Phar Si Than In addition to interesting news from Karen State, we are presenting interesting news from around the world

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း  အစောဆုံးပျူစောထီးရွာဖြစ်ခဲ့တဲ့ သရက်ကန်ရွာကို ကာကွယ်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့By - ထက်မြတ...
25/05/2026

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစောဆုံးပျူစောထီးရွာဖြစ်ခဲ့တဲ့ သရက်ကန်ရွာကို ကာကွယ်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့

By - ထက်မြတ်
Date - May 25 , 2026

မကွေးတိုင်း ၊ မြိုင်မြို့နယ်ထဲက စစ်တပ်အာဏာသိမ်းပြီးအစောဆုံးပျုစောထီးရွာဖြစ်ခဲ့တဲ့ သရက်ကန်ရွာကို နယ်မြေခံကာကွယ်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီကသိရပါတယ်။

မေလ ၂၂ ရက် မနက် ၅ နာရီလောက်ကစပြီး သရက်ကန်ပျူစောထီးစခန်းကိုစတင်တိုက်ခိုက်ခဲ့ပြီး ၂၃ ရက်နေ့ မနက်ပိုင်းမှာတော့အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါစခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာလည်း အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက်လေယာဉ် နဲ့ လေကြောင်းပစ်ကူမှု အကြိမ်ရေ (၄၀) ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

“သရက်ကန်ကျေးရွာကို ကျနော်တို့တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ကျနော်တို့တိုင်ပင်တွေးတောရတာတော့ အကြာ ကြီးပေါ့ဗျာ စခန်းသိမ်းပိုက် ပျူရွာတစ်ခုကိုသိမ်းပိုက်ဖို့ဆိုတာက တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ရဲ့ ပါဝင်ရမဲ့အခန်းက ဏ္ဍအများကြီးပေါ့လေသူကအာဏာသိမ်းမှုတွေဖြစ်ပြီးနောက်မှာ မကွေးတိုင်းထဲမှာ အစောဆုံး ပျုစောထီး ကျေးရွာအဖြစ်ဖွဲ့စည်းခဲ့တဲ့ကျေးရွာပါ”လို့ အညာမြေတပ်ပေါင်းစုမှသတင်း နဲ့ ပြန်ကြားရေးတာဝန်ခံက ကိုဘိုဘိုသန့်ဇင်ကပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ၄ ဦးသေဆုံးခဲ့သလို ကာကွယ် ရေးတပ် ဘက်ကလည်း ၂ ဦးကျဆုံးခဲ့သလို ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပ ါတယ်။ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် သရက်ကန်ရွာကပျူစောထီးတွေဟာ အင်အား ၇၀ ဝန်းကျင် နဲ့ တွင်းမပျူရွာထဲကို ထွက်ပြေးသွားခဲ့ပါတယ်။

ဒါ့အပြင် သရက်ကန်ပျူစောထီးတွေဆီကနေ ကာဘိုင် 11လက်၊
12ဗို့ ၆လက်၊5.56 ကျည် ၂၀၂၀ တောင့် ၊ G3 (၂၁၄)တောင့်
ကာဘိုင်ကျည် (၁၁၂)တောင့်၊12ဗို့ကျည် (၅၅၆)တောင့်၊လက်ပစ် (၁၆)လုံး ၊(၆၀)ပို့ယမ်း အထုပ်ကြီးနှစ်ထုတ်၊7.62 ကျည် ၃၊ အီနာဂါ (၂) လုံး၊7.62ကျည်ဘောက် (၅)ဘောက်၊M4 (၁)ဘောက်၊ကာဘိုင်ကျည်ဘောက် (၉)ဘောက်၊G3ကျည်ဘောက်( ၁)ဘောက်၊ M16နင်းမိုင်း (၁၉)လုံး၊ကပ်သီး /၂၆)ခု၊ ရှေ့ထွက်မိုင်း (၁၁)လုံး၊ တိုက်မိုင်း (၁၁)လုံး၊ M14နင်းမိုင်း( ၃၀)လုံး၊ လက်တောပ့် (၄)လုံး၊အီကွေးမန့်( ၅)စုံ၊ ဂျန်မာ (၁)လုံး၊ ပရင့်တာ (၃)လုံး တို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ သရက်ကန်ပျူရွာကို ကာကွယ်ရေးတပ်သားတွေကို ထိန်းချုပ်ထားပြီး အဲဒီရွာထဲက အမျိုးသမီး နဲ့ ကလေးငယ်များအပါအဝင် ဒေသခံ (၄၉) ဦးကို လုံခြုံတဲ့နေရာဆီပြောင်းရွေ့ထားပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံတွေကို ဆေးဝါးကုသမှုလုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။

“လက်ရှိတော့ကျနော်တို့ကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ် အဲဒီရွာကိုတော်လှန်ရေးအင်အားစုတွေကအပြည့်အဝထိမ်းချုပ်ထားပြီးတော့ ပွဲအတွင်းမှာသေဆုံးသွားကြတဲ့ နွားတွေ ၊ ဆိတ်တွေ ၊ လက်နက်ကြီးမှန်လို့ပေါ့လေ အဲလိုမျိုးဟာတွေ နဲ့ ပုတ်စော်နံနေတဲ့ဟာတွေကိုရှင်းလင်းတယ် ၊ ဖယ်ရှားတယ် ကျေးရွာသန့်သွားအောင်ပြုလုပ်နေကြတယ် လေကြောင်းအန္တရာယ်ကိုလည်းဂရုစိုက်ရင်းပေါ့ “လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

အဆိုပါ"တမာမြေစစ်ဆင်ရေး"ကို အညာမြေတပ်ပေါင်းစုဟာ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၄/၁၇ ) တပ်ရင်းများ ၊မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း၊ - ၁ ( MFUDC -1) ၊ KG တပ်ဖွဲ့၊ မြိုင်ပကဖ ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊PLC တပ်ပေါင်းစု ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ပြည်သူ့ လုံခြုံရေးအင်အားစု( ကမ္မ) ၊ မြိုင်ပကဖအဖွဲ့ဝင်(ဂဠုန် ၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စကြာ် ၊ ဝံပုလွေ ) တပ်ဖွဲ့များ ၊ တပ်ရင်းဆေးတပ်ဖွဲ့ ၊ မြို့နယ်ဆေးတပ်ဖွဲ့ ၊ မြိုင်မြိုနယ်တောင်ပိုင်းဇုန် ( ပအဖ ၊ ပကဖ) နှင့် တော်လှန်ပြည်သူများက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့သလို မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးကြီးရဲ့ ပူးပါင်းကူညီမှုကိုလည်း ရရှိခဲ့ပါတယ်။

ကျိုက်ဒုံမြို့ အဝင်နေရာကို စစ်အုပ်စုလေကြောင်း ဗုံးကြဲလို့ ဒေသခံအမျိုးသမီး ၃ ဦး သေဆုံး ၁ ဦးဒဏ်ရာရမေ ၂၅ ၊ ၂၀၂၆ကရင်ပြည်နယ် ...
25/05/2026

ကျိုက်ဒုံမြို့ အဝင်နေရာကို စစ်အုပ်စုလေကြောင်း ဗုံးကြဲလို့ ဒေသခံအမျိုးသမီး ၃ ဦး သေဆုံး ၁ ဦးဒဏ်ရာရ

မေ ၂၅ ၊ ၂၀၂၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲလမ်းပိုင်းက မြို့အဝင် ဂိတ်နေရာကို မေလ၂၄ ရက် နေ့လည်ပိုင်းမှာ စစ်အုပ်စုလေကြောင်းက ပေါင် ၅၀၀ ဗုံးကြီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကျိုက်ဒုံမြို့အဝင် KNLA မဟာမိတ်တပ်တွေရဲ့ စစ်ဆေးရေးဂိတ်အနီးနေရာကို ဂျက်တိုက်လေယာဉ် နဲ့ နေ့လည် ၁၂နာရီ ၃၀ မိနစ် အချိန်လောက်မှာ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၅လုံး၊ မူကြိုကျောင်းဆောင်တစ်လုံးပျက်စီးပြီး နေထိုင်သူ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေပြောစကားအရ သိရပါတယ်။

