Viral Things Join the viral party! We're your daily dose of trending content. From funny memes to mind-blowing videos, we've got you covered.

Be the first to know what's hot on the internet.

25/07/2025

La La Latina

20/06/2025

မြန်မာနိုင်ငံရဲ့ Sexy အကျဆုံးတွေ

11/06/2025

လိုက်ရဲလား

07/06/2025
AI reimagined the characters from my favorite childhood games as live-action heroes.
29/04/2025

AI reimagined the characters from my favorite childhood games as live-action heroes.

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အသက် ၈၈ နှစ်အရွယ် မှာ 2025 ခု ဧပြီလ 21 ရက် ဒေသစံတော်ချိန် နံနက် 7 နာရီ 35 မိနစ် အချိန်တွင် ပ...
25/04/2025

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အသက် ၈၈ နှစ်အရွယ် မှာ 2025 ခု ဧပြီလ 21 ရက် ဒေသစံတော်ချိန် နံနက် 7 နာရီ 35 မိနစ် အချိန်တွင် ပျံလွန်ခဲ့ပါတယ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကွယ်လွန်ချိန်တွင် သူ၌ အမေရိကန်ဒေါ်လာ ၁၀၀ (မြန်မာငွေကျပ် လေးသိန်းကျော်) သာ ကျန်ရှိခဲ့ပြီး အခြားသော ပိုင်ဆိုင်မှုများ၊ ဘဏ်အကောင့်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများ လုံးဝမရှိခဲ့ပါ

သူသည် နှစ်စဉ် ယူရို ၃၄၀,၀၀၀ (မြန်မာငွေကျပ် သိန်းတစ်သောင်းခြောက်ထောင်ကျော်) လစာကို ရရှိခွင့်ရှိသော်လည်း လက်ခံရန် ငြင်းဆိုခဲ့သည်။ Jesuit အသင်းတော်၏ အစဉ်အလာအရ ဆင်းရဲသားများအတွက် လှူဒါန်းခဲ့သဖြင့် ဘဏ္ဍာရေးပိုင်ဆိုင်မှု တစုံတရာ မရှိခဲ့ပါ

ပုပ်ရဟန်းမင်းများစံမြန်းရာ Vertican နန်းတော်ကြီးတွင် မနေထိုင်ဘဲ Vertican အတွင်းရှိ Casa Santa Marta Guest House တွင်သာ သာမန်အတိုင်း နေထိုင်ခဲ့ပါတယ်

Vertican မှသူ၏ အစားအစာ၊ ခရီးသွားလာမှုနှင့် လုံခြုံရေးစရိတ်များကို ကျခံပေးခဲ့သော်လည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် သာမန်လူတစ်ဦးကဲ့သို့ ရိုးရိုးနေထိုင်ကာ မိမိတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စကား၏ ထူးခြားသော လူနေမှုပုံစံများမှာ -
• ကိုယ့်အိတ်ကို ကိုယ်တိုင်သယ်ဆောင်တတ်သူ
• ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်ခံရပြီးနောက် ဟိုတယ်ခကို ကိုယ်တိုင်ပေးဆောင်တတ်သူ
• နန်းတော်ကြီးတွင် မနေဘဲ သာမန်ဧည့်သည်တန်းခန်းငယ်တွင် နေထိုင်သူ

သူ၏ လူနေမှုဘဝသည် ယခင်ခေတ်က ပုပ်ရဟန်းမင်းများ၏ စည်းစိမ်ချမ်းသာမှုထက် အလွန်ရိုးရှင်းခဲ့သည်။ စစ်မှန်သောခေါင်းဆောင်မှုသည် ရွှေငွေဥစ္စာနှင့် အာဏာထက် စိတ်နှလုံးသား၏ ရိုးသားမှုနှင့် သမာဓိကို လိုအပ်ကြောင်း သူ၏ဘဝဖြင့် ကမ္ဘာကို သက်သေထူခဲ့သည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စကား၏ အသက်တာသည် ရာထူးဂုဏ်ဒြပ်ထက် နှိမ့်ချခြင်း၏ မြင့်မြတ်မှုကို ပြသခဲ့ပြီး ကွယ်လွန်သည့်တိုင် သူ၏ကျင့်စဉ်များကို လေ့လာအတုယူနိုင်ရန် စံနမူနာပြုခဲ့ပါတယ်

