Tole Mole ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Tole Mole, ครีเอเตอร์วิดีโอ, Bangkok.

06/12/2023

ခက်ခဲကြမ်းတမ်းရေ အချိန်ကာလတိမာ ကိုယ်ဇာလုပ်နိုင်လေ့ဆိုစော် ဦးနှောက်ကိုအသုံးချဖို့လိုပါရေ ဥပမာကျီးကန်းတကောင်ပိုင် တွေးခေါ်ကြံဆလုပ်ကိုင်နိုင်ဖို့အတုယူပါ...

03/12/2023

ရဲဘော်ရဲဘက်တိအနီနန့် ဗိုလ်ချုပ်ပြောရေအရာတိပိုင်
နည်းမှန်လမ်းမှန်နဲ့စနစ်တကျ လုပ်သင့်လုပ်ထိုက်ပြောသင့်ပြောထိုက်တေအကြောင်းအရာတိနဲ့စကားလုံးတိ
ဆုံးဖြတ်ပိုင်းခြားမှုတိဂို စဥ်းစားဝေဖန်ချိန်ဆလို့လုပ်ကတ်ဖို့ဂို ပြောချင်ပါရေ

တိုက်ပွဲဆိုရေ ဒသန တခုဂို လူတိုင်းဂမလိုလားရေပိုင်စစ်ဆိုရေ နှစ်ဖက်ဆုံမှတ်ကြားဂထိပ်တိုက်ထိုးစိုက်တိုက်ခိုက်မှုကြောင်း လက်နက...
24/11/2023

တိုက်ပွဲဆိုရေ ဒသန တခုဂို လူတိုင်းဂမလိုလားရေပိုင်
စစ်ဆိုရေ နှစ်ဖက်ဆုံမှတ်ကြားဂထိပ်တိုက်ထိုးစိုက်တိုက်ခိုက်မှုကြောင်း လက်နက်မဲ့လူထုအပါအဝင်အိုးအိမ်စည်းစိမ်နဲ့ သားသမီးနဲ့မိဘ ညီနန့်အစ်ကို သူငယ်ချင်းနဲ့အပေါင်းအပါ ရပ်သူရွာသားတိုင်းသူပြည်သားအားလုံးအတွက် အီးချမ်းသာယာရေအပြုံးတိမဟိန့်ရေ အော်ငိုခြင်းကြီကွဲဝမ်းနည်းခြင်းနဲ့ သီခြင်းရှင်ခြင်းကြားမှာရုံးကန်ရလို့ စစ်ပွဲဆိုရေ ဒသနဂို ကျနော်မုန်းပါရေ...
တရားသောစစ်ပွဲနဲ့ မတရားသောစစ်ပွဲကြားမှာ
ကျနော်ရို့ နှစ်ပေါင်း200ကျော်တောင်းတနီခဂတ်တေ
လွပ်လပ်ရီးဆိုရေ စကားလုံးကြားထဲမှာ အယင်ဆုံးခံစားရဖို့စာဂ သီခြင်း နာခြင်း အော်ခြင်း ငိုခြင်း ပျက်စီးခြင်း ပီးဆပ်ခြင်းဆိုရေ နိယာမဂို ရှိဦးစွာရှု့မြင်ရပါဖို့ စစ်ပွဲကြားထဲမှာရောက်နီဂတ်တေ ကျနော့မိသားစု ညီအကိုမောင်နှမအပါအဝင် ကျနော်အသက်ထက်တမျှချစ်ရပါသောရခိုင်သူရခိုင်သားအမျိုးတိအားလုံး အားတင်းထားပါ အားနည်းလို့ လက်ချော့ဖို့ကျနော်ရို့ရခိုင်လူထုတိအတွက်အခွင့်အရေးမဟိန့်ပါ အရိုးကြွီအရီခမ်းအသက်ပေါင်းဘဝပေါင်းများစွာပီးဆပ်ရဂေလေ့ တင်းခံထားဂတ်ပါ ဒေအချိန်မှာရာ လက်ချော့လိုက်ကေ နောက်ထပ်
ရခိုင်ဆိုရေလူမျိုးဆိုစာ ရီပြင်မာအရုပ်ဆွဲပိုင်ဖြစ်လား
ပါလိမ့်မယ် ဒေအချိန်မှာ ရခိုင်အာဇာနည်တိအတွက်
နောက်တခါပြန်မရနိုင်ရေ တိုက်ခိုက်ဖို့အခွင့်အရေးဖြစ်တေပိုင် ရခိုင်ပြည်သူတိအတွက် အကြီးမားဆုံးပျက်စီး
ဆုံးရှုံးမှုနဲ့ အကြီးမားဆုံးသောလွတ်လပ်ရီးငြိမ်းချမ်းခြင်း
အောင်ပွဲတခု မလွဲမသွေရဟိန့်လာပါလိမ့်မယ်
အော်ဟစ်ငိုကြွီးသံကြားမှာ မာနဟိန့်ရပါဖို့ မာန်မာနဂိုခွန်အားအဖြစ်အသုံးချလို့ နောင်လာနောင်သား ငါချစ်ရခိုင်သားရို့တိအီးချမ်းဖို့အတွက် လက်ဟိန့်ကျနော်ရို့ရခိုင်သူရခိုင်သားရို့တိ ခါးစီးတင့်ခံပနာ ပန်းတိုင်ဂိုလက်လှမ်းဂတ်ပါဖို့ ရခိုင်ပြည်သူပြည်သားတိအားလုံး
နာလီဇွပါ 🙏😢

