Bl fic မဂ္ဂဒီပါ+ခွန်စဝ်လွန်းနောင်

22/10/2025

゚viralシfypシ゚viralシalシ

23/04/2025

" တွေ့ကြရအောင်"

မဆုံတာကြာပြီမို့ သူအဲလိုပြောတော့ ဖုန်းကိုင်ရင်း ကိုယ့်မှာ ရင်ခုန်နေမိတယ် အဲလောက်ထိ သူ့ကို ကိုယ်ရူးသွပ်ခဲ့တာ။

သူ့အမြင်မှာကြည့်ကောင်း‌ေအာင်လည်း ကိုယ့်ခမျာ ‌ရှိတဲ့မုန့်ဖိုးထဲကနေ ဖိနပ်သစ်တွေသွား၀ယ်ရနဲ့ အဲတစ်ရက်လုံး ဘာလုပ်လုပ် အဆင်မပြေဘူး မနက်ဖြန်တွေ့ရဖို့ကို ရင်ခုန်နေမိတာ။ ဖုန်းထဲကနေဘဲ သူအဖြေရခဲ့တော့ လူချင်းတွေ့ပြီး "ကို့ကိုချစ်လား" ဆိုပြီး သူ့ကိုတကယ်ချစ်တာ အတည်ပြုချင်လို့များ တွေ့ချင်တာလားပေါ့ အတွေးနဲ့တင် ရင်ခုန်မိနေတဲ့ ဆယ်ကျော်သက်တစ်‌ေယာက်ရဲ့ အချစ်ကိုစထားခဲ့ချိန်ပေါ့လေ။

သူနဲ့ကိုယ်က ငယ်ချစ်ဦးတွေ သူနဲ့ကိုယ်ချစ်သူဖြစ်တော့ ငယ်ပေါင်းတွေက ကိုယ်တို့တွဲနေကြတာကို ၀မ်းသာပေးကြတဲ့အထိ ကိုယ်တို့တွေ လိုက်ဖက်ခဲ့ကြတာ။

တွေ့ဖို့နောက်တစ်ရက်ရောက်ချိန်မှာ မနက်စောစော သူ့ဆီက ဖုန်းလာတာနဲ့ " စာမေးပွဲဖြေချိန်နီးပြီလား" သူမေးတော့ ကိုယ့်ကိုစိတ်ပူပြီး သူနဲ့မတွေ့ရမှာစိုးလို့ "နီးပေမယ့် အေးဆေးပါ first year က" လို့ ဖြေခဲ့တာ ။

" လူချင်းတွေ့ပြီး သေချာပြောချင်တဲ့စကားရှိတယ်တဲ့ ဒါမယ့် ဖုန်းနဲ့ဘဲပြောတော့မယ်" ဆိုတော့ ကိုယ့်မှာ ဘာများဖြစ်လို့လဲ သူအခြားမှာ တက္ကသိုလ်တက်မှာမို့ ခုကတည်းက နေသားကျအောင် မတွေ့ဖြစ်ဘဲ နေနေတာလားပေါ့ သူ့နေရာမှာတွေးပြီး အရမ်းတွေ့ချင်နေတဲ့ကိုယ့်စိတ်ကို ချိုးနှိမ်လိုက်တယ်။

"ရပါတယ်မတွေ့ရလည်း ဘာဖြစ်လို့လဲ ပြောလေဆိုတော့ "

" အရင်လိုဘဲ သူငယ်ချင်းလို ပြန်နေကြရအောင်"

ကိုင်နေတဲ့ဖုန်းတောင် ပြုတ်ကျမလိုဖြစ်တဲ့အထိ ကိုယ့်စိတ်က ဒေါသထွက်သွားတာလား ရှက်သွားတာလား ဝေခွဲမရ‌ေအာင် ခံပြင်းမိတယ်။ သူ့အမြင်မှာ ကိုယ်ကသန်မာတဲ့ပံုစံဘဲ အမြဲပြခဲ့တော့ ခုလည်း "နင့်သဘောလေ"လို့ အေးဆေးဘဲဖြေနိုင်ခဲ့တယ်။

