကြသည်။ ယင်း အရာများကို နောက်မှထပ်ဖြည့်ရသည်။

ပုဏ္ဏေးအိုမကြီးလည်း ထိုည၌ပင် ကွယ်လွန်သွားသည်။

ရုပ်ပွားတော် ထုလုပ်ပြီးသောအခါ ဘုရားဒါယကာ ကလျာဏ သည် ခရီးသွားယင်း ကျောက်မျက်ရတနာ တစ်လုံးရသည်။ မဟာဗောဓိရုပ်ပွားကို မထုလုပ်ခင်ကသာ ဤရတနာကို ရပါက မျက်ဝန်းတော်နေရာ၌ ဤရတနာကို ထည့်လိုက်ရလျှင် အလွန် အဆင်ပြေမည်၊ “ယခုတော့ နောက်ကျသွားပြီ” ဟု အကြံဖြစ်မိလေ သည်။

ယင်းသို့ အကြံဖြစ်ပေါ်သည်နှင့် တပြိုင်နက် ရုပ်ပွားတော်၏ ့မျက်ဝန်းတော်နေရာနှစ်ခုသည် ချိုင့်ဝင်သွားသည်။ ကလျာဏသည် အားရဝမ်းသာဖြစ်သွားပြီး မျက်ဝန်းတော်နေရာ နှစ်ခု၌မြှုပ်ရန် သူ၏ ကျောက်မျက်ရတနာကို ထက်ခြမ်းခွဲမည်ပြုစဉ် အလားတူရတနာ တစ်လုံးပေါ်လာပြန်သည်။ ကလျာဏသည် ယင်းရတနာနှစ်လုံးကို မျက်ဝန်းတော်နေရာနှစ်ခုတွင် တစ်လုံးစီထည့်သွင်းထားလိုက်သည်။ နှစ်ပေါင်းများစွာအထိ ညဉ့်အချိန်ကျလျှင် ရတနာ၏အရောင်ဖြင့် မီးမထွန်းဘဲ ဘုရားတန်ဆောင်းတစ်ခုလုံး ထင်လင်းနေသည်။

တာရာနာထ၏ အိန္ဒိယဗုဒ္ဓဘာသာသမိုင်းကိုအခြေခံသည်။]

ပါရဂူ

Stories

သိမ်းစွန်ငှက်ရဲ့ မင်္ဂလာပွဲအီးပီးလူမျိုးစု၊ တိုဂို။အချိန်တန်အရွယ်ရောက်လာပြီဖြစ်တဲ့ သိမ်းငှက်ဟာ ဇနီးလောင်းတစ်ယောက် ရှာဖို...
30/05/2025

သိမ်းစွန်ငှက်ရဲ့ မင်္ဂလာပွဲ
အီးပီးလူမျိုးစု၊ တိုဂို။

အချိန်တန်အရွယ်ရောက်လာပြီဖြစ်တဲ့ သိမ်းငှက်ဟာ ဇနီးလောင်းတစ်ယောက် ရှာဖို့ထွက်ခဲ့သတဲ့။ တစ်နေရာက တစ်နေရာ လိုက်လံရှာဖွေပြီးနောက်မှာ အတန်ဝေးတဲ့ ရွာတစ် ရွာက မိန်းကလေး တစ်ယောက်ကို ဇနီး လောင်းအဖြစ် ရွေးချယ် လိုက်သတဲ့။ မိန်းကလေးရဲ့အဖေကို ခွင့်ပန်ပြီး စီစဉ်စရာတွေကို စီစဉ်သတဲ့။ လက်ဆောင်တွေကို မိန်းကလေးရဲ့ မိသားစုကိုပေးပြီး မင်္ဂလာရက် သတ်မှတ်ကာ သူ့အိမ်ကို ပြန်လာခဲ့သတဲ့။

သူအရင်က စုဆောင်းထားတဲ့ ရွှေမှုန်တွေကို ခုမှစု စည်းပြီး ရွှေပန်းတိမ်ကို သွားကာ လက်စွပ်တစ်ကွင်းလုပ်ဖို့ စီစဉ်သတဲ့။ ဘာကြောင့်အဲဒီလို လုပ်ရလဲဆိုတော့ သူဟာအင် မတန် ချောမောလှပသူဖြစ်လို့ တစ်ခြားသတ္တဝါတွေက သူ့အ ပေါ် မနာလိုမရှုစိမ့် ဖြစ်ကြတဲ့အပြင် သူ့ကွယ်ရာမှာလည်း သူ့အတင်းကို ပြောလေ့ရှိကြတာကြောင့် ဖြစ်သတဲ့။ သူတို့တွေ ဟာ သူ့အပေါ် စိတ်ကောင်းမထားနိုင်ကြဘူးတဲ့။

မင်္ဂလာပွဲနီးလာတော့ ပန်းတိမ်မှာ သူတို့သမီးကိုပေးဖို့ လက်စွပ်သွားရွေးသတဲ့။ နောက် သူ့သူငယ်ချင်းတွေကို သူနဲ့ အတူ မင်္ဂလာပွဲဆင်နွဲဖို့ ဖိတ်သတဲ့။ သူ့သူငယ်ချင်း အိမ် မြှောင်လာတယ်။ သူ့သူငယ်ချင်း ရစ်ငှက်လာတယ်။ သူ့ သူငယ်ချင်း ရှစ်ခိုးကောင် လာတယ်။ သူ့သူငယ်ချင်း မြွေ လည်းလာတယ်။ တစ်ခြား သူ့ရွာသားတွေလည်း မင်္ဂလာပွဲကို တက်ရောက်လာကြတယ်။

သူတို့တွေ သိန်းငှက်ရွေးချယ်ထားတဲ့ မိန်းကလေးရဲ့ အိမ်ကို သွားကြသတဲ့။ လိုအပ်တာတွေ အကုန်လုပ်ပြီးတဲ့အခါ သိန်းငှက်က သူ့သူငယ်ချင်းတွေနဲ့ မိန်ကလေးရဲ့ မိသားစုကို မိတ်ဆက်ပေးသတဲ့။ သီချင်းတွေ ဆိုကြ၊ ဗုံတွေတီးကြနဲ့ပေါ့။ အဲဒီအချိန် သိန်းငှက်က သူတို့သမီးကို ပေးဖို့ လက်စွပ်ကို သူ့အိပ်ကပ်ထဲက နှိုက်လိုက်သတဲ့။ အိပ်ကပ်ထဲမှာ လက်စွပ်က ရှိမနေတော့ဘူး။ သူ့တစ်ကိုယ်လုံး ရှာပေမယ့် မတွေ့ဘူးတဲ့။

နောက်တော့ လက်စွပ်အခိုးခံရပြီ၊ လက်စွပ် ပျောက် သွားပြီလို့ အော်ပြောလိုက်သတဲ့။

အဲဒီမှာ အားလုံးအံ့သြကုန်သတဲ့။ နောက် ရွာအကြီးအ ကဲက အားလုံးကို ရှာရမယ်လို့ ကြေညာလိုက်သတဲ့။

ရွာထဲရှိတဲ့သူအကုန်လုံးကို ရှာသတဲ့၊ ရှာပေမယ့် လက်စွပ်က မတွေ့ဘူး။ သိန်းငှက်လည်း ဘာမှမတတ်နိုင်ဘဲ မိန်းကလေးရဲ့အဖေကို ပြောပြနေမိသတဲ့။ သူပြောတာက ကျွန်တော် တလျှောက်လုံး စုဆောင်း လာတဲ့ ရွှေမှုံတွေနဲ့ လှပတဲ့ လက်စွပ်တစ်ကွင်း အမှန်တကယ် လုပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့် ဇနီးလောင်းကိုပေးဖို့ ယူခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့် အပေါ် စိတ်ကောင်းမရှိတဲ့ တစ်ယောက်ယောက်က ကျွန်တော့်အိပ်ကပ်ထဲက နှိုက်ယူလိုက်တယ်လို့ ပြောသတဲ့။

