Playmaker Journal

Playmaker Journal Daily Latest Sport News
(1)

ဘီလ်ဘာအိုနိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်ရဲ့ထရန်းအလက်ဇန္ဒားအာနိုးနှင့် ကာမာဗန်ဂါတို့ ဒဏ်ရာရရှိ=====================ရီးရဲလ်မက်...
04/12/2025

ဘီလ်ဘာအိုနိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်ရဲ့ထရန်းအလက်ဇန္ဒားအာနိုးနှင့် ကာမာဗန်ဂါတို့ ဒဏ်ရာရရှိ
=====================
ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညတုန်းက ဘီလ်ဘာအိုကို အနိုင်ယူကာ ၃ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ထိပ်ဆုံးက ဘာစီလိုနာနှင့် ၁ မှတ်အကွာကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ အရေးပါတဲ့ကစားသမားတွေဖြစ်ကြတဲ့ ထရန်းအလက်ဇန္ဒားအာနိုးနှင့် အက်ဝတ်ဒိုကာမာဗန်ဂါတို့ ဒဏ်ရာရရှိသွားမှုနဲ့အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမပိုင်းတွင် ကိုင်လီယန်ဘက်ပေးနှင့် ကာမာဗန်ဂါတို့ရဲ့ ဂိုးတွေဖြင့် ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ဘက်ပေးက တတိယဂိုးထပ်သွင်းခဲ့လို့ ၃-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာ နွေရာသီတွင် လီဗာပူးမှ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ကာမာဗန်ဂါ ခေါင်းတိုက်ဂိုးသွင်းနိုင်အောင် ဖြတ်တင်ဘောပြုလုပ်ကာ ပထမဆုံးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာ ယခုရာသီတွင် တံကောက်ကြောဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲ ၇ ပွဲ လွဲချော်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ထိုးနှက်ချက်က ကွင်းလယ်ကစားသမားကာမာဗန်ဂါလည်း ဒဏ်ရာရရှိသွားခဲ့တာပါ။

လက်ရှိအချိန်တွင် ထရန်းအလက်ဇန္ဒားအာနိုးနှင့် ကာမာဗန်ဂါတို့ရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပါဘူး။

ဘီလ်ဘာအိုကတော့ ရီးရဲလ်မက်ဒရစ်ရှုံးပွဲကြောင့် နောက်ဆုံးလိဂ်ပွဲ ၁၂ ပွဲတွင် ၇ ပွဲမြောက် ရှုံးပွဲကြုံကာ ရလဒ်ဆိုးရွားနေပါတယ်။

ပြည်တွင်းပွဲ ၂၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းဖြင့် ဂျာမန်ဖလားကွာတားဖိုင်နယ်သို့ တက်လာတဲ့ ဘိုင်ယန်မြူးနစ်==================...
04/12/2025

ပြည်တွင်းပွဲ ၂၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းဖြင့် ဂျာမန်ဖလားကွာတားဖိုင်နယ်သို့ တက်လာတဲ့ ဘိုင်ယန်မြူးနစ်
=====================
ဘိုင်ယန်မြူးနစ်ဟာ အက်ဖ်စီယူနီယံဘာလင်ကို အနိုင်ယူကာ ပြည်တွင်းပွဲ ၂၅ ပွဲဆက် ရှုံးပွဲမရှိ မှတမ်းဖြင့် ဂျာမန်ပိုကယ်ဖလားကွာတားဖိုင်နယ်သို့ တက်လှမ်းလာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အန်ဆာရဲ့ OG ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် ၂၄ မိနစ် ဟယ်ရီကိန်းရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မိနစ် ၄၀ မှာ ကွာယာဖီးလ်က လက်ထိဘောမှ ရရှိတဲ့ ပင်နယ်တီကနေ ချေပဂိုးရခဲ့ပေမယ့် ပထမပိုင်းနာကျင်အချိန်တွင် ဒီယေဂိုလိုက်တီရဲ့ OG ခေါင်းတိုက်ဂိုးကြောင့် ဘိုင်ယန်တို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းတွင် ကွာယာဖီးလ်က ဟယ်ရီကိန်းရဲ့ ပြစ်ဒဏ်ကျူးလွန်မှုမှ ရရှိတဲ့ ရရှိတဲ့ ပင်နယ်တီကနေ ဒုတိယချေပဂိုးသွင်းခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မတ်လနောက်ပိုင်းတွင် ပြည်တွင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိထားသေးပါဘူး။ ၎င်းတို့ဟာ ပြီးခဲ့တဲ့လတုန်းက ယူနီယံနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲမှ လွဲပြီး ကျန်ပွဲအားလုံး အနိုင်ရထားပါတယ်။

ဟယ်ရီကိန်းဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ် သွင်းဂိုး ၂၅ ဂိုးအထိ သွင်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဂျာမန်ပိုကယ်ဖလားကွာတားဖိုင်နယ်သို့ ဘိုင်ယန်အပြင် ၂၀၂၃ ချန်ပီယံလေဗာကူဆင်၊ လက်ရှိ ချန်ပီယံစတုဂတ်တို့လည်း တက်ရောက်ထားပါတယ်။

တိုက်စစ်ဖွင့်ကစားတဲ့ လိဒ်ကြောင့် အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်
03/12/2025

တိုက်စစ်ဖွင့်ကစားတဲ့ လိဒ်ကြောင့် အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်

တိုက်စစ်ဖွင့်ကစားတဲ့ လိဒ်ကြောင့် အပြန်အလှန်သွင်းဂိုးတွေမြင်ရနိုင်လို့ ဂိုးအပေါ်ပဲရွေး လိဒ် Vs ချဲလ်ဆီး Diamond S...

ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်ရန် ရာဇဝင်ဆိုးရှိတဲ့ ခရစ္စမတ်ပွဲကြပ်ကာလကို ကျော်ဖြတ်ရမယ့် ချဲလ်ဆီး===================...
03/12/2025

ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်ရန် ရာဇဝင်ဆိုးရှိတဲ့ ခရစ္စမတ်ပွဲကြပ်ကာလကို ကျော်ဖြတ်ရမယ့် ချဲလ်ဆီး
====================
ဒီဇင်ဘာလ ချမ်းအေးမှုက ကျွန်တော်တို့ လူသားတွေအားလုံး ပုံမှန်ဖြတ်ကျော်ရတဲ့အရာ ဖြစ်ပါတယ်။

ဒါပေမယ့် အန်ဇိုမာရက်စ်ကာနှင့် ချဲလ်ဆီးအတွက်ကတော့ ကျန်တဲ့ လူသားတွေ အားလုံးထက် ဒီဇင်ဘာလရဲ့ ကာလတဲ့ ခက်ခဲမှုဒဏ်နှင့် ပိုပြီးတော့ အသားကျနေတဲ့သူတွေပါ။

ပြီးခဲ့တဲ့ခြောက်ရာသီအတွင်းမှာ ချဲလ်ဆီးဟာ ဒီဇင်ဘာလအတွင်း အမှတ် ၁၀၂ မှတ်ဖိုး ကစားခဲ့ရာမှာ ၅၆ မှတ်တည်းပဲ ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရာသီအစ တာထွက်ကောင်းခဲ့တဲ့ ချဲလ်ဆီးဟာ ခရစ္စမတ်ကာလမှာပဲ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက မာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ ရာသီအဖွင့်ပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် အဖွင့်ပွဲ ၁၆ ပွဲမှာ ၁ ပွဲတည်းပဲ ရှုံးနိမ့်ကာ ချန်ပီယံဆုအတွက် လီဗာပူးကို စိန်ခေါ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘောက်ဆင်ဒေးမှာ ဖူလ်ဟမ်ကို ရှုံးပြီးနောက် အစ္စဝှစ်ချ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့သလို ပဲလေ့စ်နှင့် ဘုန်းမောက်တို့နှင့်လည်း ဆက်တိုက် သရေကျခဲ့ပါတယ်။

ယခု မာရက်စ်ကာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ တွင် ရပ်တည်နေတဲ့ ချဲလ်ဆီးအနေဖြင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန်အတွက် ဒီဇင်ဘာလပွဲကြပ်ကာလကို အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ လိုအပ်ကြောင်း သတိပေးလာပါတယ်။

အီတလီလူမျိုးနည်းပြက "ပွဲတွေ ကစားတဲ့အခါ အတွေ့အကြုံရလာတယ်။ ပိုပြီးတော့ ကောင်းလာတယ်။ အခု ကျွန်တော့်အတွက် မက်ဆေ့ချ်က ရှင်းရှင်းလေးပါ။ ဘာစီလိုနာကို နိုင်ရင် အမှတ်ဘယ်လောက်ရလဲ။ သုံးမှတ်။ အာဆင်နယ်ကို နိုင်ရင်ကော။ သုံးမှတ်ပဲ။ လိဒ်ကို နိုင်ရင်ကော့ ဘယ်လောက်ရလဲ။ သုံးမှတ်ပဲ။ ပွဲတွေက အကြောင်းပြချက်ကိုယ်စီနဲ့ အရေးပါတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သုံးမှတ်ပါပဲ။ အရေးကြီးတာက လိဒ်ကို နိုင်ဖို့။ နိုင်ပွဲတွေ လိုအပ်နေလို့ပါ။ လိဒ်နဲ့ ဘုန်းမောက် နှစ်ပွဲလုံးက အထူးသဖြင့် အဝေးပွဲတွေဆိုတော့ ချဲလ်ဆီးအတွက် ခက်ခဲနေတယ်။ သူတို့က ဘယ်အသင်းအတွက်မဆို ခက်ခဲပါတယ်။ ဘာစီလိုနာ၊ အာဆင်နယ်ပွဲတွေနဲ့နှိုင်းယှဉ်ရင် ကွဲပြားတဲ့ပွဲ ဖြစ်လာပါမယ်။ ကျွန်တော်တို့ အသင့်ဖြစ်နေဖို့ လိုတယ်။ အတတ်နိုင်ဆုံး နှစ်ပွဲလုံး နိုင်အောင် ကစားရမယ်။ တစ်ပွဲချင်းစီ တွေးရမယ်။ ပထမဆုံးပွဲကို အရင်တွေးရမယ်။ ပြီးမှ နောက်တစ်ပွဲကို အာရုံစိုက်ရမယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် မာရက်စ်ကာက ဒဏ်ရာကြောင့် အနားယူလာခဲ့ရတဲ့ ကိုးလ်ပါလ်မာမှာ ယနေ့ည လိဒ်နှင့်ပွဲတွင် ပွဲကစားရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ မိနစ်အနည်းငယ်ပွဲကစားစေပြီးမှ ပွဲချိန်ပြည့်ကစားစေလာမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

အရန်ခုံသို့ အပို့ခံရပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာ ရှိနေခဲ့တဲ့ ဆာလက်ကို ဆလော့ ချီးကျူးလာ===================လီဗာပူးနည်းပြအန...
03/12/2025

အရန်ခုံသို့ အပို့ခံရပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာ ရှိနေခဲ့တဲ့ ဆာလက်ကို ဆလော့ ချီးကျူးလာ
===================
လီဗာပူးနည်းပြအန်းဆလော့ဟာ အရန်ခုံသို့ အပို့ခံရပေမယ့်လည်း ပရော်ဖက်ရှင်နယ်ပီသစွာ ရှိနေခဲ့တဲ့ မိုဟာမက်ဆာလက်အား ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ဦးလို့ ချီးကျူးလာပါတယ်။

ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲတွင် ၉ ပွဲအထိ ရှုံးပွဲကြုံရပြီးနောက် အန်းဆလော့ဟာ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲတွင် ဆာလက်ကို အရန်ခုံသို့ ပို့ခဲ့ပါတယ်။

ဆာလက်ဟာ ၂၀၂၄ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝပါလျက် ပထမဆုံးအကြိမ်အဖြစ် အရန်ခုံသို့ အပို့ခံရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ၂၉ ဂိုးသွင်းကာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အီဂျစ်စူပါစတားဟာ ယခုရာသီတွင် ၄ ဂိုးတည်းသာ သွင်းထားနိုင်ကာ ရုန်းကန်နေရပါတယ်။

