Sport world Insight Any matches is unforeseen but predictable

👉 Viber - +66 949126303
👉Telegram Link - t.me/Win666YGM

ကမ္ဘာတဝှမ်းက အားကစားပွဲကြီးပွဲကောင်းတွေကို
အတွင်းကျကျမွှေနှောက်မယ်
ခန့်မှန်းရခက်တဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို
သုံးသပ်မယ် Myanmar Live Team နဲ့အတူခန့်မှန်းကြမယ်

လှပလွန်းတဲ့ ပန်းချီကားတစ်ချပ်ကို မြင်နေရသလိုပါပဲ…=====================ပြီးခဲ့တဲ့ညက စီးရီးအေပွဲစဉ်မှာ အေစီမီလန်နဲ့ နာပိုလ...
29/09/2025

လှပလွန်းတဲ့ ပန်းချီကားတစ်ချပ်ကို မြင်နေရသလိုပါပဲ…
=====================
ပြီးခဲ့တဲ့ညက စီးရီးအေပွဲစဉ်မှာ အေစီမီလန်နဲ့ နာပိုလီတို့ ထိပ်တိုက်ဆုံခဲ့ပြီး အေစီက ၂-၁ နဲ့ အနိုင်ရကာ အမှတ်တူအနေအထားနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရသွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ မီလန်ဘက်က ပူလီဆစ်က အထူးခြေစွမ်းပြခဲ့ပြီး ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးသွားခဲ့ပါတယ်။ နာပိုလီအတွက် တစ်လုံးတည်းသောချေပဂိုးကတော့ ပင်နယ်တီကနေတစ်ဆင့် ဒီဘရိုင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း မိုဒရစ်ရဲ့ ဘောလုံးဆွဲပြေးမှုကို ဒီဘရိုင်းက ဟန့်တားနေခဲ့တဲ့ မြင်ကွင်းဟာ သိပ်လှတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ ဒီဘရိုင်းဟာ မန်စီးတီးအသင်းဟာ ဆယ်စုနှစ်တစ်ခုကြာဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်ဖြစ်ခဲ့သူ။ မိုဒရစ်ဆိုရင်လည်း ထွေထွေထူးထူး ညွှန်းဆိုစရာမလိုလောက်အောင် ရီးရဲလ်ရဲ့ ကွင်းလယ်မှော်ဆရာဖြစ်ခဲ့သူဆိုတော့ နေဝင်ချိန်လေးမှာ စီးရီးအေရပ်ဝန်းဆီ နားခိုရင်း အခုလို ဆုံတွေ့ခဲ့ရတာကိုက သိပ်လှလွန်းတယ်လို့ပဲ ဆိုလိုက်ချင်ပါရဲ့။

ကစားရခက်ပါတယ်ဆိုတဲ့ စိန့်ဂျိမ်းပတ်ခ်မှာ အနိုင်ယူပြခဲ့တဲ့ အာဆင်နယ် ============================စနေညမှာ လီဗာပူးလ်ရှုံးပွဲက...
29/09/2025

ကစားရခက်ပါတယ်ဆိုတဲ့ စိန့်ဂျိမ်းပတ်ခ်မှာ အနိုင်ယူပြခဲ့တဲ့ အာဆင်နယ်
============================
စနေညမှာ လီဗာပူးလ်ရှုံးပွဲကြုံထားလို့ နိုင်ပွဲရဖို့လိုအပ်နေတဲ့ အာဆင်နယ်ဟာ စိန့်ဂျိမ်းပတ်ခ်မှာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ သူတို့ဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း စိန့်ဂျိမ်းပတ်ခ်မှာ မနိုင်တော့ဘဲ အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတာပါ။ နယူးကာဆယ်ရဲ့ ဘရာဇီးလ်လူမိုက်တွေဖြစ်တဲ့ ဂျိုလင်တန်နဲ့ ဘရူနို ဂွီမာရက်စ်တို့ဟာ အာဆင်နယ်ကစားသမားတွေကို ဒိုင်အားကိုးနဲ့ ခပ်ကြမ်းကြမ်း ကစားနေခဲ့ပြီး အာဆင်နယ်တို့ ရသင့်တဲ့ ပင်နယ်တီကိုလည်း VAR နဲ့ အထပ်ထပ်ကြည့်ပြီးမှ ပယ်ချလိုက်ပါတယ်။ အဲဒီလိုအနေအထားတွေမှာပဲ နယူးကာဆယ်က ဦးဆောင်ဂိုးရသွားလေတော့ အာဆင်နယ်တို့ ရေတိမ်နစ်ပြီလို့ကို ထင်ခဲ့ရတာပါ။

