
20/08/2023
Krung Thai ဘဏ်ရဲ့ ATM ကနေ ဘတ် ၄၀၀,၀၀၀ ခိုးယူမှု ဖြစ်ပွား
Nakhon Si Thammarat ပြည်နယ်ရဲ့ Prachanukroh ကျောင်း အရှေ့က Krung Thai ဘဏ်ရဲ့ ATM ကနေ ဘတ် ၄၀၀,၀၀၀ ခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။
Krung Thai ဘဏ်ရဲ့ မန်နေဂျာ Janjira က Tha Sala ရဲစခန်းကို တိုင်ကြားခဲ့ပြီး သူခိုးတွေဟာ ဒီလ ၁၉ ရက်နံနက်ပိုင်းက ATM ကနေ ငွေတွေ ခိုးသွားတယ်လို့ ပြောပါတယ်။ ခိုးယူမှု မဖြစ်ခင် ၁ ရက်အလိုမှာ စက်ထဲကို ဘတ် ၆.၂၄ သန်း ထည့်ထားခဲ့တယ်လို့ သူက ပြောပါတယ်။
ရဲတွေက စက်က သူခိုးတွေရဲ့ လက်ဗွေရာတွေကို ရယူထားပြီး စုံစမ်းနေပါတယ်။ ရဲတွေက သူခိုးတွေဟာ စက်ရဲ့ အနောက်ဘက်ကို ဖွင့်ပြီး ခိုးယူသွားတာလို့ ပြောပါတယ်။
Janjira က စက်ထဲမှာ ဘတ် ၄.၅၉ သန်း ကျန်ရှိနေပြီး Customer တွေက ၁.၂၅ သန်း ထုတ်ထားတဲ့အတွက် သူခိုးတွေက ဘတ် ၃၉၇,၀၀၀ ခိုးယူသွားတာလို့ ပြောပါတယ်။
ရဲတွေက အနီးအနားက လုံခြုံရေး ကင်မရာတွေကို လေ့လာပြီးနောက် သံသယဖြစ်စရာ လူ ၂ ယောက်ကနေ ၄ ယောက်ကို ပစ်ကပ်ကားနဲ့ သွားနေတာတွေ့တယ်လို့ ပြောပါတယ်။ ရဲတွေက ကားနံပါတ်ကိုတော့ ခွဲခြားလို့မရသေးပါဘူး။
Ref : thethaiger
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း