19/08/2024
ထိုင်းနိုင်ငံရောက်ပြီး သင်္ဘောသီးထောင်း မကြိုက်တဲ့သူ မရှိသလောက်ရှားပါတယ် ထိုင်းမှာ သင်္ဘောသီးထောင်း အမျိုးအစား အလွန်များလွန်းလို့ ဘယ်အမျိုးမှာစားရမလဲမသိေတာ့ဘူးဆိုတဲ့ထိ အခက်ကြုံတတ်ပါတယ်
အခု မိတ်ဆွေတို့ ကြိုက်မည့် အမျိုးအစားတစ်ချို့ရဲ့ အမည်တွေကို အောက်မှာ ဖော်ပြပေးပါမယ်၊
ပြီးတော့ အဲ့ဒီထဲက ဘယ်နှစ်မျိုးလောက်စားဖူးပြီလဲနဲ့ ဘယ်အမျိုးအစားကို အကြိုက်ဆုံးလဲဆိုတာ တစ်ခါတည်းမန့်ခဲ့လို့ရပါတယ်နော် 🙂😍
เมนูส้มตำ (မေနူစုမ့်တမ်) သင်္ဘောသီးထောင်း မီနူး
1. ตำไทย (တမ်ထိုင်ယ်) = ငါးပိ မပါပဲ ထိုင်းရိုးရိုးထောင်း
2.ตำลาว (တမ်လောင်ဝ်)=လာအို စတိုင်ထောင်း
3.ตำปูปลาร้า(တမ်ပူပလား)= ဂဏန်းငါးပိအရောထောင်း 4.ตำไทยไข่เค็ม(တမ်ထိုင်ယ်ခိုင်ခေမ်)=ဆားငံဘဲဥရော ထောင်း
5.ตำซั่ว(တမ်စွတ်ဝ်)=အစုံပလုံထောင်း(မုန့်တီဖက်မပါ)
6.ตำมั่ว (တမ်မွတ်ဝ်)=အစုံပလုံထောင်း(မုန့်တီဖက်ပါ)
7.ตำหมูยอ(တမ်မူယော)=ဝက်အူချောင်းထောင်း
8.ตำป่า(တမ်ပါ)= တောထောင်း
9.ตำแตง(တမ်တဲင်)=သခွားသီးထောင်း
10.ตำถั่ว(တမ်ထွာ)=ပဲသီးထောင်း
11.ตำข้าวโพดไข่เค็ม(တမ်ခေါက်ဖို့ခိုင်ခေမ်)=ပြောင်းဖူးဆားငံဘဲဥထောင်း
12.ตำหอยดอง(တမ်ဟွိင်ဒေါင်)= ခရုသိပ်ထောင်း
13.ตำหอยแคลง(တမ်ဟွိင်ခလဲင်)=သဲခရုထောင်း
14.ตำกุ้งสด(တမ်ကု့င်စွဒ်)= ပုဇွန်စိမ်းထောင်း
15.ตำทะเล(တမ်ထလေ)= ပင်လယ်စာထောင်း
16.ตำสายบัว(တမ်စိုင်ယ်ဘွာ)= ကြာရိုးထောင်း
17.ตามปูม้า (တမ်ပူမား)=ဂဏန်းစိမ်းထောင်း
မစားဖူးသေးတာရှိရင် မှတ်ထားပြီး စုမ့်တမ် ဆိုင်မှာ ဝယ်စားကြည့်လိုက်ပါနော် 🙂🙂😍