Nway Nge Publishing

Nway Nge Publishing ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Nway Nge Publishing, ผู้เผยแพร่, Bangkok.

✳️ဗီယင်နာမြို့ရဲ့ ထင်ရှားတဲ့ စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်သူ ဗစ်တာဖရန်ကယ်ဟာ နာဇီတို့ရဲ့ အော့ဇဝစ်အကျဥ်းစခန်းမှာ ရှိနေစဉ် သူနဲ...
27/09/2025

✳️ဗီယင်နာမြို့ရဲ့ ထင်ရှားတဲ့ စိတ်ရောဂါအထူးကု
ဆရာဝန်ဖြစ်သူ ဗစ်တာဖရန်ကယ်ဟာ
နာဇီတို့ရဲ့ အော့ဇဝစ်အကျဥ်းစခန်းမှာ ရှိနေစဉ် သူနဲ့ အခြားအကျဉ်းသားတွေရဲ့ အခက်အခဲတွေကို ရင်ဆိုင်ပုံနည်းလမ်းကို
ထူးခြားစွာ လေ့လာနိုင်ခဲ့ပါတယ်။ အခြားသူတွေကို
နှစ်သိမ့်ပေးပြီး မိမိတို့ရဲ့ နောက်ဆုံး ပေါင်မုန့်ကို
ပေးကမ်းခဲ့သူတွေက အချိန်အကြာဆုံး ရှင်သန်နိုင်ခဲ့ကြောင်း
သူမြင်တွေ့ခဲ့ရပါတယ်။အခြားအရာအားလုံးကို လုယူနိုင်ပေမဲ့ ဘယ်လိုအခြေအနေမှာမဆို တောင့်ခံနိုင်တဲ့ စိတ်ခံယူချက်သဘောထားကိုတော့ လုမယူနိုင်ဘူးဆိုတာ
သူနားလည်သဘောပေါက်ခဲ့ပါတယ်။

✳️အကျဉ်းသားတစ်ဦး ဘယ်လိုလူဖြစ်လာသလဲဆိုတာက
အကျဥ်းစခန်းရဲ့လွှမ်းမိုးမှုတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။
သူ့ရဲ့အတွင်းစိတ်ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါတယ်။
မိမိရဲ့ စိတ်ဓာတ်စွမ်းအားထိန်းသိမ်းနိုင်စွမ်းကို
လျှော့ချပစ်လိုက်သူတွေဟာ အကျဥ်းစခန်းရဲ့ဆုတ်ယုတ်ပျက်စီးစေတဲ့လွှမ်းမိုးမှုကို အဆုံးမှာ ခံလိုက်ရပါတယ်။ ဒါပေမဲ့
အဲဒီအတွေ့အကြုံတွေကို စိတ်ဓာတ်ခိုင်မာသူတွေဟာ အောင်မြင်မှုတစ်ရပ်အဖြစ်သို့ ရောက်အောင်
ဖန်တီးနိုင်ခဲ့ကြပါတယ်။


✳️လူသားရဲ့ အနက်ရှိုင်းဆုံးသော ဆန္ဒဟာ ဘဝရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ဖြစ်တယ်လို့ ဖရန်ကယ်က
ယုံကြည်လာခဲ့ပါတယ်။ ဖရန်ကယ်ရဲ့ ထူးချွန်တဲ့လက်ရာဖြစ်တဲ့
ဒီစာအုပ်ဟာ ကျွန်တော်တို့အားလုံးကို ဆင်းရဲဒုက္ခကို
ကျော်လွှားနိုင်ဖို့ ဘဝနေထိုင်မှုအနုပညာမှာ
အဓိပ္ပါယ်ရှိတဲ့ အရာကို ရှာဖွေတွေ့ရှိဖို့
နည်းလမ်းတစ်ခုကို ပေးစွမ်းထားပါတယ်။

📕 အခက်ခဲဆုံးအချိန်မှာရှင်သန်ခြင်း
🖍️ အောင်ဖြိုး

တန်ဖိုး- ၁၀၀၀၀ ကျပ်
စာမျက်နှာ- ၁၆၀ မျက်နှာ(ဝူဖရီးစက္ကူ)
စာအုပ်ဆိုဒ်-အလျား ၁၄.၇× အနံ ၂၁စင်တီ
စာအုပ်ထွက်မည့်ရက်-10.9.2025

Pre Order Now ❗ ❗ ❗ ✅ စက်တင်ဘာလ ဒုတိယပါတ်ထဲထွက်ဖို့ရှိပါတယ်ရှင့်။🌹ပိုကောင်းဖို့ဖြစ်တာပါ..။🌹 ဘဝမှာ..တချို့သော လက်လွှတ်ဆုံ...
27/09/2025

