နွေးငယ်-စာပေ

နွေးငယ်-စာပေ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก နွေးငယ်-စာပေ, ผู้เผยแพร่, Bangkok.

အမေ့အတွေး-------------------ကျွန်တော်လက်မထပ်မီ အမေနှင့် စကားပြောဖြစ်သည်။ အမေက ကျွန်တော့်ကို သူ့ရှေ့တွင်ထိုင်ခိုင်းပြီး“သ...
02/08/2025

အမေ့အတွေး
-------------------
ကျွန်တော်လက်မထပ်မီ အမေနှင့် စကားပြောဖြစ်သည်။ အမေက ကျွန်တော့်ကို သူ့ရှေ့တွင်ထိုင်ခိုင်းပြီး

“သား အမေက သားအမေဆိုတော့ သားကို မကောင်းတဲ့ဘက်ရောက်အောင် မတိုက်တွန်းဘူးဆိုတာ နားလည် ပါတယ်နော်”

“နားလည်ပါတယ်အမေ။ အမေဘာပြောချင်လို့လဲဟင်”

“သားခုယူမယ့် မိန်းမဟာ အမေ့ချွေးမဖြစ်တော့မယ်ပေါ့။ သူ့အနေနဲ့ကတော့ အမေက ယောက္ခမပေါ့”

“ဟုတ်ပါတယ်အမေရယ် … ဘာပြောချင်တာလဲဗျာ”

“တကယ်လို့ သားတို့အိမ်ထောင်ကျပြီး ချွေးမနဲ့ ယောက္ခမကြားမှာ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် အမေ့ ဘက်ကလည်း မရပ်နဲ့၊ သားမိန်းမ စကားကိုလည်း အလွယ်မယုံလိုက်ပါနဲ့ကွယ်။ ချွေးမနဲ့ ယောက္ခမကြားမှာ ဘယ်လောက်ကြီးကောင်းကြတယ်ဆိုဆို အဖုအထစ်လေးတွေရှိတတ်ကြတာ သဘာဝပဲကွယ်”

“သား နားလည်ပါတယ်အမေ”

“အမေ့အကြောင်းလေးပြောပြချင်တယ် …”

အမေ မင်းအဖေနဲ့ လက်ထပ်ပြီးတော့ ၁၆ နှစ်လောက်အကြာမှာ မင်းအဖေနဲ့ ကွာရှင်းခဲ့ရတယ်။ သားတို့ကို အမေ တစ်ယောက်တည်းကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်။ အမေနဲ့ မင်းအဖေ ကွာရှင်းရတဲ့ ပြဿနာမှာ မင်း အဘွားက အဓိကပဲ။ အမေက တစ်အိမ်လုံးရဲ့ဝန်ကို ကျွန်တစ်ယောက်လို လုပ်ကိုင်ပေးနေပေမယ့် မင်း အဘွားက စိတ်တိုင်းကျနိုင်တယ်ကို မရှိဘူး။ ဒါကြောင့် အမေနဲ့ မင်းအဖေကြားမှာ ဟိုလိုတစ်မျိုးပြော၊ သည်လို တစ်မျိုးပြောနဲ့ ကြာတော့ အမေတို့ အိမ်ထောင်ရေးလည်း အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရတော့တယ်။

မင်းအစ်ကိုကြီးက အရင်အိမ်ထောင်ကျတော့ အမေက ဒီအိမ်မှာ သားနဲ့ အတူတူ မနေစေ့ချင်ဘူး။ ဒါကြောင့် သူ့ကို တစ်အိုးတစ်အိမ်ခွဲနေဖို့ အမေကစီစဉ်ပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သားကရှိနေတယ်။ အမေ့ချွေးမနဲ့ သားကို ပြဿနာမဖြစ်စေချင်သလို သူတို့က မွေးလာမယ့် မြေးတွေကြောင့်လည်း အမေက သားနဲ့ သူတို့ကြားမှာ ပြဿနာမဖြစ်စေချင်ဘူး။ ဒါကြောင့် တစ်အိုးတစ်အိမ် လွတ်လပ်စွာ ခွဲနေကြလို့ ပြောခဲ့တယ်။ သူတို့လည်း အိမ်ခွဲနေကြတယ်။ အမေနဲ့ သူတို့ကြားမှာ ဘာပြဿနာမှ မရှိခဲ့ဘူး။