" နေ့လည် ၁၂ နာရီ ခွဲလောက်ပေါ့ ကျိုက်ဒုံ မြိုထိပ်က ဂိတ် နေရာကို လေယာဉ်လာကြဲ သွားတာ ၊ ၂ကြိမ် ပေါ့နော်၊အမျိုးသမီး ၃ ယောက်သေတယ်၊ အိမ် တွေ ၅ လုံး လောက် ပျက်ကုန်တယ်၊ မူကြို ကျောင်းလည်းထိကုန်ပျက်ကုန်တယ်၊လူ ၁ ယောက်ထိခိုက်တယ်၊ ဂိတ်ရှိတဲ့ နေရာကို မကျဘဲ လူနေအိမ် တွေ ကို ကျ တော့ ရွာသား တွေ ထိကုန်တာ ပေါ့ နော်" ဟု ကျိုက်ဒုံ စစ် ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။

လက်ရှိကျိုက်ဒုံမြိုကို KNU တပ်မဟာ၆ နယ်မြေက KNLA မဟာမိတ်ပူးပေါင်းတပ်တွေထိန်းချုပ် ထားတဲ့နေရာတွေကိုစစ်တပ်ကပြန်လည် စစ်ဆင်ဖို လေကြောင်း ကတိုက်ခိုက်တာမျိုး ပြန်လုပ်လာတယ်လိုစစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

လတ်တ လောမှာ တော့ ကြာအင်းဆိပ်ကြီး မြို ချောင်းနှစ်ခွ ရွာကို စစ်တပ်က ပြန်လည် ထိန်းချုပ်ထားပြီး ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနဲ့ ဘုရားသုံးဆူ လမ်းပိုင်း ဒေသ ကို ပြန်လည် ထိန်းချုပ်ဖို
စစ် ရေးအင်အားတိုးချ နေသလို လက်နက်ခဲယမ်း၊ အမြှောက်များ သယ်ဆောင်ဖြည့်တင်းနေရာချနေကြောင်း ကြာအင်းဆိပ်ကြီးနယ်မြေ KNLA မဟာမိတ်တပ်ဖွဲ သတင်းအရင်းအမြစ်တွေက PRM ပြောပါတယ်။

ပှၤလဲၤပှ့ၤသိလၢကီၢ်ကၠီၣ်တဲၣ်တကပၤအါအဃိ ရၤမတံ-မဲဆိးတိၤ သိလ့ၣ်ပံးသးလၢအကယၤမဲဆိး လါမ့ၤ၂၃ကီၢ်ကၠီၣ်တဲၣ်-ကီၢ်ပယီၤကီၢ်ဆၢ ရၤမတံ-မဲဆ...
23/05/2026

ပှၤလဲၤပှ့ၤသိလၢကီၢ်ကၠီၣ်တဲၣ်တကပၤအါအဃိ ရၤမတံ-မဲဆိးတိၤ သိလ့ၣ်ပံးသးလၢအကယၤ

မဲဆိး လါမ့ၤ၂၃

ကီၢ်ကၠီၣ်တဲၣ်-ကီၢ်ပယီၤကီၢ်ဆၢ ရၤမတံ-မဲဆိးတၢ်ရ့လိၥ်မုၢ်လိၥ်တိၤနီၢ်ဂံၢ်၁ဖီခိၣ် စးထီၣ်လၢလါမ့ၤ ၅သီ ကီၢ်ပယီၤသိလ့ၣ်တဖၣ်ပှၤဆါလီၤန့ၣ်က့ၤသိအဃိ သိလ့ၣ်လဲၤပှ့ၤသိအိၣ်လၢအကယၤဒီးသိလ့ၣ်ကျိၤပံးသးကဲထီၣ်ကိးမုၢ်နံၤန့ၣ်သ့ၣ်ညါဘၣ်လီၤ။

မဲဆိးကီၢ်ဆၣ်တကပၤ ကီၢ်ပယီၤသိလ့ၣ်တဖၣ်လဲၤပှ့ၤသိတၢ်အိၣ်သးပူၤ ကီၢ်ပယီၤသိလ့ၣ်လၢလဲၤတလၢတိၤန့ၣ်လံၥ်အုၣ်သးတကးဒံးဘၣ် သိလ့ၣ်လၢမၤလံၥ်အုၣ်သးတဖိးသဲစးတဖၣ် လဲၤပှ့ၤသိလၢမဲဆိးတကပၤအဃိ ခံခိခံကပၤတိၤဖီခိၣ်သိလ့ၣ်ပံးသးကဲထီၣ်အိၣ်လၢအသီ၁၀ဃၣ်ဃၣ်န့ၣ်ပှၤနီသိလ့ၣ်လၢသ့ၣ်ညါတၢ်အိၣ်သးတဂၤစံးဝဲလီၤ။

“ရၤမတံပူၤပှၤဒိးသိလ့ၣ်လၢလံၥ်အုၣ်သးအိၣ်ထဲအံၤန့ၣ်သ့ၣ်ညါဘၣ်အခဲလီၤ နီၢ်နီၢ်လၢရၤမတံပူၤပှၤဒိးသိလ့ၣ်လံၥ်လဲၥ်အိၣ်အိၣ်ထဲတကယၤလီၤနၥ်က့အခဲမၤလံၥ်လၢတမ့ၢ်တတီဟံၣ်စ့ဝံၤလဲၤပှ့ၤသိအဃိပှၤလၢကလဲၤမဲဆိးလၢတၢ်ဂ့ၢ်တၢ်ကျိၤအဂၤတဖၣ်နၥ်က့သိလ့ၣ်ပံးလဲၤတန့ၣ်န့ၣ်”စံးဝဲလီၤ။

ကီၢ်ပယီၤသိလ့ၣ်တဖၣ်ဟဲပှ့ၤကၠီၣ်တဲၣ်သိဒ်အံၤန့ၣ်မ့ၢ်လၢ ကၠီၣ်တဲၣ်သိဂ့ၤတကးဒံးဘၣ်ပှၤလၢပှ့ၤဆါလီၤသိတဆီတဖၣ်န့ၣ်ဘၣ်စ့အါအဃိ ပှၤပှ့ၤသိအါန့ၣ်သ့ၣ်ညါဘၣ်လီၤ။

တကီၢ်ခါခဲအံၤ ရၤမတံသိပှ့ၤပှၤဆါလီၤတလံၣ်ထၢၣ် ၅၀၀၀ဃၣ်ဃၣ်ဒီးကျးလၢတဖိးသဲစးပူၤသိပှ့ၤအိၣ် ၁၂၀၀၀ ဘးနၥ်က့လၢမဲဆိးတကပၤ ကၠီၣ်တဲၣ်သိတလံၣ်ထၢၣ် ဘၣ်ပှ့ၤဒၣ် ဘး ၄၀အဃိပှၤဟဲပှ့ၤသိအါန့ၣ်သ့ၣ်ညါဘၣ်လီၤ။

ကျုံဒိုးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းစစ်သားသစ်စုဆောင်းမှုကြောင့် ကရင်BGF တပ်ဘက်ကို ဝင်ရောက်သူတွေများလာနေ-By - People’s...
20/05/2026

ကျုံဒိုးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းစစ်သားသစ်စုဆောင်းမှုကြောင့် ကရင်BGF တပ်ဘက်ကို ဝင်ရောက်သူတွေများလာနေ
-
By - People’s Radio Myanmar
Date - 20 May 2026

ကရင်ပြည်နယ် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များတွင် စစ်မှုထမ်းစစ်သားသစ်စုဆောင်းမှုကို ရှောင်တိမ်းပြီး ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ထဲကို ဝင် ရောက်သူတွေများလာတယ်လို့ ကျုံဒိုးမြို့ပေါ် ရပ်ကွက်နေထိုင်သူတွေက PRM ကိုပြောပါတယ်။