ဒါပေမဲ့ အာတီတာရဲ့ လူစားလဲမှုတွေ အလုပ်ဖြစ်ခဲ့ပြီး နိုင်ပွဲကို ဖော်ဆောင်သွားခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးကို ၈၄ မိနစ်အရောက်မှာတော့ ဒီကလန်ရိုက်စ်ရဲ့ ဖြတ်တင်ဘောကို မီရီနိုက ခေါင်းတိုက်ပြီး ရယူပေးခဲ့ပါတယ်။ တစ်ဂိုးစီသရေဖြစ်သွားချိန်မှာ အာဆင်နယ်တို့ မထူးဇာတ်ခင်းကာ အနိုင်ဂိုးအတွက် ဖိအားပေးခဲ့တာ မှန်သွားခဲ့ပြီး ၉၀+၆ မိနစ်မှာ ရရှိလာတဲ့ ထောင့်ကန်ဘောကနေ ဂါဘရီရယ်က ခေါင်းတိုက်ကာ ဒိုင်ကူနေတဲ့ ကာဆယ်ကို အနိုင်ယူလိုက်ပါတယ်။ ဒီပွဲအနိုင်ကြောင့် အာဆင်နယ်ဟာ လီဗာပူးလ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။

ဝိန်းရွန်နီရဲ့ မန်ယူကစားသမားဘ၀ ပွဲဦးထွက်ဟာ ၂၁ နှစ်ပြည့်ခဲ့ပြီ==================================၂၀၀၄ ခုနှစ်ရဲ့ အခုလိုနေ့မ...
28/09/2025

ဝိန်းရွန်နီရဲ့ မန်ယူကစားသမားဘ၀ ပွဲဦးထွက်ဟာ ၂၁ နှစ်ပြည့်ခဲ့ပြီ
==================================
၂၀၀၄ ခုနှစ်ရဲ့ အခုလိုနေ့မျိုးမှာတော့ အသက် ၁၈ နှစ်အရွယ် ဝိန်းရွန်နီဟာ မန်ယူကစားသမားဘ၀ ပထမဆုံးပွဲကို ကစားခွင့်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် တူရကီကလပ် ဖီနာဘာချီနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ မန်ယူက ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ရွန်နီက တစ်ဦးတည်း ၃ ဂိုး (ဟက်ထရစ်) သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ရွန်နီ ဟာ သူ့ရဲ့ပွဲဦးထွက်မှာတင် ဟက်ထရစ် သွင်းယူနိုင်ခဲ့လို့ အိုးထရက်ဖို့ဒ်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်သွားခဲ့ပြီး တခဲနက် ကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ အဲဒီပွဲဟာ ဒီနေ့မှာတော့ ၂၁ နှစ်ပြည့်သွားခဲ့ပါပြီ။

အဲဒီနောက်မှာတော့ မန်ယူအသင်းအတွက် နှစ်ပေါင်းများစွာ ကစားပေးခဲ့ကာ အသင်းသမိုင်းမှာ အထူးခြားဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ထာ၀ရ သွင်းဂိုးအများဆုံး ကစားသမား (၂၅၃ ဂိုး) အဖြစ် စံချိန်တင်ခဲ့သူပါ။ အိုးထရက်ဖို့ဒ်မှာရှိခဲ့တဲ့ ၁၃ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား (၁) ကြိမ် အပါအဝင်တခြား ဆုဖလားများစွာလည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

စူပါဆန်းဒေးမှာ ရွေးချယ်ရမှာက အိမ်ရှင်လား၊ ဧည့်သည်လား။ ===========================နယူးကာဆယ် - အာဆင်နယ် (ပွဲကြိုသုံးသပ်ချက...
28/09/2025

