Zin Gyi Entertainment

Zin Gyi Entertainment တင်သမျှ အားပေးသောတစ်‌ယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ် 🙏

တချို့လူတွေက မင်းကို လိုအပ်လို မဟုတ်ဘူး သူတို့ အသုံးချလို့ ရမှန်း သိနေတော့ မင်းကို လိုအပ်ပြနေတာပါ။မယုံဘူးဆိုရင် ဈေးမပေါဘ...
14/10/2025

တချို့လူတွေက မင်းကို လိုအပ်လို မဟုတ်ဘူး
သူတို့ အသုံးချလို့ ရမှန်း သိနေတော့
မင်းကို လိုအပ်ပြနေတာပါ။

မယုံဘူးဆိုရင် ဈေးမပေါဘဲ နေကြည့် မင်းကို သူတို့ အာရုံထဲမှာ ရှိမနေဘူးဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။

အဲ့ဒါကြောင့် ဘယ်သူ့ဆီကမှ မျှော်လင့်ချက်မထားပါနဲ့။

မင်းလောက် ဘယ်သူမှ အရေးမပါဘူး မင်းကသာ သူတို့ကို စိတ်ထဲထားနေတာပါ။

မင်းအခက်အခဲနဲ့ ကြုံတဲ့အခါ အဆင်မပြေတဲ့အခါ
မင်းအနားမှာ ဘယ်သူက ရှိနေလို့တုန်း အဲ့လောက်ဆို သဘောပေါက်ပါ။

ဆန်ပေးလို့ ဆီရနေတာ မေတ္တာတရားကို လိုချင်မနေနဲ့

အပေါ်ယံတွေမှန်းသိရင် တိတ်ဆိတ်နေလိုက်

တစ်ယောက်တည်းဖြစ်နေလို့
အားငယ်မနေနဲ့ ဝမ်းလည်း မဝမ်းနည်းနဲ့။

မွေးလာတုန်းကလည်း တစ်ယောက်တည်း
သေသွားတော့လည်းပဲ တစ်ယောက်တည်းပါဘဲ

မင်းမရှိတော့ရင် ၇ရက်သပတ္တလောက် ပူဆွေးပြပြီးတော့ အချိန်တန်တော့လည်း အရာအားလုံးဟာ ပုံမှန်ပါဘဲ

တစ်ယောက်တည်းနေရတာ အထီးကျန်ဆန်ပေမဲ့
အပူပင်ကင်းတယ်။

ဘယ်သူ့အတွက်နဲ့မှ စိတ်သောကမရောက်ဘူး
နေတတ်အောင် နေကြည့်ပါ။

မင်းသာ တစ်ယောက်တည်း အဖော်ပြုပြီးတော့
မင်းကိုမင်း ဖေးမကြည့်ပါ တွန်းအားပေးကြည့်ပါ။

စိတ်ချမ်းသာစရာ ပျော်ရွှင်မှုရယ် လိုချင်တဲ့ အမြှင့်တက်ဖို့
အမြန်နီးစပ်ပါတယ်။

ဘယ်သူ့အတွက်မှ မရှင်သန်ဘဲ မင်းအတွက်မင်း ရှင်သန်နေလို့ပါဘဲ........

#တန်ဖိုး #ဘဝ #စိတ်
#စာပေကြိုက်သူများ
#စာပေခွန်အားဖြစ်စေသောစာများ
#လူငယ်များအတွက်ဗဟုသုတစာပေများ
#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

.  🐜   ️ ပုရွက်ဆိတ်နဲ့မြွေဥပမာ 🐍တစ်ခါကမြွေကြီးတကောင်ဟာ တောလမ်းလေးအတိုင်း ဖြတ်လာတယ်။ အဲ့ဒီအချိန်မှာ သစ်ပင်ပေါ်က ပုရွက်ဆိတ...
12/10/2025