Pre Order Now ❗ ❗ ❗

✅ စက်တင်ဘာလ ဒုတိယပါတ်ထဲထွက်ဖို့ရှိပါတယ်ရှင့်။

🌹ပိုကောင်းဖို့ဖြစ်တာပါ..။🌹
ဘဝမှာ..တချို့သော လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းတွေဟာ ပိုမိုကောင်းမွန်တဲ့အရာတွေကို လက်ခံရယူနိုင်ဖို့အတွက် လမ်းရှင်းပေးလိုက်ရတာဖြစ်ပါတယ်..။
အချစ်ရေးမှာဖြစ်စေ..ပေါင်းသင်းဆက်ဆံရေးမှာဖြစ်စေ… ကိုယ်သိပ်ခင်တွယ်မက်မောရတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခိုက်အတန့်မျိုးတွေရှိတတ်ပါတယ်..။ သူဟာ ကိုယ့်ဘဝအတွက်တော့ သိပ်ကို တန်ဖိုးထားတွယ်တာစရာ လူတစ်ယောက်ပါပဲ..။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရေစက်ကုန်သွားလို့ သူ့ဖက်ကဖြစ်စေ.. ကိုယ့်ဖက်ကဖြစ်စေ… တွဲထားတဲ့လက်ကိုဖြုတ်လိုက်ရတဲ့အခါ…သိပ်ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးတစ်ခုလို ခံစားရပါလိမ့်မယ်..။ အသည်းတွေကွဲပြီး နာနာကျင်ကျင် ထိခိုက်ခံစားရပါလိမ့်မယ်..။
ဒါပေမယ့် အချိန်တစ်ခုကြာလာတဲ့အခါ… ကိုယ့်ဘဝအတွက် ပိုပြီးထိုက်တန်ကောင်းမွန်တဲ့လူတစ်ယောက်ဟာ ကိုယ့်နံဘေးနားရောက်လာတာကို သတိပြုမိပါလိမ့်မယ်..။
ကိုယ်သိပ်လိုချင်နေတဲ့ အခွင့်အလမ်းတချို့ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာဘဲ လွဲချော်လက်လွှတ်လိုက်ရတဲ့ အချိန်အခါမျိုးတွေနဲ့လည်း ကြုံတွေ့ရတဲ့အခါ…ဘဝရဲ့အဆုံးသတ်တစ်ခုလို ခါးခါးသည်းသည်း နာကျင်ခံစားမနေပါနဲ့..။ သူ့ထက်ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုက ပုံစံတစ်မျိုးနဲ့ တခြားတစ်နေရာကနေ ပေါ်ပေါက်လာတတ်ပါသေးတယ်…။
သေချာတာတစ်ခုက ကိုယ့်ရဲ့စိတ်တွေဟာ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ လူတွေ.. အခွင့်အလမ်းတွေအပေါ်မှာ နာကျင်စိတ်တွေနဲ့မက်မောဆုပ်တွယ်မထားဘဲ ပိုမိုကောင်းမွန်တဲ့ လူတွေ.. အခွင့်အလမ်းတွေ ရောက်လာဖို့ လမ်းရှင်းပေးလိုက်ရတာလို့ ခံယူပြီး ပေါ့ပေါ့ပါးပါး ကျေကျေနပ်နပ် လက်လွှတ်တတ်ဖို့လိုပါတယ်…။
ဘဝဟာ ညီမျှခြင်းကျကျပဲ ကိုယ်နဲ့ထိုက်တန်တာကို ပေးတတ်ပါတယ်..။ ဘာပဲလုပ်လုပ် ကိုယ့်ဖက်က ကောင်းမွန်မှန်ကန်တဲ့ စိတ်စေတနာကောင်းလေးသာ ထည့်ပေးလိုက်ပါ..။ ဘာကိုမှမျှော်လင့်တကြီးဆုတောင်းနေစရာမလိုဘဲ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကိုပဲ ပြန်ပြီးလက်ခံရမှာဖြစ်ပါတယ်…။
ဒါကြောင့် ကိုယ်ကစိတ်ကောင်းလေးသာ ထားပေးပါ..။ ကျောခိုင်းနှုတ်ဆက်သွားသူတွေကို နာကျင်စွာ တမ်းတမ်းစွဲမက်မောမနေပါနဲ့..။ ပေါ့ပေါ့ပါးပါးလေး လက်လွှတ်လိုက်ပါ..။ သူ့ထက်ပိုမိုကောင်းမွန်တဲ့သူရောက်လာဖို့အတွက် သူက လမ်းဖယ်ပေးရတာဖြစ်ပါတယ်..။
အလားတူပါပဲ..အလုပ်အကိုင်အခွင့်အလမ်းတစ်ချို့ လက်လွှတ်ဆုံးရှုံးလိုက်ရလို့ ကိုယ့်ဘဝတစ်ခုလုံး ပြီးဆုံးသွားသလို နာကျင်ခံစားမနေပါနဲ့..။ ကိုယ့်အရည်အသွေးနဲ့ ထိုက်တန်တဲ့ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာဦးမှာ သေချာပါတယ်..။ ကိုယ့်ရဲ့စိတ်စေတနာမှန်ကန်နေဖို့ပဲ လိုပါတယ်..။
#လွန်းထားထား
#ပိုကောင်းဖို့ဖြစ်တာပါ
9500 ကျပ်
#ကိုလတ်စာပေ

အရူးနှစ်ယောက်------------------ရွာတစ်ရွာတွင် အလွန်ချမ်းသာသည့် မြေပိုင်ရှင်ကြီးတစ်ယောက်ရှိသည်။ သူ့ထံတွင် သားတစ်ယောက်လည်း ...
27/09/2025

အရူးနှစ်ယောက်
------------------
ရွာတစ်ရွာတွင် အလွန်ချမ်းသာသည့် မြေပိုင်ရှင်ကြီးတစ်ယောက်ရှိသည်။ သူ့ထံတွင် သားတစ်ယောက်လည်း ရှိသည်။ သူ့သားသည် အိမ်ထောင်ပြုလိုက်သဖြင့် ချွေးမချောလေးတစ်ဦးကိုလည်း ရထားသည်။

တစ်နေ့တွင် သားဖြစ်သူသည် အခြားမြို့တစ်မြို့သို့ ကုန်ရောင်းကုန်ဝယ်ကိစ္စဖြင့် ထွက်သွားသည်။ အိမ်တွင် မြေပိုင်ရှင်ကြီး၏ ဇနီးနှင့် ချွေးမတို့ကျန်ခဲ့သည်။

ညနေခင်းတွင် ချွေးမသည် ရေအိုးလေးရွက်ကာ ရွာထိပ်ကို ရေခပ်ထွက်ခဲ့သည်။ ရွာထိပ်သောက်ရေကန်၌ ရေခပ်ပြီးနောက် ရွာသို့အပြန်တွင် လူလေးယောက်သည် သူ့ထံသို့တည့်တည့်လာနေသည်ကို တွေ့လိုက်ရ သည်။

တစ်ယောက်က

“ငါ့နှစ်မ ရေနည်းနည်းလောက်တိုက်ပါ”

သူငယ်မက

“အစ်ကို မေးပါရစေ … အစ်ကိုကမည်သူနည်း”

“နှစ်မ ငါသည် ခရီးသွားတစ်ယောက်ဖြစ်သည်”

သူမက ပြုံးလိုက်ပြီး

“ဤလောကတွင် ခရီးသွားနှစ်မျိုးရှိသည်။ အစ်ကိုသည် မည်သည့်ခရီးသွားမျိုးနည်း”