စူပါဆန်းဒေးမှာ ရွေးချယ်ရမှာက အိမ်ရှင်လား၊ ဧည့်သည်လား။
===========================
နယူးကာဆယ် - အာဆင်နယ် (ပွဲကြိုသုံးသပ်ချက်)

အိမ်ရှင် နယူးကာဆယ်အသင်းကတော့ အိုင်ဆက်ခ်ကို ဆုံးရှုံးထားရတဲ့တိုက်စစ်ပိုင်းကို အားဖြည့်ထားပေမဲ့ အခုချိန်ထိတော့ မနှစ်ကလောက် ကောင်းမွန်တဲ့ပုံစံတစ်ခုမှာ ရှိမနေသေးပါဘူး။ နောက်ဆုံးကစားထားတဲ့ ၅ ပွဲကို ကြည့်မယ်ဆိုရင် ကရာဘောင်ဖလားမှာ ဘရက်ဖိုဒ့်ဆိုတဲ့အသင်းငယ်လေးကို ၄ ဂိုးသွင်းနိုင်ခဲ့တာကလွဲရင် ကျန်လေးပွဲမှာ ၁ ဂိုးပဲသွင်းနိုင်တာ ၂ ပွဲနဲ့ ကျန် ၂ ပွဲက သွင်းဂိုးမရခဲ့ပါဘူး။ ဆိုလိုတာက တန်းတူယှဉ်ဆော့တဲ့အသင်းတွေနဲ့ဆိုရင် တိုက်စစ်ပိုင်းက ရုန်းကန်နေရတာမြင်တွေ့ရပါတယ်။ ပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်မှာ ၁ ပွဲသာရှုံးထားတယ်ဆိုပေမဲ့ နိုင်ပွဲကလည်း ၁ ပွဲသာရှိတာကို သတိပြုရမှာပါ။

အာဆင်နယ်ကလည်း သိပ်ပြီး ကောင်းမွန်လွန်းနေတဲ့အနေအထားတော့ မဟုတ်ပြန်ပါဘူး။ ဒီရာသီမှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တာကလွဲရင် ကျန်တဲ့ပွဲတွေမှာ သူတို့ရဲ့ ကစားပုံက အားရစရာရှိပါတယ်။ အထူးသဖြင့် မန်စီးတီးလိုအသင်းမျိုးကို ဘောလုံးပိုင်ဆိုင်မှု ၇၀ လောက်ထိယူပြီး ကစားတာဟာ အားစရာစရာပါ။ ဒါပေမဲ့ နယူးကာဆယ်လို ခပ်ကြမ်းကြမ်း တုံ့ပြန်တဲ့အသင်းနဲ့တွေ့ရင် အာဆင်နယ်ဟာ ဘာမှမလုပ်တတ်တဲ့အသင်းတစ်သင်းဖြစ်သွားလေ့ရှိတာကိုလည်း မြင်ထားရပါတယ်။
ပြီးခဲ့တဲ့ရာသီက ကာဆယ်နဲ့ အာဆင်နယ်တို့ လေးကြိမ်ဆုံခဲ့ပြီး အာဆင်နယ်က တစ်ကြိမ်ပဲ အနိုင်ရပြီး ၃ ကြိမ်ရှုံးထားပါတယ်။ စိန့်ဂျိမ်းပတ်ခ်မှာ ကစားတဲ့ ၂ ပွဲလုံးမှာ သွင်းဂိုးတောင် ပြန်မရဘဲ ရှုံးခဲ့တာပါ။ နယူးကာဆယ်ဟာ အာဆင်နယ်ကို ဘယ်လောက်အထိ အနိုင်ယူချင်သလဲဆိုရင် စင်ကာပူမှာကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအဆင့်မှာတောင် ခပ်ကြမ်းကြမ်းပဲ ဗျင်းသွားတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း အာဆင်နယ်အတွက် ဘယ်လိုမှ လွယ်ကူမှာ မဟုတ်ပါဘူး။ အိမ်ရှင် နယူးကာဆယ်ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။