ယခု ၂၀၂၆ ခုနှစ် မတ်လမှစပြီး စစ်အုပ်စုက ကျုံဒိုးမြို့ပေါ် ရပ်ကွက်တွေက ပျံကျနေထိုင်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာအပြင် စစ်မှုထမ်းစာရင်းပါဝင်သူများကို ဖားအံမြို့စစ်သင်တန်းကျောင်းများသို့ စစ်သင်တန်းပို့ဆောင်နေတာကြာင့် စစ်သားသစ်မလုပ်လိုသူတွေကိုကျုံဒိုးအခြေစိုက် BGF ဗိုလ်မောင်ဝင်းအောင်တပ်ကတပ်ဖွဲ့ဝင်လက်ခံပြီး အလုပ်အကိုင်ပေးတဲ့အတွက် ကျုံဒိုးက စစ်အုပ်စုရဲ့စစ်မှုထမ်းအကျုံးဝင်သူတွေ BGFထဲ ဝင်ကြသူတွေများလာတယ်လို့ ကျုံဒိုး အမှတ်၁ရပ်ကွက်မှာ နေထိုင်တဲ့ BGFမိသားစုဝင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

"ကျုံဒိုးလမ်းကို စစ်တပ်ပြန်ရပြီးချိန်ကနေအခုထိစစ်သားကြေးကောက်တယ်စစ်သားခေါ်တယ်၊ ပေါ်တာဖမ်းပြီး ဖားအံတပ်ကိုပို့နေတာဆိုတော့ ကျုံဒိုးကလူငယ်လူကြီးစစ်သားစာရင်းပါတဲ့သူတွေBGF မောင်ဝင်းအောင်၊ မောင်မြင့်အောင်အဖွဲ့ ကို ဝင်ကြတယ်၊သူတို့ကလည်း ပညာတတ်ဖို့မလိုဘူး၊ သစ္စာရှိဖို့ဘဲလိုတယ်ဆိုပြီး လိုင်းပေါ်တင်ပြီးတော့ကိုလူခေါ်နေတာဆိုတော့ ဝင်ကြတဲ့သူများတယ်အိမ်ကတူတွေ၊ သား‌တွေ၊‌အကိုတွေ BGFဖြစ်ကုန်တော့ စစ်သားစုတာမခံရဘူးပေါ့" ဟုပြောပါတယ်။

အခုလိုစစ်အုပ်စုရဲ့စစ်မှုထမ်းရမှာကိုရှောင်ပြီး BGFတပ်ဖွဲ့ထဲဝင်သူတွေကို ဂျိုင်းတံတားBGFဂိတ်နဲ့ နွားခြံကုန်းကျေးရွာအနီးက BGFဗိုလ်မောင်ဝင်းအောင်စခန်းခြံဝင်းမှာ သေနတ်အဖြုတ်အတပ်နဲ့ အခြေခံစစ်သင်တန်းပေးပြီး တပ်ဖွဲ့ဝင်အဖြစ်လက်ခံထားသူ ၁၀၀ ဝန်းကျင်အင်အားရှိတယ်လို့ သိရပါတယ်။

လက်ရှိ BGFတပ်ထဲဝင်လာသူတွေကို BGF ဗိုလ်မောင်ဝင်းအောင်အဖွဲ့ကလမ်း/တံတားနဲ့ လှေဂိတ်၊ဖောင်ဂိတ်အပါအဝင်ကျုံဒိုးနယ်ထဲကငွေတောင်းဂိတ်ဖွင့်ပြီးရရှိလာတဲ့ ဝင်ငွေအပေါ်မှာ တပ်ဖွဲ့ဝင်သူတွေကိုထောက်ပံ့စရိတ်ပေးတာကြောင့် မိသားစုတွေစားဝတ်နေရေးအဆင်ပြေကြတယ်လို့ BGFတပ်ဖွဲ့ဝင်ထားသူတွေကို စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

" BGF ထဲဝင်တဲ့သူတွေကတော့ တာဝန်အမျိုးမျိုးတော့ပေးတယ်၊ တစ်ချို့ကလည်းစီးပွားရေးလုပ်ဖို့၊ပစ္စည်းကားမောင်းစားဖို့ ၊ ဂိတ်‌စောင့်ဖို့လူကြီးကားမောင်းဖို့၊စစ်တပ်က လမ်း‌လုံခြုံရေးတောင်းရင် အင်အားဖြည့်ကင်းချဖို့ဆိုတာမျိုးတွေလုပ်ရတယ်၊ပိုက်ဆံကတော့အဆင်ပြေသလိုပေးတယ်၊ ငါးသိန်း၊ ဆယ်သိန်း‌ပေါ့၊တစ်ခါတလေဆိုလည်း မုန့်ဖိုးဝေတာ၊စားစရာအခြောက်အခြမ်း (ဆန်၊ဆီ၊စား‌သောက်ကုန်)ဝေတာမျိုးလည်းရတယ်လို့ BGF တပ်ဖွဲ့ဝင်ထားသူတွေကပြောပါတယ်။

အဲဒီလို BGF တပ်ဖွဲ့ထဲဝင်ထားသူတွေဟာ စစ်အုပ်စု စစ်ကြောင်းနဲ့ KNLA မဟာမိတ်တပ်တွေရှိရာ
ရှေ့တန်းတိုက်ပွဲနေရာတွေကို အလှည့်ကျစစ်ကူစစ်သားအဖြစ်လိုက်ရတာ၊ စစ်တပ်ရဲ့လက်နက်ခဲယမ်းသယ်ယူပေးရတာနဲ့ နယ်မြေလမ်းပြ၊ လူနာသယ်၊အလောင်းသယ်ပြီး သဂြိုလ်ရတဲ့ကိစ္စတွေကိုလုပ်ကိုင်ပေးရတယ်လို့ သိရပါတယ်။

လက်ရှိကရင်ပြည်နယ်ထဲမှာတော့ စစ်တပ်လက် အောက်ခံ BGFတပ်ဖွဲ့တွေ ဆက်ပြီးရှိနေသလို BGFတပ်ဖွဲ့ကနေခွဲထွက်ထားတဲ့ ကရင်ငြိမ်းချမ်းရေးတပ် KNAအဖွဲ့တွေအဖြစ်လည်းသွားလာလှုပ်ရှားမှုဆက်ရှိနေပြီး အဲ့ဒိတပ်ဖွဲ့တွေမှာ ဝင်ရောက်နေကြတဲ့ဒေသခံလူငယ်တွေ ၁၀၀၀၀ ဝန်းကျင်လောက် အင်အားရှိနေတယ်လို့ BGFတပ်ဖွဲ့ စစ်သင်တန်းဆင်းအချက်အလက်တွေအရ သိရပါတယ်။

စစ်အုပ်စုလေကြောင်းဗုံးကြဲမှုကြောင့် ဝေါလေရပ်ကွက်တွေမှာ အရပ်သားပြန်နေထိုင်လို့ မရတော့အောင် ပျက်စီးနေ_By – People’s Radio ...
18/05/2026

စစ်အုပ်စုလေကြောင်းဗုံးကြဲမှုကြောင့် ဝေါလေရပ်ကွက်တွေမှာ အရပ်သားပြန်နေထိုင်လို့ မရတော့အောင် ပျက်စီးနေ
_
By – People’s Radio Myanmar
Date – May 18, 2026

ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေမြိုင်မြို့သစ်ကရပ်ကွက်တွေကို စစ်အုပ်စုက ဧပြီလနဲ့ အခုမေလ ၁၅ရက် အထိ လက်နက်ကြီးလေကြောင်းနဲ့ ကာမီကာဇေဒရုန်းတွေကြောင့် မီးလောင်ပျက်စီးကုန်ပြီး လူပြန်နေမရအောင်ဖြစ်သွားပြီလို့ စစ်ဘေးရှောင်နေရတဲ့ ဝေါလေအမှတ် (၄) ရပ်ကွက်သားတွေက PRM ကို ပြောပါတယ်။