. 🐜 ️ ပုရွက်ဆိတ်နဲ့မြွေဥပမာ 🐍

တစ်ခါကမြွေကြီးတကောင်ဟာ
တောလမ်းလေးအတိုင်း
ဖြတ်လာတယ်။

အဲ့ဒီအချိန်မှာ သစ်ပင်ပေါ်က ပုရွက်ဆိတ်တကောင်ဟာ
သူ့ခေါင်းပေါ် ပြုတ်ကျလာတယ်။

ဒါနဲ့ မြွေဟာ အလွန်ပဲဒေါသ ထွက်ပြီး ပုရွက်ဆိတ်ကို နည်းမျိုးစုံနဲ့ ခါချတယ်။ သူ ဘယ်လိုကြိုးစား ကြိုးစား ပုရွက်ဆိတ်က ကျမလာဘူး။

အဲ့ဒီအချိန်မှာ လှည်းလေးတစီးဟာ တောလမ်းလေးအတိုင်း
မောင်းလာတာကို မြွေကြီးက တွေ့ပြီး
ပုရွတ်ဆိတ်ကို လှည်းဘီးနဲ့
ကြိတ်သတ်ဖို့ အကြံရသွားတယ်။
ဒါနဲ့ပဲ သူ့ခေါင်းကို လှည်းလမ်းလေးပေါ်တင်ပြီး လှည်းအလာကို
စောင့်နေတယ်။

နောက်ဆုံးမှာ လှည်းဟာ မြွေကြီးရဲ့ခေါင်းကို ကြိတ်ပြီး
မြွေကြီးခေါင်းပြားသွား သတဲ့။ ပုရွက်ဆိတ်ကတော့
တောထဲပြေးဝင် ပျောက်ကွယ်
သွားပါတော့တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို သင်ခန်းစာတွေ အများကြီး
ပေးသွားပါတယ်။

တခါတရံမှာ
ကိုယ်က သူတပါးအကျိုးစီးပွားကို ပျက်ဆီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရင်း ကိုယ်ကိုယ်တိုင် အကျိုးစီပွား ပျက်စီး သွားရတယ်။

ငါလုပ်ရင် သူများရသွားမှာစိုးလို့
ဘာမှမလုပ်ရင်း ကိုယ်တိုင်
အခွင့်အလမ်းကောင်းတွေ
ဆုံးရှုံးသွားရတယ်။ သူများ အကျိုးစီးပွားကို မလိုလားရင်း
ကိုယ့်အကျိုးစီးပွားတွေ
နှောင့်နှေးသွားကြတယ်။

လောကမှာ စိတ်ဓာတ်မှန်မှန်နဲ့
တကယ်ကြိုးစားမယ် ဆိုရင်
အပေါ်တွေ ဘေးတွေ အောက်တွေ နောက်တွေ ကြည့်နေစရာ မလိုပါဘူး။

ကိုယ်လုပ်သင့် လုပ်ထိုက်တာ လုပ်ဆောင်သင့်
လုပ်ဆောင်ထိုက်တာကို
ပစ္စုပ္ပန် တည့်တည့်ကနေပြီး
လုပ်ဆောင်တတ်မယ် ဆိုရင်
စိတ်ချမ်းသာစရာတွေနဲ့
နေ့စဉ် ပျော်ရွှင်နေမှာပါ။

မနေ့က ငါနဲ့ , ဒီနေ့ငါ
မနေ့က ငါ့စိတ်ထား နဲ့
ဒီနေ့ ငါ့စိတ်ထားကို ပိုကောင်းအောင်ပဲ ကြိုးစားဖို့ လိုပါတယ်။

ကိုယ်က နောက်လိုက် ဖြစ်နေချိန်မှာ ရှေ့က ခေါင်းဆောင် သွားတဲ့ နောက်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ရုံပဲ။

ကိုယ်က ခေါင်းဆောင် ဖြစ်ရင်လည်း ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်း လျှောက်ရမယ်။

ကိုယ်က သင်ယူချိန်မှာ
အပြည့်အဝ သင်ယူပြီး
စင်ပေါ်တက် ပြောတော့မယ် ဆိုရင်လည်း ကိုယ်ပြောမယ့် အကြောင်းအရာကို စေတနာအပြည့်နဲ့ အပြည့်အဝသင်ကြားပေးရုံပါပဲ။