“ခုဆို သားလည်း အိမ်ထောင်ပြုတော့မယ်။ သားတို့ ဘယ်မှာနေဖို့ စီစဉ်ထားကြသလဲ”

“သားတို့ ဒီမှာပဲနေဖို့ ဆုံးဖြတ်ထားကြတယ်အမေ။ အမေလည်း တစ်ယောက်တည်း၊ အသက်လည်း ကြီးပြီ ဆိုတော့လေ”

“အမေ့အတွက် စိတ်ပူပေးတာ ကျေးဇူးပါကွယ်။ ဒါပေမဲ့ အမေရှင်းရှင်းပဲပြောမယ်။ ချစ်တုန်း မုန်းစကားပြောတဲ့။ သားတို့ အိမ်ခွဲနေပါကွယ်။ သားမှာလည်း အလုပ်အကိုင်နဲ့၊ သားကောင်မလေးမှာလည်း အလုပ်နဲ့ အကိုင်နဲ့။ သားတို့မှာ တစ်အိုးတစ်အိမ်ထူထောင်နိုင်တဲ့ အခြေအနေတွေရှိပါတယ်”

“အို အမေတစ်ယောက်တည်း မထားခဲ့နိုင်ပါဘူး”

“အမေ့ကို တစ်ယောက်တည်း ထားလိုက်တာက ပိုကောင်းပါလိမ့်မယ်သား။ သားတို့ အဝေးကပဲ ချစ်ကြပေါ့။ သားတို့ အိမ်တွင်းရေးမှာ အမေဝင်မစွက်ဖက်ချင်ဘူး။ သားကြီးတုန်းကလည်း အမေက သူ့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခဲ့တယ်။ ခုသားအလှည့်ကျတော့လည်း အမေ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရလိမ့်မယ်”

“အမေ့ကို စိတ်မချပါဘူး”

“အမေ့ကို စိတ်ချတာ မချတာထက် သားဘဝကို စိတ်ချရအောင် သားဖန်တီးရတော့မယ်။ သားဘဝမှာ တစ်အိုး တစ်အိမ် ထူထောင်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သားခံစားရတော့မယ်။ သားက အိမ်ထောင်ဝန် ကိုလည်းထမ်းနေရသေးတယ် အမေအိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရသလိုကြီး မဖြစ်စေချင်ဘူး။ အမေ့ ပင်စင်၊ အမေ့ဝင်ငွေလေးနဲ့ အမေရပ်တည်နိုင်တယ်။ သားတို့ ထောက်ပံ့လည်း အမေက ပိုပြီးတော့ လှူနိုင်တာပေါ့။ သားတို့ နောင်မွေးလာမယ့် မြေးလေးတွေအတွက် စုစုဆောင်းဆောင်းနဲ့ ဘဝတစ်ခုကို ထူထောင်နိုင်အောင်ကြိုးစား။ အမေဒါပဲမှာချင်တယ်”

ကျွန်တော့်အမေသည် သူပြောသလိုလုပ်တတ်သည်ဖြစ်ရာ ကျွန်တော်လည်း အမေပြောသည့်အတိုင်း တစ်အိုး တစ်အိမ်နှင့် နေထိုင်နိုင်အောင် ကြိုးစားရသည်။

အမေသည် ချွေးမနှစ်ယောက်နှင့် ပြဿနာတစ်ခါမျှ မဖြစ်ပါ။ အမေ့အိမ်ကို ဝင်ထွက်ကာ ပျော်ရွှင်စွာပင် နေကြ သည်။ အမေက တစ်နေ့တွင် ကျွန်တော့်ကို ပြောဖူးသည်

“နီးတကျက်ကျက် … ဝေးတစ်သက်သက်တဲ့ကွယ့်”