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ ဝေါလေစစ်ဗျူဟာကုန်းမကျရှုံးရေးအတွက် ခုခံတိုက်ခိုက်နေတာမှာ စစ်အုပ်စုက"စစ်ရေးမနိုင်၊ ရွာဖျက်" ဆိုတဲ့ပုံစံနဲ့ ဝေါလေမြိုင်မြို့သစ်က ရပ်ကွက်တွေကို ဗုံးကြဲပြီးဖျက်စီးနေတာလို့ ဝေါလေရပ်ကွက်(၄)ကစစ်ဘေးရှောင်နေရသူတစ်ဦးက ပြောပါတယ်။

"ရပ်ကွက်ထဲမှာအရပ်သားဘဲရှိတာလေ၊ စစ်တိုက်နေတဲ့နေရာတွေ ဗျူဟာကုန်းဘက်မှာ။ အဲ့တာကို ရပ်ကွက်ထဲပဲလက်နက်ကြီးပစ်ထည့်၊ လေယာဉ်နဲ့မီးလောင်ဗုံးတွေကြဲ၊ ကာမီကာဇေတွေရပ်ကွက်ထဲချနေတော့အခု ရပ်ကွက် (၄)နဲ့ (၅) နဲ့က အကုန်ပျက်စီးကုန်ပြီ။ ထီးသဲလယ်ရွာလည်း မီးလောင်တာကုန်ပြီ။ လူပြန်နေလို့မရတော့ဘူး။" လို့ ပြောပါတယ်။

ဒါ့အပြင်ဝေါလေစစ်ဗျူဟာကုန်းကို လေကြောင်းက KNLA တပ်တွေ စခန်းနားမကပ်နိုင်အောင်ဗုံးကြဲပြီး လေထီးနဲ့ရိက္ခာခဲယမ်း လာလာချပေးနေတာကြောင့် စစ်အုပ်စုက စခန်းမစွန့် လွှတ်သေးဘဲခုံခံတိုက်ခိုက်နေတုန်းဘဲလို့ KNLA စစ်ရေးသတင်းအရင်းအမြစ်ကပြောပါတယ်။

" ဗျူဟာကုန်းက ကိုယ့်ဘက်ကတက်တိုက်ရင် သူ့ဘက်ကလေယာဉ်ခေါ်ပြီ။ ဗုံးလာကြဲပြီ။ ပြီးရင်ရိက္ခာထုပ်နဲ့ ခဲယမ်းကျည်တွေလာလာချပေးတယ်ဆိုတော့ ခုခံနေသေးတယ်။ စခန်းကတော့ဘယ်မှထွက်မရဘူး။ အကုန်ပတ်ဝိုင်းထားတော့လက်နက်ကြီးနဲ့ ရမ်းပစ်၊ ဒရုန်းနဲ့ ဗုံးချတာမျိုးတော့ဆက်ရှိနေတယ်" လို့ KNLA တပ်ဖွဲ့ မြေပြင်သတင်းအရင်းအမြစ်က ပြောပါတယ်။

လတ်တလော ဖလူး/ဝေါလေလမ်းပိုင်းစစ်ရေး အခြေအနေက တော့ မြဝတီဘက်က မင်းလက်ပံနဲ့ ဖလူးရွာဘက်က KNLA မဟာမိတ်တပ်တွေကို တိုက်ခိုက်ဖောက်ထွက်ပြီးဝေါလေစစ်ဗျူဟာကုန်းမကျရေး စစ်ကူစစ်ကြောင်းပေါက်နိုင်ဖို့ နေ့ရောညပါတိုက်ခိုက်နေပေမယ့် တိုးမပေါက်နိုင်သေးဘဲအကျအဆုံးများနေတယ်လို့ သိရပါတယ်။

စစ်အုပ်စုကကော့ကရိတ်လမ်းဟောင်းကို တရုတ်နိုင်ငံလုပ်ဖျက်အားပြင်းဗုံးသီးတွေနဲ့ တိုက်ခိုက်နေ−By – People’s Radio MyanmarDate ...
16/05/2026

စစ်အုပ်စုကကော့ကရိတ်လမ်းဟောင်းကို တရုတ်နိုင်ငံလုပ်ဖျက်အားပြင်းဗုံးသီးတွေနဲ့ တိုက်ခိုက်နေ

By – People’s Radio Myanmar
Date – 16 May 2026

ကရင်ပြည်နယ် စစ်အုပ်စုက ကော့ကရိတ်၊ မြဝတီ၊ အောက်ဘိုတဲ၊ လမ်း‌ဟောင်းလမ်းပိုင်းကို အခု မေလ ၁၀ရက်မှစပြီး တရုတ်နိုင်ငံလုပ်ဖျက်အားပြင်း ဗုံးသီးတွေသုံးပြီး တိုက်ခိုက်နေတယ်လို KNLA မဟာမိတ် တပ်ရှေ့တန်းနယ်မြေသတင်းအရင်းအမြစ်တွေက PRM ကို ပြောပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၇ နယ်မြေထဲမှာရှိနေတဲ့ အောက်ဘိုတဲလမ်းပိုင်းကို စစ်အုပ်စုက ထိန်းချုပ်သိမ်းပိုက်နိုင်ဖို စစ်ဆင်ရေး ပုံစံပြောင်းတိုက်ခိုက်တာမှာ မြေပြင်စစ်ကြောင်းထိုး တက်လာတာမျိုးမဟုတ်တော့ဘဲ ဒရုန်းတွေနဲ့ နေ့တိုင်း ဗုံးသီးချပီုး ဗုံးကြဲနေတာမှာ ပေါက်ကွဲအားပြင်းတဲ့ တရုတ်နိုင်ငံထုတ်ဗုံးသီးတွေအသုံးများလာတယ်လို KNLA မဟာမိတ်တပ်ဖွဲ ၃၁ ဗျူဟာစစ်ကြောင်းက ပြောပါတယ်။

" သင်္ကြန်လွန်တဲ့ရက်ကတည်းက မြေပြင်စစ်တပ်စစ်ကြောင်းရှေ့တိုးလာတာမျိုးမရှိဘူး၊ ဒရုန်းနဲ့ကင်း ထောက်၊ ဒရုန်းနဲ့ ဗုံးချတာမျိုးလုပ်နေတာပေါ့နော့် အခုဒီမေလ၁၀ ရက်နောက်ပိုင်း ဖားအံကပိုလာတဲ့ ဒရုန်းတပ်တွေ တရုတ်ဒရုန်းတွေ ဗုံးသီးတွေ စကခ ၁၂ ဘက်ကိုရောက်လာတယ်၊ အဲ့ဒိကနေအောက်ဘိုတဲကို ဗုံးကြဲတယ်၊ လေယာဉ်ဗုံးသီး ပေါက်ကွဲအားလောက်ပြင်းတဲ့ဗုံးတွေနဲ့ ပြောင်းတိုက်လာတယ်ပေါ့နော့်" လို KNLA မဟာမိတ်တပ်ရှေ့တန်းတာဝန်ရှိသူကပြောပါတယ်။

ဒါအပြင် စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီးပစ်ကူပစ်ခတ်ဗုံးကြဲပြီး တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများကို မီးလောင်ဗုံးကြဲတာ ၊ စစ်ကြောင်းဝင်ရောက်လာပြီး ရွာကနေအိမ်တွေ မီးရှိဖျက်စီးတာတွေ ဆက်လုပ်နေတယ်လိုသိရပါတယ်။

