07/09/2026
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာဇနီးမောင်နှံ ၂ ဦးကို ဖမ်းဝရမ်းထုတ်ထား၊ ရွှေဘတ်သန်း ၇၀ နဲ့ အဖိုးတန်ဘုရားဆင်းတုများ ယူဆောင်ထွက်ပြေးခဲ့တယ်လို့ ဆို
လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးကို ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
သတင်းအချက်အလက်တွေအရ အဆိုပါဇနီးမောင်နှံဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခဲ့သူတွေဖြစ်ပြီး အသက် ၈၅ နှစ်အရွယ် အဘိုးတစ်ဦးထံမှာ ၁၀ နှစ်ကျော် အလုပ်လုပ်ခဲ့သူများ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်မှာ အိမ်အတွင်းရှိ မီးခံသေတ္တာ ထဲကနေ ရွှေထည် ၁၅ ကီလိုဂရမ်ခန့် ကို ယူဆောင်သွားခဲ့ပြီး ရွှေတန်ဖိုးမှာ ဘတ်သန်း ၇၀ (ဘတ် ၇၀,၀၀၀,၀၀၀) ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မီးခံသေတ္တာအတွင်းရှိ အဖိုးတန်ဘုရားဆင်းတုများနဲ့ ဘုရားအဆောင်များ ရဲ့ တန်ဖိုးဟာလည်း ဘတ်သန်း ၁၀၀ (ဘတ် ၁၀၀,၀၀၀,၀၀၀) ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။
ပစ္စည်းတွေ ယူဆောင်ထွက်ပြေးမတိုင်မီ အသက် ၈၅ နှစ်အရွယ် အဘိုးကို သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တယ် လို့ သိရပြီး အဘိုးဟာ ပြင်းထန်ဒဏ်ရာရရှိကာ သတိမေ့မြောတဲ့အခြေအနေဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ပြီးနောက် အဆိုပါဇနီးမောင်နှံဟာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူး လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဓာတ်ပုံပါ လူ ၂ ဦးကို လူသတ်ရန်ကြံစည်မှုနှင့် ပစ္စည်းလုယက်မှုဆိုင်ရာ ရာဇဝတ်မှုများ ဖြင့် ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အဆိုပါလူ ၂ ဦးဟာ မြန်မာနိုင်ငံအတွင်း ပုံမှန်အတိုင်း နေထိုင်နေတယ်လို့ သတင်းမှာ ရေးသားထားပြီး ၎င်းတို့ရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် သိရှိသူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံ အသိပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရှိသူများအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များထံ ဆက်သွယ်အသိပေးပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။
#မှတ်ချက် နစ်နာသူဘက်က အကူညီတောင်းလာသဖြင့် ပို့စ်တင်ပေးခြင်းဖြစ်ပါသည်။
#ထိုင်းသတင်း #ဘန်ကောက် Aung Zay Channel