မိန်ကလေးရဲ့ အဖေက ပြန်ပြောသတဲ့ လူတိုင်းကို ရှာပြီးသွားပြီ၊ အခုထိ လက်စွပ်ကမတွေ့သေးဘူးမောင်ရင်ကလည်း ဒါကိုပဲ ထပ်ကာထပ်ကာ ရှင်းနေတယ်၊ လက်စွပ်ကတော့ မရှိတော့ဘူး။လက်စွပ်ကလိုတာအမှန်ပဲ။လက်စွပ်မရှိတာကြောင့် မင်္ဂလာပွဲကလည်း ကျင်းပလို့ မရဘူးဖြစ်နေတယ်။ မင်းအနေနဲ့ လက်စွပ် ပြန်တွေ့တဲ့အခါ မင်္ဂလာပွဲ ပြန်ကျင်းပကြတာပေါ့လို့ ပြောသတဲ့။

သိန်းငှက်ဟာ အရမ်းကို ရှက်နေသတဲ့။ သူ့ သူငယ်ချင်းတွေလည်း ရှက်နေကြသတဲ့။ အိမ်မြှောင်က စကားမပြောတော့ဘူး။သူ့ခင်မျာအသံမထွက်တတ်တော့ဘူးတဲ့။ သူ့ခေါင်းကိုပဲ ဟိုဘက်ဒီဘက်ရမ်းပြီး အား တကယ်ဆိုးတာပဲလို့ ပြောနေသရောင် ထင်ရသတဲ့။

ရစ်ငှက်ကလည်း သူ့ခေါင်းကို သူ့အတောင်နှစ်ဘက်နဲ့ ညှပ်ကာ အောက်တန်းကျလိုက်တာ၊ အောက်တန်းကျလိုက်တာ လို့ အထိတ်တလန့် ဆိုသတဲ့။ ရှစ်ခိုးကောင်ကလည်း သူ့ဘေး နှစ်ဖက်ကို သူ့လက်သီးနဲ့ ထိုးပြီး ဒါလုံးဝမဖြစ်နိုင်ဘူးလို့ ပြော သတဲ့။

မြွေကလည်း သူ့ရဲ့လျှာကို အရပ်လေးမျက်နှာ ထုတ်ထုတ်ပြပြီး သူ့ပါးစပ်ထဲ လက်စွပ်မရှိကြောင်း သက်သေပြ သတဲ့။

နောက်တော့ သိန်းငှက်နဲ့ သူ့သူငယ်ချင်းတွေလည်း ပြန်သွား ကြသတဲ့။ ငါ့လက်စွပ်ကို ခိုးတဲ့သူကို မတွေ့တွေ့အောင် ရှာမယ်လို့ သိန်းငှက်က ကြိမ်းဝါးသတဲ့။ သူဟာ လေထဲကို ပြန်တက်သွားပြီး မြို့ရွာတွေပေါ်မှာ ပျံဝဲရင်း သူခိုးကို ရှာနေသတဲ့။

အဲ့ဒီနေ့ကစပြီး အိမ်မြှောင်ဟာ လုံးဝ စကားမပြော တော့ဘူးတဲ့။ သူ့ခေါင်းကိုပဲ ဟိုဖက်ဒီဖက် ရမ်းကာနေတာ ဟာ တော်တော်ဆိုးတာပဲလို့ ညည်းငြူသရောင် ထင်ရသတဲ့။ ရစ်ငှက်ခမျာလည်း သူ့လက်နဲ့ သူ့ဦးခေါင်းကို ရိုက်လွန်းလို့ သူ့ခေါင်းဟာ လုံးလာသတဲ့ အဲဒီ အဖြစ်ကြောင့်ပဲ ရှစ်ခိုးကောင်ဟာသူ့နံဘေးကို သူ့လက်သီးနဲ့ ထိုးလွန်းတာကြောင့် သူ့ခါးဟာ တဖြည်းဖြည်း ပိန်လာလိုက်တာ တုတ်ချောင်းနဲ့ တူတူလာသတဲ့။ မြွေလည်း တစ်ယောက်ယောက်နဲ့တွေ့ရင် သူ့ပါးစပ်ထဲမှာ လက်စွပ်ဝှက်မထားကြောင်း သက်သေပြတဲ့အနေနဲ့ သူ့လျှာကို အမြဲထုတ်ပြသတဲ့။

သိန်းစွန်ငှက်ကတော့ သူခိုးရှာတာကို ဘယ်တော့မှ မရပ်ဘူး တဲ့။ အမြဲပဲ ကောင်းကင်မှာပျံဝဲပြီး သူခိုးကို ရှာနေတော့သတဲ့။ အောက်မှာ သတ္တဝါတစ်ကောင်ကောင် တွေ့ရင်လည်း ပျောက်သွားတဲ့ လက်စွပ်များ ဝတ်ထားသလား သိရအောင် မြေပြင်ကို တဟုန်ထိုး ဆင်းဆင်းကြည့်သတဲ့။

ဇော်မောင်
ဘုရင်ကြီးရဲ့စည်တော်

အဓိပ္ပါယ်မရှိသော အလုပ်မျိုး====================တစ်နေ့သ၌ ကျွန်ုပ်သည် ဦးပဉ္စင်းတစ်ပါးနှင့် နိဗ္ဗာန်အကြောင်း ဆွေးနွေးဖူးရာ ...
29/05/2025

အဓိပ္ပါယ်မရှိသော အလုပ်မျိုး
====================
တစ်နေ့သ၌ ကျွန်ုပ်သည် ဦးပဉ္စင်းတစ်ပါးနှင့် နိဗ္ဗာန်အကြောင်း ဆွေးနွေးဖူးရာ ဦးပဉ္စင်းသည် (သူ၏ ဘွင်းဘွင်းပြောတတ်သော ဝါသနာအတိုင်း) နိဗ္ဗာန်တရား ရှိသည်ဆိုခြင်းကို မယုံကြည်နိုင်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုလေသည်။

ဘွင်းဘွင်းပြောဆိုတတ်ခြင်းကို ကျွန်ုပ်သဘောကျနိုင်သော် လည်း မယုံကြည်ဘဲလျက်နှင့် သင်္ကန်းဝတ်နေခြင်းကိုမူကား မည်သည့် နည်းနှင့်မျှ ကျွန်ုပ် သဘောမတူနိုင်ချေ။ (မဟုတ်တော့မှ နေရော့) သံသရာတည်းဟူသော ဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရစေခြင်း အကျိုး ငှာ ရဟန်းဘောင်သို့ ဝင်ကြပါသည်ဟု ဆိုကြရလေရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်သည့် နိဗ္ဗာန် သဘာဝရှိသည်ဟု မယုံကြည်နိုင်ခဲ့လျှင် ထိုပုဂ္ဂိုလ် အဘယ်အကျိုးငှာ သင်္ကန်းဝတ်ပါသနည်းဟု မေးဖို့သာရှိ၏။ ဖွင့်ဟ၍ကား မမေးခဲ့ပါ။ သို့ရာတွင် အစားအသောက်၊ အနေ အထိုင် ချောင်သည့်အတွက်ကြောင့် ရဟန်းပြုခြင်းဖြစ်ရမည်ဟု ကျွန်ုပ် ဆုံးဖြတ်ချက်ချလိုက်ပေသည်။ ထိုအချိန်မှစ၍ ၄င်းပုဂ္ဂိုလ်မှာ လူတို့၏ ဖူးမြော်ကန်တော့ခြင်းခံထိုက်သည်ဟု ကျွန်ုပ် မယူဆနိုင်တော့သည် ဖြစ်၍ ရှေးကကဲ့သို့ဒူးချဦးချမလုပ်နိုင်ဘဲ ရှိခဲ့ပါတော့သည်။