ဆာလက်က "ကျွန်တော်တို့အတွက် ကစားဖို့ လုံလောက်တဲ့ကောင်းမွန်မှုရှိတဲ့ ကစားသမားတစ်ယောက်ရဲ့ ပုံမှန်တံ့ပြန်မှုပါ။ သူက ကလပ်အတွက် နှစ်ပေါင်းများစွာ အကောင်းဆုံးလုပ်ပြလာတဲ့အပြင် နောက်လည်း လုပ်ပြမယ့်သူပါ။ ပွဲထွက်ခွင့်မရလို့ မပျော်တာ သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါက သာမန်ပါ။ သူက အရမ်းစည်းကမ်းရှိတယ်။ ဘယ်လို ကြံ့ခိုင်အောင် နေရမလဲ သိတယ်။ ကစားတာ ကောင်းသည်ဖြစ် မကောင်းသည်ဖြစ်စေ မကစားရသည်ဖြစ်စေ ကစားရသည်ဖြစ်စေ သူက ထိပ်တန်းပရော်ဖက်ရှင်နယ်အဖြစ် အမြဲ ရှိနေမှာပါ။ နောက်ဆုံး ၂ ရက်မှာ သူလုပ်ပြခဲ့တာပါ"လို့ ဆိုသွားပါတယ်။

ဆလော့ဟာ ဆာလက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အီဂျစ်အသင်းထံသို့ အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ရမှာဖြစ်ကြောင်းလည်း အတည်ပြုသွားပါတယ်။

လီဗာပူးဟာ ယနေ့ညတွင် ဆန်းဒါးလန်းအား ဧည့်ခံကစားရမှာ ဖြစ်ပြီး စနေနေ့တွင် တန်းဆင်းဇုန်မှ လိဒ်အား အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။

ကလပ်များက ကန့်ကွက်နေတဲ့ကြားမှ ကမ္ဘာ့ဖလားတွင် ထောင့်ကန်ဘောအတွက်ပါ VAR သုံးလာမယ့် ဖီဖာ========================ဖီဖာဟာ ပြည်တ...
03/12/2025

ကလပ်များက ကန့်ကွက်နေတဲ့ကြားမှ ကမ္ဘာ့ဖလားတွင် ထောင့်ကန်ဘောအတွက်ပါ VAR သုံးလာမယ့် ဖီဖာ
========================
ဖီဖာဟာ ပြည်တွင်းလိဂ်များက ပွဲကြန့်ကြာနိုင်မှုကြောင့် ကန့်ကွက်နေတဲ့ကြားမှ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ ထောင့်ကန်ဘောပေးရေးအတွက် VAR ဖြင့် စစ်ဆေးမှုပါ ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ တွေ့ဆုံဆွေးနွေးပွဲတွင် ဘောလုံးစည်းမျဉ်းရေးဆွဲတဲ့ International Football Association Board (Ifab) ဟာ ဒုတိယမြောက်အဝါကတ်ပြသမှုတွင် VAR ကြားဝင် စစ်ဆေးမှုပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါပေမယ် International Football Association Board (Ifab) ဟာ ဖီဖာက ထောင့်ကန်ဘောကိုပါ VAR အသုံးပြုရန် စစ်ဆေးရန် အဆိုတင်သွင်းမှုကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖီဖာဟာ လက်လျှော့ခြင်း မရှိသေးဘဲ ထောင့်ကန်ဘောအား VAR ဖြင့် စစ်ဆေးမှုအား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ စတင်ကာ စမ်းသပ် အသုံးပြုမှု ပြုလုပ်လာပါမယ်။

ဖီဖာနှင့် International Football Association Board (Ifab) တို့ဟာ လာမယ့် ဇန်နဝါရီလ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းအတွက် ဆက်လက် ဆွေးနွေးလာကြပါဦးမယ်။၊

ဖီဖာဟာ အလိုအလျှောက် လူကျွံဖမ်းခြင်းနည်းပညာ အသုံးပြုမှု၊ VAR ဆုံးဖြတ်ချက်အား ပရိသတ်များအား ဒိုင်လူကြီးက စပီကာမှ ကြေညာပြောဆိုမှုတို့ ပြုလုပ်နိုင်ခဲ့ပြီးနောက် ထောင့်ကန်ဘောကိုပါ နည်းပညာအသုံးပြုကာ ဆုံးဖြတ်လာတော့မှာလည်း ဖြစ်ပါတယ်။

ဖီဖာရဲ့ ဒိုင်အကြီးအကဲပီယာလူဂီကော်လီနာကလည်း ထောင့်ကန်ဘောအား VAR ဖြင့် စစ်ဆေးတဲ့ စနစ်ကို ထောက်ခံထားပါတယ်။

အီတလီဂန္ထဝင်ဒိုင်လူကြီးက မတော်တဆအမှားကြောင့် ပွဲအပြောင်းအလဲ ဖြစ်သွားတဲ့ ဖြစ်ရပ်မျိုးအား ရှောင်ရှားနိုင်ရန်အတွက် VAR အသုံးပြုမှုအား ထောက်ခံရခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။

၎င်းက ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီတို့ အချိန်ပိုတွင် လက်ထိဘောမှ မှားယွင်း ဖရီးကစ် ရရှိကာ ဂိုးရရှိသွားမှုအား ထောက်ပြထားပါတယ်။

မကြာသေးမီတုန်းက နော်တင်ဟမ်ဖောရက်စ်နည်းပြရှောင်ဒိုက်ချီက ယခုရာသီတွင် မှားယွင်းထောင့်ကန်ဘောပေးခဲ့ရမှုမှ ၂ ဂိုးပေးခဲ့မှုအတွက် ဝေဖန်ထားပါတယ်။