ကိုယ်လုပ်လို့ ဘယ်သူ ကောင်းစားတာ
မကောင်းစားတာကို
မရှုစိတ်ဖြစ်နေမယ့် အစား
ကိုယ့်လုပ်ရပ်ကြောင့်
ကိုယ့်ပတ်ဝန်းကျင်က လူတွေ
ဘယ်လို တိုးတက်သွားတယ်ဆိုတာကို မုဒိတာပွားတတ်မယ် ဆိုရင်
ကိုယ့်အကျိုးအတွက်
လုပ်ဆောင်ရင်း နေ့တိုင်း အချိန်တိုင်း ကုသိုလ် ရနေမှာပါ။


#ဗဟုသုတ #စာပေ #စာဖတ်ပါ #အသိပညာ

ပေါလ်အလက်ဇန္ဒား (Paul Alexander) ကို ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ တက္ကဆက်ပြည်နယ် ဒဲလက်စ်မြို့မှာမွေးဖွားခဲ့ပါတယ် ၁...
11/10/2025

ပေါလ်အလက်ဇန္ဒား (Paul Alexander) ကို ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ တက္ကဆက်ပြည်နယ် ဒဲလက်စ်မြို့မှာမွေးဖွားခဲ့ပါတယ် ၁၉၅၂ ခုနှစ် အသက် ၆ နှစ်အရွယ်မှာတော့ အမေရိကန်မှာ ပိုလီယိုရောဂါ အကြီးအကျယ် ကူးစက်နေစဉ် သူဟာလည်းရောဂါကူးစက်ခံခဲ့ရပါတယ် ရောဂါလက္ခဏာ စပြပြီးတစ်ပတ်အတွင်း သူဟာ လည်ပင်းမှအောက်ပိုင်းတစ်ကိုယ်လုံး Paralyzed ဖြစ်သွားခဲ့ပြီး ကိုယ်တိုင် အသက်ရှူနိုင်ခြင်းမရှိတော့ပါဘူး

ဆေးရုံမှာ​ေxသလုနီးပါး ဖြစ်နေချိန် ဆရာဝန်တစ်ဦးက သူ အသက်မရှူနိုင်တော့တာကို သတိပြုမိပြီးနောက် Iron Lung လို့ခေါ်တဲ့ စက်ထဲသို့ အရေးပေါ် ထည့်သွင်းပေးခဲ့ရပါတယ် ဒီစက်ဟာ သူ့ရဲ့ခန္ဓာကိုယ် (ခေါင်းမှအပ) ကို လေလုံတဲ့ သတ္တုစည်ပိုင်းကြီးထဲမှာ ထည့်ထားပြီး စက်က ဖိအားကို အတက်အကျ ပြုလုပ်ပေးကာ အဆုတ်ကို လေရှူသွင်း ရှူထုတ်စေပါတယ်

ပေါလ်အလက်ဇန္ဒား ဟာ ၎င်းရဲ့ဘဝသက်တမ်း ၇၂ နှစ်ခန့်ကို ဒီစက်ကြီးအတွင်းမှာ နေထိုင်အသုံးပြုခဲ့ရပြီး Iron Lung ကို အချိန်အကြာဆုံး သုံးစွဲခဲ့သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်

ဆေးရုံမှ ဆင်းပြီးနောက် ၁၉၅၄ ခုနှစ်မှာတော့ March of Dimes အဖွဲ့နဲ့ ကာယကုထုံးဆရာမ Mrs. Sullivan တို့ရဲ့ အကူအညီနဲ့ glossopharyngeal breathing ခေါ် "ဖားကဲ့သို့ အသက်ရှူခြင်း" ကို ကိုယ်တိုင် သင်ယူလေ့ကျင့်ခဲ့ပါတယ် ဒီနည်းလမ်းဟာ လေကို လည်ချောင်းထဲမှာ ထိန်းသိမ်းပြီး တစ်ငုံချင်းစီ မြိုချကာ အဆုတ်ထဲသို့ ဖိသွင်းခြင်း ဖြစ်ပါတယ်