ကျွန်ုပ်၏အမြင်ကား အားမထုတ်တော့မှနေစေ၊ နိဗ္ဗာန်ကို မယုံ ကြည်နိုင်ဆိုပါလျက် ရဟန်းပြုခြင်းသည် လုံးဝအဓိပ္ပါယ်မရှိချေ။ မိမိအဖို့ရာ၌ အားထုတ်သော်လည်း ရနိုင်မည် မထင်ဆိုခြင်းကား တစ် မျိုး၊ နိဗ္ဗာန်တည်းဟူသော သဘာဝရှိသည်ဆိုခြင်းကို မယုံကြည်နိုင် သည်ဆိုခြင်းကား တခြား ဖြစ်လေသည်။ ကိုယ့်ဝမ်းစာအတွက် ကိုယ့် ဟာကိုယ် လုပ်ကိုင်စားသောက်သော လူပုဂ္ဂိုလ်က နိဗ္ဗာန်ကို မယုံနိုင် ပါဆိုခဲ့လျှင် ကျွန်ုပ်ဘာမျှမပြောလို၊ သို့ရာတွင် ဗုဒ္ဓ၏အရေတော်ကို ခြုံလျက် အလှူခံစားပြီး သက်ကြီးရွယ်ရင့်များ၏ ရှိခိုးပူဇော်ဖူးမြော် ကန်တော့ခြင်းကို အခံ့သား ခံယူလျက်ရှိသော သင်္ကန်းဝတ်တစ်ပါး အတွက်မူကား ကျွန်ုပ်အဖို့ရာ၌ ခွင့်မလွှတ်နိုင်အောင် ရှိပါတော့သည်။

ရွှေဥဒေါင်း
လောကုတ္တရာ ခက်ဆစ်ခက်ရာများ မှ...

ဒီစာပိုဒ်ကြီး အစကနေ - အဆုံးထိက တကြောင်းထဲနော်။ရှေ့ခေတ်က စာရေးဆရာမကြီးတွေများ တော်ချက်..."Blue Black ခေါ် နက်ပြာရောင် ကော...
29/05/2025

ဒီစာပိုဒ်ကြီး အစကနေ - အဆုံးထိက တကြောင်းထဲနော်။

ရှေ့ခေတ်က စာရေးဆရာမကြီးတွေများ တော်ချက်...

"Blue Black ခေါ် နက်ပြာရောင် ကောင်းကင် ပြင်ကြီးတွင် လဆန်းပက္ခ ငါးရက်လကလေးသည် ဖြူ ဖွေးဝင်းထိန်သော ရောင်ခြည်ဖြင့် တောင်ဆီသို့ ငဲ့လျက် ကတ္တီပါအနက်၌ ဘော်ကြယ်ကလေးတွေ ပက်ထား သလို ထိုထို ဤဤတွင် တစ်ခုစီ တစ်ခုစီအားဖြင့် မိမိတို့အစွမ်းရှိသလောက် ထွန်းပတောက်လင်း တဝင်း ဝင်း တလက်လက် တဖျတ်ဖျတ်ဖြစ်သော ကြယ်တာရာ အပေါင်း ခြံရံထွက်ပေါ်လျက်ရှိနေသည့် ““ညဉ့်ဦးယံ”” အချိန်ကလေးတွင် မြို့ကြီးရပ်ကြီး၌ ဓာတ်မီးတွေ တထိန် ထိန်၊ လူနေအိမ်ခြေ၊ အများအပြား မော်တော်ကား ဓာတ် ရထားတို့ဖြင့် ဆူညံစည်ကားနေမြဲအချိန်ဖြစ်သော်လည်း ထိုညဉ့်ထိုအချိန်မှာ မြန်မာပြည်တောင်ပိုင်း ဧရာဝတီမြစ် ကြီး၏ မြစ်ဝကျွန်းပေါ်အရပ်ဒေသ၌ တောင်ဘက် အစွန် အကျဆုံးဖြစ်၍ ပင်လယ်ကမ်းခြေနှင့်အနီးဆုံးအရပ်တွင် မတော်တဆ ပင်လယ်ရေလွှမ်းမိုး ထိခိုက်သွားမည်ကိုမျှ မစိုးရိမ်ဘိအလား ပင်လယ်ကြီးကို မထီလေးစားပြု၍ ဂုဏ်တုဂုဏ်ပြိုင်နေသည်နှင့်တူသော သံလျင် ဒိစတြိတ် ရှိ အလံခွန်မြို့ကလေးမှာမူကား လောကဓာတ်အမှောင် တိုက်ကြီးကို သေးငယ်သော မီးရောင် ကလေးများနှင့် ခုခံကာကွယ်နေဘိသကဲ့သို့ ထင်မှတ် ရသည်မှတစ်ပါး ထူးခြားသော အသံကို မကြားရဘဲ တဟဲဟဲ မြည်ဟီးသော ပင်လယ်ရေပြင်ကြီးအနီးတွင် တိတ်ဆိတ် ငြိမ်သက်စွာ တည်ရှိချေ၏။"

ဒဂုန်ခင်ခင်လေး၏
ညဉ့်ဦးယံ ၀တ္တုမှ...

၃၈ဖြာ မင်္ဂလာပုံပြင်များ၈ ။ သိပ္ပဉ္စ ၊ဧတံ မင်္ဂလ မုတ္တမံ ။လက်မှုစက်မှုပညာ တတ်မြောက်ခြင်းသည် မြတ်သော မင်္ဂလာ မည်၏ ။🟢ပန်းပ...
26/05/2025

၃၈ဖြာ မင်္ဂလာပုံပြင်များ

၈ ။ သိပ္ပဉ္စ ၊
ဧတံ မင်္ဂလ မုတ္တမံ ။
လက်မှုစက်မှုပညာ တတ်မြောက်ခြင်းသည် မြတ်သော မင်္ဂလာ မည်၏ ။

🟢ပန်းပဲလုလင်

ရှေးသရောအခါ ကာသိတိုင်းရှိ ရွာတစ်ရွာ၌ ဆင်းရဲသော ပန်းပဲ သမား လင်မယားနှစ်ယောက် ရှိသည်။ သူတို့တွင် သားလူလင်ပျို တစ်ယောက် ရှိသည်။ လုလင်ပျိုသည် ပန်းပဲအလုပ်ကိုပင် လုပ်ကိုင် သည်။ သူသည် ပန်းပဲပညာကို အထူးကြိုးစား သင်ယူထားသဖြင့် ပန်းပဲပညာကို ထူးချွန်စွာ တတ်မြောက်သည်။ ဓားလှံတို့မှ အစ အပ်တိုအထိ သံထည်ပစ္စည်းအမျိုးမျိုးကို ထူးခြားစွာ ပြုလုပ်တတ်သည်။ ပန်းပဲလုလင်ပျိုနေထိုင်ရာ ရွာအနီးတွင် အိမ်ခြေတစ်ထောင် ရှိသော ပန်းပဲရွာကြီးတစ်ရွာရှိသည်။ ထိုရွာရှိ အကြီးအကဲဖြစ်သူ ပန်းပဲဆရာကြီး တွင် သမီးပျိုတစ်ယောက် ရှိသည်။ သူမသည် လှပတင့်တယ်သည်။ လိမ္မာယဉ်ကျေးသည်။ သူမ၏ ဂုဏ်သတင်းသည် အနီးဝန်းကျင်ရှိရွာများတိုင်အောင် သင်းပျံ့သည်။ သူမ၏ ဂုဏ်သတင်းကို ပန်းပဲ လုလင်ပျို ကြားသောအခါ မမြင်ဖူးဘဲနှင့် မေတ္တာသက်ဝင်မိသည်။ ထို့ကြောင့် သူသည် “မိမိ၏ပညာစွမ်းကိုပြ၍ မိန်းမပျိုကို ရအောင် ဆောင်နှင်းမည်”ဟူ၍ ကြံစည်ကြိုးစားသည်။

သူသည် အလွန်ကောင်းသော သံဖြင့် အလွန်သေးငယ်သော အပ်တစ်ချောင်းကို ပြုလုပ်သည်။ အပ်တွင် နဖားထွင်းပြီးလျှင် ရေ´ ပေါ်၌ ပေါ်အောင် စီမံပြုလုပ်သည်။ ထို့နောက် ထိုအပ်နှင့် အလား တူသော အပ်အိမ်ကို ပြုလုပ်သည်။ အပ်ကို ထိုအပ်အိမ်ထဲတွင် ထည့် သည်။ ထို့နောက် အလားတူ အပ်အိမ်တစ်ခုကို လုပ်ပြန်သည်။ ပထမ အပ်အိမ်ကို ဒုတိယ အပ်အိမ်၌ ထည့်သည်။ ဤသို့လျှင် အပ်အိမ် အဆင့်ဆင့်ပြု၍ ထည့်သည်။ အပ်အိမ် ခုနစ်အိမ် အထိ ပြုသည်'