23/11/2023

ယမ်းငွေ့ကြားကအဖရခိုင်ပြည်ကြီးငြိမ်းချမ်းမှုအယင်ရပါစီ
#ငြိမ်းချမ်းခြင်းဇာမာ
#ကြည့်ရှုသူ

22/11/2023

မျိုးသျှစ်ဇာနီ ရခိုင်ပြည်ဂ အမျိုးကောင်းသားရို့နဲ့
ပြည်သူတိဘေးကင်းဂတ်ပါဇီ ရခိုင်စစ်သည်တော်တိ
တိုက်ပွဲတိုင်အောင်နိုင်ဂတ်ပါဇီ🙏

17/11/2023

မင်းပြားမြို့တွင် စစ်ကောင်စီတပ်က လက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်

DMG ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ယနေ့ (နိုဝင်ဘာလ ၁၇ ရက်) ည ၆ နာရီအချိန်မှစတင်ကာ ကျိန်းတောင် တောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မြို့တွင်းတွင်လည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြားမြို့၊ အလယ်ပိုင်းရပ်ကွက်မှ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးမှာ လည်ပင်းတွင် ကျည်ထိမှန်ပြီး သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မင်းပြားတော့ လက်နက်ကြီးက ၆ နာရီကျော်လောက်စပြီးတော့ ပစ်တယ်။ ခဏလေးနားတော့ မြို့ထဲကို နောက်ထပ်စစ်သားတွေက ဆဲဆိုပြီးဝင်ပစ်ကြတယ်။ အဘိုးတစ်ယောက်မှာ လည်ပင်းဒဏ်ရာရပြီးတော့ သေသွားတယ်။ သူတို့ ပစ်ခတ်မှာကိုကြောက်တဲ့အတွက် စကားတောင် မပြောနိုင်ဘူး” ဟု ဆိုသည်။

ယနေ့ညနေ ၉ နာရီခွဲအချိန်က မင်းပြားမြို့ရှိ ကမ်းနားလမ်းနှင့် ရုံးတက်လမ်းကို စစ်ကောင်စီတပ်က အဓိကဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများလည်းရှိကာ မြို့ပေါ်ရှိ ဒေသခံများမှာလည်း စိုးရိမ်ကြောက်လန့်စွာဖြင့် နေထိုင်နေကြရကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာ ရရှိသူတွေတော့ ကြားရတယ်။ ဘယ်သူတွေ ရကြလည်းဆိုတာတော့ မပြောနိုင်သေးဘူး။ အခုက တစ်မြို့နယ်လုံး ကြောက်ရွံ့ပြီးတော့ တိမ်းရှောင်နေရတယ်။ စစ်သားတွေက မြို့ထဲကလူတွေကို ‘မင်းတို့တွေ (AA)ကို ထောက်ခံကြ’ ဆိုပြီး အငြိုးနဲ့ပစ်ခဲ့ကြတာဖြစ်တယ်” ဟု နောက်ထပ် မင်းပြားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိ မင်းပြားမြို့အတွင်း စစ်ကောင်စီကပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများရှိသော်လည်း အရေအတွက်အတိအကျကို DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#စစ်ကောင်စီ #လက်နက်ကြီး #မင်းပြား #ရမ်းသမ်းပစ်ခတ်

ပုံစာ - စစ်ကောင်စီတပ်မှ တပ်စွဲကာ လက်နက်ကြီးပစ်ခတ်မှုများရှိသည့် မင်းပြားမြို့ပေါ်မှ ကျိန်းတောင်အောက်ခြေအား ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။

https://www.dmgburmese.com/သတင်း/gcetukyi.html

17/11/2023

သေဆုံးသူမှာ မင်းပြားမြို့ကျောင်းတက်လမ်းရပ်ကွက်မှ ဦးဝင်းမောင်သိန်း ဖခင် ဖြစ်ကြောင်း သိရသည်။

17/11/2023
😢
17/11/2023

😢

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်တပ်ကပစ်သတ်၍ သေဆုံးသွားသူများ၏ အလောင်းများကို တစ်ရက်ကြာသည်အထိ ကောက်ယူ...

ที่อยู่

Bangkok
သာလီဇြပါ���

เบอร์โทรศัพท์

+959265596413

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tole Moleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Tole Mole:

แชร์