Bangkok Ma Ma Htet

Bangkok Ma Ma Htet ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Bangkok Ma Ma Htet, ครีเอเตอร์วิดีโอ, Bangkok.

မင်္ဂလာပါရှင် ၊ မမထက် ဒီ စာမျက်နှာ ကနေ ဘန်ကောက် နဲ့ ထိုင်းနိုင်ငံနဲ့ ပါတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဗီဒီယိုလေးတွေလုပ်ပြီး တင်ပေးဖြစ်ပါတယ်။ အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

24/01/2026

ဘန်ကောက်ရဲ့ အကြီးဆုံး ပန်းစျေးဖြစ်တဲ့ Pak Khlong Talat ကိုသွားလည်ကြမယ်။
#ဘန်ကောက်မမထက်
#ပန်းစျေး

14/01/2026

ဘန်ကောက်မြို့မှာ Night Market တွေက အများကြီးရှိပေမဲ့
အချို့နေရာတွေက လူအရမ်းများပြီး တိုးကြိတ်ရတာ၊
သွားရလာရလည်း အရမ်းဝေးလို့
“ဘယ်နေရာသွားရမလဲ” လို့ ခေါင်းစားနေရတဲ့သူတွေအတွက်…
ဒီနေ့ မထက်က
ဘန်ကောက်မြို့လည်မှာရှိပြီး
သွားရလာရ အရမ်းလွယ်တဲ့ SW1 Night Market ကို
ခေါ်သွားပေးမယ်နော် ✨

ပြီးတော့ထိုင်းမှာ စျေးဝယ်ပြီး ငွေချေတဲ့အခါ
TrueMoney Wallet အကောင့်ရှိရင် တကယ့်ကို အဆင်ပြေပါတယ်ရှင် 💚
QR Code ပြထားတဲ့ ဆိုင်တိုင်းမှာ
TrueMoney နဲ့ Scan ဖတ်ပြီး ငွေချေလို့ရတဲ့အတွက်
ငွေသားကိုင်စရာမလိုတော့ဘူးပေါ့နော် 💸
ဒါ့အပြင် TrueMoney က
မြန်မာနိုင်ငံကို ငွေလွှဲလို့ရသလို
မြန်မာပြည်က မိသားစုတွေစီကို
ဖုန်းဘေလ်လှမ်းဖြည့်ပေးတာ၊
မီတာဘေလ်ဆောင်ပေးတာတွေကိုပါ
လုပ်လို့ရတာကြောင့် အရမ်းကို အဆင်ပြေပါတယ် ✨
အခုဆိုရင်
မြန်မာပြည်ကို ငွေလွှဲတဲ့အခါ
AYA Pay နဲ့လည်း လက်ခံလို့ရနေပြီဆိုတော့
ပိုပြီး လျှင်မြန်ပြီး ပိုအဆင်ပြေသွားပါပြီနော် 🙌

TrueMoney Wallet အကောင့်ဖွင့်နည်း ကိုတော့
ကွန်မန့်ထဲက လင့်ခ်လေးမှာ
အသေးစိတ် ဝင်ကြည့်လို့ရပါတယ်ရှင် 💬

#ဘန်ကောက်မမထက်
#ထိုင်းမှမြန်မာ #ငွေလွှဲငွေထုတ်
ိုင်းမှမြန်မာ

11/01/2026

Japan ကျပစ္စည်းဆို ရင် Tokyo Plaza က အစုံဆုံးလို့တောင်ပြောလို့ရပါတယ်နော် ။ အရင်တစ်ခေါက်ကလည်းမထက်သွားပြဖူးပါတယ်။ အခု နောက်ထပ် ဆိုင်ခွဲတစ်ခုကိုလိုက်ပြပါမယ်နော်။

27/12/2025

ဘန်ကောက်ထဲမှာ ၂၀၂၅ အတွက် ခရစ်စ္စမတ် နဲ့ နှစ်သစ်ကူးအတွက် အလှဆုံးနေရာ ၃ နေရာကို မထက်လိုက်ပြမယ်နော်။
#ဘန်ကောက်မမထက်