မေးသူသည် ဘာမျှပြန်မပြောနိုင်၊ ခေါင်းကုတ်ပြီးထွက်သွားသည်။

နောက်တစ်ဦးက မေးပြန်သည်

“ကလေးမ … ဦးကြီးသည် ဆင်းရဲသားတစ်ယောက်ဖြစ်သည်။ ရေဆာသဖြင့် ရေတိုက်ပါ”

“ဦးကြီး … ဆင်းရဲသားနှစ်မျိုးရှိပါသည်။ ဦးကြီးက မည်သည့်ဆင်းရဲသားမျိုးနည်း”

ဒုတိယလူလည်း အူကြောင်ကြောင်ဖြင့်ထွက်သွားသည်။

တတိယတစ်ယောက်က

“အစ်မ … ကျွန်တော်သည် ပညာမဲ့တစ်ယောက်ဖြစ်ပါသည်။ ရေတိုက်ပါခင်ဗျာ”

“ပညာမဲ့နှစ်မျိုးရှိသည်။ ငါ့မောင်သည် မည်သည့်အမျိုးအစားနည်း”

တတိယတစ်ယောက်လည်း စိတ်ပျက်ပြီး ထွက်သွားပြန်သည်။

နောက်ဆုံးတစ်ယောက်က ဟိုကြည့် သည်ကြည့်နှင့်

“ညီမလေး … အစ်ကို့ကို ရေတိုက်ပါ။ အစ်ကိုက အရူးတစ်ယောက်ပါ”

“အစ်ကို အရူးနှစ်မျိုးရှိသည်။ အစ်ကိုက မည်သည့်အရူးမျိုးနည်း”

နောက်ဆုံးတစ်ယောက်လည်း စိတ်ပျက်ကာထွက်သွားသည်။

မိန်းကလေးက သူတို့အားလုံးကြားရန် အော်ပြောလိုက်သည်။

“လမ်းဆုံးလျှင် အိမ်ကြီးတစ်အိမ်တွေ့ပါလိမ့်မည်။ ထိုအိမ်တွင် ရေတောင်းသောက်နိုင်ပါသည်။

မိန်းကလေးသည် ထိုသို့ပြောပြီးနောက် ဖြတ်လမ်းမှတစ်ဆင့် အိမ်ကို အမြန်ပြန်ရောက်အောင်လာသည်။ မကြာမီ လူလေးယောက် အိမ်ကိုရောက်လာပြီး ရေတောင်းသောက်သည်။ သူမက အားလုံးကို အိမ်ထဲ ဖိတ်ခေါ်ပြီး ရေခွက်နှင့် ကျကျနနရေတိုက်သည်။

“စောစောက အစ်ကိုတို့ ဦးလေးတို့ကို ခပ်သောက်စရာ ရေခွက်မပါသောကြောင့် မတိုက်တာခွင့်လွှတ်ပါ” ဟုပြောကာ ဧည့်ခံနေသည်။

ထိုအချိန်တွင် ယောက္ခမမြေပိုင်ရှင်ကြီးသည် အပြင်မှပြန်လာပြီး အိမ်တွင် ယောက်ျားလေးယောက်နှင့် ရယ်မောကာ စကားပြောနေသော ချွေးမကို တွေ့လိုက်ရသောကြောင့်

“ဪ … နင်က လင်ငယ်တွေနှင့် အကြည်ဆိုက်နေတာပေါ့လေ” ဟု ပြောလိုက်သည်။

အမျိုးသမီးသည် မခံနိုင်သဖြင့် ပြန်ပြောသည်။ သူဌေးကြီးက သူ့ကိုလူအများရှေ့တွင် ပြန်ပြောသဖြင့် မကျေနပ်သောကြောင့် အားလုံးကို ရွာလူကြီးအိမ်ခေါ်ကာ အရေးယူပေးရန်တိုင်သည်။

ရွာလူကြီးအိမ်ကိုအားလုံးရောက်လာကြပြီးနောက်

“ရွာလူကြီး ဤကောင်မသည် ကျုပ်သားမရှိခိုက် အိမ်တွင် ယောက်ျားတွေကိုခေါ်ကာ ရယ်မောမြှူဆွယ်နေပါ သည်” ဟုတိုင်သည်။

“ရွာလူကြီးရှင့် သူတို့သည် ခရီးသည်တွေဖြစ်ပြီး ရေတောင်းသောက်သူများဖြစ်ပါသည်။ ကျွန်မ မေးသည့် မေးခွန်းတွေကို သူတို့မဖြေနိုင်ကြသဖြင့် ရယ်မောကာ ပြောဆိုနေကြခြင်းဖြစ်ပါသည်”

ရွာလူကြီးက

“မိန်းကလေးတစ်ယောက်အနေဖြင့် ယောက်ျားမရှိခိုက်တွင် အိမ်သို့အခြားယောက်ျားများခေါ်ခွင့်မရှိ”

“ကျွန်မ ယောက္ခမကြီးတစ်ယောက်လုံး ရှိနေပါသည်။ သူ့ကို မေးနိုင်ပါသည်။ ကျွန်မတို့ စကားပြောဆိုနေ ကြခြင်းဖြစ်သည်”

လူလေးယောက်ကလည်း သူတို့ကိုမေးသည့် မေးခွန်းတွေကြောင့် သဘောကျကာရယ်မောနေကြခြင်းဖြစ်သည် ဟုဖြေရှင်းကြသည်။

“ဘာတွေကို သူကမေးသနည်း”

ပထမလူက

“ကျွန်တော့်ကို ခရီးသွားနှစ်ဦးရှိသည့်အနက် မည်သည့်ခရီးသွားနည်းဟု မေးပါသည်”

“ခရီးသွားနှစ်ဦးဆိုသည်မှာ အဘယ်နည်း”

အမျိုးသမီးကဖြေသည်။

“လောကတွင် အမြဲခရီးသွားနေသူနှစ်ဦးမှာ နေနှင့်လတို့ဖြစ်ပါသည်”

“ကျွန်တော့်ကို ဆင်းရဲသားနှစ်မျိုးရှိကြောင်းမေးပါသည်”

“ဆင်းရဲသားနှစ်မျိုးဆိုသည်မှာ ချွေးမနှင့် နွားတို့ဖြစ်ကြောင်းပြောပါသည်”

“အဘယ်ကြောင့်နည်း”