အမေသည် ကျွန်တော့်သားကြီး မွေးပြီး ၂ နှစ်ခန့်အကြာတွင် ကွယ်လွန်သွားပါသည်။

ယခုအမေဆုံးပြီး ၂၆ နှစ်အကြာတွင် ကျွန်တော့်သားက ကျွန်တော့်ကိုပြောလာသည်။

“အဖေ သားအိမ်ထောင်ပြုတော့မလို့”

(Photo: iStock)

တင်ညွန့်

၂.၈.၂၀၂၅

ဆရာဦးတင်ညွန့်၏ ဆရာ တင် နှင့် Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

စက်ချုပ်စာအုပ်လေးတွေ မှာလို့ရပါတယ်ရှင့်စုစုပေါင်း စာအုပ် ၆ အုပ် နဲ့ ,Pattern size ၆ခုပါ card (ကိုယ်ထည်+လက်) ရပါမယ်ရှင့်....
17/07/2025

စက်ချုပ်စာအုပ်လေးတွေ မှာလို့ရပါတယ်ရှင့်

စုစုပေါင်း စာအုပ် ၆ အုပ် နဲ့ ,Pattern size ၆ခုပါ card (ကိုယ်ထည်+လက်) ရပါမယ်ရှင့်.
🗨 အကုန်လုံး ယူမယ်ဆို ၁သိန်း ကျပ် ပါရှင့်
🗨💥 တစ်အုပ်ချင်းစီယူမယ်ဆိုလည်း ရပါတယ်ရှင့်
အခြေခံစာအုပ် No.2 လေးက ၁၈၅၀၀ ကျပ်
ကျန်စာအုပ်တွေကတော့ တစ်အုပ်ကို ၁၅၀၀၀ ကျပ်
ပါရှင့်

[၁] အခြေခံစာအုပ် No.2
[၂] ဗမာအကျီ ရင်ဖုံး. ရင်စေ့ ပုံဆန်း စာအုပ် No. 4
[၃] ဂါဝန်စာအုပ် No. 5
[၄] Ready made Blouse စာအုပ် No.6
[၅] ပိတ်နှင့်ဇာဖြတ်ဆက်ချုပ်နည်း စာအုပ် No.7
[၆] ကုတ်. စတိုင်လ်ပန် ...စာအုပ် No. 8
[7]Pattern card (size 6)ခုပါ [ကိုယ်ထည်+လက်]

အမည်
လိပ်စာအပြည့်အစုံ [အိမ်နံပါတ်. လမ်း. ရပ်ကွက်. မြို့နယ်]
ဖုန်းလေး ပို့ပေးပါရှင့်
Royal express Delivery ရှိတဲ့မြို့တွေဆို အိမ်အရောက်ငွေချေရပါတယ်ရှင့်

#အခြေခံစက်ချုပ်စာအုပ်
#လက်မနည်း
#စက်ချုပ်ဝါသနာပါသူများ
#အိမ်မှာနေရင်းစက်ချုပ်သင်မယ်

စက်ချုပ်ပညာကို အခြေခံကစပြီး အိမ်မှာပဲ လေ့လာချင်တယ်ဆို You tube channel လေး ရှိပါတယ်ရှင့်👇https://youtube.com/စက်ချုပ်သင်...
27/11/2024

စက်ချုပ်ပညာကို အခြေခံကစပြီး အိမ်မှာပဲ လေ့လာချင်တယ်ဆို You tube channel လေး ရှိပါတယ်ရှင့်
👇
https://youtube.com/

စက်ချုပ်သင်စာအုပ်နဲ့အတူ လေ့လာချင်တယ်ဆို
စာအုပ်လေးတွေ မှာလို့ရပါတယ်ရှင့်

တစ်အုပ်တန်ဖိုး ၁၂၅၀၀ ကျပ်

'ပျော်အောင်နေပါ အစ်ကိုရယ်'ဆိုတော့  " မင်းရှိနေပေးပေါ့ " တဲ့။ပိုင်ရှင်ရှိပြီးသား ယောက်ျားသားတစ်ယောက်ကို ချစ်စိတ်တစ်ခုထဲနဲ...
29/09/2023