ဒါပေမယ် ရှောင်ဒိုက်ချီအပါအဝင် ကလပ်များက ထောင့်ကန်ဘောကိုပါ VAR က ဝင်ရောက် စစ်ဆေးလာမှုကြောင့် ပွဲကြန့်ကြာနိုင်မှုနှင့်အတူ ယင်းစနစ်အသုံးပြုမှုအား ကန့်ကွက်နေကြပါတယ်။

ဖောက်ပြန်တဲ့ ယူနိုက်တက်နှင့် ဘိုင်ယန်စတားဟောင်းနှင့် ကွာရှင်းပြတ်စဲဖို့ လျှောက်ထားလာတဲ့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးတင်းနစ်...
03/12/2025

ဖောက်ပြန်တဲ့ ယူနိုက်တက်နှင့် ဘိုင်ယန်စတားဟောင်းနှင့် ကွာရှင်းပြတ်စဲဖို့ လျှောက်ထားလာတဲ့ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးတင်းနစ်မယ်
========================
အန်နာအိုင်ဗန်နိုဗစ်ဟာ ဖောက်ပြန်မှု ပြုလုပ်တဲ့ ဘာစတီယန်ရှဝိန်းစတိုင်ဂါနှင့် ကွာရှင်းပြတ်စဲရန် လျှောက်ထားလာပြီ ဖြစ်ပါတယ်။

ယူနိုက်တက်စတားဟောင်းနှင့် အိုင်ဗန်နိုဗစ်ဟာ ယခုနှစ် အစောပိုင်းကတည်းက အတူမနေကြတော့တာ ဖြစ်ပါတယ်။

၎င်းတို့စုံတွဲဟာ ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံပြီး ချစ်ကြိုက်ပြီးနောက် လက်ထပ်ထားတာ ၉ နှစ်တိုင် ရှိပြီလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ ၂၀၁၆ ခုနှစ်တွင် ဗင်းနစ်တွင် ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခဲ့ကြပါတယ်။

ယနေ့တွင် ဂျာမန်သတင်းစာ Bild က အသက် ၃၈ နှစ်ရှိ အိုင်ဗန်နိုဗစ်မှာ နိုဝင်ဘာလတုန်းက ကွာရှင်းပြတ်စဲရန် မြူးနစ်ခရိုင်တရားရုံးကို လျှောက်ထားလာကြောင်း ဖော်ပြလာပါတယ်။

ဒါ့အပြင် တင်းနစ်စတားဟောင်းဟာ စပိန်နိုင်ငံ၊ ပယ်မာဒီမာယော့ကာတွင်လည်း သားသမီးများကို ပြုစုပျိုးထောင်ခွင့်လျှောက်ထားတယ်လို့ ယုံကြည်ရပါတယ်။

သူမဟာ သားများဖြစ်ကြတဲ့ လူကာ၊ လီယွန်၊ တီယိုတို့နှင့်အတူ စပိန်တွင် နေထိုင်နေတာပါ။

အိုင်ဗန်နိုဗစ်ရဲ့ ကိုယ်စားလှယ် ခရစ္စတီယန်ရှာ့ဇ်က ၎င်းတို့ ဇနီးမောင်နှံမှာ ဇူလိုင်လကတည်းက ညှိနှိုင်းမရတဲ့ ကွဲပြားမှုများကြောင့် အတူမနေကြတော့ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် ဇွန်လတုန်းက ဂျာမန်မီဒီယာများက ရှဝိုင်းစတိုင်ဂါကို အခြားချစ်သူသစ်တစ်ဦးအား နမ်းလျက်တွေ့ရကြောင်း ဖော်ပြခဲ့ကြပါတယ်။

ရှဝိန်းစတိုင်ဂါနှင့် ချစ်သူတို့ရဲ့ သားတို့ဟာ တစ်ကျောင်းတည်း အတူတူတက်နေကြတာ ဖြစ်ပြီး ရင်းနှီးလာခဲတာာ ကြာမြင့်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဂျာမန်မီဒီယာများက ယင်းအမျိုးသမီးအမည်ကို ဆေးလ်ဗားလို့ ဖော်ပြခဲ့ကြပြီး ဘူလ်ဂေးရီးယားသူလို့ ယူဆရပါတယ်။

ဒါ့အပြင် Bild က ရှဝိန်းစတိုင်ဂါနှင့် ယင်းအမျိုးသမီးတို့ဟာ ၂၀၂၄ ခုနှစ် နွေရာသီကတည်းက ဖောက်ပြန်နေကြတယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။

တဖက်တွင် အိုင်ဗန်နိုဗစ်ဟာ ခင်ပွန်းသည်ရဲ့အမှားကို ခွင့်လွှတ်ခဲပေမယ့် ရှဝိန်းစတိုင်ဂါက လွတ်လပ်စွာ နေထိုင်ချင်တယ်ဆိုပြီး ဇနီးသည်နှင့်အတူမနေတော့ပါဘူး။

အသက် ၄၁ နှစ်ရှိ ရှဝိန်းစတိုင်ဂါဟာ ဘိုင်ယန်မြူးနစ်၊ ယူနိုက်တက်၊ ချီကာဂိုဖိုင်းယားတို့တွင် ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။

ဖီဖာက အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ရမယ့် ရက်စွဲသစ် ကြေညာလာမှုကြောင့် ယူနိုက်တက် အကျိုးအမြတ်ရှိလာ============...
03/12/2025

ဖီဖာက အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ရမယ့် ရက်စွဲသစ် ကြေညာလာမှုကြောင့် ယူနိုက်တက် အကျိုးအမြတ်ရှိလာ
===================
ယူနိုက်တက်အပါအဝင် ကလပ်များဟာ ဖီဖာဘက်က အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမားများကို စေလွှတ်ရမယ့် ရက်စွဲသစ်ကြေညာလာမှုကြောင့် အကျိုးအမြတ် ရရှိလာပါတယ်။

ယူနိုက်တက်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမားများ စေလွှတ်ရမယ့် ကလပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ကလပ်များဟာ ကစားသမားများကို အာဖရိကဖလားပြိုင်ပွဲဝင်အသင်းများသို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စေလွှတ်ရပါမယ်။