ရွေးချယ်မှု - နယူးကာဆယ်

အသင်းကြီးတွေအားလုံး ငါးပါးမှောက်ခဲ့ရတဲ့ စနေည=========================ပြီးခဲ့တဲ့စနေညကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးကလွဲ...
28/09/2025

အသင်းကြီးတွေအားလုံး ငါးပါးမှောက်ခဲ့ရတဲ့ စနေည
=========================
ပြီးခဲ့တဲ့စနေညကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးကလွဲပြီး တခြားအသင်းကြီးတွေအားလုံး ဒုက္ခရောက်ခဲ့ကြတယ်လို့ ဆိုရမှာပါ။ အစောဆုံးပွဲမှာကတည်းက မန်ယူတို့ဟာ ဘရန့်ဖိုဒ့်ကို ထုံးစံအတိုင်းပဲ အရှုံးပေးသွားခဲ့ပါတယ်။ ၈ ခွဲပွဲတွေမှာလည်း လီဗာပူးလ်က ပဲလေ့စ်ကို နောက်ကလိုက်ကစားခဲ့ရပြီး သူတို့ရဲ့ ပုံစံအတိုင်း နောက်ကျဂိုးနဲ့ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အာဆင်နယ်ကစားသမားဟောင်း နကီးတီးယားရဲ့ အသည်းခွဲဂိုးမှာ ခါးကော့လို့ ပေးထားပါတယ် ဖြစ်သွားရပါတယ်။

ချဲလ်ဆီးကတော့ အဆိုးဆုံးပါပဲ။ ၇၅ မိနစ်ထိ အနိုင်နေရနေပြီးမှ လက်ကျန် ၁၅ မိနစ်ဝန်းကျင်မှာ ၃ ဂိုးအထိ ခွင့်ပြုခဲ့ရတာပါ။ အဓိက ကတော့ ချာလိုဘာ အနီထိသွားခဲ့တာကိုပဲ အပြစ်ဖို့ ရမှာပါ။ မန်စီးတီးကတော့ ဘန်လေကို ပထမပိုင်းမှာ သရေကျနေပြီးမှ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ ၅-၁ နဲ့ အမိုက်ကြမ်းလိုက်ပါတယ်။ ညနက်ပွဲမှာလည်း စပါးက ၀ုဖ်ကို အိမ်ကွင်းမှာတောင် နောက်ဆုံးမိနစ်ဂိုးနဲ့ အသည်းအသန် သရေကစားခဲ့ရပါတယ်။ စနေညကတော့ အသင်းကြီးတွေ ကွဲတဲ့ညဖြစ်ခဲ့ပြီး တနင်္ဂနွေညမှာ အသင်းကြီးတွေ အောင်ပွဲခံနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

28/09/2025

စနေညမှာ မန်ယူ၊ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ကို ယုံစားမိပြီးနောက် မိမိအခြေအနေ 🥲

ဟာလန်းနဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကို ရိုက်ချိုးလိုက်တဲ့ ဟယ်ရီကိန်း=========================အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီက...
27/09/2025

