25/08/2026
တချို့မေမေတွေ ကလေးမထွားတာကို စိတ်မကောင်းဖြစ်ကြတာတွေ့လို့ဒီစာလေးရေးပါတယ် သမီးလေးTreasure လည်းမထွားပါဘူးနော် ၁နှစ်မှာ၁၆ပေါင်ကျော်ကျော်ပဲရှိပါတယ် သမီးလေးရဲ့ လအလိုက်ဖွံ့ဖြိုးမှုကို ကြည့်တာနဲ့ ကျန်းမာသွက်လက်တဲ့ကလေးလေးဆိုတာ သိကြမှာပါရှင့်
၄လ မှာ စမှောက်ပါတယ်
၆လကျော်မှာ စထိုင်တယ်
၇လမှာလေးဘက်သွားပြီး ကစားခြံ(playpen)လေးကိုင်ပြီးမတ်တပ်ရပ်ပါတယ် ၇လမပြည့်ခင် မေမေလို့စခေါ်ပါတယ် သွားလဲစထွက်ပါတယ်
၉လမှာ ပထမဆုံးခြေလှမ်းစလှမ်းနိုင်ပါပြီ
ခု ၁နှစ်နဲ့ ၁လ မပြည့်ခင် စကားလေးတွေစပြောနေပါပြီ လူကြီးတွေရဲ့ မျက်နှာရိပ် မျက်နှာကဲလည်း
သိပြီးလူလည်လေးဖြစ်နေပါပြီရှင် ဒါကြောင့်မို့ ကလေးကအရမ်းမထွားလည်းဖွံ့ဖြိုးမှုလေးတွေအချိန်မှန်အောင် လေ့ကျင့်ပေးရင်အဆင်ပြေပါပြီ မေမေတို့ရေ 😘😘😘
treasure