ပုပ်ရဟန်းမင်းကြီးသည် 2017 နိုဝင်ဘာလတွင် မြန်မာပြည်သို့ ကြွရောက်ခဲ့ပြီး မြန်မာပြည်သို့ ပထမ ဦးဆုံး ကြွရောက်ခဲ့သော ပုပ်ရဟန်းမင်းကြီးလည်းဖြစ်ပြီး မြန်မာပြည်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် အထူးဆုတောင်းပေးကာ မြန်မာပြည်တွင်း အခြေအနေများကို အမြဲလိုလို မမေ့မလျော့ ထုတ်ဖော်ကာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းတတ်သူ ဖြစ်တယ်လို့လည်းသိရပါတယ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ပုပ်ရဟန်းသက်တမ်းတစ်လျှောက် 2013 မတ်လမှ 2022 June လအထိ Swatch ရဲ့ "Once Again" နာရီလေးကိုပဲ ပုံမှန်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်

"Once Again" ဆိုတဲ့ နာရီလေးကတော့ Swatch ရဲ့ Basic အကျဆုံး နာရီလို့ပြောလို့ရပြီး Day Date ပါတဲ့ အဖြူ‌ရောင် Dial ခွက်နဲ့ Plastic Body နာရီလေးပဲဖြစ်ပြီး Retail ဈေး US 55$ လောက်ပဲရှိတာဖြစ်ပါတယ်

2022 ခုနှစ် မေလမှာတော့ Green Bay, Wisconsin မှ Bishop David Ricken ဟာ ပညာသင်ဆုရန်ပုံငွေအတွက် နာရီကို လှူဒါန်းပေးဖို့ Brian LaViolette Scholarship Foundation ရဲ့ကိုယ်စား ပုပ်ရဟန်းမင်းကြီးထံ ဆက်သွယ်လာခဲ့ပါတယ်

ပုပ်ရဟန်းမင်းကြီးကလည်း အဆိုပါတောင်းဆိုချက်ကို လက်ခံခဲ့ပြီး 2022 ခုနှစ် June လ 30 ရက်နေ့တွင် သူ့ရဲ့ကိုယ်ရေးကိုယ်တာအတွင်းဝန် Fr. Fabio Salerno မှ တစ်ဆင့် Swatch "Once Again" နာရီနှင့်အတူ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းစာများနှင့် ကောင်းချီးမင်္ဂလာစာတမ်းပါဝင်တဲ့ စာကို Green Bay မြို့သို့ ပေးပို့လှူဒါန်းခဲ့တာဖြစ်ပါတယ်

2022 November 30 မှာတော့ "Once Upon a Time Watch Project" အစီအစဉ်ဖြင့် လေလံတင်ရောင်းချခဲ့ရာမှာတော့ အမေရိကန်ဒေါ်လာ 56,250 (ဈေးကွက်တန်ဖိုး၏ ၁,၀၀၀ ဆကျော်) ဖြင့် ရောင်းချခံရပြီး အမမျဆုံး Swatch လေလံဈေးစံချိန်သစ်တင်နိုင်ခဲ့တဲ့သမိုင်းဝင်နာရီလေးအဖြစ်မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်

ရောင်းရငွေအားလုံးကိုလည်း Brian LaViolette Scholarship Foundation သို့ လှူဒါန်းခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသား 10,000 ကျော်အား ပညာသင်ဆုများ ထောက်ပံ့နိုင်ခဲ့ပါတယ်

A $55 watch.
A pope’s compassion.
A legacy that lives on.

A simple watch. A powerful legacy.

ที่อยู่

Phahon Yothin 19 Alley, Khwaeng Chatuchak, Khet Chatuchak, Krung Thep Maha Nakhon
Bangkok Yai
10900

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Viral Thingsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท