Oh My Cele Celeb News !

၂၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ခင်ပွန်းနဲ့အတူမရှိနိုင်သေးပေမယ့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခ...
24/04/2025

၂၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ခင်ပွန်းနဲ့အတူမရှိနိုင်သေးပေမယ့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်

သရုပ်ဆောင်ခိုင်သင်းကြည်က ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ မင်္ဂလာနှစ်ပတ်လည် ၂၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ခင်ပွန်းဖြစ်သူကိုခန့်နိုင်နဲ့ အတူတကွ မရှိနိုင်သေးသော်လည်း ခိုင်သင်းကြည်က ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူများအား ပြန်လည် ထူထောင်ရေး အတွက် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တာပါ။ ဦးဇော်ဇော်တည်ထောင်ထားတဲ့ ဧရာဝတီဖောင်ဒေးရှင်းသို့ ဒုတိယအကြိမ်မြောက် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

ငလျင်ဘေးသင့်ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ယာယီတဲများလှူဒါန်းပေးသွားမည့် ရွှေမင်းသမီးလေးဖွေးဖွေး..🥰🥰🥰🥰
18/04/2025

ငလျင်ဘေးသင့်ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ယာယီတဲများလှူဒါန်းပေးသွားမည့် ရွှေမင်းသမီးလေးဖွေးဖွေး..🥰🥰🥰🥰

အသက် ၉၃ နှစ်ဆိုတဲ့ အသက်အရွယ်တစ်ခုကို ကျော်လွန်ဖြတ်သန်းဖို့ ရင်ဆိုင်နေရတဲ့ ဦးမောင်မောင်မြင့်...အွန်လိုင်းပေါ် ပျံ့နှံ့နေတ...
18/04/2025

အသက် ၉၃ နှစ်ဆိုတဲ့ အသက်အရွယ်တစ်ခုကို ကျော်လွန်ဖြတ်သန်းဖို့ ရင်ဆိုင်နေရတဲ့ ဦးမောင်မောင်မြင့်...

အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံတွေထဲမှာ အသက် ၉၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ဦးမောင်မောင်မြင့်ကို မျက်ရည်တွေနဲ့ မိသားစုဝင်တစ်ဦးက ပြုစုစောင့်ရှောက်နေတာပါ။ အိပ်ယာထဲမှာလဲလျောင်းနေရတဲ့ ဦးမောင်မောင်မြင့် ကို အစာဝင်ဖို့အတွက် မိသားစုဝင်တစ်ဦးက ခွံ့ကျွေးနေရတာပါ။ အဆိုပါဗီဒီယိုထဲမှာပါဝင်နေတဲ့ အမျိုးသမီးက ခွံ့ကျွေးနေရင်းက ကျလာတဲ့ မျက်ရည်တွေကို သုတ်ပြီးဆက်ခွံ့နေတာတွေ့ရပါတယ်။ ၉၃ နှစ်ဆိုတဲ့အသက်အရွယ်အတိုင်းအတာတစ်ခုကို ကျော်လွန်ဖြတ်သန်းဖို့ ရင်ဆိုင်နေရတဲ့ အနုပညာရှင်တစ်ဦးရဲ့ အချိန်တွေကိုတွေ့မြင်နေရတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြတာပါ။

သင်္ကြန်အကြိုနေ့လေးမှာ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ မွန်မင်းသားလေး ဗညားဘုန်းပြည့် 🙏သရုပ်ဆောင် ဗညားဘုန်းပြည့်ဟာ ဒီကနေ့ သင...
13/04/2025

သင်္ကြန်အကြိုနေ့လေးမှာ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ မွန်မင်းသားလေး ဗညားဘုန်းပြည့် 🙏

သရုပ်ဆောင် ဗညားဘုန်းပြည့်ဟာ ဒီကနေ့ သင်္ကြန်အကြိုနေ့လေးမှာ သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ ဦးဇင်းဝတ်ခြင်းက မြန်မာတို့ရဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။ ဗညားဘုန်းပြည့်က ဆံချချိန်ကစပြီး ဦးဇင်းဝတ်တဲ့အထိ မှတ်တမ်းပုံရိပ်တွေကို ပရိသတ်တွေ မြင်နိုင်အောင်ဖော်ပြလာခဲ့တာပါ။

အိမ်တွင်းအကြမ်းဖက်မှုဆန့်ကျင်ရေးခေါင်းစဉ်နဲ့ MUM ပွဲကို ယှဉ်ပြိုင်သွားမယ့် Miss Universe Bago 2025 ရဲ့ Winner ခင်ရတနာစို...
12/04/2025