"ဘာမှမမေးတော့ဘူးလား" တဲ့ မေးရက်လိုက်တာ

"ငါ့ကိုဘာကြောင့်လမ်းခွဲတာလဲ နင်ပြောတော့ လူတစ်ယောက်ကို တကယ်ချစ်မိတာက မလွယ်ဘူးဆို အဲဆို ဘာလို့လွယ်လွယ်ပြောထွက်ခဲ့တာလဲ ငါတို့နှစ်ယောက်က ခုမှသိခဲ့ကြသူတွေမှမဟုတ်ဘဲ ငယ်ငယ်ကတည်းကနေ သိခဲ့ခင်ခဲ့ကြတဲ့သူတွေလေ နင့်ကိုအဖြေမပေးခင် နင်စိတ်ကစားတာလား သေချာဆန်းစစ်ဦး ငါမေးခဲ့တုန်းက ငါ့စိတ်က ငယ်ငယ်ကတည်းက သေချာခဲ့တာဆို ခုကျမှ လမ်းခွဲစကားကို နင့်ဘက်က ဘာလို့စပြောခဲ့တာလဲ" ဆိုပြီး မေးချင်ခဲ့ပေမယ့် သူရှေ့မှာ ပြိုလဲပြချင်ပေမယ့် ကိုယ့်ရဲ့ကျန်နေသေးတဲ့ မာနကလေးက လက်မခံခဲ့တော့ မေးချင်တဲ့စကားတွေ လည်ချောင်းမှာတင် တစ်နေခဲ့တာ
ကိုယ့်ကိုမလိုချင်တဲ့သူကို ရင်အနာခံပြီး ဘာဆက်မေးဖို့လုပ်‌ေနရမလဲဆိုပြီး ဖုန်းချပစ်လိုက်ချိန်မှာဘဲ မျက်ရည်ကအလိုလို ကျဆင်းလာခဲ့တယ်

ကိုယ့်ဘ၀မှာ အချစ်နဲ့ကြုံလာခဲ့ရင် မျက်ရည်ကျလွယ်တဲ့ထဲ ကိုယ်ပါမယ်မထင်ဘူးဆိုပြီး ငယ်ငယ်က အသည်းကွဲပြီး ငိုနေတဲ့သူတွေကိုတွေ့ရင် အဲလောက်ထိဖြစ်စရာလိုလို့လားဆိုပြီး ထင်မြင်ခဲ့ပေမယ့် ဒီအချစ်ဦးဇာတ်လမ်းမှာ‌ေတာ့ နှစ်ကာလသာကြာသွားတယ် တိုက်ဆိုင်မှုတွေရှိလာရင် တခါတလေ သတိရမိပေမယ့် အရင်လိုဆယ်ကျော်သက်ဘ၀လို ထိခနဲဆို မျက်ရည်မဝဲမိတော့ဘူး

ခုချိန်မှာ ကိုယ့်အနားမှာလည်း ကိုယ့်ကိုအမြဲနားလည်ပေးတဲ့သူကိုလည်း ရထားခဲ့ပြီမို့ သူ့အပေါ်မှာဘဲ သစ္စာရှိသွားဖို့ ဆုံးဖြတ်လိုက်တယ်

သူငယ်ချင်းတွေက "ခုထိ သူနောက်တစ်ယောက်မရှာခဲ့ဘူး"
လို့ ပြောပြတဲ့အချိန်မှာ နောက်တစ်ယောက်တွဲရဲလောက်အောင် ကိုယ့်အပေါ် သူလိပ်ပြာမလုံလို့နေမှာပါလို့ ဟာသလိုတောင် ပြောလိုက်သေး

" ကောင်လေးအသစ်ရနေပြီဆို" ပြီး ကိုယ့်ဆီ သူစာပို့တဲ့နေ့က ကိုယ်အရင်က သူ့အပေါ်လေးနက်ခဲ့ရတာတွေ ခံစားမိသမျှတွေကို တစ်လုံးမကျန် ပြန်ပြောနိုင်လောက်အထိ သူနဲ့တွဲနေချိန်အတွင်း သူ့ကို လုံလုံလောက်လောက်လည်းချစ်ခဲ့ပြီးပြီ လိပ်ပြာလည်း လုံခဲ့ပြီမို့ သူငယ်ချင်းအနေနဲ့တောင် ပြန်လာမပတ်သက်ပါနဲ့ဆိုပြီး ပွင့်ပွင့်လင်းလင်းပြောခဲ့လိုက်တယ်

"နောက်လူက ကိုယ့်လိုမဟုတ်ဘဲ မင်းကိုအမြဲဂရုစိုက်ချစ်ပေးနိုင်ပါစေ
မင်းအပေါ်လုပ်ရက်ခဲ့မိတာကိုလည်း ခုထိနောင်တရနေဆဲမို့
ကိုယ်ကတော့ တစ်ယောက်ထဲအကြာကြီးနေဖြစ်ဦးမယ်ထင်တယ်"တဲ့

ခုထိ သူတစ်ယောက်ထဲဖြစ်နေတာကိုလည်း သူ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် တကယ်လည်း တစ်ယောက်ထဲနေချင်သွားတော့လို့နေမှာပါဆိုပြီး သူငယ်ချင်းစိတ်နဲ့ သာကြောင်းမာကြောင်းဆိုပြီး မဆက်သွယ်ဖြစ်ခဲ့တာ နှစ်နဲ့ချီခဲ့ပါပြီလေ

#ခံစားချက် #အချစ်ဦး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bl ficผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bl fic:

แชร์