" ကျုံဒိုး၊ နဘူး၊‌ ကော့ကရိတ်ဂွင်ထဲက ရွာတွေကတော့ ပျက်ကုန်ပြီ၊ မီးရှိတာ၊ ဗုံးကြဲတာကုန်ပြီ၊ DKBA တွေ စစ်တပ်ကလူတွေဝင်ယူဝင်ဖျက်ပြီး ပစ္စည်းတွေသယ်ကုန်ကြတာ၊ ရွာပျက်တွေဖြစ်ကုန်ပြီ၊ လူပြန်မနေကြဘူး၊ အာရှလမ်းသာသွားလာနေတာ၊ လမ်းဘေးရွာတွေအိမ်တွေ လူနေတာမျိုးမတွေ့ တော့ဘူး၊ အခု ကော့ကရိတ် ကျုံဒိုးကလူတွေပြန်လာနေခိုင်းနေပေမယ့် တစ်ခြားနေရာတွေမှာအခြေကျကုန်ပီ၊ လူကြီးပိုင်းလောက်ဘဲအိမ်စောင့်ခြံစောင့်ပြန်လာနေကြတယ်" လိုကျုံဒိုးသတင်းအရင်းအမြစ်က ပြောပါသည်။

လတ်တလောမှာတော့ ကော့ကရိတ်၊ ကျုံဒိုးမြိုဘက်က စစ်အုပ်စုတပ်ရင်းတပ်ဖွဲ နေရာ
တွေကိုစစ်ကူနဲ့ ခဲယမ်းကားတွေ နေ့စဉ်အဝင်အထွက်ရှိနေသလို မြိုပြန်လည်စည်ကားရေးကျောင်းများ ၊ ရုံးများပြန်ဖွင့်ပြီးအုပ်ချုပ်ရေးလည်ပတ်နိုင်ဖိုလုပ်နေပြီး KNLA မဟာမိတ်တပ်တွေ၊ မွန် တော်လှန်ရေးတပ်တွေရှိနေတဲ့နေရာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ စစ်ဆင်တိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို သိရပါတယ်။

ကော့ကရိတ်မြို့က မီးလောင်ပျက်စီးခံထားရတဲ့အိမ်တွေကို ဘိလပ်မြေဆယ်အိတ်နဲ့သွပ်အချပ်၂၀ ပေးမည့်ဟုဆိုကာ စစ်အုပ်စုကအတင်းအကြပ် အိမ...
10/05/2026

ကော့ကရိတ်မြို့က မီးလောင်ပျက်စီးခံထားရတဲ့အိမ်တွေကို ဘိလပ်မြေဆယ်အိတ်နဲ့သွပ်အချပ်၂၀ ပေးမည့်ဟုဆိုကာ စစ်အုပ်စုကအတင်းအကြပ် အိမ်ပြန် ဆောက်ခိုင်းနေ
-
By - People’s Radio Myanmar
Date - 10 May 2026

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်အုပ်စုက ရက်တစ်ရာစီမံချက်ဆိုပြီး လျှပ်စစ်မီးပြန်ပေးတာနဲ့ မှတ်ပုံတင်လုပ်ပေးတာတွေရှိနေပြီး အရင် ၂၀၂၄-၂၅ခုနှစ်က စစ်တပ်နဲ့ KNLA မဟာမိတ် ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဖြစ်ချိန်တုန်းက စစ်အုပ်စုတပ်တွေ မီးရှို့ဖျက်စီးထားတဲ့ နေအိမ်တွေကို အခုမေလမှာ အပြီးပြန်ဆောက်ပြီး လူတွေပြန်လာနေရမယ်လို့ ဖိအားပေးအိမ်ဆောက်ခိုင်းနေပါတယ်။

အခုမေလ ၂ရက်က ကရင်ပြည်နယ်စစ်အုပ်စုက ကော့ကရိတ်မြို့ အုပ်ချုပ်ရေးပြန်လည်ပတ်နိုင်ဖို့ လာရောက်စစ်ဆေးပြီး လမ်းမတန်း နေအိမ်တွေ ကျောင်းတွေရုံးတွေ ပြန်ပြင်ဆောက်ကြဖို့ လူထု တွေ့ဆုံပွဲလုပ်ခဲ့ပြီး မီးလောင်ပျက်စီးတဲ့ အိမ်တွေကို သွပ်အချပ်နှစ်ဆယ်နဲ့ဘိလပ်မြေဆယ်အိတ်ထောက်ပံပေးမယ်လို့ ညွန်ကြားခဲ့တာပါ။

အဲဒီနောက် တစ်နယ်ရပ်ခြားကို စစ်ရှောင်ပြီး နေကြသူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကအိမ်ပြန်လာဆောက်ပြီး လူပြန်လာနေကြဖို့ ဖိအားပေးဆက်သွယ်လာနေတယ်လို့ ကော့ကရိတ်မြို့ကနေ ဖားအံမြို့ဘက်မှာ စစ်ဘေးရှောင်ပြောင်းရွေ့နေထိုင်သူတစ်ဦးက PRM ကို ပြောပါတယ်။

" ကျနော်တို့က ဖားအံဘက်ပြောင်းနေနေတာကလေးတွေလည်း ဖားအံဘက်ကကျောင်းတက်နေတာ၊ အခုဆယ်ရက်အတွင်းပြန်လာ အခုအိမ်ဆောက်၊ လူပြန်လာနေဆိုတော့ မလွယ်ဘူးလေ၊ သွပ်အချပ်၂၀ နဲ့ဘိလပ်မြေဆယ်အိတ်ဆိုတာ အိမ်သာလောက်ဘဲဆောက်လို့ရမှာလေ၊ သူတို့ စစ်တပ်ကဘဲအိမ်တွေမီးရှို့တာ၊ လေယာဉ်ကြဲတာနေ ကျနော်တို့ အိမ်တွေမီးလောင်ကုန်တာလေ၊ အခုထိလည်းတိုက်ပွဲကနေ တိုင်းကြားနေရတာဆိုတော့ ပြန်နေဖို့မဖြစ်သေးဘူး" လို့ ကော့ကရိတ်စစ်ဘေးရှောင်သူတစ်ဦးက ပြောပါတယ်။

ဒါအပြင် ကော့ကရိတ်စစ်အုပ်စုက ကြံ့ခိုင်ရေးပါတီအမတ်နဲ့ပေါင်းပြီး ရပ်ကွက်နေသူတွေကို ရပ်ကွက်အလိုက်ပျက်စီးဆုံးရှုံးစာရင်းနဲ့ နေအိမ်ပြန်ပြင်မယ့်အခြေအနေကို နေအိမ်ပိုင်ဆိုင်မှုအထောက်အထားစာရွက်စာတမ်းတွေနဲ့ လျှောက်လွှာတင်မှသွပ်ပြားနဲ့ဘိလပ်မြေရမယ်လို့ ရပ်ကွက်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေတွေ့ တဲ့နေရာမှာ ပြောသွားတယ်လို့ ဆိုပါတယ်။

" ကော့ကရိတ် ကြံခိုင်ရေးပါတီအမတ်နဲ့ အုပ်ကြီး တွေ ရပ်ကွက်ရုံးမှာခေါ်တွေ့တော့ မီးလောင်ခံရတဲ့ အိမ်တွေစာရင်းကောက်တယ်၊ တစ်ခြားမြို့ရွာဘက်ကို ပြောင်းနေတဲ့ အိမ်ပိုင်ရှင်ခြံပိုင်ရှင်တွေ အုပ်ကြီးတွေကိုဆက်သွယ်ဖို့ပြောတယ်၊ ပိုင်ဆိုင်ကြောင်းအထောက်အထားစာရွက်စာတမ်းတွေ မိတ္တူတစ်စုံနဲ့ အိမ်ပျက်စီးတာကို ပြင်မယ့်အခြေ အနေကို လျှောက်လွှာတင်ရမယ်ပြောတယ်၊ အဲ့လိုတင်မှ သွပ်ပြားနဲ့ ဘိလပ်မြေရမယ်လို့ ပြောတယ်၊ စာရွက်စာတမ်းတွေပျောက်တာ မီးထဲပါသွားတာမျိုးကြတော့မပေးဘူးလို့ကြားတယ် "ဟု အမှတ်၂ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။