ဟာလန်းနဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကို ရိုက်ချိုးလိုက်တဲ့ ဟယ်ရီကိန်း
=========================
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ဝါဒါ ဘရီမင် အသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဥရောပထိပ်သီးလိဂ် ငါးခုထဲက ကလပ်အသင်းတစ်သင်းအတွက် ဂိုး ၁၀၀ ပြည့်ဖို့အတွက် ဒီရာစုနှစ်အတွင်း ပွဲအနည်းဆုံး ကစားခဲ့ရတဲ့ ကစားသမားအဖြစ် စံချိန်သစ် တင်သွားခဲ့ပါတယ်။ ကိန်းဟာ အဆိုပါ နှစ်ဂိုးသွင်းယူမှုနဲ့အတူ ပွဲပေါင်း ၁၀၄ ပွဲသာ ကစားခဲ့ရပြီး ဂိုး ၁၀၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ယခင်စံချိန်ဟောင်းကတော့ ၁၀၅ ပွဲဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အာလင်း ဟာလန်း တို့က ပိုင်ဆိုင်ထားတဲ့ စံချိန်ကို ကိန်းက တစ်ပွဲလျော့ပြီး ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရာသီအစမှာ ရှုံးပွဲမရှိတဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ကိန်းဟာ ဒီနှစ်အတွင်း ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ စံချိန်များစွာကိုလည်း တင်ထားသူဖြစ်ပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါမှာ ၇၀ ဂိုးပြည့်ဖို့အတွက် အလျင်မြန်ဆုံး (၆၇ ပွဲ) ကစားခဲ့ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။အရင်တုန်းကလည်း ကလည်း ပွဲ ၅၀ အတွင်း ဂိုးအများဆုံး (၅၄ ဂိုး) စံချိန်နဲ့ ဂိုး ၅၀ ပြည့်ဖို့အတွက် ပွဲအနည်းဆုံး (၄၃ ပွဲ) လိုအပ်တဲ့ စံချိန်တွေကိုလည်း တင်ထားခဲ့ပါတယ်။ သောကြာနေ့က သွင်းခဲ့တဲ့ ပင်နယ်တီဟာ ကိန်းကို ဘွန်ဒက်စ်လီဂါသမိုင်းမှာ ပထမဆုံး ပင်နယ်တီ ၁၈ လုံးဆက်တိုက်ကို အောင်မြင်စွာ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်ပါ စံချိန်တင်စေခဲ့ပါတယ်။

ပေါင်ခြံဒဏ်ရာကြောင့် ၃ ပတ် အနားယူရမယ့် ကိုးလ် ပါမား ====================ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကြယ်ပွင့်  ကိုးလ် ပါမား...
27/09/2025

ပေါင်ခြံဒဏ်ရာကြောင့် ၃ ပတ် အနားယူရမယ့် ကိုးလ် ပါမား
====================
ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကြယ်ပွင့် ကိုးလ် ပါမားဟာ ယခင်ကတည်းက ရရှိထားတဲ့ ပေါင်ခြံဒဏ်ရာကြောင့် သုံးပတ်အထိ အနားယူရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် မန်ယူနဲ့ ရှုံးပွဲမှာပါမား ဟာ ဒဏ်ရာပြန်ဖြစ်ပြီး ပွဲပထမပိုင်းမှာပဲ လူစားလဲခဲ့ရတာပါ။ အဆိုပါဒဏ်ရာဟာ ချဲလ်ဆီးအသင်းက ဇူလိုင်လမှာ ကလပ်ကမ္ဘာ့ဖလား ရရှိပြီးနောက်ပိုင်း၊ ပြင်ဆင်ချိန်တိုတဲ့ ရာသီအကြိုလေ့ကျင့်ရေးကာလမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အန်ဇို မာရက်စ်ကာက “ဟုတ်ပါတယ်၊ ဒဏ်ရာ ပိုမဆိုးသွားအောင် နည်းနည်းလေး ကာကွယ်ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။ အနားယူခြင်းအားဖြင့် နိုင်ငံတကာပွဲနားရက်အပြီးမှာ ဒဏ်ရာ ၁၀၀% ပြန်သက်သာပြီး ကစားနိုင်မလားဆိုတာ ကြည့်ဖို့အတွက် နှစ်ပတ်ကနေ သုံးပတ်အထိ အနားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ခွဲစိတ်ဖို့တော့ မလိုဘူးလို့ ထင်ပါတယ်။ ပေါင်ခြံက နာကျင်မှုကို ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။

ပါမားဟာ ဒီရာသီ ချဲလ်ဆီးရဲ့ ခုနစ်ပွဲမှာ သုံးပွဲပဲ ပွဲထွက်ကစားခဲ့ရပြီး၊ ဒီလအစောပိုင်းက အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း လွဲချော်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်အောက်တိုဘာလ နိုင်ငံတကာပွဲနားရက်မတိုင်မီ ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ဘရိုက်တန် နဲ့ လီဗာပူးလ်တို့အပြင်၊ ချန်ပီယံလိဂ်မှာ ဂျိုဆေး မော်ရင်ဟိုရဲ့ ဘင်ဖီကာတို့နဲ့ပါ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နည်းပြ မာရက်စ်ကာဟာ နောက်ခံလူ တိုစင် အဒါရာဘီယိုယိုကိုလည်း ခြေသလုံးဒဏ်ရာကြောင့် နိုင်ငံတကာပွဲနားရက်အထိ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ နောက်ခံလူ ဝက်စလေ ဖိုဖာနာကတော့ ဦးနှောက်ထိခိုက်မှုကြောင့် ဒီညဘရိုက်တန်နဲ့ပွဲကို လွဲချော်ဦးမယ်လို့ သိရပါတယ်။ ချဲလ်ဆီးအတွက်တော့ ခက်ခဲတဲ့ ကာလတွေပါပဲ။ မာရက်စ်ကာအနေနဲ့ ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