ဆရာမ Sullivan က အဲ့ဒီနည်းနဲ့သုံးမိနစ်အသက်ရှူနိုင်လျှင် ခွေးကလေး ဝယ်ပေးမယ်လို့ စိန်ခေါ်ခဲ့ရာ ပေါလ်ဟာ တစ်နှစ်ကြာ ကြိုးစားခဲ့ပြီးနောက် Iron Lung မှ ခဏတာ ထွက်ခွါနိုင်ခဲ့ပါတယ် ဒီနည်းပညာကြောင့် သူဟာ တစ်နေ့လျှင် ၈ နာရီအထိ ဘီးတပ်ကုလားထိုင်နဲ့ အပြင်ထွက် သွားလာနိုင်ခဲ့ပါတယ်

သူဟာ ဒဲလက်စ်မြို့မှာ ကျောင်းသို့ ကိုယ်တိုင်မတက်ရဘဲ အိမ်မှနေ၍ စာသင်ကြားခဲ့ရတဲ့ ပထမဆုံးသော အထက်တန်းကျောင်းသားဖြစ်လာခဲ့ပါတယ် အဲ့ဒီနောက် တက္ကဆက် တက္ကသိုလ် (University of Texas at Austin) မှ ၁၉၇၈ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့ နဲ့ ၁၉၈၄ ခုနှစ်တွင် ဥပဒေဘွဲ့ တို့ကို ရရှိခဲ့ရပါတယ်

ပေါလ်ဟာ ၁၉၈၆ ခုနှစ်မှာ ရှေ့နေလိုင်စင်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုခဲ့ပြီးနောက် ဒဲလက်စ်နှင့် ဖို့တ်ဝါ့သ် ဒေသတွေ မှာ ရှေ့နေအဖြစ် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့ပါတယ်

သူဟာ တရားရုံးသို့ သွားရောက်တဲ့အခါ ဘီးတပ်ကုလားထိုင်ကို အသုံးပြုပြီး တက်ရောက်ခဲ့ရပါတယ် ပါးစပ်နဲ့ ကိုက်ထားတဲ့ ပလတ်စတစ်တုတ်ကို အသုံးပြုပြီး ကွန်ပျူတာနှင့် တယ်လီဖုန်းတို့ကို အသုံးပြုနိုင်ခဲ့ပါတယ်

၂၀၂၀ ပြည့်နှစ်မှာတော့ သူ့ရဲ့ ဘဝဇာတ်ကြောင်းကို "Three Minutes for a Dog: My Life in an Iron Lung" အမည်နဲ့ အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေခဲ့ပါတယိ

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာတော့ သူဟာ TikTok ကို စတင်အသုံးပြုခဲ့ပြီး သူ့ရဲ့ဘဝအတွေ့အကြုံများကို ဝေမျှခဲ့ရာ Follower 4 သိန်း ကျော်ရရှိခဲ့ပြီး "Polio Paul" လို့လည်း လူသိများပါတယ် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့ အသက် ၇၈ နှစ်မှာတော့ သူဟာ ကွယ်လွန်ခဲ့ပါတယ်

ပေါလ်အလက်ဇန္ဒား ဟာ ခေတ်သစ်ဆေးပညာရဲ့ အကူအညီမပါဘဲ Iron Lung နဲ့ အကြာဆုံး ရှင်သန်ခဲ့သူအဖြစ် သာမက စိတ်ဓာတ်ခွန်အား၊ ကြံ့ကြံ့ခံနိုင်မှု နဲ့ ပိုလီယိုကို အမြစ်ပြတ်ချေမှုန်းရေးအတွက် လှုပ်ရှားသူတစ်ဦးအဖြစ်လည်း ကမ္ဘာက အမှတ်ရနေမှာဖြစ်ပါတယ်

