10/03/2026
ယနေ့ (၁၀-၃-၂၀၂၆) ရက် အင်္ဂါနေ့၊ နေ့လည် (၁၃:၅၅) နာရီအချိန်ခန့် ရန်ကုန်မြို့မှာ စ၊စ်စတန် ဘရိတ်ဒေါင်း ထပ်မံ ဖြစ်ပေါ်ခဲ့လို့ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ သိရပါတယ်။
နေ့လည် ၁ နာရီဝန်းကျင်မှာ ယခုလို ဓာတ်အားလိုင်း ချို့ယွင်းတာ ၃ ရက်ဆက် ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ရာသီဥတု ပူပြင်းလွန်းတာကြောင့် မီးအား မနိုင်ဖြစ်ပြီး ယခုလို ပြတ်တောက်မှုတွေ ဖြစ်နေတာလို့ ပြည်သူတွေက ခန့်မှန်းနေကြပါတယ်။
ပြည်သူတွေမှာ စုံမကိစ္စနဲ့ ဆီတန်းစီ ရလို့ အာရုံနောက်နေချိန်မှာ မီးပြတ်တာပါ ထပ်မံ ကြုံတွေ့ရရင်တော့ ပိုဆိုးနိုင်တယ်လို့လည်း မှတ်ချက် ပေးနေကြပါတယ်။
လက်ရှိမှာ ရန်ကုန် တချို့ မြို့နယ်တွေ မီးပြန်လာနေတယ်လို့ သိရပါတယ်။ မလာသေးတဲ့ မြို့နယ်တွေကိုလည်း မှတ်ချက်ပေးသွားကြပါဦး။
#ရန်ကုန်
#မီးပြတ်