စပိန်ဂန္ထဝင် ဘူးစကွက်စ် ဘောလုံးလောကက အနားယူတော့မယ်==============================စပိန်နဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း...
26/09/2025

စပိန်ဂန္ထဝင် ဘူးစကွက်စ် ဘောလုံးလောကက အနားယူတော့မယ်
==============================
စပိန်နဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း၊ ကွင်းလယ်မှာ 'ဆရာ' လို့ တင်စားရမယ့် ဆာဂျီယို ဘူးစကွက်စ် နဲ့ ပတ်သက်တဲ့ သတင်းပါ။ သူက အခုလက်ရှိ ကန်နေတဲ့ မေဂျာလိဂ် ရာသီကုန်ဆုံးတဲ့ ဒီဇင်ဘာလကျရင် ကစားသမားဘဝကနေ အပြီးသတ် အနားယူတော့မယ်လို့ တရားဝင် ကြေညာလိုက်ပါပြီ။ အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ အင်တာ မိုင်ယာမီ ကစားသမား ဘူးစကွက်စ်ဟာ သူ့ရဲ့ ကစားသမားဘဝ နှစ် ၂၀ နီးပါးလုံးမှာ ဆုဖလားတွေ အများကြီး ရယူခဲ့ပါတယ်။ အထူးသဖြင့် ဘာစီလိုနာမှာဆိုရင် လာလီဂါဖလား ၉ လုံး၊ ချန်ပီယံလိဂ်ဖလား ၃ လုံး အပါအဝင် စုစုပေါင်း ဆုဖလားကြီး ၃၂ လုံးအထိ ရခဲ့တာပါ။

စပိန်လက်ရွေးစင်အသင်းနဲ့ဆိုရင်လည်း ပွဲပေါင်း ၁၄၃ ပွဲ ကစားခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုဖလား ရတုန်းက အဓိက ကစားသမားကြီးပေါ့။ စပိန်အတွက် ပွဲအများဆုံး ကစားခဲ့တဲ့ ကစားသမား စာရင်းမှာ တတိယနေရာကနေ ၂၀၂၂ ဒီဇင်ဘာမှာ လက်ရွေးစင်အသင်းက အနားယူသွားခဲ့တာပါ။
ဘူးစကွက်စ်ဟာ ၂၀၀၅ မှာ ဘာစီလိုနာ လူငယ်အသင်းဆီရောက်ရှိခဲ့ပြီး ၂၀၀၈ မှာ နည်းပြ ပက် ဂွါဒီယိုလာ လက်ထက်မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခဲ့တာပါ။ စုစုပေါင်း ၇၂၂ ပွဲ ကစားခဲ့တဲ့အတွက် ကလပ်သမိုင်းမှာ ပွဲအများဆုံး ကစားခဲ့တဲ့ တတိယမြောက် ကစားသမားကြီးအဖြစ် ရပ်တည်နေပါတယ်။ အခု ၂၀၂၃ မှာတော့ အင်တာ မိုင်ယာမီကို ပြောင်းလာခဲ့ပြီး သူ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ဂျော်ဒီ အယ်လ်ဘာ နဲ့ လူဝစ် ဆွာရက်ဇ်တို့နဲ့ ပြန်လည်ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အသက်ကြီးမှ လိဂ်ပြောင်းခဲ့ပေမဲ့ ဂေါ်လွန်းတဲ့ လီဝန်ဒေါစကီး ===========================ဒီဘက်ခေတ်မှာ တိုက်စစ်မှူးတစ်ယောက်ဟာ ...
26/09/2025