ထို့နောက် ယင်းကို အပ်ကျည်တောက်တွင် ထည့်၍ ပန်းပဲရွာသို့ ယူ ဆောင်သွားလေသည်။

သူသည် ပန်းပဲဆရာကြီး၏ နေအိမ်ရှေ့သို့ ရောက်သောအခါ “အပ်ရောင်းမည်”ဟူ၍ ဟစ်အော်သည်။

ထိုအချိန်တွင် ပန်းပဲဆရာကြီး၏ သမီးပျိုသည် ဖခင် ပန်းပဲ ဆရာကြီးကို ယပ်ခတ်ပေးနေသည်။ သူမသည် ပန်းပဲလုလင်၏ အသံ ကို ကြားသောအခါ အိမ်ထဲမှ ထွက်လာပြီး ညင်သာစွာ ပြောဆိုသည်။

“မောင်ကြီးရှင့်၊ သည်ရွာသည် ပန်းပဲရွာ ဖြစ်သည်ကို မသိပါ

သလော။ အခြားရွာမှ အပ်အလိုရှိသူများပင် သည်ရွာသို့လာ၍ ဝယ်

ကြရသည်။ မောင်ကြီး၏ အပ်ကို အခြားရွာသို့ သွား၍ ရောင်းပါလေ။” “နှမငယ်၊ သည်ရွာမှာ ကျွမ်းကျင်သော ပန်းပဲသမားများ နေ ထိုင်ရာ ရွာဖြစ်ကြောင်း မောင်ကြီးကောင်းစွာ သိပါသည်။ မောင်ကြီး၏ အပ်သည် အခြားအပ်များနှင့် မတူ။ ထူးခြားလှပါသည်။ ထို့ကြောင့် နှမတို့ရွာသို့ လာရောင်းခြင်း ဖြစ်ပါသည်။ မောင်ကြီး၏ အပ်ကို နှမ၏ ဖခင်သာ တွေ့မြင်ပါက မောင်ကြီး၏ပညာကို ချီးကျူးကာ နှမငယ်နှင့်ပင် လက်ဆက်ပေးမည် ထင်ပါသည်။"

သူတို့နှစ်ဦး အချီအချပြောနေသည်ကို ပန်းပဲဆရာကြီး ကြားသွား သည်။ ပန်းပဲလုလင်ကို အိမ်ထဲသို့ ခေါ်စေသည်။ လုလင်ပျို ရောက် လာသောအခါ “အမောင်၊ သင့်အပ်ကို ပြပါ”ဟု ဆို၏။

လုလင်ပျိုက “ဖခင်တစ်ဦးတည်း ကြည့်ရသည်ထက် အခြားပန်းပဲ - ဆရာများနှင့်အတူ ကြည့်ရသည်က ပိုကောင်း ပါလိမ့်မည်” ဟူ၍ ဆို၏။ သို့ဖြင့် ပန်းပဲဆရာကြီးသည် ရွာတွင်းရှိ အခြား ပန်းပဲဆရာ များကိုပါ ခေါ်ယူစုရုံး၍ ကြည့်ရှုစေသည်။

လူစုံသောအခါ လုလင်ပျိုသည် အပ်ကျည်တောက်ကို ထုတ်၍ ပေးသည်။ ပန်းပဲဆရာကြီးသည် အပ်ကျည်တောက်ထဲမှ အပ်အိမ် ငယ်ကို ထုတ်ယူ၍ ကြည့်ရှုလျက် မေးမြန်းသည်။

“အမောင်၊ သည်အရာသည့် အပ်လော။”

“အပ် မဟုတ်သေးပါ။ အပ်အိမ်မျှသာ ဖြစ်ပါသည်။”

ပန်းပဲဆရာကြီးသည် အပ်အိမ်ကို သေချာစွာ စစ်ဆေးကြည့်သည်။ အပ်အိမ်မှာ နဖားပါနေသဖြင့် အပ်အိမ်နှင့်မတူ။ အပ်ဟူ၍ပင် ထင် မှတ်ရသည်။ ထို့ပြင် အပ်အိမ်ဟု ဆိုရလောက်အောင်လည်း အဖုံးကို မတွေ့ရ။ အဆက်၊ အရာ၊ အံကြောင်းကိုလည်း မတွေ့ ရ၊ အံ့ဖွယ်ပင်။ ထိုစဉ် လုလင်ပျိုသည် ပန်းပဲဆရာကြီးလက်မှ အပ်အိမ်ကို ယူ လျက် လက်သည်းဖြင့်ခြစ်၍ အပ်အိမ်ခုနစ်ခုကို တစ်ခုပြီးတစ်ခု ချွတ် ပြသည်။ နောက်ဆုံးတွင်မှ အပ်ငယ် ပေါ်ထွက်လာသည်။

လုလင်ပျိုက “ဖခင်၊ ဤကား အပ်ဖြစ်ပါသည်”ဟု ဆို၍ အပ် ကို ပန်းပဲဆရာကြီးထံ လှမ်းပေးသည်။ ပန်းပဲဆရာကြီး၊ ကျန်ပန်းပဲ ဆရာများနှင့် ပရိသတ်အားလုံးပင် အံ့ချီးမဆုံးရှိကြသည်။

´လုလင်ပျိုသည် ထိုမျှဖြင့် ရပ်တန့်မနေ။ မိမိ၏ အပ်အစွမ်းကို ပြရန်အတွက် ပေခုံကိုလည်း တောင်းသည်။ ရေအပြည့် ထည့်ထားသော ကြေးခွက်ကိုလည်း တောင်းသည်။ :

သူတောင်းသော ပစ္စည်းများကို ရသော် လုလင်ပျိုက ပန်းပဲ ယောက်ျားကြီး တစ်ဦးအား ပေခုံကို ကိုင်ထားစေသည်။ အခြားတစ်ဦး အား ထိုပေခုံအောက်တွင် ရေထည့်ထားသော ကြေးခွက်ကို ကိုင်ထား စေသည်။

အားလုံး အသင့်ဖြစ်ကြသော် သူသည် အပ်ကို ပေ၌စိုက်၍ တူဖြင့် တအားထုချလိုက်သည်။ ထိုအခါ အပ်သည် ပေခုံကို ထုတ်ချင်းခက်ဖောက်ထွင်းကာ ရေခွက်ထဲသို့ ကျသွားသည်။ ကျရာတွင် ရေအောက် သို့လည်း ရောက်မသွား၊ ရေမျက်နှာပြင်ပေါ်တွင်လည်း ပေါ်မနေ။ ရေလယ်တွင်သာ တည်နေသည်။

“ငါတို့သည် ဤမျှကောင်းမွန်လှသော၊ အစွမ်းထက် လှသော အပ်မျိုးကို လုပ်တတ်ရန် ဝေးစွ။ မြင်မျှပင် မမြင်ဖူးပါ။ ယခုမှသာ မြင်ဖူးပါတော့သည်”ဟူ၍ ပန်းပဲဆရာ အားလုံးက ဝန်ခံပြောဆိုကြ သည်။ လက်ပမ်းပေါက်ခတ် ချီးကျူးကြသည်။

ပန်းပဲဆရာကြီးသည် လုလင်ပျို၏ ပညာအစွမ်းကို အလွန် နှစ်သက်သွားသည်။ ထိုနေရာမှာပင် မိမိ၏သမီးပျိုနှင့် လက်ထပ် ထိမ်းမြား ပေးလေသည်။ ။

မင်းယုဝေ

25/05/2025

၁၀ မိနစ်အတွင်း ကြော်မယ့် လောင်ကမ်းမား​ ထမင်း​ကြော် 🍚🔥" "10 Mins Laoganma Fried Rice” 🍳

ဒီနေ့ ထမင်းကြော်လေးကတော့ လောင်ကမ်းမားအနှစ်နဲ့ ကြော်ထားတာပါ။ လောင်ကမ်းမားဆိုတာ city mart တွေမှာတွေ့နေကျ တရုတ်ငရုတ်သီးအနှစ်‌ကြော် ပုလင်းဖြစ်ပြီး တရုတ်မှာဆို အိမ်တိုင်းနီးပါးစားကြတဲ့အထိကို ကောင်းလှပါတယ်။ခု video လေးမှာ အဲ့အနှစ်လေးရဲ့သမိုင်းကြောင်းရော အဲ့အနှစ်ကို သုံးပြီး ထမင်းကြော်ပြထားတာလေးပါ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

✅ပန်းကန်အလှလေးတွေဆို Chef's choice မှာ အစုံရှိပါတယ်။
https://www.facebook.com/share/16Azs2pMyG/
ပန်းကန်လေးတွေ လှနေမှလည်း စားရတာပိုအရသာ ရှိတာ...