“ထိုနှစ်ယောက်စလုံး သူတစ်ပါးကို မှီခိုနေကြရသောကြောင့်ဖြစ်သည်”

“ကျွန်တော့်ကိုတော့ ပညာမတတ်သူနှစ်ယောက်ရှိကြောင်းပြောပါသည်”

“ပညာမတတ်သူနှစ်ယောက်မှာ မည်သူတို့နည်း”

“ရေနှင့်ငွေတို့ဖြစ်သည်”

“အဘယ်ကြောင့်နည်း”

“ရေနှင့်ငွေသည် စာတတ်စရာမလိုပါ။ သူ့လမ်းအတိုင်းသူသွားနေသည်။ သုံးစွဲသူတို့အလိုက်တန်ဖိုးရှိသည်”

နောက်ဆုံးတစ်ယောက်က

“ကျွန်ုပ်က အရူးဟုပြောသည့်အခါ အရူးနှစ်ယောက်ရှိကြောင်း ပြောပါသည်။ သူ့ထံကအဖြေကို မသိရသေးမီ သူဌေးကြီး‌ရောက်လာပြီး ဤနေရာကို ရောက်လာရခြင်းဖြစ်သည်”

“သူငယ်မဖြေလော့။ အရူးနှစ်ယောက်ဆိုသည်မှာ မည်သူတို့နည်း”

“ဖြေပါမည် … ပထမအရူးမှာ ကျွန်မ ယောက္ခမဖြစ်ပါသည်။ အကြောင်းအရာကို မမေးမမြန်း မစူးစမ်းဘဲ ဒေါသထွက်တတ်သော ကြောင့်ဖြစ်သည်”

“ဒုတိယအရူးကရောကွယ်”

“ဒုတိယအရူးမှာ ရွာလူကြီးဖြစ်ပါသည်။ အမှုမဟုတ်သည်ကို အမှုလုပ်ကာ စစ်ဆေးမေးမြန်း နေခြင်းကြောင့် ဖြစ်သည်”

ဝိုင်းကြည့်နေသော ရွာသားတွေက လက်ခုပ်တီးကြသည်။

“သူငယ်မ ပညာရှိပေစွ” ဟု ဝိုင်းဝန်းချီးမြှောက်ကြသည်။

(အိန္ဒိယပုံပြင်တစ်ပုဒ်ဖြစ်ပါသည်)

တင်ညွန့်

၂၈.၈.၂၀၂၅

ဆရာဦးတင်ညွန့်၏ ဆရာ တင် နှင့် Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

စက်ရုံရောက်စက အိုတီဆင်းရဖို့ တအားမျှော်လင့်ခဲ့ဖူးတယ်။ ရက်မှန်ကြေး ဂရိတ်ကြေးတွေ ရချင်လွန်းလို့လည်း အစမ်းခန့် ၃ လ ကို မြန်...
27/09/2025

စက်ရုံရောက်စက အိုတီဆင်းရဖို့ တအားမျှော်လင့်ခဲ့ဖူးတယ်။ ရက်မှန်ကြေး ဂရိတ်ကြေးတွေ ရချင်လွန်းလို့လည်း အစမ်းခန့် ၃ လ ကို မြန်မြန် ကျော်ပစ်ချင်ခဲ့တယ်။

ဒါပေမဲ့ တကယ်တမ်း အိုတီဆင်းရတဲ့အခါမှာတော့ ပင်ပန်းလွန်းလို့ ငိုမိတာ အခါခါ။ အောနိုက်ဆို ည ၁၂ အထိ ဆင်းရပြီး စက်ရုံမှာ ဖြစ်သလိုအိပ်။ မနက်ကျ အဆောင်ကို ရေချိုး အဝတ်အစားလဲ ခဏပြန်။ ပြီးတာနဲ့ နောက်တစ်ရက် ထပ်ဆင်းရပြန်ရော။ ရက်တွေဆက်လာလို့ မဆင်းနိုင်တော့ဘူးပြောရင်လည်း မရ။ အပ်ထားတဲ့ အော်ဒါတွေ အလျင်လိုရင် လိုသလို စူပါမာမာမြင့်က တွန်းအားပေးပြီး စွတ်ချုပ်ခိုင်းတော့တာ။

“လစာလေး တိုးပေးရင် ကောင်းမှာနော်၊ ဒါဆို ကျမတို့ အိုတီကြေးတို့၊ ဂရိတ်ကြေးတို့ကို သိပ်မှီခိုစရာ မလိုလောက်ဘူး” လို့ မကျော့ကို ကျွန်မ ပြောဖူးသေးတယ်။

မကျော့က “လစာတိုးဖို့ မျှော်လင့်နေကြရတာကတော့ ဘယ်ဝန်ထမ်းမဆိုပါပဲ”တဲ့ ပြုံးပြုံးလေးနဲ့ ပြန်ပြောနေသေးတာ။ မကျော့ကတော့ သိပ်အနေအေးတဲ့သူ။ သားသမီးအတွက်ကလွဲပြီး တခြားလောဘ မရှိရှာတဲ့သူ။

တကယ်တော့ အခြေခံလစာကိုသာ လုံလုံလောက်လောက်ရထားရင် ကျွန်မလည်း အိုတီကြေးတို့၊ ဂရိတ်ကြေးတို့ကို ဘယ်မျှော်ပါ့မလဲ။ အခုတော့ ဒီအခြေခံလုပ်ခ မစို့မပို့လေးကြောင့် အိုတီတွေ၊ ရက်မှန်တွေကြားမှာ အခက်တွေ့နေရတာ။ ကျွန်မတို့ရတဲ့ အခြေခံလုပ်ခက တစ်နာရီမှ ၆၀၀ တည်း။ အဲ့ဒီတစ်နာရီအတွင်း အာဝါဒီက အထည် ၅၀ ထွက်အောင် ချုပ်ရတယ်။ ဒီတော့ တွက်ကြည့်ရင် ချုပ်ခက တစ်ပွိုင့်မှ ၁၂ ကျပ်လောက်ရတာ။ တစ်ထည်မှာ ၁၀ ပွိုင့်ရှိရင် တစ်ထည်ချုပ်ခက ၁၂၀ လောက်ပဲ ပေးရတာ။ ချုပ်ရတဲ့အထည်ကကျ လုံးဝ နိုင်ငံတကာ အဆင့်မီအထည်တွေ။ နိုင်ငံခြားမှာ ဒေါ်လာနဲ့ရောင်းနေတဲ့ ဘရန်းအထည်တွေအတွက် ကျွန်မတို့ရတဲ့လစာက အဲဒီအင်္ကျီတစ်ထည်ရဲ့ တန်ဖိုးတောင် ရှိရဲ့လား မသိ။ ဘယ်လိုဆိုဆို ပဲဆီတစ်ပိသာတောင် တစ်သောင်းခွဲလောက်ဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ တစ်ရက်လုပ်ခ ၄၈၀၀ ဟာ သိပ်ကို စျေးပေါလွန်းနေတယ်လို့ ကျွန်မတော့ ထင်တာပဲ။