'ပျော်အောင်နေပါ အစ်ကိုရယ်'
ဆိုတော့ " မင်းရှိနေပေးပေါ့ " တဲ့။

ပိုင်ရှင်ရှိပြီးသား ယောက်ျားသားတစ်ယောက်ကို ချစ်စိတ်တစ်ခုထဲနဲ့ ကပ်ခဲ့တဲ့မိန်းမသားတစ်ဦး။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ယောက်ျားသားတစ်ဦးကို တခြားမိန်းမသားတစ်ယောက်က လာရောက်ကျူးကျော်တဲ့အခါ ခံစားရတဲ့မိန်းမတစ်ယောက်အကြောင်း။ ကိုယ့်အပေါ် ကောင်းတဲ့သူတွေကို စွန့်ခွာပြီး ကိုယ့်အတွက် မဟုတ်တဲ့သူတစ်ယောက်အပေါ် မေတ္တာထားမိရာက ခံစားရသည့် နာကျင်မှု။

မေ ... မင်းဟာ အချစ်ကို ကိုးကွယ်ခဲ့တဲ့သူပဲ။ အချစ်ကြောင့် မင်းဘဝလေး အကျည်းတန်ခဲ့ရပြီ။

တန်ဖိုး - ၄၀၀၀ကျပ်

ကျွန်တော်တွေးမိတာက ဒီလိုနိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့မြန်မာပြည်သူပြည်သားတွေရဲ့ မျောလွင့်နေတဲ့ဘ၀တွေဟာ ကျွန်တော်တို...
16/11/2022

ကျွန်တော်တွေးမိတာက
ဒီလိုနိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့
မြန်မာပြည်သူပြည်သားတွေရဲ့ မျောလွင့်နေတဲ့ဘ၀တွေဟာ
ကျွန်တော်တို့နိုင်ငံရဲ့ လိပ်ပြာကို ဘယ်လိုခြောက်လှန့်နေမလဲဆိုတာကိုပါ။ ပါပီယွန်ရဲ့ ၀တ္ထုထဲကလို လူတွေဟာ ဘာကိုလိုချင်လို့
ရေခြားမြေခြားမှာ အလုပ်သွားလုပ်ကြတာလဲ။ ဘာလို့သူတို့ဆင်းရဲကြီးစွာ ရုန်းကန်ကြတာလဲ။ သူတို့လိုချင်တာအများကြီးမဟုတ်ပါဘူး။
အမြင့်ကြီးလည်း မဟုတ္ဘူး။ ဒါပေမယ့် သူတို့လိုချင်တာကို သူတို့
နိုင်ငံက မပေးစွမ်းနိုင်ဘူး။ သူတို့ရှာဖွေနေတာက တစ်ခုတည်း။
(a better Life) ပိုကောင်းတဲ့ဘ၀။

ပါပီယွန်ရဲ့ဝတ္ထုထဲမှာ ရွှေ့ပြောင်းလုပ်သားတွေ၊ အလုပ်သမား
ကတ်အတုတွေ၊ ရက်လွန်နေတဲ့ပတ်ပို့စ်တွေ၊ အိမ်လွမ်းနာတွေ၊ တရားမ၀င်အချစ်တွေ၊ ထောင်ထဲဝင်ရတာတွေ၊ လောကထဲကနေ
အစရွာမရပဲ ပျောက်သွားတဲ့သူတွေ၊ သူစိမ်းမြေမှာ နှလုံးသားနာကျင်
ရခြင်းတွေ၊ မျိုသိပ်ရတဲ့ ရမက်ဆန္ဒတွေ၊ ဘယ်တော့မှအိမ်ပြန်မရောက်နိုင်တော့တဲ့ အဖြစ်တွေ။ ရွှေ့ပြောင်းလုပ်သားတွေဟာ
ကျွန်တော်တို့ခေတ်ရဲ့ အတွေ့ရအများဆုံး ဇာတ်ကောင်တွေပါပဲ။