အိမ်တွင်းအကြမ်းဖက်မှုဆန့်ကျင်ရေးခေါင်းစဉ်နဲ့ MUM ပွဲကို ယှဉ်ပြိုင်သွားမယ့် Miss Universe Bago 2025 ရဲ့ Winner ခင်ရတနာစိုး ❤️

Miss Universe Bago 2025 ရဲ့ Winner ဖြစ်လာသူတစ်ဦးပါ။ ခင်ရတနာစိုးဟာ Miss Universe ကို ကွာရှင်းထားတဲ့ အမျိုးသမီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပဲခူးမြို့ရဲ့ Winner ဖြစ်လာခဲ့တာပါ။ သူမကို ပွဲစဉ်တလျှောက်ကူညီပေးခဲ့တဲ့သူတွေထဲမှာ Miss Universe Myanmar ပြိုင်ပွဲဝင် စောမြတ်အိခိုင်လည်းပါဝင်ခဲ့ပါတယ်။ ခင်ရတနာစိုးက လာမယ့် Miss Universe Myanmar 2025 ခုနှစ်မှာတော့ သူမဘဝနဲ့ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်မှုဆန့်ကျင်ရေး Project နဲ့ ယှဉ်ပြိုင်သွားမယ်လို့ အသိပေးလာပါတယ်။

အိန္ဒြာကျော်ဇင်ဆိုတာ .....အစကတော့ သီးသန့် ထောပနာပြုစရာမရှိသေးပေမယ့် အခုတော့ ပရဟိတမိခင်ကြီးကိုပြောရင် အိန္ဒြာကျော်ဇင်ကိုလ...
11/04/2025

အိန္ဒြာကျော်ဇင်ဆိုတာ .....

အစကတော့ သီးသန့် ထောပနာပြုစရာမရှိသေးပေမယ့် အခုတော့ ပရဟိတမိခင်ကြီးကိုပြောရင် အိန္ဒြာကျော်ဇင်ကိုလည်းအပြစ်ပြောလေဆိုတဲ့ Post တွေမြင်လာရလို့ တမင်ကို ထောပနာပြုတာပါ။
အိန္ဒြာကျော်ဇင်က မွေးလာကထဲကရွှေပေါ်မြတင်မွေးလာတာပါကွယ်။ နာမည်ကြီးဖို့ ဘယ်သူ့ကိုမှခယနေစရာမလိုပါဘူး။ ရဲဘော်သုံးကျိတ်ထဲက ဗိုလ်ဇေယျရဲ့မြေး , စာရေးဆရာကြီး ဒဂုံတာရာ ရဲ့တူမ , ဟေမာနေဝင်းရဲ့ ဝမ်းကွဲညီအစ်မ , ဂေါက်သီးတစ်ယောက်ကတော့ ထည့်မပြောတော့ဘူး။ သူ့မှာ ကျောထောက်နောက်ခံအပြည့်အစုံရှိပြီးသား။
အနုပညာလုပ်တော့လည်း မျိုးနဲ့ရိုးနဲ့ Nepo Baby ဖြစ်ပေမယ့် Nepo Baby တစ်ယောက်ရဲ့ အခွင့်အရေးသူမခံစားခဲ့ဘူး။ သူကိုယ်တိုင်ကို မင်းသမီးဖြစ်ချင်တယ်လို့စိတ်ကိုမရှိခဲ့ဘူး လွတ်လွတ်လပ်လပ် ပန်းချီထိုင်ဆွဲနေချင်တယ် ဒါမှမဟုတ် ဆရာဝန်ဖြစ်ချင်တယ်လို့ Myanmar Times နဲ့ အင်တာဗျူးမှာဖြေခဲ့ဖူးတယ်။ သူ့မင်းသမီးဖြစ်လာဖို့ကိုလည်းနောက်ကွယ်အကူယူခဲ့တာမဟုတ်ပဲ သူ့ဟာသူ မယ် ကုက္ကိုင်း ပြိုင် နောက်တော့ မယ်ခရစ်စမတ်ပြိုင် ပြီးမှ မယ်ဒယ်လုပ် ပြီးမှ မင်းသမီးဖြစ် နောက်မှ အကယ်ဒမီရ တဆင့်ပြီးတဆင့် သူ့လက်သူ့ခြေလုပ်ယူခဲ့ရတာပါ။
နိုင်ငံရေးဖြစ်တော့လည်း ရပ်တည်ချက်မှန်တယ် နိုင်ငံရေးအမှုနဲ့ထောင်ထဲဝင်ခဲ့ရပြီး ပြန်လွတ်လာတော့လည်း တချို့တချို့သောသူတွေလို့ ဟဲ့ငါက ထောင်ထဲပါဝင်ထားရတာ ငါဘာလုပ်လုပ်ကောင်းတယ်ဆိုတာမျိုး မဏ္ဍပ်တိုင်တက်မပြ စကစပွဲတွေလည်းမတက် ( အတင်းတက်ခိုင်းတဲ့ အကယ်ဒမီပေးပွဲနဲ့ ရေဘေးပွဲကလွဲလို့ )
ပြန်လွတ်လာတော့လည်း သူကြော်ငြာပြန်ရိုက်ပေမယ့် လူမှုကွန်ယက်စာမျက်နှာတွေမှာ မျက်စိနောက်အောင်လုပ်ပြမနေ ဆိုင်ရာ Brand က တင်မှသာသိရတယ်။ အခုထိ လည်း ဇာတ်ကားအသစ်လည်းမရိုက်သေး ။
သူ့ပါပြောရုံမက သူ့သမီးကိုပါပြောနေကြတာတွေကလည်းရှိပါသေးတယ်။ သူ့သမီးကို မင်းသမီးတင်ရိုက်နေတာလည်းမဟုတ် သု့ဟာသူ ငလျင်အလှူကိုလိုက်လာရှာတာ။ ငလျင်အလှူကိုလည်း ကင်မရာတွေတဗြဲဗြဲခေါ်မလာဘူး တခြားရိုက်ထားတဲ့သူက ပြန်တင်မှ အော်သူတို့သားအမိတွေလှူထားပါလားဆိုပြီး သိရတဲ့အဖြစ်ပါ။ အနေအထိုင်အတတ်ဆုံး မင်းသမီးကို ပြဆိုရင် သူ့ပဲလက်ညိုးထိုးပြရမှာပါ။