ဒါပေမယ့် ယနေ့တွင် Daily Mail ရဲ့ ဖော်ပြလာမှုအရ ကလပ်များအနေဖြင့် အာဖရိကစတားများကို နောက်ထပ် တစ်ပတ် ထိန်းထား အသုံးပြုနိုင်ပါဦးမယ်။

ဖီဖာက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မှ နောက်ဆုံးထားကာ ကစားသမားများကို စေလွှတ်ရန် ဆုံးဖြတ်လာတာပါ။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ အာမက်ဒီရယ်လို၊ ဘရိုင်ယန်အမ်ဘူမိုနှင့် နူဆာမာ့ဇ်ရာဝီတို့အား ယင်းနေ့ ဘုန်းမောက်ပွဲအထိ ထိန်းထားနိုင်ပါမယ်။

ယူနိုက်တက်ဟာ ယနေ့ အိုးထရက်ဖို့ဒ်ပွဲအပြီးတွင် ကစားသမားများကို စေလွှတ်လာဖို့ ရှိပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ဘက်က ယင်းပွဲတွင် ယင်းကစားသမား ၃ ဦးကို အသုံးပြုပြီးမှ စေလွှတ်လာမလားဆိုတာ အတည်မပြုသေးပါဘူး။

ဒါပေမယ့် အစောပိုင်းတုန်းက ယူနိုက်တက်မန်နေဂျာအမိုရမ်က ကစားသမားများ ထွက်ခွာရေးကို အတတ်နိုင်ဆုံး နောက်ဆုတ်ထားနိုင်ဖို့ ကြိုးစားမယ်လို့ ဆိုထားပါတယ်။

ယူနိုက်တက်ကဲ့သို့ပင် ဆန်းဒါးလန်းမှာလည်း နယူးကာဆယ်နှင့် တိုင်နီဝယ်ယာဒါဘီပွဲတွင် အတောင့်တင်းဆုံးအသင်းဖြင့် ပွဲထွက်လာနိုင်ပါတော့မယ်။

ယင်းတိုင်နီဝယ်ယာဒါဘီမှာ ၂၀၁၇ ခုနှစ်တွင် ဆန်းဒါးလန်းတို့ တန်းဆင်းသွားရပြီးနောက် ပထမဆုံးပရီးမီးယားလိဂ်တွင် ထိပ်တိုက်တွေ့မယ့် ဒါဘီပွဲလည်း ဖြစ်ပါတယ်။

ယင်းပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ကစားလာမှာ ဖြစ်ပြီး ဆန်းဒါးလန်းအနေဖြင့် ဆိုင်မွန်အေဒင်ဂရာနှင့် ချမ်ဒိုင်းတယ်ဘီတို့အား အသုံးပြုလာနိုင်ပါမယ်။

ယင်းပွဲအပြီးတွင် ဆန်းဒါးလန်းဟာ ယင်းကစားသမား ၂ ဦးအပြင် ဘာထရမ်းထရာအိုရီ၊ အာသာမာဆွာကာ၊ ရိုင်နယ်ဒို၊ နိုအာဆာဒီကီ၊ ဟာဘစ်ဒီယာရာတို့ကိုလည်း ဆုံးရှုံးလာပါမယ်။

ယခုကဲ့သို့ ကစားသမား စေလွတ်ရမယ့်နေ့ နောက်ဆုတ်လာမှုနှင့်အတူ မန်စီးတီးမှာ ပဲလေ့စ်နှင့်ပွဲအထိ အိုမာမာမွတ်ရှ်အား သုံးလာနိုင်မှာ ဖြစ်သလို လီဗာပူးမှာလည်း ဘရိုက်တန်နှင့်ပွဲအထိ မိုဟာမက်ဆာလက်အား သုံးလာနိုင်ပါမယ်။

ပရီးမီးယားလိဂ်ကလပ်များဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်မယ့် အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမား ၄၅ ဦးအထိ ဆုံးရှုံးလာပါမယ်။

ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ လိဒ်၊ နယူးကာဆယ်တို့ကတော့ အာဖရိကဖလားပြိုင်ပွဲအတွက် ကစားသမားတစ်ဦးမျှ စေလွှတ်လာရမှာ မဟုတ်ပါဘူး။

နယူးကာဆယ်ရဲ့ ပေါင် ၅၅ သန်းတန်တိုက်စစ်မှူးယိုအာနီဝစ်ဆာမှာ ဒဏ်ရာကြောင့် အနားယူနေရမှုနဲ့အတူ ဒီမိုကရက်တစ်ကွန်ဂိုရဲ့ ရွေးချယ်ခံလာရခြင်း မရှိပါဘူး။

အာဖရိကဖလားပြိုင်ပွဲ သွားကစားရမယ့် ကစားသမားများဟာ ပွဲ ၈ ပွဲအပြင် ဇန်နဝါရီလ ၁၈ ရက်နေ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်ကိုလည်း လွဲချော်လာနိုင်ပါတယ်။

စပါးစ်နှင့်ပွဲစဉ်မှ နယူးကာဆယ်ရရှိခဲ့တဲ့ ပင်နယ်တီအပေါ် အာဆင်နယ်ပရိသတ်များပါ ဒေါသထွက်နေကြ=====================ပရိသတ်များဟာ...
03/12/2025

စပါးစ်နှင့်ပွဲစဉ်မှ နယူးကာဆယ်ရရှိခဲ့တဲ့ ပင်နယ်တီအပေါ် အာဆင်နယ်ပရိသတ်များပါ ဒေါသထွက်နေကြ
=====================
ပရိသတ်များဟာ စပါးစ်နှင့်ပွဲစဉ်မှ နယူးကာဆယ်အသင်းရရှိခဲ့တဲ့ အငြင်းပွားဖွယ်ပင်နယ်တီနှင့်ပတ်သက်ပြီး ဒေါသထွက်လျက်ရှိကြပါတယ်။