အသက်ကြီးမှ လိဂ်ပြောင်းခဲ့ပေမဲ့ ဂေါ်လွန်းတဲ့ လီဝန်ဒေါစကီး
===========================
ဒီဘက်ခေတ်မှာ တိုက်စစ်မှူးတစ်ယောက်ဟာ အသင်းပြောင်းတာတို့ လိဂ်ပြောင်းကစားတာတို့ဖြစ်ပြီးရင် အသားကျဖို့ ရုန်းကန်ရတယ်တို့ ဆင်ခြေတွေပေးလေ့ရှိပြီး ခြေစွမ်းမပြနိုင်တာ တွေ့ရပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်မှာလည်း အဲဒီလိုကစားသမားတွေ ရှိပါတယ်။ လီဝန်ဒေါစကီးကို ကြည့်ပါ။ ထိပ်တန်းအဆင့် တိုက်စစ်မှူးဆိုတာ ဒီလိုမျိုးပါဆိုတာကို သက်သေပြခဲ့ပါတယ်။ အသက် ၃၄ နှစ်ရောက်မှ ဘိုင်ယန်ကို စွန့်ခဲ့တယ်။ ကွင်းလယ်နဲ့ တောင်ပံမှာ ဆရာကြီးတွေချည်းပဲ။ သူတို့ဖန်တီးပေးသမျှကို အဆုံးသတ်ပေးနေရင် ရပြီ။
ဒါပေမဲ့ မက်ဆီထွက်သွားပြီးနောက်ပိုင်း ရုန်းကန်နေရတဲ့ ဘာစီလိုနာကို ရွေးခဲ့တယ်။ အောင်မြင်အောင် လုပ်ပြနိုင်ခဲ့တယ်။ ၃ ရာသီကစားခဲ့သမျှမှာ ပထမဆုံးရာသီက ၃၃ ဂိုး၊ ဒုတိယရာသီ ၂၆ ဂိုးနဲ့ တတိယရာသီ ၄၂ ဂိုးအထိ သွင်းပေးခဲ့တယ်။ အခုလည်း မနေ့ကညကပွဲမှာ အနိုင်ဂိုးသွင်းပေးလိုက်ပြန်ပါတယ်။ Prime Time ကျော်ပြီးမှ အသင်းပြောင်းတာတောင် ဆရာကြီးဆိုတာ ဒီလိုပဲလို့ သက်သေပြခဲ့တာ လီဝန်ဒေါစကီးပါပဲ။

ဦးခေါင်းထိခိုက်တဲ့ဒဏ်ရာကြောင့် ကွယ်လွန်သွားတဲ့ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားလေး ======================================ချက်...
26/09/2025

ဦးခေါင်းထိခိုက်တဲ့ဒဏ်ရာကြောင့် ကွယ်လွန်သွားတဲ့ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားလေး
======================================
ချက်စတာ စီးတီးအသင်းအတွက် ကစားပေးနေတဲ့ အာဆင်နယ်အကယ်ဒမီ ကစားသမားဟောင်း ဘီလီ ဗီဂါ ဟာ ကွင်းဘေးက ကွန်ကရစ်နံရံနဲ့ တိုက်မိပြီး ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာရရှိခဲ့တာကြောင့် အသက် ၂၁ နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဒဏ်ရာရရှိခဲ့ပြီးနောက် သတိမေ့မြောအောင် ကုသမှုတွေခံယူခဲ့ရသလို ခွဲစိတ်မှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝမ်းနည်းဖွယ် ကွယ်လွန်ခဲ့ပါတယ်။ချက်စတာ စီးတီးအသင်းကနေ သူ့ရဲ့ကွယ်လွန်မှုကို အတည်ပြုပြီးနောက် ဘောလုံးလောကတစ်ခုလုံးက ဝမ်းနည်းစကားတွေ ပြောကြားခဲ့ကြပါတယ်။ ဗီဂါရဲ့ ကွယ်လွန်မှုဟာ ရှောင်လွှဲနိုင်တဲ့ အဖြစ်ဆိုးတစ်ခုဖြစ်တယ်လို့ ပရိသတ်တွေကယူဆကြပြီး “ဗီဂါ ဥပဒေ” (Vigar’s Law) အမည်နဲ့ ဘောလုံးကွင်းဘေးက အုတ်နံရံတွေ၊ မာကျောတဲ့ အဆောက်အအုံတွေကို ဖယ်ရှားပေးဖို့အတွက် Change.org မှာ အသနားခံစာတစ်စောင် စတင်လိုက်ပါတယ်။ ဒီအသနားခံစာမှာ နာရီပိုင်းအတွင်း လက်မှတ်ပေါင်း ၁,၀၀၀ ကျော်ရရှိခဲ့ပါတယ်။