#ဗဟုသုတ

Oct လ အစမှာ အဝင်လေးပါကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံကြပါစေနော်အားပေးသူတစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှ...
03/10/2025

Oct လ အစမှာ အဝင်လေးပါ
ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံကြပါစေနော်
အားပေးသူတစ်ယောက်ချင်းစီတိုင်းကိုလည်း
ကျေးဇူးတင်ပါတယ်ရှင့် ကြိုးစားကြပါနော်
ကြိုးစားရင် ကြိုးစားသလို ရနိုင်ပါ‌တယ်

゚viralシfypシ゚viralシalシ

ပရိတ်tatကြီးရဲ့ အဖြေက 😝
20/09/2025

ပရိတ်tatကြီးရဲ့ အဖြေက 😝

သူမရဲ့ ရတနာဆိုင်ကို လူသိများအောင် လုပ်ပေးခဲ့တဲ့ အမွှေစိန်လေးကို သိန်းရာကျော်တန် စိန်လက်စွပ်ပြီး စပရိုတ်လုပ်ပြီး လက်ဆောင်...
11/09/2025

သူမရဲ့ ရတနာဆိုင်ကို လူသိများအောင် လုပ်ပေးခဲ့တဲ့ အမွှေစိန်လေးကို သိန်းရာကျော်တန် စိန်လက်စွပ်ပြီး စပရိုတ်လုပ်ပြီး လက်ဆောင်ပေးလိုက်တဲ့ လိုင်စီစိန်တိုက်ပိုင်ရှင် မေဦးကဗျာ 😍👇

ဝန်ထမ်းတွေအပေါ်မှာ စေတနာထားလိုက်တာ

ထွန်းထွန်းဆိုတာ နေတိုး မြင့်မြတ် စိုင်းစိုင်းတို့ နဲ့ တန်းတူတဲ့ မင်းသားတစ်လတ်နော် ❤️🥰ထွန်းထွန်းရဲ့အကောင်းဆုံးဇာတ်ကားကတော...
28/08/2025

ထွန်းထွန်းဆိုတာ နေတိုး မြင့်မြတ် စိုင်းစိုင်းတို့ နဲ့ တန်းတူတဲ့ မင်းသားတစ်လတ်နော် ❤️🥰
ထွန်းထွန်းရဲ့အကောင်းဆုံးဇာတ်ကားကတော့သံချောင်းဇာတ်ကားပဲ ဘယ်အချိန်ကြည့်ယောက်ျားသန်မာကြီးတွေတောင် မျက်ရည်ဝဲတယ် ပိုလီယိုဖြစ်နေရတဲ့သားအတွက် သေသွားတဲ့ထိစိတ်မအေးချမ်းခဲ့ရတဲ့အဖေတစ်ယောက်။မောင်နှမ‌တွေကြားမှာအနှိပ်ခံရတဲ့သံချောင်း သူ့အမွေတွေယူပီးတာဝန်မယူချင်တဲ့သံချောင်းအကို ချစ်လို့ခင်လို့သနားလို့လူတွေကပေးတယ်ချစ်ကြတဲ့လူတွေကို မောင်နှမတွေက သူကောင်းစားလို့အပြောခံရတဲ့သံချောင်း ‌သူသေတာတောင် သူ့အဖေအုတ်ဂူမှာပဲသွားသေတဲ့သံချောင်း အဖေကိုချစ်တဲ့သံချောင်းအဖေကချစ်တဲ့သံချောင်း အဲ့ကားလေး အရမ်းကောင်းတယ် 👍👍👌

သိုးနေတဲ့ ထမင်းကိုပြန်ချက်ဖို့ အခွင့်အရေးမရှိပေမယ့်ပျက်နေတဲ့ စိတ်ဓာတ်ကိုတော့ ပြုပြင်ဖို့လူတိုင်းမှာ အခွင့်အရေးရှိပါတယ်  ...
28/08/2025

သိုးနေတဲ့ ထမင်းကို
ပြန်ချက်ဖို့ အခွင့်အရေးမရှိပေမယ့်
ပျက်နေတဲ့ စိတ်ဓာတ်ကိုတော့ ပြုပြင်ဖို့
လူတိုင်းမှာ အခွင့်အရေးရှိပါတယ်