ရိုဒရီဂိုဘန်တန်ကော်က ဒန်ဘန်းကို ပင်နယ်တီဧရိယာအတွင်းတွင် အပြန်အလှန်လုံးထွေးလို့ဆိုပြီး VAR က ပင်နယ်တီပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဘန်တန်ကော်က ဘရူနိုဂူမာရေးစ်က ထောင့်ကန်ဘောကန်လိုက်ချိန်တွင် ဒန်ဘန်းကို လက်ဖြင့် ဖက်ထားခဲ့တာပါ။ တဖက်တွင် အရပ် ၆ ပေ၊ ၇ လက်မရှိ ဒန်ဘန်းကလည်း သူ့ထက် များစွာသေးတဲ့ ဘန်တန်ကော်အား အားသုံးကာ အတင်းပြေးခဲ့ပြီး လုံးထွေး လဲကျသွားခဲ့ပါတယ်။

ဒိုင်လူကြီးတွမ်ဘရာမေးလ်က ယင်းကို ပြစ်ဒဏ်ဘောမပေးဘဲ ပွဲကို ဆက်ကစားစေခဲ့ပါတယ်။

ဒါပေမယ့် VAR ဒိုင်ပေါလ်တီယာနေးက ကြားဝင်လာပြီး ဘရာမေးလ်ကို ကွင်းဘေးမော်နီတာတွင် ကြည့်ရှုစစ်ဆေးစေခဲ့ပါတယ်။ ဘရာမေးလ်ဟာ ကွင်းဘေးမော်နီတာတွင် ကြည့်ရှုစစ်ဆေးလာချိန်မှာတော့ စိတ်ပြောင်းလဲသွားခဲ့ပါတယ်။

ယင်းပင်နယ်တီကနေ အန်တိုနီဂေါ်ဒွန်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ မနေ့ညကပွဲတွင် နယူးကာဆယ်ဟာ ဂူမာရေးစ်၊ ဂေါ်ဒွန်တို့ရဲ့ ဂိုးတွေဖြင့် နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့ပေမယ့်လည်း စပါးစ်ကလည်း ရိုမီယိုရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ၂ ဂိုးစီသရေကစားနိုင်ခဲ့ပါတယ်။

ပွဲအပြီးတွင် ပရိသတ်တစ်ဦးက "စိန့်ဂျိမ်းစ်ပါ့ခ်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရတယ်။ ဘယ်လိုများ ပင်နယ်တီလို့ ဆုံးဖြတ်လိုက်တာလဲ။ ကျုပ် စပါးစ်ကို မုန်းတယ်။ ဒါပေမယ့် ဘယ်လောက်တောင် ဆိုးဝါးလိုက်တဲ့ VAR လဲ။ ငလိမ်တွေ"လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း "ဒါက ပင်နယ်တီလုံးဝ မဟုတ်ဘူး။ စပါးစ်တို့ လုယက်ခံလိုက်ရတာ"လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း "ကြည်ဖူးသမျှ ဘောလုံးပွဲတွေထဲမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပဲ။ စပါးစ်တို့ ဆိုးဆိုးရွားရွား လုယက်ခံလိုက်ရတာပဲ"လို့ ဆိုသွားပါတယ်။

စပါးစ်နည်းပြသောမတ်စ်ဖရန့်ကလည်း ယင်းပင်နယ်တီဖြစ်စဉ်တွင် VAR ကြားဝင်လာမှုမှာ လုံးဝအမှားတစ်ခု ဖြစ်ကြောင်း ဝေဖန်သွားပါတယ်။

သောမတ်စ်ဖရန့်က "VAR ရဲ့အမှားပါ။ ဒိုင်လူကြီးက လုပ်သင့်တာ လုပ်ပြီးသွားပြီလေ။ သူတို့က ဒိုင်လူကြီးကို စိတ်ပြောင်းလာလာအောင် လုပ်ခဲ့တာ။ ကျွန်တော့်အတွက်တော့ ဒါက ပင်နယ်တီ မဟတ်ပါဘူး"လို့ ဆိုသွားပါတယ်။

ပရီးမီးယားလိဂ်ကတော့ ဘန်တန်ကော်မှာ ဘောလုံးကို မကြည့်ဘဲ ဒန်ဘန်းကိုသာ လုံးထွေးထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းကြောင့် ပင်နယ်တီပေးရခြင်းလို့ ဆိုထားပါတယ်။

ပရီးမီးယားလိဂ်ရာပြည့်ဂိုးစံချိန်သစ်အား အာလင်းဟာလန်း ရေးထိုးလာ====================အာလင်းဟာလန်းဟာ ပရီးမီးယားလိဂ်ဂိုးရာပြည့...
03/12/2025

ပရီးမီးယားလိဂ်ရာပြည့်ဂိုးစံချိန်သစ်အား အာလင်းဟာလန်း ရေးထိုးလာ
====================
အာလင်းဟာလန်းဟာ ပရီးမီးယားလိဂ်ဂိုးရာပြည့်ခဲ့ပြီဖြစ်ပြီး အလန်ရှီးယားရဲ့ အမြန်ဆုံးပရီးမီးယားလိဂ်ဂိုးရာပြည့်တဲ့စံချိန်အား ရိုက်ချိုးလာကာ ပရီးမီးယားလိဂ်သမိုင်းတွင် အမြန်ဆုံးဂိုးရာပြည့်သွင်းနိုင်သူအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာပါတယ်။

အသက် ၂၅ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာ အင်္ဂါနေ့ညတုန်းက ဖူလ်ဟမ်ကို ၄-၅ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ပရီးမီးယားလိဂ်ရာပြည့်ဂိုးအား သွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟာ ယခုရာသီတွင်လည်း အကောင်းဆုံးပုံစံ ဆက်လက်ပြသနေပြီး ပြိုင်ပွဲအရပ်ရပ် ၁၉ ပွဲတွင် ဂိုး ၂၀ အထိ သွင်းထားပါတယ်။

သူဟာ ဖူလ်ဟမ်နှင့်ပွဲမတိုင်မီ သုံးပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ နယူးကာဆယ်နှင့် လေဗာကူဆင်ရှုံးပွဲနဲ့ ပြီးခဲ့တဲ့အပတ်က လိဒ်အား အနိုင်ရတဲ့ပွဲတို့မှာ ဂိုးပေါက်ပျောက်ခဲ့တာပါ။