ဗီဂါရဲ့ အသင်းဟောင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ဒါဘီကောင်တီ၊ ချစ်စတား စီးတီး၊ အီစ်ဘွန်း ဘိုရော့ချ် နဲ့ ဟက်စတင်း ယူနိုက်တက်တို့က ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ကြပြီး ချက်စတာစီးတီးအသင်းရဲ့ ကွင်းအပြင်ဘက်မှာလည်း ပရိသတ်တွေက ဝမ်းနည်းခြင်းအဖြစ် ပန်းစည်းတွေ ချထားခဲ့ကြတာ မြင်တွေ့ရပါတယ်။

မက်ဆီအတွက် ၂ ဂိုးသွင်းရတာ သိပ်လွယ်နေတာလား =========================လီယွန်နယ် မက်ဆီကတော့ ဒီနေ့မနက်ပိုင်းမှာကစားခဲ့တဲ့ နယူ...
25/09/2025

မက်ဆီအတွက် ၂ ဂိုးသွင်းရတာ သိပ်လွယ်နေတာလား
=========================
လီယွန်နယ် မက်ဆီကတော့ ဒီနေ့မနက်ပိုင်းမှာကစားခဲ့တဲ့ နယူးယောက်စီးတီးနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်း ၁ ဂိုးဖန်တီးပြီး အသင်းအတွက် ၄ ဂိုးပြတ်နိုင်ပွဲကို ဖန်ဆင်းပေးခဲ့ပါတယ်။ မက်ဆီရဲ့ ဒီစွမ်းဆောင်ရည်ဟာ ၂၀၂၅ ခုနှစ်အတွက် ဂိုး ၃၇ ဂိုး (သွင်းဂိုး ၂၄ ဂိုး၊ ဖန်တီးမှု ၁၃ ကြိမ်) အထိ ရရှိစေခဲ့ပြီး မေဂျာလိဂ်သမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု ၃၅ ဂိုးကျော်ကို ရာသီနှစ်ခုဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ ပင်နယ်တီတစ်ကြိမ်လည်း ရရှိခဲ့ပြီး မက်ဆီကတော့ ဆွာရက်ဇ်ကိုပဲ ပေးကန်ခဲ့ပါတယ်။ မက်ဆီသာ ကန်မယ်ဆိုရင် ဒီပွဲဟာ သူ့အတွက် ဟက်ထရစ်ရနိုင်မှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကပဲ ကစားခဲ့တဲ့ ဒီစီယူနိုက်တက်နဲ့ပွဲမှာလည်း ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ၄ ရက်အတွင်းကစားတဲ့ ၂ ပွဲဆက်မှာ ၂ ဂိုးသွင်း ၁ ဂိုးဖန်တီးဆိုတဲ့ မှတ်တမ်းကို ရခဲ့တာဖြစ်ပါတယ်။ သွင်းသွားတဲ့ ၂ ဂိုးလုံးကလည်း ပေါချောင်ကောင်း တစ်လုံးမှ မပါ ပါဘူး။ မက်ဆီအတွက် မေဂျာလိဂ်မှာ ၂ ဂိုးသွင်းရတာ သိပ်လွယ်နေသလားလို့သာ မေးချင်ပါတော့တယ်။

ที่อยู่

22/41​ Lumpinitown Residence, Ladprao 21, Chomphon, Chatuchak
Bangkok
10900

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sport world Insightผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sport world Insight:

แชร์