ပါပီယွန်ရဲ့ဇာတ်ကောင်တွေလို စက်ရုံတွေ၊ လုံခြုံမှုမရှိတဲ့ လုပ်ငန်းခွင်တွေထဲမှာ လစာနည်းနည်းနဲ့ ပိတ်မိနေတဲ့လူငယ်တွေ လူလတ်
ပိုင်းတွေဟာ နိုင်ငံရပ်ခြားမှာ ဒုနဲ့ဒေး။ သူတို့အတွက် အမောဖြေစရာက မျက်စိမှိတ်ပြီး စီးကရက္တစ္လိပ္ကို အရှည်ကြီး ဆွဲရှိုက်လိုက်ဖို့။
ခက်ခဲတဲ့နှစ်တစ်နှစ် ဒါမှမဟုတ်ခက်ခဲတဲ့ ဒီဘ၀ကြီးတစ်ခုလုံး
တစ်ရှိုက်တည်းနဲ့ ပြာတောင့်ရှည်ကြီးအဖြစ် ပြောင်းလဲသွားအောင်
စီးကရက္ကို အသားကုန်ရှိုက်သွင်းပစ်လိုက်ဖို့။

ဒါပေမယ့်ဇာတ်ကောင်တွေဟာ စာတစ်တန် ပေတစ်ဖွဲ့လုပ်နိုင်ရှာတဲ့ လူတွေမဟုတ်ခဲ့ပါဘူး။ ထမင်းငတ်တာဟာ ရှက်စရာလို့ယူဆနေတဲ့ လူမှုပတ်ဝန်းကျင်မှာ သူတို့ဘ၀မှာ ဘာတွေဖြစ်ခဲ့၊ ကြုံခဲ့ရတယ်ဆိုတာတောင် ဖော်ထုတ်ပြောပြဖို့ မလြယ္ကူပါဘူး။ တစ်သက်လုံးသေသည်အထိ ဘ၀ဒဏ်ရာတွေကို ရင်ဘတ်ထဲ တိတ္တိတ္ကေလး သိမ်းဆည်းထားရဖို့ ပိုများပါတယ်။

ဆရာမြသန်းတင့်ရေးဖူးတယ်ထင်တယ်...
လူတစ်ယောက်ဟာ တစ်ဘ၀တည်းမှာ ပန်းပဲသမား၊ ဆရာဝန်၊ ငွက္ခတ်သမား၊ အင်ဂျင်နီယာ အစရှိတာတွေကို ပြိုင်တူလုပ်လို့မရဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ စာဖတ်ကြတယ်တဲ့။ လူတစ်ယောက်ဟာ ကိုယ်မကြုံနိုင်တဲ့ အခြားသူတွေရဲ့ ဘ၀ထဲကို ချောင်းမြောင်းကြည့်ရှုဖို့ရာ၊ အခြားဘ၀တွေအကြောင်း သင်ယူဖို့ရာ ကျွန်တော်တို့စာဖတ်ကြပါတယ်။

စာအုပ်အမည် #ဂွတ်ဘိုင်ဘလတ်ဒီးမေရီ
စာရေးသူ #ပါပီယွန်
စာအုပ်တန်ဖိုး #၄၀၀၀ ကျပ်

#နွေးငယ်စာပေ
#ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေပေးချေနိုင်ပါသည်

👏 ဂွတ်ဘိုင် ဘလတ်ဒီးမေရီ    ပြန်ရပါပြီနော်။🖌 ပါပီယွန်တန်ဖိုး ၄၀၀၀ ကျပ်၊ စာ ၁၈၂၊
16/11/2022

👏 ဂွတ်ဘိုင် ဘလတ်ဒီးမေရီ ပြန်ရပါပြီနော်။
🖌 ပါပီယွန်
တန်ဖိုး ၄၀၀၀ ကျပ်၊ စာ ၁၈၂၊

စက်ချုပ်ဝါသနာပါပြီး  အချိန်မပေးနိုင်ဘူးဆိုရင် အခြေခံကစပြီး လေ့လာနိုင်တဲ့ စက်ချုပ်စာအုပ်လေးတွေ ရှိပါတယ်နော် သင်ထောက်ကူ vi...
09/11/2022