#ထမင်းကြော်
#လောင်ကမ်းမား


မဟာဇနကမဟာဇနကသည် သမီးကို ပြောမည်ဟု ကတိပေးထားပြီးမှ ကျွန်မ စာပြန် ဖတ်ရန် လိုသေးသဖြင့် မပြောဖြစ်သေးသောပုံဖြစ်ပါသည်။သမီးနှင့...
25/05/2025

မဟာဇနက

မဟာဇနကသည် သမီးကို ပြောမည်ဟု ကတိပေးထားပြီးမှ ကျွန်မ စာပြန် ဖတ်ရန် လိုသေးသဖြင့် မပြောဖြစ်သေးသောပုံဖြစ်ပါသည်။

သမီးနှင့်ကျွန်မ မဟာဇနကကို ပြောရန် စကားစရသော အ ကြောင်းမှာ မိမိကိုယ်ကိုကယ်တင်ဖို့ မိမိတို့ဖာသာ မကြိုးစားဘဲ နေသော သူများကို အခြားသောသူများက မကယ်နိုင်ဟူသော အယူအဆနှင့်ပတ် သက်ပါသည်။ ထိုစကားကို ကျွန် ကျွန်မပြောမိခြင်းမှာ အကြောင်းရင်းများစွာ ရှိပါသည်။ ကျွန်မတို့ပတ်ဝန်းကျင်တွင် ဒုက္ခရောက်နေကြသူများ၊ အလုပ် လုပ်ရာတွင် အဆင်မပြေဖြစ်နေကြသူ များစွာရှိပါသည်။ ထိုကဲ့သို့ ဒုက္ခ ရောက်နေသူတို့ကို သက်ဆိုင်ရာသက်ဆိုင်ကြောင်းဖြင့် ကူညီပံ့ပိုးပေးကြ ရပါသည်။ ထိုသို့ ကူညီပံ့ပိုးရာတွင် ဒုက္ခရောက်သူ အတိုင်းအတာကိုလိုက်၍ မိဘမိတ်ဆွေများ၊ မိတ်သင်္ဂဟများ၊ အသင်းအဖွဲ့များနှင့် တာဝန် ရှိသူများလည်း အကူအညီပေးရာတွင် ပါဝင်ကြပါသည်။ နိုင်ငံတော် အ တိုင်းအတာနှင့်ကူညီပံ့ပိုးရမည့်ကိစ္စကို နိုင်ငံတော်က ကူညီပံ့ပိုးပါ သည်။

ဒုက္ခရောက်နေသောသူ၊ အကူအညီ လိုနေသောသူများကို ကူညီ ရန် ကျွန်မတို့ ဝါသနာပါပါသည်။ အကူအညီလည်း များစွာပေးတတ် ကြောင်း ကျွန်မတို့နှင့်ပတ်သက်သူများ သိကြပါသည်။

ကျွန်မ၏ မွေးစား သမီးကလေးမှာလည်း သူ့အတိုင်းအတာနှင့် သူ ကူညီ ပံ့ပိုးမှုတွေများစွာ လုပ်နေရရှာပါသည်။ ထိုသို့ ကူညီပံ့ပိုးရန် ဝန်မလေးသော ကျွန်မတို့ မိသားစုအနေဖြင့်ပင် စိတ်ပျက် ငြိုငြင်ရသော ကိစ္စများ ကြုံတွေ့ရပါသေးသည်။ အကြောင်းမှာ အချို့ချို့သော သူများ သည် အကူအညီကိုယူ၍ သူတို့ အားအင်ကိုထုတ်ကာ သူတို့ဘဝကိုကြိုး စားတည်ဆောက်ခြင်း မပြု။ အကူအညီပေးထားသည့် ငွေကြေးများ၊ ပစ္စည်းများကို ကုန်အောင်စားသုံးကာ ကုန်လျှင် ထပ်တောင်း တတ်ပါ 'သည်။ သဒ္ဓါလွန်ဆွမ်းတော်တော်ရပ် ဆိုသည့်စကားကဲ့သို့ပင် မကြာခဏ အကူအညီတောင်းဖို့ လာတတ်သောသူများကို ငြိုငြင် လာတတ်သည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။

အလုပ်ကြိုးစားရင်း ဒုက္ခရောက်သူများကို ကူညီရသည်မှာ ကူ ညီရကျိုး နပ်တတ်ပါသည်။ သို့သော်အချို့က အကူအညီယူ၍သာ အ သက်ရှင် နေထိုင်လိုပါသည်။ သူတို့မှာ ပြည့်စုံသားပဲ ပေးသင့်တာပေါ့ဟု ဘယ်လိုမှ အတွေးအခေါ်မပါသော အကြောင်းအကျိုး ဆက်စပ်ခြင်း မရှိသောစကားကို အကြိမ်ကြိမ်ဆိုလာသောအခါ ကျွန်မတို့ မိသားစုမှာ အကုသိုလ်မဖြစ်အောင် ကြိုးစား၍ နေရပါတော့သည်။

မိမိတို့ အစွမ်းအစကို မထုတ်ဘဲ သူတစ်ပါး၏ အကူအညီကိုသာ စောင့်စားနေတတ်သော၊ နေလေ့ရှိသော တစ်နည်းဆိုလျှင် မိမိကိုယ်ကို မိမိ ကယ်မရန် အားမထုတ်သောသူများကို ဘယ်လိုပုဂ္ဂိုလ်မျိုးမှ ဒုက္ခ တွင်းမှ လွတ်အောင် မကယ်နိုင်ကြောင်း၊ ဒုက္ခရောက်နေသည့်အခိုက် သူ တစ်ပါး၏ ကူညီပံ့ပိုးမှုများကိုယူကာ မိမိ၏အစွမ်းအစကို ထုတ်သင့် ကြောင်း စသည်ဖြင့် ခေတ်သစ်မိမိတို့ပတ်ဝန်းကျင်မှာ တွေ့ကြရသူများအကြောင်း ပြောရင်းက မဟာဇနကကိုပြောရန် ကျွန်မ စကားစလိုက်ပါသည်။

သို့သော် ချက်ချင်းဆက်၍ မပြောနိုင်သေးပါ ။ အရေးကြီးသော စကားတစ်ချို့ကို မပြောနိုင်သေး၍ စာပြန်ဖတ်ဦးမည်ဟုဆိုကာ သမီး ကို အခြားသောပုံများနှင့် နှစ်သိမ့်ထားခဲ့သည်မှာ ကြာပါပြီ။ မနေ့ကမှ မင်းဘူးဦးသြဘာသဆရာတော်ဘုရား၏ မဟာဇနကဇာတ်တော်မှ ထုတ် နှုတ်ထားသည့် မဏိမေခလာကယ်ဆယ်ခန်းကို ဖတ်ဖြစ်ပါသည်။

ကျွန်မ ဖတ်မိသောစာအုပ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့မှ ထုတ်ဝေသောအလိမ္မာပုံဝတ္ထုများ အမည်ရှိ စာအုပ်ဖြစ်ပါသည်။ ဆက်၍ ဖတ်လိုသူများ ဖတ်ရန်ညွှန်းလိုက် ပါသည်။