အာဖရိကမှ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားဖို့အတွက် ၅၅ နှစ်ကြာ တစ်ကိုယ်တည...
27/08/2025

အာဖရိကမှ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အမျိုးသမီးတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားဖို့အတွက် ၅၅ နှစ်ကြာ တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်ခဲ့ပါတယ်

သူဟာ အသက် ၁၆ နှစ်အရွယ်မှာတည်းက အမျိုးသမီးတွေကို ပြင်းထန်စွာ ကြောက်ရွံ့တဲ့ရောဂါ (gynophobia) ကို ခံစားနေရတာကြောင့် သူ့ကိုယ်သူ ၁၅ ပေမြင့်တဲ့ ခြံစည်းရိုးကာထားတဲ့ အိမ်တစ်လုံးထဲမှာ ပိတ်လှောင်ကာ နေခဲ့တာဖြစ်ပါတယ်

#ဗဟုသုတ

ယောက္ခမနဲ့ သားမက် မူစကူဒူးကြတဲ့ ဖြ၊စ်ရပ်မှန် ဇာတ်လမ်းကြော၊င့် မြန်မာပြည်ရဲ့ တစ်တော့တခွင့်မှာပါ နာမည်ကြီးနေတဲ့ အင်ဒိုနီးရ...
26/08/2025

ယောက္ခမနဲ့ သားမက် မူစကူဒူးကြတဲ့ ဖြ၊စ်ရပ်မှန် ဇာတ်လမ်းကြော၊င့် မြန်မာပြည်ရဲ့ တစ်တော့တခွင့်မှာပါ နာမည်ကြီးနေတဲ့ အင်ဒိုနီးရှားဇာတ်ကား 'ဆွေမျိုးတွေထဲက နော်မာ'

အင်ဒိုနီးရှားနိုင်ငံမှာ အမှန်တက၊ယ်ဖြစ်ပွားခဲ့တဲ့အကြော၊င်းကို ပြန်လည်ရို၊က်ကူးထားတဲ့ ဒီဇာတ်ကားကတော့ မြန်မာပရိသ၊တ်တွေကြားမှာပါ နာမည်ကြီးနေခဲ့တာပါ

ပုံပါ အင်္ကျီလိမ္မော်ရောင်ဝတ်ထားတဲ့မိန်းကလေးရဲ့ ဖြစ်ရ၊ပ်မှန်အကြော၊င်းဖြစ်ပြီး ကိုယ့်အမေနဲ့ ကိုယ့်ယောကျာ်းတို့ နောက်ကွ၊ယ်မှာ မူစကူဒူးနေတာကို ခွင့်လွှ၊တ်ပေးခဲ့ပေမဲ့လည်း ထပ် ဖော၊က် ပြ၊ န်လို့ လူသိရှင်ကြား အ ၊ ရှ၊ က် ၊ခွဲ၊ ရာကနေ ကမ္ဘာကျော်သွားခဲ့တာပဲ ဖြစ်ပါတယ်

၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက ဂျပန်နိုင်ငံ ဆပ်ပိုရိုမြို့က Maruyama တိရစ္ဆာန်ရုံမှာ ကာလရှည်ကြာ ရှုပ်ထွေးခဲ့တဲ့ အမှန်တရား...
26/08/2025

၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းက ဂျပန်နိုင်ငံ ဆပ်ပိုရိုမြို့က Maruyama တိရစ္ဆာန်ရုံမှာ ကာလရှည်ကြာ ရှုပ်ထွေးခဲ့တဲ့ အမှန်တရားတစ်ခုပေါ်ပေါက်ခဲ့ပါတယ်