ဒီကြားထဲ တချို့အထက်လူကြီးတွေက အာဝါဒီကို ၅၀ ကနေ ၆၀၊ ၆၀ ကနေ ၇၀ အထိ တိုးချုပ်ခိုင်းသေးတာ။ ကြံရည်ကြိတ်စက်ထဲ အတင်းထိုးထည့်ခံရတဲ့ ကြံချောင်းတွေလို ကျွန်မတို့အလုပ်သမတွေရဲ့လုပ်အားကို ရနိုင်သမျှ ရအောင် ညှစ်ယူနေကြသေးတာ။

စူပါတို့ မန်နေဂျာတို့နဲ့ တည့်အောင်မနေနိုင်ပြန်ရင်လည်း အလုပ်နေရာက ခပ်လှုပ်လှုပ်။ ကျွန်မ သက်ပြင်းတစ်ချက်ကို လေးပင်စွာ မှုတ်ထုတ်မိပြန်တယ်။

“ကျွန်မတို့ဘဝတွေကို ဘယ်သူကများ စာနာနားလည်နိုင်ပါ့မလဲ”

#နေမမြင်အင်ပါယာ_မှ
#ဖရော်ဆန်

✨ 15 Days Weight Loss Challenge ✨ကျန်းမာချင်သူတွေ၊ အလေးချိန်ထိန်းချင်သူတွေအတွက် လွယ်ကူပြီး လိုက်နာလို့ရတဲ့ Challenge လေး...
24/09/2025

✨ 15 Days Weight Loss Challenge ✨
ကျန်းမာချင်သူတွေ၊ အလေးချိန်ထိန်းချင်သူတွေအတွက် လွယ်ကူပြီး လိုက်နာလို့ရတဲ့ Challenge လေးပါ 💪

📌 နေ့စဉ် လိုက်နာရမယ့် အချက် ၁၀ ချက်
1️⃣ အစားမစားခင် ၃၀ မိနစ် မတိုင်ခင် ရေသောက်ပါ
2️⃣ Green Tea တစ်နေ့ ၂ ကြိမ် သောက်ပါ
3️⃣ အစားအစာကို ဖြည်းဖြည်းစားပါ
4️⃣ နေ့စဉ် ၂၀ မိနစ် လမ်းလျှောက်ပါ
5️⃣ သစ်သီးတွေထဲက နာနတ်သီး. စပျစ်သီး စားပါ
6️⃣ Fast Food လုံးဝရှောင်ပါ
7️⃣ Cardio အနည်းဆုံးတစ်ခုတော့ လုပ်ပါ
8️⃣ Protein ပိုထည့်စားပါ (နို့၊ ငါး၊ အမဲသား)
9️⃣ သကြားအရည်တွေကို ရှောင်ပါ
🔟 Fibre အစာတွေက သင့်အတွက်အကောင်းဆုံးပါ.

💚 အတူတူ စပြီး လိုက်နာကြရအောင်။

📘 စက်ချုပ်တတ်ချင်သူတိုင်း ဆောင်ထားသင့်တဲ့ လက်စွဲစာအုပ် 🧵🪡စက်ချုပ်အခြေခံစာအုပ် (လက်မနည်း) စာမျက်နှာ - ၁၅၄ မျက်နှာ👉 လေ့လာလ...
24/09/2025

📘 စက်ချုပ်တတ်ချင်သူတိုင်း ဆောင်ထားသင့်တဲ့ လက်စွဲစာအုပ်
🧵🪡စက်ချုပ်အခြေခံစာအုပ် (လက်မနည်း)
စာမျက်နှာ - ၁၅၄ မျက်နှာ
👉 လေ့လာလို့ရ
👉 သင်ယူလို့ရ
👉 Youtube channel လေးမှာ Video အပြည့်အစုံနဲ့ ချုပ်ပြပေးမှာပါ...👇
🔍Comment မှာ Channel Link လေး ရှိပါတယ်ရှင့်

🩵 အိမ်မှာနေရင်း တစ်ဦးတည်းနဲ့တောင် လေ့လာလို့ရတဲ့ အရမ်းအဆင်ပြေတဲ့ လက်စွဲစာအုပ်လေးပါ။

📌 လက်မနည်းနဲ့ အလွယ်တကူ စက်ချုပ်တတ်ချင်တယ်ဆို ဒီစာအုပ်လေးကို ဆောင်ထားသင့်ပါ
တယ်နော်။

💰 စာအုပ်တန်ဖိုး - ၁၈၅၀၀ ကျပ်

📩 မှာယူလိုသူများအတွက် –
အမည် –
လိပ်စာအပြည့်အစုံ –
ဖုန်းနံပါတ် –
ကို ရေးသားပြီး
📱 09-791957079 (Viber) သို့ ဆက်သွယ်မှာယူနိုင်ပါပြီ။

#စက်ချုပ်လေ့လာမယ် #အိမ်မှာအထည်ချုပ် #လက်မနည်း #အခြေခံစက်ချုပ်စာအုပ်

 #ချစ်စနိုးရဲ့အိပ်မက်များအရုဏ်တက်ချိန် နေရောင်စင်းစင်းလေးတွေက သစ်သားပြတင်းက အက်ကြောင်းလေးတွေကနေတဝက်တပျက် ခြမ်းပြီး ဝင်လာ...
13/09/2025