အမေစုရဲ့ လက်မှတ်ကိုရော ၁၀ နှစ်အကြာမှာ သားဖြစ်သူ ကင်မ်ရဲ့လက်မှတ်ကိုပါ ရရှိခဲ့တဲ့ ပြည်သူ့အချစ်တော် အဆိုတော် အာဇာနည်သူ့ရဲ့ ...
10/04/2025

အမေစုရဲ့ လက်မှတ်ကိုရော ၁၀ နှစ်အကြာမှာ သားဖြစ်သူ ကင်မ်ရဲ့လက်မှတ်ကိုပါ ရရှိခဲ့တဲ့ ပြည်သူ့အချစ်တော် အဆိုတော် အာဇာနည်

သူ့ရဲ့ ဂစ်တာလေးမှာ အမြတ်တနိုးနဲ့ အမေစုက လက်မှတ်ထိုးပေးထားခဲ့တာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့်တော့ 2015 ခုနှစ်က အမေစုရု့လက်မှတ်ကိုရရှိခဲ့တာဖြစ်တယ်လို့ အာဇာနည်က ပြောပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ တိုင်းပြည်ရဲ့ အတက်အကျ အလှည့်အပြောင်းအချိန်ကာလတွေမှာ အဆိုတော်အာဇာနည်ကတော့ သစ္စာရှိစွာပဲ ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တာပါ။ နိုင်ငံခြားမှာ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်နေတဲ့ အာဇာနည်ဟာ အမေစုရဲ့သားဖြစ်သူ ကင်မ်ရဲ့ လက်မှတ်လေးကို 2025 ခုနှစ်မှာ အဆိုပါ ဂစ်တာလေးပေါ်မှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ လက်မှတ်ကိုရှိခဲ့ပြီးနောက် ၁၀ နှစ်ကြာခဲ့တာဖြစ်ပါတယ်။

ဒေါ်ဒေဝစ္ဆရာအဖြစ် ဆံချခဲ့တဲ့ ဇနီးသည်စိုးမြတ်နန္ဒာကို ကုသိုလ်ပါရမီဖြည့်ပေးခဲ့တဲ့ စိုးသူ 🙏ဆံချချိန်မှာပါ ခင်ပွန်းဖြစ်သူ သရ...
10/04/2025

ဒေါ်ဒေဝစ္ဆရာအဖြစ် ဆံချခဲ့တဲ့ ဇနီးသည်စိုးမြတ်နန္ဒာကို ကုသိုလ်ပါရမီဖြည့်ပေးခဲ့တဲ့ စိုးသူ 🙏