သမီးရေ အမေကြီး စာဖတ်ပြီးပြီ။ မဟာဇနကကို ပြောတော့ မယ်။

ဟိုး… ရှေးရှေးတုန်းကလို့ ပြောရမှာပေါ့နော်။ အဲ ဟိုး ရှေးရှေး တုန်းက ဝိဒေဟရာဇ်တိုင်း မိထိလာလို့ အမည်တွင်တဲ့ တိုင်းပြည်မှာ မဟာဇနကလို့ အမည်တွင်တဲ့ မင်းကြီးတစ်ပါး ထီးနန်းစိုးစံနေပါသတဲ့။ သူ့မှာ သားနှစ်ယောက်ရှိသတဲ့။ အကြီးကအရိဋ္ဌဇနက၊ အငယ်ကပေါလ ဇနကတဲ့။ အရိဋ္ဌဇနကကတော့ အကြီးဖြစ်လို့ အိမ်ရှေ့အရာမှာ ထားတာ ပေါ့။

မဟာဇနကမင်းကြီး ကွယ်လွန်တော့ အရိဋ္ဌဇနက ကထီးနန်း စိုးစံတာပေါ့။ အဲဒီတော့ ပေါလဇနကမင်းက အိမ်ရှေ့စံ ဖြစ်လာတာပေါ့ လေ။

အဲသလို သင့်တင့်စွာနေနေကြတုန်းမှာ အရိဋ္ဌဇနကမင်းထံကို၊ ပေါလဇနကကို မကျေနပ်တဲ့ ကျွန်တစ်ယောက်က ဝင်ရောက်ခစားပြီး ကုန်းတိုက်စကားပြောသတဲ့။ အဲဒီတော့ အရိဋ္ဌဇနက ကညီတော်ကို အ ထင်လွဲပြီး အကျဉ်းချထားလိုက်တာပေါ့ကွယ်။ ကြောက်စရာပဲနော်။ ညီ တော်ကလည်း မတရားအကျဉ်းချထားတာ ခံရတယ်လို့ ဆိုပြီး အကျဉ်း ထောင်က လွတ်အောင် ကြံဆောင်ခဲ့တာပေါ့။ အကျဉ်းထောင်ကလည်းလွတ်ရော၊ နောင်တော်ကို လုပ်ကြံပြီး ထီးနန်းကို သိမ်းပိုက်စိုးစံတော့ တာပေါ့။ အဲဒီလို အရိဋ္ဌဇနကမင်း လုပ်ကြံခံရပြီး ကျဆုံးတဲ့အခါမှာ မင်းကြီးရဲ့ မိဖုရားခေါင်ကြီးဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာနဲ့တဲ့ကွယ်။ မိဖုရားကြီးက အသက်ဘေးလွတ်အောင်ပြေးလိုက်ကာ စမ္မနဂို ဆိုတဲ့မြို့ကို ရောက်သွားပါလေရော။ အဲဒီမြို့မှာရှိနေတဲ ဒိသာပါမောက္ခ ကြီးက မိဖုရားကြီးကို နှမရင်းခြာလို ကောင်းစွာပြုစုစောင့်ရှောက်ထား ပါသတဲ့။ အဲဒီလိုနဲ့ ကလေးမွေးလာရောဆိုပါတော့။ ကလေးက သား ယောက်ျားကလေးဆိုတော့ သူ့အဘိုးနာမည်အတိုင်း မဟာဇနကလို့ အမည် ပေးခဲ့ပါသတဲ့။

ကလေးကလေး ကြီးလာတော့ စာသင်တဲ့ကျောင်းမှာ သူငယ်ချင်း အချင်းချင်းက မုဆိုးမရဲ့သားဆိုပြီး နှိမ်တာပေါ့လေ။ အဲဒီတော့ မဟာဇနက သိုးသားကလေးက သူ့မှာ ဘာဖြစ်လို့ အဖေမရှိရတာလဲ ဆိုတဲ့မေးခွန်းကို အမေဖြစ်တဲ့သူကို မေးတော့တာပေါ့။

အမေကလည်း သူ့အဖေဟာ ကျဆုံးသွားတဲ့ အရိဋ္ဌဇနကမင်း ဖြစ် တယ်။ အခုအချိန်မှာတော့ ထီးနန်းကို သူ့ဘထွေးတော် ပေါလဇနကက စိုးစံတယ်လို့ ဖြေခဲ့တာပေါ့။

မဟာဇနက မင်းသားကလေးဟာ အဲဒီအကြောင်းကိုလည်းသိရော တစ်နေ့မှာ သူဟာ မိထိလာပြည်ကိုသွားပြီး ထီးနန်းကို သူပြန်ရအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။

မင်းဖြစ်ဖို့ကိစ္စဆိုတာ ချက်ချင်း ဆောင်ရွက်နိုင်တာမှ မဟုတ်ပါ ဘဲကလား။ အဲဒီတော့ မဟာဇနကက လူလားမြောက်တဲ့အချိန်မှာ ပစ္စည်း ဥစ္စာတိုးပွားအောင် ဆောင်ရွက်ဖို့၊ ကုန်ကူးဖို့ ကြံပါသတဲ့။ ရယ်စရာပြောရ ဦးတော့မှာပဲ သမီးရယ်။ ပစ္စည်းဥစ္စာစုဆောင်းဖို့ သူဟာ သင်္ဘောတစ်စီးနဲ့ သုဝဏ္ဏဘူမိကို ကုန်ကူ ဖို့ လိုက်သွားပါသတဲ့။ အမေပြောချင်တဲ့ ရယ်စရာ ဆိုတာက ဟိုး..ရှေးရေးခေတ်တုန်းကတောင်မှ ကြီးပွားချင်တဲ့သူများဟာ သင်္ဘောနဲ့ထွက်ဘာ ့အခုအထိ မတိမ်ကောပါကလားလို့ တွေးမိတဲ့ အချက် ပေါ့ ။
အဲဒီလိုနဲ့ သင်္ဘောနဲ့ထွက်သွားတဲ့အခါ လမ်းခရီးမှာ မုန်တိုင်းမိပါလေရော။ သင်္ဘောက ပျဉ်နဲ့လုပ်ထားတာဆိုတော့ ပျဉ်ချပ်တစ်ချပ်က ပေါက်ပြီး၊ သင်္ဘောထဲရေတွေဝင်ပြီး အိုးတဲ့နှစ်တော့တာပဲတဲ့။ အိုးတဲ့နှစ် ဘယ်ဆိုတာ သိတယ်နော်။ သင်္ဘောက အိုးတစ်လုံး အောက်ဖက်ကပေါက် တော့ တည့်တည့်နစ်သွားသလို နစ်သွားတာကို ပြောတာကွယ့်။

သင်္ဘောက တစ်စတစ်စ ရေတွေဝင်ပြီး နစ်ပြီလဲဆိုရော သင်္ဘော သားတွေ၊ ခရီးသည်တွေအားလုံးဟာ ကယ်ပါယူပါနဲ့ ငိုကြ ယိုကြပေါ့။ ဒါကလည်း ထုံးစံပါပဲ။ သေဘေးကိုး သမီးရဲ့။ တစ်ချို့ကလည်း သူတို့ကိုး ကွယ်တဲ့နတ်တွေကို တိုင်တည်တယ်၊ ပသတယ်၊ ဆုတောင်းတယ် စသည် ဖြင့် ရှုပ်ထွေးနေတာပေါ့။

မဟာဇနကကတော့ လက်တွေ့သမားပဲ။ ဘယ်နတ်ကိုမှလည်း မတိုင်တည်ဘူး။ ဆုလည်း မတောင်းဘူး။ သူဟာ ထောပတ်နဲ့သကြားကို နယ်ပြီး တဝစားသတဲ့။ အားရှိအောင်ပေါ့။ ပြီးတော့ တစ်ခါစားပြီးနောက် ဘယ်တော့မှ စားရမယ်မှန်းမသိတော့ တော်တော်နဲ့မဆာအောင် အအီနဲ့ အချိုကိုတွဲပြီး စားတာပေါ့။ ပြီးတော့ ပုဆိုးသုံးထပ်ကိုလည်း ဆီစိမ်ပြီး ခိုင် ခိုင်မြဲမြဲ ဝတ်လိုက်ပါသတဲ့။

