Brighter Mathematics

Brighter Mathematics Helping students master IGCSE O Level Mathematics and Grade 12 with clear lessons, examples and video tutorials.

☝️လူရာဝင်တယ်ဆိုတာ ..သင် လူဘယ်လောက် များများနဲ့သိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက်များများ ရှိတယ်ဆိုတာက ပိုဆိုင်တတ...
16/02/2026

☝️လူရာဝင်တယ်ဆိုတာ ..

သင် လူဘယ်လောက် များများနဲ့သိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက်များများ ရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်..

ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါ ရဲ့လား၊ သင့်ရဲ့တည်ရှိမှုကော သူများအတွက်
ဘယ်လောက် အကျိုးဖြစ်ထွန်းစေလို့လဲ၊ ဒါတွေအားလုံး ထည့်တွက်ကြရမှာပါ..

လူရာဝင်တယ်ဆိုတာ
သင် လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊ ဘယ်သူတွေနဲ့ထမင်းအတူစားဖူးတယ်၊ လ္ဘက်ရည်အတူ သောက်ဖူးတယ်၊ဘယ်လောက်အဆင့်မြင့်တဲ့ဟိုတယ်ခန်းမ စုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊ ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊ အဲဒါတွေ အားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး..

အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊ သင့်ကိုသူတို့ကစပြီးလာမိတ်ဖွဲ့တယ်၊
သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံ နေချင်ကြတယ် ဒါတွေက ပိုအရေးပါပါတယ်..

လူရာဝင်တယ်ဆိုတာ
သင် လူဘယ်လောက်ကို အသုံးချနိုင်တယ်၊
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက် ဆိုင်ပါ..

အဲ...သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်..

လူရာဝင်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်...

၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း
****************************
သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများ ကင်းသူများ ဖြစ်ကြတယ်..

၂။ ပတ်ဝန်းကျင်ကို ဝင်ဆန့်လွယ်ခြင်း
*******************************
သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်၀ နေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ဝင်ဆန့်နိုင်တဲ့ တတ္တဝါ နေရာ ယူသွားတာ များပါတယ်..

လူသားတွေလည်း ဒီလိုပါပဲ။ သေရေးရှင်ရေး ဖြစ်လောက် အောင် မယှဥ်ပြိုင်ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့ လူဟာ ရပ်တည်မှု ရှည်ကြာသွားတာပါ..

၃။ သူများ အပေါ် သဘောထားကြီးခြင်း
*********************************
လူရာဝင်ကြတဲ့သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲမှာတွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီးဆိုရင် သတိဝီရိယနဲ့ ကိုင်တွယ်ကြ တယ်။ မိမိကိုယ်မိမိ စည်းကမ်းကြပ်မတ်နိုင်သူများ ဖြစ်ကြ တယ်။ သူများအပေါ်ခွင့်လွှတ်လွယ်တဲ့သူများဖြစ်ကြပါ တယ်။
လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဉာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဉာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံ ကောင်းမွန်ခြင်းဟာ ရွေးချယ်မှု တစ်မျိုးဖြစ်ပါတယ်..

၄။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
****************************
Keep Low Profile ကို ဆိုလိုတာပါ..
သူတို့ဟာ အပြောထက်အလုပ်ကို ဦးစားပေးကြသူများဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလိမ့်မယ်..
Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာ ပြိုင် ဘက်ကိုနည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ်။ လုပ်ဖော်ကိုင်ဘက်ကောင်း တွေ့ရှိစေနိုင်ပါတယ်..

၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း
***************************************
ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီးမွမ်းတတ်ခြင်းကြောင့် သင် လူချစ်လူခင် ပေါများလာပါ လိမ့်မယ်။ ချီးမွမ်းခြင်းနဲ့ ဖားတတ်တာခြင်း မတူညီပါ..

ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖော်ထုတ် အသိ အမှတ်ပြုခြင်းဖြစ်ပြီး၊ ဖားတတ်ခြင်းဟာ အကျိုးမျှော်လို့ ညောင်ရေလောင်းခြင်းသာဖြစ်တယ်။

၆။ ယဉ်ကျေးခြင်း
***************
ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာအောင် ကျနော်တို့မှာ တာဝန်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါလိမ့်မယ်။
ယဉ်ကျေးပါ အောက်မကျို့ပါနှင့်..

ရ။ မိမိကိုယ်မိမိ စမ်းစစ်တတ်ခြင်း
****************************
လူဆိုတာ သူများကို ပိုအစိုးမရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုးမရှိပါ။
မိမိကိုယ်မိမိ စမ်းစစ်တတ်မှသာလျင် တစ်စတစ်စ ပိုမို တိုးတက်သွားမှာပါ..

၈။ ကျေးဇူးတင်တတ်ခြင်း
**********************
ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါ တယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့ လူဖြစ်အောင် ကြိုးစားပါ..

၉ ။ အချိန်တိကျခြင်း
******************
ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်..

အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကိုလေးစားခြင်းဖြစ် ပါတယ်။ ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေ ဆိုတဲ့အကျင့်မျိုးကို လူကြီးတွေက စပြီးပြုပြင်သင့်ပါတယ်..

၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း
************************
အနိစ္စတရားဟာ သဘာဝလည်းဟုတ်တယ်၊ ကြောက်စရာ လည်း ကောင်းပါတယ်..
မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင် ပါလိမ့်မယ်..

၁၁။ သည်းခံတတ်ခြင်း
*****************
ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သည်းခံတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင် တယ်ဆိုတာအရေးမကြီးပါ။သင်ဘယ်လိုအသက်ရှင်တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ..

သူများအကြည့်၊သူများအထင်ကြီး အထင်သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။ သူများကို သိပ်ဂရုမစိုက်ရင် သည်းခံမှုကို အထောက်အကူ ဖြစ်ပါတယ်..

၁၂။ ကတိတည်ခြင်း
*****************
ကတိပေး မလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ ကို လျှော့ပြီးပြောပေးပါ..

ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမားဖြစ်ဖို့ ခက်ခဲ တတ်ပါတယ်..

လူရာဝင် နိုင်ကြပါစေ..


Innovation : Transforming HR. Driving Innovation. Growth : Continuous learning and development. Excellence : Delivering high-quality, impactful coaching and guidance.

15/02/2026
14/02/2026
14/02/2026
Chapter 6, Section Bဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ
14/02/2026

Chapter 6, Section B
ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ

Chapter 6, Section Aဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ
14/02/2026

Chapter 6, Section A
ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ

Chapter 4, Section Bဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ
13/02/2026

Chapter 4, Section B
ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ

Chapter 4, Section Aဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ
13/02/2026

Chapter 4, Section A
ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ

ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှChapter 3, Section B
13/02/2026

ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ
Chapter 3, Section B

ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှChapter 3, Section A
13/02/2026

ဆရာ Dr. Zaw Win( အငြိမ်းစား သင်္ချာပါမောက္ခ)ရဲ့ ပုစ္ဆာ ၅၀၀ စာအုပ်မှ
Chapter 3, Section A

ที่อยู่

Bangkok

เบอร์โทรศัพท์

+959799718258

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Brighter Mathematicsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์