အခုလိုကော့ကရိတ်မြို့မှာ မြို့ပေါ် ရပ်ကွက် ၇လုံး မှ‌ နေအိမ် ၂၀၀၀ နီးပါးတိုက်ပွဲတွေကြောင့် မီး လောင်ပျက်စီးမှုများရှိနေပြီး၊ စစ်အုပ်စုက ရက်တစ်ရာအတွင်း ဆေးရုံ၊ ကျောင်းနဲ့ ဌာန ဆိုင်ရာရုံးတွေ ပြန်ပြင်တာကို လုပ်မယ်လို့ဆိုကာ အပျက်အစီး နေရာတွေကိုလုပ်ကွက်ကန်ထရိုက်ပေး ပြင်ဆင်ခိုင်းဖို့ လိုက်လံစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး PRM က စစ်အုပ်စု အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းဖို့ ဆက်သွယ်တာမှာတော့ လက်ခံဖြေကြားတာမျိုးမရရှိသေးပါဘူး။

လတ်တလောမှာ စစ်အုပ်စုက အိမ်တွေပြန်လာဆောက်ခိုင်းတာနဲ့ပတ်သက်ပြီး ကော့ကရိတ်မြို့မှာ ဆောက်လုပ်ရေးအသုံးအဆောင်နဲ့သစ်ဆိုင်၊ ဝါး၊ အင်ဖက်အရောင်းဆိုင်တွေ ပြန်မဖွင့်သေးတာကြောင့် အိမ်ပြန်ဆောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ မြို့ခံရပ်ကွက်သားတွေကပြောပါတယ်။

KNLA တပ်တွေ စစ်ရှိန်မြှင့်တိုက်ခိုက်မှုအပေါ် စစ်တပ်လေကြောင်းကခုခံနေလို့ ဝေါလေစစ်ဗျူဟာကုန်းတိုက်ပွဲရက်ရှည်ကြာနေ_By – Peop...
03/05/2026

KNLA တပ်တွေ စစ်ရှိန်မြှင့်တိုက်ခိုက်မှုအပေါ် စစ်တပ်လေကြောင်းကခုခံနေလို့ ဝေါလေစစ်ဗျူဟာကုန်းတိုက်ပွဲရက်ရှည်ကြာနေ
_
By – People’s Radio Myanmar
Date – 3 May 2026

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်က ဝေါလေစစ်ဗျူဟာစခန်းသိမ်းတိုက်ပွဲကို KNLA မဟာမိတ်တပ်တွေ စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေတာ တစ်လကျော်ကြာချိန်ရှိလာနေပါပြီ။

အဲ့ဒီစစ်တပ်ဗျူဟာကုန်းကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကစပြီး အခုမေလ ၂ရက်အထိ စစ်ရေးအရှိန် မြှင့်တိုက်ခိုက်နေတာမှာ မတ်လ၁ရက်ကစပြီး စစ်အုပ်စုကစစ်ဗျူကုန်းမကျရေးကို မြေပြင်ခုခံတာထက်လေကြောင်းပစ်ကူနဲ့ ခုခံနေရတာ အခု မေလ၂ရက်အထိရှိလာနေပြီလို့ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က PRMကို အခုလိုပြောပါတယ်။

" စဖြစ်တဲ့ တိုက်ပွဲရက်ကတည်းက လေကြောင်းခေါ် ပြီး စစ်ကူတောင်းနေတာအခုထိဘဲ၊ လေယာဉ်နဲ့ မြေပြင်တိုက်နေရသလိုဖြစ်နေတယ်၊ သူတို့ကုန်းနားကပ်ပြီးဆိုတာနဲ့ ကာမီကာဇေလာကြဲပြီ၊ အဲ့တာမရရင်ကိုယ့်ဘက်က ဖိအားကောင်းကောင်းနဲ့ပစ်နေတဲ့ဘက်ကို ဂျက်ဖိုက်တာလေယာဉ်ကရော့ကက်ဒုံးနဲ့ပစ်မယ်၊ ဗုံးကြီးကြဲမယ်၊ ရပ်ကွက်နဲ့ ရွာတွေဘက်ကို Y12နဲ့ မီးလောင်ဗုံးကြဲမယ်၊ ပြီးရင် Y12ကနေ ရိက္ခာ၊ ခဲယမ်းချမယ် အခုထိက လေကြောင်းလာနေလို့ အဲဒိ့စခန်းမကျသေးဘူးဖြစ်နေတယ်" လို့ KNLA သတင်းအရင်းအမြစ်ကပြောပါတယ်။

အခုရက်ပိုင်းမှာတော့ စစ်အုပ်စုလေကြောင်းက တိုက်ခိုက်တာနဲ့ (ကာမီကာဇေ)အသေခံဒရုန်း တွေကြောင့် ဝေါလေရပ်ကွက် ‌‌‌‌‌‌‌၄ရပ်ကွက် ၅ နေရာက လူနေအိမ်တွေ မီးလောင်ပျက်စီးနေသလို
ထီးသဲလယ်ကျေးရွာ နေအိမ်တွေဘုန်းကြီးကျောင်းတွေအပါအဝင် နေရာတော်တော်များများပျက်စီး ကုန်ပြီလို့ စစ်ဘေးရှောင်နေရတဲ့ ဝေါလေရပ်ကွက်သူတစ်ဦးက ပြောပါတယ်။

" လေယာဉ်ဘဲကြောက်နေရတယ်၊ ဖော့ပြားနဲ့လုပ်တဲ့ ဒရုန်းတွေ( ကာမီကာဇေ)တွေ ရပ်ကွက်ထဲကျပေါက်တယ်၊ ဗျူဟာကုန်းကနေ ၆၀ သီးတွေ ပစ်ချတယ် မီးလောင်တာတော်တော်များနေပြီ ၊ ထိ့ညာလိ့(ရွှေဖရုံသီး)ဘုန်းကြီးကျောင်းဆို တစ်ဆောင်လုံးပြာကျ သွားပြီဗုံးကြဲချတာ၊ အခုထိတော့ ကရင်အဖွဲ့တွေ PDFတွေ ပစ်နေတုန်းဘဲ၊ လေယာဉ်ကြဲတာကို ထိုင်းဘက်က စစ်ရှောင်ရင်းနေတိုင်းမြင်နေရတယ်" လို့ ပြောပါတယ်။

အခုလက်ရှိ ၂ဖက်တိုက်ပွဲ အခြေအနေကတော့ စစ်အုပ်စုဗျူဟာကုန်းဘက်က ဆက်လက်ခုခံနေဆဲ အခြေအနေရှိသလို KNLA မဟာမိတ်တပ်တွေဘက်ကလည်း ဝေါလေဒေသနေရာအားလုံးကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်လာတာနဲ့ အမျှ ဝေါလေစစ်ဗျူဟာကို စစ်ကူခဲယမ်းမရောက်နိုင်ပါက အနှေး/အမြန်ကျရှုံးရမယ့် အခြေအနေရှိနေကြောင်း ဝေါလေတိုက်ပွဲအခြေအနေကိုသိသူ ဒေသခံစစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

" တိုက်ပွဲကတစ်လရှိပြီပေါ့နော်စစ်တပ်ကဆုတ်ဖို့ မလွယ်ဘူး၊ထိုင်းဘက်ပြေးဆင်းဖို့လည်းမလွယ်ဘူး အလှမ်းဝေးတယ်၊ဖလူးဘက်ကထိုင်းဘက်ကစစ်ကူလာမယ်ဆိုရင်တော့တစ်မျိုးပြောင်းသွားမယ်၊ ဘာမှမရတော့ဘဲခုခံနေရတယ်ဆိုရင်တော့သိပ်ကြာကြာခံမယ်မထင်ဘူး၊မြေပြင်မှာကKNUတပ်တွေကနေရာစုံမှာဖြတ်ထားတာမျိုးရှိတယ်၊အခုကလေယာဉ်နဲ့ဗုံးကြဲပြီးစခန်းနားကပ်မရအောင်လုပ်နေလို့ကြာနေတာ " လို့ ပြောပါတယ်။