#ချစ်စနိုးရဲ့အိပ်မက်များ
အရုဏ်တက်ချိန် နေရောင်စင်းစင်းလေးတွေက သစ်သားပြတင်းက အက်ကြောင်းလေးတွေကနေ
တဝက်တပျက် ခြမ်းပြီး ဝင်လာတယ်။ ချစ်စနိုးရဲ့ မျက်နှာလေးကို နွေးထွေးစွာ ပွတ်သပ်သွားတယ်။ သူမရဲ့ အိပ်ယာက အထည်ချုပ်စက်ရုံကြီးရဲ့ ဘေးနားက သေးငယ်တဲ့ အခန်းလေးထဲမှာပါ။

"ကဲ... ထချိန်ရပြီကွာ" ဆိုပြီး သူမကိုယ်သူမ အားတင်းကာ အိပ်ရာထချလိုက်တယ်။ ညဘက်က စက်ချုပ်စည်းကြောင်းတွေက သူမရဲ့ လက်ညှိုးနဲ့ လက်ခလယ်မှာ အနီရောင် ပွန်းပဲ့ရာလေးတွေ အဖြစ် ပြန်အမှတ်ကျန်ရစ်ခဲ့တယ်။

ချစ်စနိုးဟာ ဒီစက်ရုံကြီးမှာ လေးနှစ်တာ ကြာပြီဖြစ်တဲ့ စက်ချုပ်သမတစ်ယောက်ပါ။ မိဘမဲ့ဘဝနဲ့ ကြီးပြင်းလာရသူဖြစ်ပြီး အသက်(၁၈)နှစ်မှာ ဒီစက်ရုံကြီးဆီ ရောက်လာခဲ့တာ။ နေ့စဉ်နဲ့အမျှ စက်ရုံရဲ့ ဆူညံသံ၊ စက်ဆီနံ့၊ ပိတ်စဖုန်တွေကြားထဲ သူမရဲ့ အိပ်မက်လေးတွေကို ရက်လုပ်နေမိတယ်။

"မနက် ၇ နာရီထိုး! စက်ဖွင့်ချိန်ရောက်ပြီ!" စက်ရုံမှူးရဲ့ ဟစ်အော်သံနဲ့အတူ နေ့သစ်ရဲ့ စတင်ချိန်ကို သတ်မှတ်လိုက်ကြတယ်။

ချစ်စနိုးရဲ့ လက်တွေက စက်ကို ဟန်ချက်ညီညီ မောင်းနှင်နေကြတယ်။ ချည်ကြိုးတွေ၊ ပိတ်စစတွေ၊ ကတ်ကြေးတွေကြားထဲ သူမရဲ့ လက်တွေက ကြက်တူရွေးလို လျင်မြန်စွာ လှုပ်ရှားနေတယ်။ ဒါပေမယ့် သူမရဲ့ စိတ်ကတော့ ဒီထက်ပိုဝေးဝေးကို ရောက်နေမိတယ်။

ညဘက် စက်ရုံပိတ်ချိန်မှာ ချစ်စနိုးဟာ သူမရဲ့ အခန်းငယ်လေးထဲ ပြန်ရောက်တယ်။ စက်ရုံကနေ ယူလာခဲ့တဲ့ ပိတ်စစက္ကူးတွေ၊ ချည်တွေ၊ ချုပ်ကြိုးတွေကို စုပြီး သူမရဲ့ ကိုယ်ပိုင်ဒီဇိုင်းလေးတွေကို စတင်ရက်လုပ်တယ်။ သူမရဲ့ အိပ်မက်က ကိုယ်ပိုင်အထည်အလိပ်ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ဖို့ပါ။

"ဒီညက ပန်းချီဆွဲထားတဲ့ ပန်းပွင့်ဒီဇိုင်းလေး ချုပ်ကြည့်မယ်" ဆိုပြီး သူမကိုယ်သူမ ပြောရင်း စက်ကို ထပ်မောင်းတယ်။ ည ၁၁ နာရီထိ သူမရဲ့ စက်သံဟာ အခန်းငယ်လေးထဲမှာ ဆူညံစွာ ဆက်ပြီး မြည်နေတယ်။

တစ်ခါတုန်းက စက်ရုံမှူးက သူမရဲ့ ကိုယ်ပိုင်လက်ရာတွေကို တွေ့သွားပြီး "ငါတို့စက်ရုံက ပစ္စည်းတွေနဲ့ ကိုယ်ပိုင်အလုပ်လုပ်တာ မလုပ်ရဘူး" လို့ ဆူပူခံခဲ့ရဖူးတယ်။ ဒါပေမယ့် ချစ်စနိုးရဲ့ စွဲလမ်းမှုက ဒီလိုဆူပူသံတွေကို မကြောက်ရွံ့ခဲ့ပါဘူး။

တစ်နေ့ကျတော့ စက်ရုံကြီးကို နိုင်ငံခြားဧည့်သည်တွေ လာရောက်လည်ပတ်ကြတယ်။ သူတို့ထဲက ပြင်သစ်အထည်အလိပ်လုပ်ငန်းရှင်တစ်ယောက်က ချစ်စနိုးရဲ့ ဝတ်ဆင်ထားတဲ့ ကိုယ်ပိုင်ဒီဇိုင်းချုပ်တဲ့ အင်္ကျီလေးကို သတိထားမိတယ်။

"မင်းရဲ့ အင်္ကျီက အရမ်းလှပါတယ်။ ဘယ်လိုဒီဇိုင်းလဲ?" လို့ သူက မေးမြန်းတယ်။

အားငယ်စွာနဲ့ ချစ်စနိုးက သူမရဲ့ အိပ်မက်တွေကို ရှင်းပြခဲ့တယ်။ သူမရဲ့ ညဘက်တိုင်း ကြိုးစားအားထုတ်မှုတွေကို ပြောပြခဲ့တယ်။

အဲဒီနေ့ကစပြီး ချစ်စနိုးရဲ့ ဘဝဟာ ပြောင်းလဲသွားခဲ့တယ်။ ပြင်သစ်လုပ်ငန်းရှင်က သူမရဲ့ ဒီဇိုင်းတွေကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမအတွက် စက်ကိရိယာတွေ ထောက်ပံ့ပေးခဲ့တယ်။