စက်ချုပ်ဝါသနာပါပြီး အချိန်မပေးနိုင်ဘူးဆိုရင် အခြေခံကစပြီး
လေ့လာနိုင်တဲ့ စက်ချုပ်စာအုပ်လေးတွေ ရှိပါတယ်နော်
သင်ထောက်ကူ video အခွေလည်း ပါတဲ့အတွက် ဘေးမှာ ဆရာနဲ့သင်သလို သင်ရမှာပါနော်

ကိုယ်တိုင်းနည်း၊ တွက်နည်း၊ Pattern ဆွဲနည်းကစလို့
အကျီ်တစ်ထည်လုံး ညှပ်နည်း ၊ ချုပ်နည်းတွေကိုလဲ စာအုပ်တွေမှာ
လက်မနည်းနဲ့ အသေးစိတ် ဖော်ပြပေးထားပါတယ် 😍

ဈေးနှုန်းကတော့ တစ်အုပ်ကို ၁၀၀၀၀ိ/- ပါ

မာတိကာလေးတွေကို comment မွာ
အသေးစိတ် ပြပေးထားပါတယ်နော်😍

အသေးစိတ် အချက်အလက်များကို page messager
သို့မဟုတ် 09 791 957079 ကို ဆက်သွယ်မေးမြန်း
နိုင်ပါတယ်ရှင်

ကျေးဇူးတင်စွာဖြင့်
နွေးငယ်

17/05/2022
🎉 နယ်မြို့များသို့ စက်ချုပ်စာအုပ်ဖြန့်ဝေရန် ဝန်ထမ်း အခက်အခဲရှိပါသဖြင့် ကိုယ်စားလှယ်အနေဖြင့် ပြန်လည်​ရောင်းလိုပါက 20% လျေ...
15/05/2022

🎉 နယ်မြို့များသို့ စက်ချုပ်စာအုပ်ဖြန့်ဝေရန် ဝန်ထမ်း
အခက်အခဲရှိပါသဖြင့် ကိုယ်စားလှယ်အနေဖြင့် ပြန်လည်
ရောင်းလိုပါက 20% လျော့ဈေးဖြင့် အနည်းဆုံး
အုပ်ရေ ၂၀ (7မျိုးပေါင်း) ကနေ စ၍မှာယူနိုင်ပါတယ်နော်....

🎉 ကိုယ်စားလှယ်ယူရန်ခက်ခဲပါက online မှ order ကောက် အနေနဲ့ ရောင်းဈေးရဲ့ 15% ( တစ်အုပ်ရောင်းရ လျှင် (1200)ကျပ်ရပါမည်) ဖြင့် order ကောက်နိုင်ပါတယ်နော်....

အသေးစိတ်ကို message ကနေ လာမေးလို့ရပါတယ်နော်.

ကျေးဇူးတင်စွာဖြင့်
နွေးငယ်စာပေ

စက်ချုပ်သင် စာအုပ်လေးတွေ မှာလို့ရပါသေးတယ်နော်.ဒီ စာအုပ်တွေကုန်ရင် အသစ်ထပ်မထုတ်တော့ပါဘူးနော်.လိုအပ်မယ်ဆိုရင် ဝယ်ထားပါနော်...
14/05/2022

စက်ချုပ်သင် စာအုပ်လေးတွေ မှာလို့ရပါသေးတယ်နော်.
ဒီ စာအုပ်တွေကုန်ရင် အသစ်ထပ်မထုတ်တော့ပါဘူးနော်.
လိုအပ်မယ်ဆိုရင် ဝယ်ထားပါနော်.
နံပါတ် ၁ က ကုန်ပါပြီနော်.
နံပါတ် ၂ ကနေ ၈ အထိ တစ်စုံ (7)အုပ်ကို ၆၀၀၀၀ ကျပ် ပါနော်. 👌😍

ที่อยู่

Bangkok

เบอร์โทรศัพท์

+959965770232

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ နွေးငယ်-စာပေผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง နွေးငယ်-စာပေ:

แชร์