အခုလိုတိုက်ပွဲကြာချိန်တစ်လကျော်အတွင်း KNLA မဟာမိတ်တပ် တွေဘက်ကထိခိုက်ကျဆုံးသူတွေရှိနေသလို စစ်တပ်ဗျူဟာကုန်းအနီးဝန်းကျင် ကာကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တာမှာလည်း စစ်အုပ်စုတပ်ဘက်က သေဆုံးထိခိုက်သူနဲ့ စစ်တပ်စွန့်ခွာထွက်ပြေးလာတဲ့ စစ်သားသစ်တွေကို အရှင်လက်ရဖမ်းမိထားသူတွေရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေကို စုံစမ်းမေးမြန်းချက်တွေအရ သိရပါတယ်။

လတ်တလောမှာတော့ ထိုင်း−မြန်မာနယ်စပ် ဝေါလဒေသတိုက်ပွဲအတွင်း နေ့စဉ်စစ်အုပ်စုက လေကြောင်းနယ်ကျော်ဝင်ရောက်ပျံသန်းဗုံးကြဲတာနဲ့ စစ်တပ်ပစ်ခတ်တဲ့ကျည်တွေ ထိုင်းနိုင်ငံဘက်ကျ ရောက်ပေါက်ကွဲတာတွေရှိနေလို့ ထိုင်းစစ်တပ်က မြန်မာဘက်ကတိုက်ပွဲအခြေအနေအပေါ် လေကြောင်းအရေးပေါ်ကင်းလှည့်ပျံသန်းပြီး သတိပေးတာ၊ မြေပြင်ထိုင်းနယ်ခြားစစ်တပ်က နယ်စပ် တစ်လျှောက်စောင့်ကြည့်စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်ကလေးတွေ စာသင်ပေးနေတဲ့ ဆရာတော်တစ်ပါးပျံလွန်တော်မူ ၊ ဒေသခံန...
06/04/2026

အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်ကလေးတွေ စာသင်ပေးနေတဲ့ ဆရာတော်တစ်ပါးပျံလွန်တော်မူ ၊ ဒေသခံနှစ်ဦးဒဏ်ရာရ

By - ထက်မြတ်
Date - April 6, 2026

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ဆီက သိရ ပါတယ်။

ဧပြီလ ၆ ရက် မနက် ၁၁ နာရီကျော်လောက်မှာ မိတ္ထီလာလေတပ်ကနေတက်လာတဲ့ ဂျက်တိုက် လေယာဉ် တစ်စီး နဲ့ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စီးတို့ဟာ ရွှေဘိုမြို့အ နောက် မြောက်ဘက် ဆင်အင်းကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၊ စက်သေနတ်တွေ နဲ့လည်း ပစ်ခတ်ခြင်းပြုလုပ်ခဲ့ပါတယ်။

“ဘာထိတွေ့မှုမှမရှိဘူး သက်သက်လာကြဲတာ တိုက်ပွဲမရှိသလို စစ်ရေးလှုပ်ရှားတဲ့နေရာမဟုတ်ဘူး အဓိက စစ်ရှောင်တွေ လာရောက်မှီခိုတဲ့နေရာ လေယာဉ်နှစ်စီးကလည်းတစ်ပြိုင်တည်းကြဲတာမဟုတ်ဘူး တစ်စီးပြီး မှတစ်စီး ရှေ့ဆင့်နောက်ဆင့်ပဲ ပထမတစ်စီးပစ်ပြီးတော့အပြန်မှာ နောက်တစ်စီးကရောက်လာပြီး နောက် တစ်စီးက ဆက်ပစ်တယ်အဲလိုမျိုး”လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့တာဝန်ခံက People’s Radio Myanmar ကိုပြောပါတယ်။

အခုလို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးနေတဲ့ ဆရာတော်တစ်ပါးထိမှန်ပြီး ပျံလွန်တော်မူသွားသလို ၊ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဆရာတော်ဟာ လေကြောင်းပစ်ခတ်မှုမပြုလုပ်ခင် ကလေးငယ်တွေကို ဘေးလွတ်ရာကိုပုန်းခိုဖို့ပြောနေချိန် အခုလို လေကြောင်းပစ်ခံရပြီး ပျံလွန်တော်မူသွားတာပဲဖြစ်ပါတယ်။လေကြောင်းပစ်ခတ်ခံရတဲ့နေရာဟာ အခြားနယ်က ပြည်သူများလာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

“ဒီနေရာကတော့ လေကြောင်းတိုက်ခိုက်ခံရတယ် မကြားရဘူးပေါ့နော် ဒါကတော့ တော ထဲတစ်နေရာလို့ ပြောလို့ရတယ် ဒီနေရာလေးက စစ်ရှောင်ကလေးငယ်ကို ဆရာတော်က ဦးဆောင်ပြီးတော့စာ သင်ကြား ပေးနေတဲ့နေရာလေးဖြစ်တယ်ဆရာတောက ကလေးငယ်တွေကို ဝေဟင်လာတဲ့ အတွက်လေကြောင်း တိုက်ခိုက်နိုင်ခြေရှိတဲ့အတွက် ကလေး ငယ်တွေကိုဘေးလွတ်ရာပုန်းခိုဖို့ပြောနေတဲ့ အချိန်မှာ ထိသွားတာပေါ့ နော် ” လို့ အထက်ပါတာဝန်ခံကဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ လေကြောင်းအန္တရာယ်ထပ်မံကြုံရမှာကို စိုးရိမ်တဲ့အတွက် အဆိုပါနေရာကနေ ထပ်မံပြောင်းရွေ့ရှောင်တိမ်းတာမျိုးပြုလုပ်တာတွေရှိတယ်လို့သိရပါတယ်။အဆိုပါ စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေက လူဦးရေအတည်တကျမရှိတဲ့အတွက် စစ်ရှောင်ဦးရေကိုတော့ တိတိကျကျမသိရှိရဘူးလို့ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ဗုံးသီးများလည်းကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ဧပြီ ၃ ရက်နေ့ကလည်း ဆင်အင်းကျေးရွာရှိ သပိတ်ကျင်းစစ် ဘေးရှောင်များ နေထိုင်တဲ့နေ အိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်ပြည်သူ ၇ ဦးထိမှန်ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။

အကြမ်းဖက်စစ်တပ်က အရပ်သားကားတွေကို စုစည်းအကြပ်ကိုင်ကာ မြဝတီ၊‌ ကော့ကရိတ် အာရှလမ်းက မောင်းဆင်းခိုင်း_By-People’s Radio Myan...
02/04/2026

အကြမ်းဖက်စစ်တပ်က အရပ်သားကားတွေကို စုစည်းအကြပ်ကိုင်ကာ မြဝတီ၊‌ ကော့ကရိတ် အာရှလမ်းက မောင်းဆင်းခိုင်း
_
By-People’s Radio Myanmar
Date-2 April,2026

မြဝတီအကြမ်းဖက်စစ်တပ်က ဒီကနေ့ ဧပြီလ ၂ရက်နေ့ မနက်ပိုင်းမှာ သင်္ဃန်းညီနောင်လမ်းဆုံနေရာက နေ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ BGF လမ်းပိုင်းတွေကနေ ကော့ကရိတ်-ဖားအံဘက် ဆင်းမယ့် အိမ်စီးကားတွေကို မြဝတီ-အာရှလမ်းဖွင့်ပွဲလုပ်သည့်နေရာကို အကြပ်ကိုင်ခေါ်ယူပြီး ပရိတ်ရွတ်သည့် ဘုန်းကြီးကားယာဉ်တန်းနဲ့ကော့ကရိတ်ကို မောင်းဆင်းခိုင်းတယ်လို့ သိရပါတယ်။