ဒီနေ့ဆိုရင် ချစ်စနိုးဟာ သူမရဲ့ ကိုယ်ပိုင်အထည်ချုပ်ဆိုင်လေး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စက်ရုံကြီးရဲ့ ဆူညံသံတွေကြားထဲက ပေါက်ဖွားလာတဲ့ အိပ်မက်လေးတစ်ခုဟာ အခုဆိုရင် အပြင်လောကမှာ အလင်းရောင်ရနေပါပြီ။

သူမရဲ့ လက်ညှိုးမှာ ပွန်းပဲ့ရာလေးတွေ အမြဲရှိနေဦးမှာပါ။ ဒါပေမယ့် အခုတော့ ဒီပွန်းပဲ့ရာတွေဟာ သူမရဲ့ ကြိုးစားအောင်မြင်မှုရဲ့ တံဆိပ်တွေပါပဲ။ စက်ချုပ်စည်းကြောင်းတိုင်းဟာ သူမရဲ့ အိပ်မက်တွေကို ရက်လုပ်ထားတဲ့ အနုပညာလက်ရာတွေပဲ ဖြစ်ပါတော့တယ်။

#စက်ချုပ်သူတို့ဘဝ

အမေ့အတွေး-------------------ကျွန်တော်လက်မထပ်မီ အမေနှင့် စကားပြောဖြစ်သည်။ အမေက ကျွန်တော့်ကို သူ့ရှေ့တွင်ထိုင်ခိုင်းပြီး“သ...
02/08/2025

အမေ့အတွေး
-------------------
ကျွန်တော်လက်မထပ်မီ အမေနှင့် စကားပြောဖြစ်သည်။ အမေက ကျွန်တော့်ကို သူ့ရှေ့တွင်ထိုင်ခိုင်းပြီး

“သား အမေက သားအမေဆိုတော့ သားကို မကောင်းတဲ့ဘက်ရောက်အောင် မတိုက်တွန်းဘူးဆိုတာ နားလည် ပါတယ်နော်”

“နားလည်ပါတယ်အမေ။ အမေဘာပြောချင်လို့လဲဟင်”

“သားခုယူမယ့် မိန်းမဟာ အမေ့ချွေးမဖြစ်တော့မယ်ပေါ့။ သူ့အနေနဲ့ကတော့ အမေက ယောက္ခမပေါ့”

“ဟုတ်ပါတယ်အမေရယ် … ဘာပြောချင်တာလဲဗျာ”

“တကယ်လို့ သားတို့အိမ်ထောင်ကျပြီး ချွေးမနဲ့ ယောက္ခမကြားမှာ ပြဿနာတစ်ခုခု ဖြစ်လာခဲ့ရင် အမေ့ ဘက်ကလည်း မရပ်နဲ့၊ သားမိန်းမ စကားကိုလည်း အလွယ်မယုံလိုက်ပါနဲ့ကွယ်။ ချွေးမနဲ့ ယောက္ခမကြားမှာ ဘယ်လောက်ကြီးကောင်းကြတယ်ဆိုဆို အဖုအထစ်လေးတွေရှိတတ်ကြတာ သဘာဝပဲကွယ်”

“သား နားလည်ပါတယ်အမေ”

“အမေ့အကြောင်းလေးပြောပြချင်တယ် …”

အမေ မင်းအဖေနဲ့ လက်ထပ်ပြီးတော့ ၁၆ နှစ်လောက်အကြာမှာ မင်းအဖေနဲ့ ကွာရှင်းခဲ့ရတယ်။ သားတို့ကို အမေ တစ်ယောက်တည်းကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်။ အမေနဲ့ မင်းအဖေ ကွာရှင်းရတဲ့ ပြဿနာမှာ မင်း အဘွားက အဓိကပဲ။ အမေက တစ်အိမ်လုံးရဲ့ဝန်ကို ကျွန်တစ်ယောက်လို လုပ်ကိုင်ပေးနေပေမယ့် မင်း အဘွားက စိတ်တိုင်းကျနိုင်တယ်ကို မရှိဘူး။ ဒါကြောင့် အမေနဲ့ မင်းအဖေကြားမှာ ဟိုလိုတစ်မျိုးပြော၊ သည်လို တစ်မျိုးပြောနဲ့ ကြာတော့ အမေတို့ အိမ်ထောင်ရေးလည်း အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရတော့တယ်။

မင်းအစ်ကိုကြီးက အရင်အိမ်ထောင်ကျတော့ အမေက ဒီအိမ်မှာ သားနဲ့ အတူတူ မနေစေ့ချင်ဘူး။ ဒါကြောင့် သူ့ကို တစ်အိုးတစ်အိမ်ခွဲနေဖို့ အမေကစီစဉ်ပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သားကရှိနေတယ်။ အမေ့ချွေးမနဲ့ သားကို ပြဿနာမဖြစ်စေချင်သလို သူတို့က မွေးလာမယ့် မြေးတွေကြောင့်လည်း အမေက သားနဲ့ သူတို့ကြားမှာ ပြဿနာမဖြစ်စေချင်ဘူး။ ဒါကြောင့် တစ်အိုးတစ်အိမ် လွတ်လပ်စွာ ခွဲနေကြလို့ ပြောခဲ့တယ်။ သူတို့လည်း အိမ်ခွဲနေကြတယ်။ အမေနဲ့ သူတို့ကြားမှာ ဘာပြဿနာမှ မရှိခဲ့ဘူး။

“ခုဆို သားလည်း အိမ်ထောင်ပြုတော့မယ်။ သားတို့ ဘယ်မှာနေဖို့ စီစဉ်ထားကြသလဲ”

“သားတို့ ဒီမှာပဲနေဖို့ ဆုံးဖြတ်ထားကြတယ်အမေ။ အမေလည်း တစ်ယောက်တည်း၊ အသက်လည်း ကြီးပြီ ဆိုတော့လေ”

“အမေ့အတွက် စိတ်ပူပေးတာ ကျေးဇူးပါကွယ်။ ဒါပေမဲ့ အမေရှင်းရှင်းပဲပြောမယ်။ ချစ်တုန်း မုန်းစကားပြောတဲ့။ သားတို့ အိမ်ခွဲနေပါကွယ်။ သားမှာလည်း အလုပ်အကိုင်နဲ့၊ သားကောင်မလေးမှာလည်း အလုပ်နဲ့ အကိုင်နဲ့။ သားတို့မှာ တစ်အိုးတစ်အိမ်ထူထောင်နိုင်တဲ့ အခြေအနေတွေရှိပါတယ်”