ဆံချချိန်မှာပါ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် စိုးသူက ကုသိုလ်ယူပါရမီဖြည့်ပေးခဲ့တာပါ။ ဧပြီလ ၉ ရက်နေ့မှာပဲ ဒေါ်ဒေဝစ္ဆရာအဖြစ် ဆံချကာ သီလရှင်ဘဝသို့ခံယူသွားခဲ့တာပဲဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း ဇနီးသည်ကို ပါရမီဖြည့်ဖက်ကောင်းတစ်ဦးအဖြစ် ကုသိုလ်ယူခဲ့ပါတယ်။

ချမ်းမြမေတ္တာဆရာတော်ဆီ အရောက်သွားပြီး ကိုယ်တိုင်ကျ သွားလှူခဲ့တဲ့ ပကာသနတွေမဖက်တဲ့ ဦးတီနဲ့ တီဝဲတို့ ပြည်သူချစ် ဇနီးမောင်န...
10/04/2025

ချမ်းမြမေတ္တာဆရာတော်ဆီ အရောက်သွားပြီး ကိုယ်တိုင်ကျ သွားလှူခဲ့တဲ့ ပကာသနတွေမဖက်တဲ့ ဦးတီနဲ့ တီဝဲတို့ ပြည်သူချစ် ဇနီးမောင်နှံ...😍😍😍😍

😮ငလျင်ဘေးသင့်ဒေသများအတွက် သိန်း(၁)သောင်း😮1ဘီလီယမ်ကျပ် ထပ်မံလှူဒါန်းလိုက်တဲ့ ကိုနိုင်ဖြိုးကျော် ❤️ မ၀တ်မှုံရွှေရည် တို့ဇန...
09/04/2025

😮ငလျင်ဘေးသင့်ဒေသများအတွက် သိန်း(၁)သောင်း😮1ဘီလီယမ်ကျပ် ထပ်မံလှူဒါန်းလိုက်တဲ့ ကိုနိုင်ဖြိုးကျော် ❤️ မ၀တ်မှုံရွှေရည် တို့ဇနီးမောင်နှံ
သာဓုသာဓုသာဓုပါရှင်…😍😍

ဧပြီ ၁၀ ရက်နေ့ပြုလုပ်မယ့်Birthday ရှိုးကို ရပ်ဆိုင်းလိုက်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်...တစ်နိုင်ငံလုံးဖြစ်ပွားနေတ...
09/04/2025

ဧပြီ ၁၀ ရက်နေ့ပြုလုပ်မယ့်Birthday ရှိုးကို ရပ်ဆိုင်းလိုက်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်...

တစ်နိုင်ငံလုံးဖြစ်ပွားနေတဲ့ ငလျင်ဘေးဒဏ်ကြောင့် ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ဧပြီ ၁၀ ရက်နေ့ ရန်ကုန်မှာကျင်းပမယ့် သူ့ရဲ့ Birthday ရှိုးကို ဖျက်သိမ်းခဲ့ပြီး မတ်လ ၂၉ ရက်မှာကျင်းပမယ့် မန္တလေးက မွေးနေ့ ရှိုးဟာလည်း ငလျင်ကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။ ပြန်အမ်းငွေတွေကိုတော့ သက်ဆိုင်ရာ ဝယ်ယူထားတဲ့ ပေ့ချ်အသီးသီးမှာ ပြန်လည်တောင်းယူနိုင်ကြောင်း သူက ဆိုပါတယ်။

ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေရှိရာ မန္တလေးကဆေးရုံတွေမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းခဲ့တဲ့ ဦးတီနဲ့ တီဝဲတို့မိသာ...
09/04/2025

ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေရှိရာ မန္တလေးကဆေးရုံတွေမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းခဲ့တဲ့ ဦးတီနဲ့ တီဝဲတို့မိသားစုလေး... 🥰

မန္တလေးရှိ ပြည်သူ့ဆေးရုံကြီးနဲ့ တံတားဦးက ဆေးရုံတွေကို သွားရောက်ခဲ့တာလို့ သိရပါတယ်။ အဆိုပါဆေးရုံတွေမှာ ငလျင်ဘေးဒဏ်သင့်ပြီး ထိခိုက်ထားလို့ ဆေးရုံတက်နေရသူတွေ အများအပြားရှိကြပါတယ်။ အဆိုပါ လူနာရှင်တွေကို အနုပညာရှင်အတော်များများက ကိုယ်တိုင်ကိုယ်ကျလာရောက်လှူဒါန်းကြပြီး အားပေးစကားပြောကြတာတွေ့ရပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးတို့ မိသားစုကလည်း ကိုယ်တိုင်ကိုယ်ကျလာရောက်လှူဒါန်းနေတာကို တွေ့ရပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Oh My Celeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Oh My Cele:

แชร์