အဲဒီအာရှလမ်းဖွင့်ဖို့အတွက် စစ်တပ်က မြဝတီကားသမားတွေကို BGF /PC ထိန်းချုပ်လမ်းတွေကို လမ်းပိတ်ထားဖို့ ဖိအားပေးထားပြီး ဒီနေ့မနက်ပိုင်း ကော့ကရိတ် ဆင်းမယ့်ကားတွေကို ပေးမဆင်းဘဲ အာရှလမ်းဘက်က မောင်းဆင်းခိုင်းနေတယ်လို့ အခြေအနေသိတဲ့ ယာဉ်မောင်းတစ်ယောက်က PRM ကို ပြောပါတယ်။

" ညကထဲကထို့ ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းတွေကို လမ်းပိတ်ခိုင်းထားတယ်၊ မြဝတီအဆင်းကားမှန်သမျှကို ဒီမနက်မှာညီနောင်မှာတားပြီးတော့ သူတို့လမ်းဖွင့်တဲ့ ပရိတ်ရွတ်ကားယာဉ်တန်းနဲ့ လမ်းဖွင့်ပွဲလုပ်ပြီး လိုက်ဆင်းခိုင်းတယ် ကော့ကရိတ်၊ ဂျိုင်းအထိပေါ့နော်" ဟု ပြောပါတယ်။

အခုလို စစ်တပ်က အာရှလမ်းပြန်ဖွင့်တာကို ဖားအံ မော်လမြိုင်သွားဖို့အတွက် ဂျိုင်းဂျပန်ကြိုးဆိုင်းတံတားဖြတ်ခကို ၃ရက် အခမဲ့ဖြတ်သန်းခွင့်ပြုထားတယ်လို့ လည်းသိရပါတယ်။

အလားတူ ဖားအံ လွန်းညရွာဘက်မှာလည်း အာရှလမ်းပိုင်းစတင်ဖောက်လုပ်တဲ့နေရာမှာ တစ်ကျော့ပြန်လမ်းဖွင့်ပွဲကို ဖားအံစစ်အုပ်စုက ပြန်လုပ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိ့တော့ အာရှလမ်းပိုင်းမြဝတီ−ကော့ကရိတ်နယ်ထဲမှာတော့ ခရီးသွားကားတွေစပြီး သွားလာနေတဲ့အပေါ် စစ်အာဏာရှင်တော်လှန်ရေးတပ်တွေဘက်က ပစ်ခတ်တာ၊ စစ်တပ်အုပ်စုနဲ့ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိသေးပါဘူး။

အဲဒီလမ်းပိုင်းဟာ KNLA မဟာမိတ်တပ်တွေနဲ့ စစ်အုပ်စုတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ၂နှစ်ကျော်အကြာ အသွားအလာပိတ်ထားသည့်အခြေအနေကနေ စစ်အုပ်စုကပြန်ဖွင့်ပြီး သွားလာခိုင်းနေပေမယ့် လုံခြုံရေးအရစိတ်ချရတဲ့အခြေအနေမရှိသေးလို့ ကုန်စည်ကားတွေကိုလည်း သွားလာခွင့်မပြုသေးဘူး လို့ သိရပါတယ်။


#ကရင်ပြည်နယ်
#အာရှလမ်း

ဖလူးရွာ DKBA တရုတ်ကျားဖျန့်ခြံဝင်းကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်၊ တရုတ်နိုင်ငံသား၃ဦး‌ သေဆုံး၁၃ဦးဒဏ်ရာရ_By - People's R...
28/03/2026

ဖလူးရွာ DKBA တရုတ်ကျားဖျန့်ခြံဝင်းကို ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်၊ တရုတ်နိုင်ငံသား၃ဦး‌ သေဆုံး၁၃ဦးဒဏ်ရာရ
_
By - People's Radio Myanmar
Date - 28 March 2026

ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့ တောင်ဘက် ဖလူးကျေးရွာ DKBA တပ်ဖွဲ့ပိုင် ကျွန်းတော တရုတ်ကျားဖျန့် ငွေလိမ်ခြံဝင်းကို အကြမ်းဖက်စစ်တပ်လက်ခတ်တောင် စစ်စခန်းဘက်မှ မတ်လ ၂၆ ရက် ညပိုင်း၁၁ နာရီကျော်အချိန်မှာ ကာမီကာဇေအသေခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ တရုတ်နိုင်ငံသား ကျားဖျန့်လုပ်သူ ၃ဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သတင်းအရင်းအမြစ်တွေက PRM ကို ပြောပါတယ်။

အဲ့ဒီ အသေခံဒရုန်းနဲ့ တိုက်ခိုက်လို့ ကျွန်းတော ကျားဖျန့်ဆိုက်အဆောက်အဦးတွေ ထိမှန်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေကို DKBA ကျောက်ခက်ကျေးရွာဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ အမည်မဖော်လိုတဲ့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

" အဲဒီရုံက ခဏခဏတိုက်ခံထိတယ်၊ စစ်တပ်နဲ့ DKBAနဲ့ အပေးအယူ ရှိတယ်ဆိုပြီး ဆက်လုပ်နေကြတာမှာ ကာမီကာဇေ နဲ့ ထိကုန်တာပေါ့နော်၊ ည၁၁ နာရီ ကျော်လောက်ပေါ့ အသံကြီး နှစ်ချက် ကြားရတယ် ၊မနက်ကျတော့ ညတရုတ်၃ယာက် သေတယ်၊ ၁၃ ယောက်အစထိလို့ ကျောက်ခက် ဆေးရုံသယ်ပို့တယ်လို့ သိရတယ်" လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်တပ်က အခုမတ်လထဲမှာ DKBA တပ်ဖွဲ့တွေရဲ့ ကျားဖျန့်ခြံတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက် ခိုက်တာရှိသလို၊‌ ဒေသခံတွေ စစ်ဘေးရှောင်တိမ်းခိုလှုံနေတဲ့ စစ်ရှောင်စခန်းနေရာတွေကိုလည်း တိုက်ခိုက်နေတာပါ။

အခုလို DKBA တပ်ပိုင်စီးပွား ရေးလုပ်ငန်းနေရာတွေကို စစ်အုပ်စုက တိုက်ခိုက်နေပေမယ့် DKBA တပ်ဖွဲ့ဘက်ကတော့ စစ်ရေးအရ ပြန်လည်တိုက်ခိုက်တာမျိုးမရှိသေးပါဘူး။

ဒါအပြင် မြဝတီမြို့ပေါ်ရပ်ကွက်တွေက DKBAတပ်ဖွဲ့ စီးပွားလုပ်ငန်းနေရာတွေက ဂိမ်းရုံ၊ ကာစီနိုရုံ၊ ကျားဖျန့်ရုံ၊ အာဝါဒေးလောင်းကစားပွဲခင်းတွေကိုလည်း စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတာမျိုး ရှိနေပါတယ်။

လတ်တလော DKBAတပ်ဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် စစ်တပ်ကပစ်ခတ်တာ၊ ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး DKBA ခေါင်းဆောင်တွေက သဘောထားကြေငြာချက်ထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးပါဘူး။

အခုလိုစစ်တပ်က DKBAတပ်ဖွဲ့ ရဲ့ စီးပွားရေးလုပ်ငန်းတွေကို နှိမ်နှင်းနေပေမယ့် အခြား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံရှိနေတဲ့ မြဝတီမြို့အပါအဝင်၊ ကျေးနယ်ရပ်ကွက်တွေက တရားမဝင်လောင်းကစားလုပ်ငန်းတွေ၊ ကျားဖျန့်ငွေလိမ်လုပ်ငန်းတွေကိုတော့ ဖမ်းဆီးတာ၊ ပစ်ခတ်တိုက်ခိုက်တာမျိုး မရှိသေးဘူလို့ မြို့ခံ၊ နယ်ခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

#ဖလူး

#ကျားဖျန့်

ที่อยู่

Bangkok

เบอร์โทรศัพท์

+66981652450

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phar Si Thanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Phar Si Than:

แชร์