“အို အမေတစ်ယောက်တည်း မထားခဲ့နိုင်ပါဘူး”

“အမေ့ကို တစ်ယောက်တည်း ထားလိုက်တာက ပိုကောင်းပါလိမ့်မယ်သား။ သားတို့ အဝေးကပဲ ချစ်ကြပေါ့။ သားတို့ အိမ်တွင်းရေးမှာ အမေဝင်မစွက်ဖက်ချင်ဘူး။ သားကြီးတုန်းကလည်း အမေက သူ့ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးခဲ့တယ်။ ခုသားအလှည့်ကျတော့လည်း အမေ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရလိမ့်မယ်”

“အမေ့ကို စိတ်မချပါဘူး”

“အမေ့ကို စိတ်ချတာ မချတာထက် သားဘဝကို စိတ်ချရအောင် သားဖန်တီးရတော့မယ်။ သားဘဝမှာ တစ်အိုး တစ်အိမ် ထူထောင်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သားခံစားရတော့မယ်။ သားက အိမ်ထောင်ဝန် ကိုလည်းထမ်းနေရသေးတယ် အမေအိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရသလိုကြီး မဖြစ်စေချင်ဘူး။ အမေ့ ပင်စင်၊ အမေ့ဝင်ငွေလေးနဲ့ အမေရပ်တည်နိုင်တယ်။ သားတို့ ထောက်ပံ့လည်း အမေက ပိုပြီးတော့ လှူနိုင်တာပေါ့။ သားတို့ နောင်မွေးလာမယ့် မြေးလေးတွေအတွက် စုစုဆောင်းဆောင်းနဲ့ ဘဝတစ်ခုကို ထူထောင်နိုင်အောင်ကြိုးစား။ အမေဒါပဲမှာချင်တယ်”

ကျွန်တော့်အမေသည် သူပြောသလိုလုပ်တတ်သည်ဖြစ်ရာ ကျွန်တော်လည်း အမေပြောသည့်အတိုင်း တစ်အိုး တစ်အိမ်နှင့် နေထိုင်နိုင်အောင် ကြိုးစားရသည်။

အမေသည် ချွေးမနှစ်ယောက်နှင့် ပြဿနာတစ်ခါမျှ မဖြစ်ပါ။ အမေ့အိမ်ကို ဝင်ထွက်ကာ ပျော်ရွှင်စွာပင် နေကြ သည်။ အမေက တစ်နေ့တွင် ကျွန်တော့်ကို ပြောဖူးသည်

“နီးတကျက်ကျက် … ဝေးတစ်သက်သက်တဲ့ကွယ့်”

အမေသည် ကျွန်တော့်သားကြီး မွေးပြီး ၂ နှစ်ခန့်အကြာတွင် ကွယ်လွန်သွားပါသည်။

ယခုအမေဆုံးပြီး ၂၆ နှစ်အကြာတွင် ကျွန်တော့်သားက ကျွန်တော့်ကိုပြောလာသည်။

“အဖေ သားအိမ်ထောင်ပြုတော့မလို့”

(Photo: iStock)

တင်ညွန့်

၂.၈.၂၀၂၅

ဆရာဦးတင်ညွန့်၏ ဆရာ တင် နှင့် Tin Nyunt account မှ ကူးယူဖော်ပြပါသည်။ account following လုပ်ထားလျှင် တင်သမျှစာများကို ဖတ်ရှုနိုင်ပါမည်။

စက်ချုပ်စာအုပ်လေးတွေ မှာလို့ရပါတယ်ရှင့်စုစုပေါင်း စာအုပ် ၆ အုပ် နဲ့ ,Pattern size ၆ခုပါ card (ကိုယ်ထည်+လက်) ရပါမယ်ရှင့်....
17/07/2025

စက်ချုပ်စာအုပ်လေးတွေ မှာလို့ရပါတယ်ရှင့်

စုစုပေါင်း စာအုပ် ၆ အုပ် နဲ့ ,Pattern size ၆ခုပါ card (ကိုယ်ထည်+လက်) ရပါမယ်ရှင့်.
🗨 အကုန်လုံး ယူမယ်ဆို ၁သိန်း ကျပ် ပါရှင့်
🗨💥 တစ်အုပ်ချင်းစီယူမယ်ဆိုလည်း ရပါတယ်ရှင့်
အခြေခံစာအုပ် No.2 လေးက ၁၈၅၀၀ ကျပ်
ကျန်စာအုပ်တွေကတော့ တစ်အုပ်ကို ၁၅၀၀၀ ကျပ်
ပါရှင့်

[၁] အခြေခံစာအုပ် No.2
[၂] ဗမာအကျီ ရင်ဖုံး. ရင်စေ့ ပုံဆန်း စာအုပ် No. 4
[၃] ဂါဝန်စာအုပ် No. 5
[၄] Ready made Blouse စာအုပ် No.6
[၅] ပိတ်နှင့်ဇာဖြတ်ဆက်ချုပ်နည်း စာအုပ် No.7
[၆] ကုတ်. စတိုင်လ်ပန် ...စာအုပ် No. 8
[7]Pattern card (size 6)ခုပါ [ကိုယ်ထည်+လက်]

အမည်
လိပ်စာအပြည့်အစုံ [အိမ်နံပါတ်. လမ်း. ရပ်ကွက်. မြို့နယ်]
ဖုန်းလေး ပို့ပေးပါရှင့်
Royal express Delivery ရှိတဲ့မြို့တွေဆို အိမ်အရောက်ငွေချေရပါတယ်ရှင့်

#အခြေခံစက်ချုပ်စာအုပ်
#လက်မနည်း
#စက်ချုပ်ဝါသနာပါသူများ
#အိမ်မှာနေရင်းစက်ချုပ်သင်မယ်

ที่อยู่

Bangkok

เบอร์โทรศัพท์

+959965770232

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nway Nge Publishingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Nway Nge Publishing:

แชร์