အဲသလို ပြင်ဆင်နေတဲ့အချိန်မှာ တစ်ချို့လူတွေက သွေးရူးသွေး တန်းနဲ့ သမုဒ္ဒရာထဲကို ခုန်ချပြီးကြပြီလေ။ အဲဒီတော့ ရေထဲက ငါးမန်းတို့၊ ပင်လယ်လိပ်ကြီးတို့ စတဲ့ သားစားရေသတ္တဝါကြီးတွေက စောင့်ဖမ်းပြီး စားကြတာပေါ့။ အဲဒီတော့ သင်္ဘောရဲ့ ဘေးပတ်ဝန်းကျင်မှာ သွေးတွေနဲ့ ချင်းချင်းနီနေတာပဲတဲ့။ မဟာဇနက ကတော့ သတိထားတဲ့သူပေကိုး သမီး ရဲ့ ရွက်တိုင် (လင်းယဉ်တိုင်) ထိပ်ဖျားအထိ ရောက်အောင် တက်သွားပြီး မှ မိထိလာပြည်ရှိတဲ့ဘက်ကို မှန်းပြီးအဝေးကြီးကိုရောက်အောင် ခုန်ဆင်း လိုက်ပါလေရောတဲ့။ အဝေးရောက်အောင် ခုန်ဆင်းလိုက်ရတာက လူတွေ ကို စောင့်ဖမ်းစားနေတဲ့ ငမန်းတွေဟာ သင်္ဘောပတ်လည်မှာ ပြည့်နေပြီ လေ။ သူတို့နဲ့ဝေးရာကို ရောက်မှဖြစ်မှာကိုး။ ငမန်းဆိုတာ သွေးညှီနံ့ရ ရင် ပိုပြီးမဲတတ်တယ်။ အဲဒါကြောင့် သွေးညှီနံ့နဲ့ ဝေးရာကို ရောက်အောင်ခုန်ရတာ။ ခုန်တော့လည်း အဝေးကိုရောက်အောင် အမြင့်တက်ပြီး ခုန်တာ ပေါ့။

မဟာဇနကဟာ သမုဒ္ဒရာပြင်မှာ ၇ ရက်တိုင်တိုင် မရပ်မနား ကူး ခတ်နေခဲ့ပါသတဲ့။ ဟိုတုန်းက သင်္ဘောတွေမှာ အသက်ကယ်လှေတွေ ဘာမှ မပါဘဲကိုး သမီးရဲ့။ လူချည်း ကိုယ်လွတ်ကူးရတော့တာပေါ့။ ကျန် ရစ်ခဲ့တဲ့သူတွေတော့ အကုန်သေကုန်ပြီ။ ငမန်းစားတာကြောင့်ရော၊ ရေနစ် တာကြောင့် ရောပေါ့။

၇ ရက်မြောက်တဲ့နေ့မှာ သမုဒ္ဒရာစောင့် နတ်သမီး မဏိမေခလာ က၊ မဟာဇနက ဘယ်လိုစိတ်နဲ့၊ ဘယ်လိုဦးတည်ချက်နဲ့ ကူးခပ်နေသလဲ ဆိုတာ စုံစမ်းဖို့ ရောက်လာသတဲ့။ နတ်သမီးဆိုတော့ ကောင်းကင်မှာ ရပ် လို့ပေါ့။ မဟာဇနက မြင်နိုင်တဲ့အကွာအဝေးမှာပေါ့ သမီးရယ်။ နတ်သမီး ကလည်း မြင်မြင်သမျှကို လျှောက်ကယ်တာတော့ မဟုတ်ဖူးနော်။ မှတ် ထား။ ကယ်သင့်တဲ့လူဟုတ်မဟုတ် စုံစမ်းသေးတာ။

အဲဒီအကြောင်းတွေကို မင်းဘူးဦးသြဘာသ ဆရာတော်ကြီးရဲ့ ပါဠိမြန်မာပြန်စာသားကိုပဲ တိုက်ရိုက်ရွတ်ပြတာ ကောင်းမယ်။ နေဦးစာ အုပ်ယူလိုက်ဦးးမယ်။

ကဲ-နားထောင်။ စာရေးထားပုံက သိပ်ရှင်းတာပဲ။ “ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာပြင်ထဲ၌ ရဲရဲစူးစူးကူးဘိသသူကား မည်သူနည်း။ အ ဘယ်အကျိုးထူး ရမည်ထင်မှတ်၍ ကြိုးစားအားထုတ်ကူးခပ်သနည်း'ဒါက နတ်သမီးက မေးတာ။

'နတ်သမီး ပစ္စုပ္ပန်တွင်လည်းကောင်း၊ သံသရာတွင်လည်းကောင်း၊ အပြစ်မှ လွတ်ရာလွတ်ကြောင်း အားထုတ်သောလုံ့လသည် အကျိုးမဲ့မဖြစ်၊ အ ကျိုးရှိစေသည်သာဖြစ်၏။ ယခု လုံ့လကိုမလျော့ဘဲ သမုဒ္ဒရာ၌ ကူးခပ်သဖြင့် တစ်စုံတစ်ခုသော အကျိုးစီးပွားကို မလွဲမသွေ ရမည်သာဖြစ်၏။ ဤအကျိုးကို မြင်၍ ကမ်းကို မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ငါလုံ့လပြုသည်'တဲ့ ။ မဟာဇနကကဖြေတယ်။

'လုလင်ပျို လုံ့လကြောင့် အကျိုးမဲ့မဖြစ်၊ အကျိုးရှိကြောင်း။ သင် ဆိုသည်မှာ အခြားသောအဖြစ်၌မှန်၏။ ကမ်းမမြင်သော သမုဒ္ဒရာ၌ ကူးခပ်ရသောအဖြစ်ကား လုံ့လပြုခြင်းအရာ မဟုတ်သောကြောင့်အချည်းနှီးသာတည်း' လို့ နတ်သမီးက ပြန်ပြောတယ်။

နတ်သမီး၊ လုံ့လကိုမလျော့ဘဲ ကောင်းစွာ လုံ့လပြုသူသည်မိဘ ဆွေမျိုး မိတ်ဆွေများ၏ အလယ်၌ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရ၊ လုံ့လမ ပြုခဲ့လေ ခြင်းဟု နောင်တရစရာမရှိ။ အကယ်၍ ငါသည် လုံ့လကိုလျော့မိချေက နောင်တွင် ဇနကသည် ရေမျောထင်းကဲ့သို့ လုံ့လမပြုဘဲနေသဖြင့် မဟာ သမုဒ္ဒရာ၌ ပျက်စီးရသည်ဟု ငါအပြစ်တင်ခံရအံ့။ သေသော်လည်း အပြစ်တင် လွတ်ရစ်အောင် ငါလုံ့လပြုသည်။” ဒါက မဟာဇနကရဲ့ ရဲရဲတောက် လုံ့လ နှင့်ပတ်သက်လို့ မလျော့တဲ့စကား၊ ကောင်းလိုက်တဲ့ စကားတွေပဲကွယ်။

အဲဒါကြောင့် အမေ မူရင်းကို ဒီအတိုင်းဖတ်ပြရတာ။ သေတော့ လည်း အပြစ်တင်လွတ်ရစ်အောင် ဆိုတဲ့စကားကို အမေ သိပ်ကြိုက်တယ်။ သေရင် ငါသိတော့မှာမှတ်လို့လို့ တွေးတောက အမှန်မဟုတ်ဘူး။

