20/11/2025
Hupe ကနေ Animal နဲ့ Comic Recaps တွေကို အမြင့်ဆုံး အရည်အသွေးနဲ့ ပရိသတ်ဆီ အရောက်ပို့ပေးနိုင်ဖို့ Video Editor တွေကို လိုအပ်နေပါတယ်။
ငယ်ငယ်ကတည်းက Naruto ပြေးတာပဲ ကြည့်လာတာလား? ဒါမှမဟုတ် One Piece ထဲက Luffy ရဲ့ ခွီနေကျ အမူအရာတွေကို နှစ်သက်တာလား? ဒါဆို ကိုယ့်ရဲ့ Anime နဲ့ Comic အပေါ် စိတ်အားထက်သန်မှုကို အသုံးချပြီး ဝင်ငွေရှာနိုင်မယ့် အခွင့်အရေးလေးပါ။
ဘာတွေ လုပ်ရမလဲ?
❤️Video Editing: အဓိကကတော့ Anime News Video တွေ၊ Comic Recap Video တွေကို တည်းဖြတ်ပေးရမှာပါ။ 16:9 Long form Video တွေဖြစ်သလို Short form Video တွေလည်း ပါနိုင်ပါတယ်။
❤️Thumbnail ဖန်တီးပေးရမယ်: ကြည့်ချင်စရာကောင်းတဲ့ Thumbnail တွေ ဖန်တီးပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ရပါမယ်။
❤️Hupe ရဲ့ Guidelines အတိုင်း: Hupe ရဲ့ Video Guidelines တွေကို လိုက်နာပြီး အရည်အသွေးပြည့်မီတဲ့ Video တွေ ဖန်တီးပေးရပါမယ်။ ဒါပေမဲ့ စိတ်ကူးစိတ်သန်းရှိသလောက် လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ပါတယ်။
ဘယ်လို လျှောက်ရမလဲ?
အရမ်းလွယ်ပါတယ်!
1. ကိုယ့်ရဲ့ တစ်မိနစ်နှုန်း (Rate) ကို ဖော်ပြပါ။ (Fee ကို မိနစ်အလိုက်ပေးမှာပါ)
2. အရင်က လုပ်ထားတဲ့ Video တွေကို Google Drive ထဲ ထည့်ပြီးဖြစ်စေ၊ YouTube မှာ Unlisted လုပ်ပြီးဖြစ်စေ Email ထဲမှာ တစ်ခါတည်း ထည့်ပြီး Share [email protected] (or) ကို ပို့ပေးလိုက်ပါ။
ဘာတွေ ထူးခြားလဲ?
😅 ဘယ်ကနေနေ လုပ်လို့ရတယ်: အိမ်ကနေပဲဖြစ်ဖြစ်၊ ကမ္ဘာပတ်ပြီးပဲဖြစ်ဖြစ်၊ အင်တာနက်လိုင်းကောင်းကောင်းရတဲ့ ဘယ်နေရာကနေမဆို လုပ်လို့ရပါတယ်။
😅အချိန်မှီပို့နိုင်ဖို့ အရေးကြီးတယ်: ပြောထားတဲ့ Deadline အချိန်မှီ Video တွေကို ပို့ပေးနိုင်ရပါမယ်။
😅 Software ဘာသုံးသုံးရတယ်: ကိုယ်နဲ့ အသားကျတဲ့ ဘယ် Software ကိုမဆို သုံးလို့ရပါတယ်။
😅 ရေရှည်လက်တွဲချင်ပါတယ်: ရွေးချယ်ခံရရင် ပထမဆုံး Video ကို အစမ်းအနေနဲ့ အပ်ပါမယ် (Fee ပေးပါမယ်)။ အဆင်ပြေရင် ရေရှည်လက်တွဲသွားမှာပါ။
Ai Video များဖန်တီးတက်သူကို ဦးစာပေးမည်။
Video Editing ကို ဝါသနာပါပြီး Anime နဲ့ Comic ကို မြတ်နိုးတဲ့သူဆိုရင် ဒီအခွင့်အရေးက သင့်အတွက်ပါပဲ! ကိုယ့်ရဲ့ အရည်အချင်းတွေကို ပြသဖို့၊ ဝင်ငွေရှာဖို့နဲ့ Hupe နဲ့ ရေရှည်လက်တွဲဖို့ အခုပဲ လျှောက်လိုက်ပါ။