ဒီတိရစ္ဆာန်ရုံဟာ ၂၀၁၀ ပြည့်နှစ်က တောင်ကိုရီးယားတိရစ္ဆာန်ရုံကနေ ရောက်လာတဲ့ "Kami" နဲ့ "Kamutori" လို့အမည်ရတဲ့ ဟိုင်းအီးနား - Hyena (အောင်း) နှစ်ကောင်ကို မျိုးပွားဖို့ လေးနှစ်ကြာ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမဲ့လည်း သူတို့ဟာ မျိုးမပွါးနိုင်ခဲ့ကြပါဘူး

နောက်ပိုင်းမှာ စစ်ဆေးကြည့်တဲ့အခါ တိရစ္ဆာန်ရုံဝန်ထမ်းတွေက Kami ဟာ အမအင်္ဂါ လက္ခဏာ (estrus) လုံးဝမပြတာကို သတိထားမိပြီး သံသယဝင်ခဲ့ပါတယ် အဲ့ဒီအခါ ပိုပြီးသေချာအောင် ခန္ဓာကိုယ်အတွင်းပိုင်းစစ်ဆေးမှုတွေ၊ ဟော်မုန်းစစ်ဆေးမှုတွေနဲ့ ultrasound တွေ အသေးစိတ် စစ်ဆေးခဲ့ရာမှာတော့ အဲ့ဒီ ဟိုင်းအီးနား နှစ်ကောင်စလုံးဟာ အထီးတွေ ဖြစ်နေခဲ့ပါတယ် အဲ့တာကြောင့် သူတို့ဟာ မျိုးမပွါးနိုင်ဘဲဖြစ်နေကြတာပါ

ကျွမ်းကျင်သူတွေဟာ ဟိုင်းအီးနား အထီးနဲ့အမ တွေကို ခွဲခြားဖို့ အပြင်ပန်းလိင်အင်္ဂါတွေက အရမ်းဆင်တူနေတဲ့အတွက် အလွန်ခက်ခဲတယ်လို့ ရှင်းပြခဲ့ပါတယ် ဒီ အထီးနှစ်ကောင်ကို အတင်းမျိုးပွါးစေခဲ့တဲ့ ဖြစ်ရပ်ဟာ ရယ်စရာကောင်းပြီး လူမှုကွန်ရက်ပေါ်ပျံ့နှံ့သွားခဲ့ပါတယ်

#ဗဟုသုတ

မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။ အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။ပြီးတော့မှ အိမ်တက်ပွဲကို လူသိရှင်ကြား ကျင်းပလိုက်ပါ။ တိတ်တ...
26/08/2025

မြေကို လျှို့ဝှက်ပြီး ဝယ်ပါ။
အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆောက်ပါ။
ပြီးတော့မှ အိမ်တက်ပွဲကို
လူသိရှင်ကြား ကျင်းပလိုက်ပါ။

တိတ်တိတ်လေး ပိုးပန်းပါ။
နှစ်ကိုယ်ကြား လက်ထပ်ခွင့် တောင်းပါ။
ပြီးမှ မင်္ဂလာဆောင်ကို
လူအများရှေ့မှာ ဆင်နွှဲလိုက်ပါ။

သင့်ကို မနှစ်မြို့တဲ့သူတွေကို
သင့်ရဲ့ လက်တွေ့ဘဝကိုပဲ မြင်ခွင့်ပေး။
သင့်ရဲ့ ရည်မှန်းချက်တွေကို မမြင်စေနဲ့။

စစ်တုရင်ကစားတဲ့အခါ စကားမပြောဘူး။ လက်တွေ့ အကွက်ရွှေ့တယ်။
စစ်တုရင်ကစားရင်း
တစ်ခါပဲ စကားပြောရတယ်။
"ငါ နိုင်ပြီ"လို့ ကြေညာတဲ့အခါပဲ။

ဘဝဆိုတာလည်း စစ်တုရင်လိုပဲ။
သင် ဘာလုပ်မယ်ဆိုတာ
တစ်ရွာလုံးသိအောင် ကြိုမပြောနဲ့။
တိတ်တိတ်လေးပဲ လုပ်ပါ......

#ဘဝစာပေ

ที่อยู่

Bangkok
10160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Zin Gyi Entertainmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์