သူဟာ မနေ့ညက ပွဲမှာတော့ ဒိုကူရဲ့ဖြတ်တင်ဘောကနေ လှပတဲ့ အဆုံးသတ်ဖြင့် မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းကာ ပရီးမီးယားလိဂ်ဂိုးရာပြည့်ခဲ့ပါတယ်။

အာလင်းဟာလန်းက "ဂုဏ်ယူရတဲ့ အခိုက်အတန့်ပါ။ ကလပ်ဂိုးရာပြည့်တာ ကြီးကျယ်တဲ့အရာတစ်ခုပါ။ အမြန်ဆုံးသွင်းနိုင်တယ်ဆိုတော့ ပိုပြီးတော့ အံ့ဩစရာကောင်းတာပေါ့။ ဂုဏ်ယူတယ်၊ ပျော်လည်း ပျော်တယ်။ မန်စီးတီးအတွက် တိုက်စစ်မှူးတစ်ဦးဆိုတာ ဂိုးအများကြီးသွင်းဖို့လိုတယ်လို့ အကြိမ်များစွာပြောခဲ့ဖူးပါတယ်။ ဒါက ကျွန်တော့်အလုပ်ပါ။ ဒီအတွက်ပဲ ကြိုးစားနေတာပါ။ ပြီးတော့ ဒီနေရာမှာ ကျွန်တော်မဆိုးပါဘူး"လို့ ပြောကြားသွားပါတယ်။

အင်္ဂါနေ့မှာ ဂိုးရာပြည့်ခဲ့တဲ့ အာလင်းဟာလန်းအတွက် ၁၀၁ ဂိုးမြောက်ဂိုး၊ ၁၀၂ ဂိုးမြောက်ဂိုးတို့ဆိုတာ အလွယ်တကူ ရောက်လာဦးမှာပါ။

ဖူလ်ဟမ်နှင့်ပွဲမှာ သူဟာ ၂ ကြိမ်တိုင်တိုင် တိုင်ထိခဲ့ပါသေးတယ်။ ဒါ့အပြင် သူဟာ ဖန်တီးမှု ၂ ကြိမ်လည်း လုပ်ပြနိုင်ခဲ့ပါတယ်။

ယခုအခါ သူဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိးဖြင့် ဂိုးသွင်းဘုရင်စာရင်းကို ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။ တဖက်မှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူးတီယာဂိုကလည်း ၁၁ ဂိုးနဲ့ နောက်ကနေ ကပ်လိုက်နေပါတယ်။

သူဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းလာပြီးတဲ့နောက် ၁၁၁ ပွဲဖြင့် ဂိုး ၁၀၀ ပြည့်သွင်းခဲ့ကာ အလန်ရှီးယားရဲ့ ၁၂၄ ပွဲဖြင့် ရာပြည့်စံချိန်အား ရိုက်ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အာလင်းဟာလန်းအနေဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ဂိုး ၂၆၀ ဖြင့် ရပ်တည်နေတဲ့ အလန်ရှီးယားရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ဖို့တော့ အချိန်များစွာပေးရဦးမှာ ဖြစ်ပါတယ်။

ရေငုံပြီး ထွေးထုတ်တတ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အမူအကျင့် နောက်ကွယ်မှ သိပ္ပံအကြောင်းရင်း=====================ခရစ္စတီယ...
02/12/2025

ရေငုံပြီး ထွေးထုတ်တတ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အမူအကျင့် နောက်ကွယ်မှ သိပ္ပံအကြောင်းရင်း
=====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘောလုံးပွဲတွေမှာ ရေငုံပြီး ထွေးထုတ်ပစ်လေ့ ရှိပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ရေကို မသောက်ဘဲ ထွေးထုတ်ပစ်လာတာပါ။

ဒီလို လုပ်ဆောင်မှုရဲ့‌နောက်ကွယ်မှာ သိပ္ပံဆိုင်ရာ အကြောင်းပြချက်ရှိနေပါတယ်။

အသက် ၄၀ နှစ်ရှိ Al Nassr နှင့် ပေါ်တူဂီစူပါစတားဟာ စပို့တင်းလစ္စဘွန်း၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့မှာ အောင်မြင်မှုတွေ များစွာ ရရှိခဲ့သလို လက်ရှိ ကလပ် Al Nassr မှာလည်း ထိပ်တန်းအဆင့်မှာ ကစားနိုင်တုန်း ဖြစ်ကြောင်း ပြသနေဆဲ ဖြစ်ပါတယ်။

သူဟာ ၂၀၀၉ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်သို့ ထိုစဉ်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ပြောင်းပြီးနောက် ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် ရခဲ့သလို ရီးရဲလ်မက်ဒရစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။

ယင်းနောက် သူဟာ ၂၀၁၈ ခုနှစ်တွင် ဂျူဗင်တပ်သို့ ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းခဲ့ပြီး စီးရီးအေဖလား ၂ လုံး ရရှိပြီးနောက် ၂၀၂၁ ခုနှစ်တွင် အသင်းဟောင်း ယူနိုက်တက်သို့ ပြန်ခဲ့ပါတယ်။

သူ့ရဲ့ ယူနိုက်တက်ဒုတိယမြောက်ကစားသမားဘဝက လှပခဲ့ခြင်း မရှိဘဲ ကလပ်ကို လူသိရှင်ကြားဝေဖန်မှုကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

သူဟာ လက်ရှိအချိန်မှာ Al Nassr မှာ ကစားနေပြီး ယင်းမှာဘဲ ကစားသမားဘဝမှ အနားယူလာဖို့ ရှိနေပါတယ်။

ပေါ်တူဂီအသင်းတွင်လည်း သူဟာ ပွဲ ၂၆၀ ကစားပြီး ၁၆၁ ဂိုးသွင်းထားကာ နိုင်ငံရဲ့ ပွဲအများဆုံးကစားထားသူ၊ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် မှတ်တမ်းရေးထိုးထားသလို ယူရို ၂၀၁၆ ဖလားရထားပါတယ်။ ဒါ့အပြင် သူဟာ နေးရှင်းလိဂ်ဖလား ၂ ကြိမ်လည်း ရရှိထားပါသေးတယ်။

ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်အလွန်အမင်းပီသမှုနှင့်အတူ ကွင်းတွင်း ကွင်းပြင် စနစ်တကျနေထိုင်စားသောက်တာကြောင့် အသက် ၄၀ နှစ်အရွယ်သို့ ရောက်တဲ့တိုင် ထိပ်တန်းအဆင့်မှာ ကစားနိုင်သေးတာလည်း ဖြစ်ပါတယ်။

ယခု ခရစ္စတီယာနိုရော်နယ်ဒိရဲ့ ဘောလုံးပွဲတွေမှာ ရေမသောက်ဘဲ ငုံကာ ထွေးထုတ်တတ်တဲ့ စနစ်ရဲ့ နောက်ကွယ်မှ သိပ္ပံအကြောင်းရင်းကို ဖွင့်ချလာပါတယ်။ တကယ်တော့ ဒီစနစ်ကို ခရစ္စတီယာနိုရော်နယ်ဒိုအပြင် အခြားကစားသမားတွေလည်း လုပ်တတ်ပါတယ်။

ရေမသောက်ဘဲ ငုံပြီး ထွေးထုတ်တဲ့အလွန်ကောင်းတဲ့ အပြုအမူတစ်ခုလို့ သိပ္ပံပညာက ဆိုထားပါတယ်။

ရေငုံမှုကြောင့် ပါးစပ်အာရုံခံကိရိယာများကို အသက်ဝင်လာစေခြင်း၊ မောပန်းနွမ်းနယ်မှုကို လျှော့ချခြင်း၊ ရေမမြိုချဘဲ စွမ်းအင်ခံစားရစေခြင်းတို့ ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာက ရှင်းလင်းထားပါတယ်။

ဒါ့အပြင် အားကစားသမားတို့အနေဖြင့် ရေသောက်မှုကြောင့် ပြင်းထန်သော အားကစားလုပ်နေချိန်တွင် အစာအိမ်ကို နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့် ကစားသမားတွေက ရေများများသောက်ပြီး ရေဓာတ်မခန်းအောင် ရေများများသောက်ခြင်းအား ပွဲအတွင်း ပြုလုပ်လေ့မရှိဘဲ ပွဲမတိုင်မီနှင့် ပထမပိုင်းပြီးချိန်တို့မှာဘဲ ပြုလုပ်လေ့ရှိပါတယ်။

ဖခင်ရဲ့ ခြေရာနင်းကာ ချဲလ်ဆီးနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလာတဲ့ တီယာဂိုဆေးလ်ဗားရဲ့သား=====================တီယာဂိုဆ...
02/12/2025

ဖခင်ရဲ့ ခြေရာနင်းကာ ချဲလ်ဆီးနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလာတဲ့ တီယာဂိုဆေးလ်ဗားရဲ့သား
=====================
တီယာဂိုဆေးလ်ဗားရဲ့သားအိုင်ဆာဂိုဟာ ချဲလ်ဆီးနှင့် ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာ ဖခင်ဖြစ်သူရဲ့ခြေရာကို နင်းလာပါတယ်။

အသက် ၁၇ နှစ်ရှိ အိုင်ဆာဂိုဟာလည်း ဖခင်ဖြစ်သူကဲ့သို့ပင် နောက်ခံလူတစ်ဦးဖြစ်ပြီး တစ်နေ့တွင် ချဲလ်ဆီးပထမအသင်းအတွက် အားကိုးရတဲ့သူတစ်ဦးဖြစ်လာမယ်လို့ မျှော်လင့်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

တီယာဂိုဆေးလ်ဗားဟာ ၂၀၂၀ ခုနှစ်တွင် ပီအက်စ်ဂျီမှ ထွက်ခွာလာပြီးနောက် ချဲလ်ဆီးအတွက် ၄ နှစ်ကစားစဉ်အတွင်း ၁၅၅ ပွဲကစားခဲ့ကာ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆေးလ်ဗားဟာ ဘရာဇီးအသင်းအတွက် ၁၁၃ ပွဲကစားခဲ့ကာ ၂၀၂၂ ခုနှစ်တုန်းက လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်ရှိ ဆေးလ်ဗားဟာ ဖလာမင်ဂိုတွင် ကစားနေဆဲ ဖြစ်ပြီး ကစားသမားဘဝမှ အနားယူရန် အစီအစဉ် မရှိသေးသလို ဥရောပသို့ ပြန်လည်ခြေချလာမယ်လို့လည်း သတင်းထွက်နေပါတယ်။

သူဟာ ဘရာဇီးတွင် ဘောလုံးဆက်ကစားနေပေမယ့်လည်း သားသမီးများနှင့် ဇနီးသည်ကတော့ လန်ဒန်မှာ နေထိုင်နေတုန်း ဖြစ်ပါတယ်။ အိုင်ဆာဂိုရဲ့ ညီအီယာဂိုမှာလည်း ချဲလ်ဆီးအကယ်ဒမီတွင်ပင် ကစားနေပါတယ်။

အိုင်ဆာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးအကယ်ဒမီသို့ ရောက်လာပြီးနောက် ယူ-၁၃ တွင် စတင်ကစားခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှ စတင်ကာ ချဲလ်ဆီးယူ-၁၈ မှာ စတင်ကစားခွင့်ရလာခဲ့ပါတယ်။

သူဟာ ယခုရာသီတွင် ချဲလ်ဆီးယူ-၁၇ နှင့် ယူ-၁၈ တို့တွင် ပုံမှန်ကစားခွင့်ရနေသူ ဖြစ်ပြီး ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်အတွက် အကယ်ဒမီ ကစားသမား ၃၃ ဦးစာရင်းမှာ ထည့်သွင်းခြင်းခံထားရပါတယ်။

ที่อยู่

Bangkok
10250

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Playmaker Journalผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์