ကဲ ကဲဆက်ဖတ်ကြရအောင်။

လုလင်ပျို၊ အကြင်သူသည် လုံ့လ မပြုအပ်သောအရာ၌ လုံ့လပြု မှားပါက အကျိုးရှိမည်မဟုတ်။ အာ်သော်လည်း ဆုံးရာ၏။ ကိုယ်စိတ် သော်လည်း ပင်ပန်းရာ၏။ ပရိသ၊ ခလယ်၌ ရှက်ဖွယ်သော်လည်း ကြုံရ ၏။ ယခု သမုဒ္ဒရာပြင်၌ ကူးသော လုံ့လသည် အရာဟုတ်ပါ၏လော” လို့ နတ်သမီးက ပြန်မေးပါတယ်။

မဟာဇနကလည်း ဒီလိုပြန်ဖြေတယ်။

နတ်သမီး၊ ယခု သမုဒ္ဒရာပြင်၌ကူးသကဲ့သို့ အကြင်သူတို့၌ ဆောင်ရွက်မပြီးနိုင်သော အမှုကိစ္စကြီးများ ရောက်လတ်သော ဤအမှုကိစ္စ ကို ငါလုံ့လပြု၍ အောင်နိုင်ဖွယ်ရာမရှိ။ ကံကြမ္မာ စီမံတိုင်းသာဖြစ်စေတော့ ဟု လုံ့လကိုလျှော့ပါက လူပျင်းလူတန်ဟု ခပ်သိမ်းသောလူတို့ အပြစ်တင် လိမ့်မည်။ ဆောင်ရွက်ရန် အမှုကိစ္စမှန်ပါက သေးသည်၊ ငယ်သည်၊ကြီးသည် မဆိုရာ။ အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လုံ့လမလျော့ဘဲ ဆောင်ရွက်ရာ၏။ နတ်သမီး၊ သင်သည် လူပျင်းလူတန်တို့၏ အယူကိုစွဲ ၍ စကားမဆိုသင့်' တဲ့။

နတ်သမီးကို တွေ့နေတာတောင်‘အမယ်လေးကျွန်တော်ကို ကယ် ပါဆိုပြီး တစာစာတောင်းပန်ဖို့ နေနေသာသာနတ်သမီး လူပျင်းလူတန်တို့ ၏ အယူကိုစွဲ၍ စကားကို မဆိုသင့်'လို့ ခပ်တင်းတင်းပဲ မဟာဇနကက ပြော ပါသေးတယ်။ အမှန်ကို လုပ်နေတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်နေတဲ့သူ ဟာ ဘယ်သူ့ကိုမှ မကြောက်တတ်ဘူး သမီးရဲ့။

မဟာဇနကက ဆက်ပြီးပြောတာရှိသေးတယ်။

“ခုနှစ်ရာသော သင်္ဘောသား ကုန်သည်တို့သည် သင်္ဘောနစ်ကြ ရာတွင် လုံ့လချို့တဲ့၍ ငါး၊လိပ်၊မကန်းစာ ဖြစ်ကြရ၏။ လုံ့လမလျော့သော ငါသည် ငါး၊ လိပ်၊ မကန်းတို့အစာ မဖြစ်ဘဲ သေဘေးမှ လွတ်ခဲ့သည့်အပြင် သင်နတ်သမီးကိုပင် အနီးကပ်မြင်ဖူးရ၏။ သင်သည် ငါ့ကိုချစ်ခင်သဖြင့် ကယ်ဆယ်ပါက လုံ့လအကျိုးကို ငါခံစားရမည်သာဖြစ်၏။ မကယ်သဖြင့် သမုဒ္ဒရာ၌ အသက်ဆုံးရှူံးရသော်လည်း ငါး လိပ်၊ မကန်းစာ မဖြစ်ရသော လုံ့လအကျိုးကို ခံစားခဲ့ပြီးဖြစ်၏။ ငါသည် အစွမ်းအစရှိသမျှ မဆုတ်မဆိုင်း လုံ့လပြုမြဲပြုကာ သမုဒ္ဒရာ၌ ကူးခပ်၊ သာတည်း' တဲ့။

အမေက သမီးကို မဟာဇာဇာတ်တော်ကို ပြောမယ်လုပ်ပြီး မပြောဘဲနေခဲ့တာ မဏိမေခလာနဲ့ ၊ ဇနကတို့ရဲ့ အမေး အဖြေကို သေ သေချာချာ မပြောနိုင်သေးလို့ဘဲ။ အဖို့ ဒါပြီးရင်လည်း အလိမ္မာပုံပြင်များ ကို သမီး သေသေချာချာ ပြန်ဖတ်ဦးနော်။

စာဆိုတာ တစ်ခါဖတ်တာနဲ့ နောက်တစ်ခါဖတ်တာ မတူဘူး။ သေသေချာချာဖတ်၊ စူးစိုက်ပြီးဖတ် အကျိုးထူးလိမ့်မယ်။

ကဲ ပုံကို ဆက်ကြဦးစို့။

အဲသလို မဟာဇနက ရဲရဲတောက်ပြောဆိုခဲ့တဲ့ အကြောင်းအရာ တွေကို မဏိမေခလာနတ်သမီးက ကြည်ညိုတဲ့အတွက် မဟာဇနကကို ကယ်ဆယ်ပြီး မိထိလာပြည်က မင်္ဂလာဥယျာဉ်တော်ထဲကို သွားထားလိုက် ပါသတဲ့။

နောက်တော့ မင်းလောင်းလာပြီး ရှာတဲ့သူတွေနဲ့တွေ့ပြီး မဟာ ဇနကလည်း မင်းအဖြစ်ကိုရောက်သွားတာပေါ့။ အဲဒီဇာတ်ကြောင်းကိုတော့အခုတစ်ဆက်တည်း ပြောလို့မဖြစ်ဘူး။ သီးခြားပြောပြမယ်။ အခုပြောတာ က မင်းသားဇာတ်၊ နောက်တစ်ခါပြောမှာ မင်းသမီးဇာတ်ပေါ့။

ကျွန်မ၏မဟာဇနကဇာတ်ကို နားထောင်ပြီးနောက် သမီးက သူ ကိုယ်တိုင် မဟာဇနကဇာတ်တော်ကြီးကို ဖတ်ပါတော့မည်ဟုဆိုကာ စာ အုပ်ထ၍ရှာပါတော့သည်။ ကျွန်မတို့အိမ်တွင် တလောကမှ ပိဋိကဘာ သာပြန်စာအုပ်များကို အဝယ်သွားရင်း ဝယ်ခဲ့သော ဇာတ်တော်ငါးရာ့ငါး ဆယ် စာအုပ်များလည်းရှိပါသည်။ ဓမ္မပဒစာအုပ်များလည်း ဝယ်ခဲ့သေး သည်။ ဘာသာတရားနှင့်စပ်လျဉ်းသော စာအုပ်များကို ကျွန်မ ဝယ်ယူစု ဆောင်းလေ့ရှိပါသည်။ ထိုသို့ဝယ်ယူစုဆောင်းရင်း ကျွန်မ ဖေဖေပြောသော စကားတစ်ခုကိုလည်း သတိရလိုက်ပါသေးသည်။

ဖေဖေက ဒီလိုစာအုပ်မျိုးဆိုတာ ဘိုးစဉ်ဘောင်ဆက်လက်ဆင့် ကမ်း အမွေပေးသင့်တဲ့ စာအုပ်မျိုးတွေပဲ သမီးရဲ့ဟုဆိုပါသည်။ ဖေဖေ့ လက်မှတ်နှင့် မဟာဗုဒ္ဓဝင်များကိုလည်း ကျွန်မအနေဖြင့် ဓမ္မစေတီအဖြစ် ဘုရားခန်းတွင် ကိုးကွယ်ထားပါသည်။ ကျွန်မ၏ပုံပြောခြင်းသည် ဘုရား ခန်းသို့ဝင်၍ သမီး စာအုပ်ရှာခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။

ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
သမီးကို ပြောဖြစ်သော ပုံပြင်များ

ที่อยู่

Bangkok

เบอร์โทรศัพท์

+959790625252

เว็บไซต์

https://youtube.com/@storyforchildrenbyoooo?si=IW504efoTYBa1VBw

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Clear Mindผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Clear Mind:

แชร์