20/12/2025

မထက် ခလောင်တိန်စျေးမှာ စျေးသွားဝယ်ရင်း မထက်ကို လိုင်းပေါ်မှာတွေ့ပြီး မှတ်မိနေတဲ့ ညီမလေးတွေ ခေါ်လို့ Pork Corner ဆိုတဲ့ဆိုင်လေးကိုဝင်စားဖြစ်လို့ ဒီဆိုင်လေးရဲ့အကြောင်းကို ပြောပြပေးထားပါတယ်ရှင်။
ဝင်ကြည့်လိုက်ပါဦးနော်။
#ဘန်ကောက်မမထက်

14/12/2025

Second-hand တူရိယာပစ္စည်းတွေနဲ့ ဂေါက်တံတွေ ရောင်းတဲ့ နေရာလေးတစ်ခုကို လိုက်ပို့ပေးမယ်နော် 🎸🏌️‍♂️

ဘန်ကောက်မှာ ဒီလိုနေရာတွေ အများကြီးရှိပေမယ့်
ဂစ်တာတွေ၊ စပီကာတွေ၊ စန္ဒာယားတွေ နဲ့ ဂေါက်တံတွေကို
second-hand သီးသန့် အမျိုးအစားစုံ၊ အရေအတွက်အများကြီးနဲ့ ရောင်းတဲ့နေရာကိုတော့
ဒီတစ်နေရာပဲ တွေ့ဖူးသေးပါတယ်။

ဒီနေရာလေးက ဘယ်မှာရှိလဲ၊ ဘယ်လိုသွားရမလဲ၊
အထဲမှာ ဘာတွေရှိလဲဆိုတာကို video ထဲမှာ အသေးစိတ် ပြောပြပေးထားပါတယ်ရှင် 🎥

ဒါနဲ့ သိပြီးကြပြီလား 🤔
TrueMoney Wallet ကနေ မြန်မာပြည်ကို ငွေလွှဲလို့ရတဲ့အပြင်
မြန်မာပြည်ကို ဖုန်းဘေလ် လှမ်းဖြည့်ပေးတာ၊
မီတာဘေလ် ဆောင်ပေးလို့လည်း ရတာကြောင့် အရမ်းအဆင်ပြေနေပါပြီနော် 💸📱

အခုဆိုရင် AYA Pay နဲ့ပါ ငွေလက်ခံလို့ရနေပြီဆိုတော့
ပိုပြီး လျှင်မြန်ပြီး အဆင်ပြေသွားပါပြီနော် ✨

TrueMoney Wallet အကောင့်ဖွင့်နည်းကိုတော့
အောက်က လင့်ခ်လေးမှာ အသေးစိတ် ကြည့်လို့ရပါတယ်ရှင်👇

https://www.facebook.com/share/v/17Ta4FcX2z/?mibextid=wwXIfr

#ဘန်ကောက်မမထက်
#ထိုင်းမှမြန်မာ #ငွေလွှဲငွေထုတ်
ိုင်းမှမြန်မာ

06/12/2025

ဘန်ကောက်မှာနေကြတဲ့သူတွေနဲ့ ဒီဇင်ဘာလမှာ အလည်လာကြမဲ့ သူတွေ ဒီ Vijit Chao Phraya 2025 ပွဲတော်ကိုလုံးဝလက်မလွတ်သင့်ဘူးနော်။
ကျောက်ဖရား မြစ်တစ်လျှောက် အထင်ကရနေရာတွေမှာ မီးအလှဆင် ထားတဲ့ နေရာတွေအပြင် Memorial Bridge (စဖန်ဖွတ်) ပေါ်မှာ ကျင်းပတဲ့ Drone ပေါင်းများစွာနဲ့အလှဆင် ပြကွက်တွေကို ထူးထူးခြားခြား ကြည့်လို့ရလို့ မထက်က တော့ သွားကြည့်ခဲ့လိုက်ပါပြီ။ ဒီဇင်ဘာလ တစ်လလုံး သက်မှတ်ထားတဲ့ ရက်တွေမှာလဲ​ပြသဦးမယ်ဆို တော့ မထက်သွားခဲ့တာလေးကိုကြည့်ပြီး သွားကြည့်ကြဖို့မမေ့နဲ့နော်။

📅 ဒီဇင်ဘာလပြသမဲ့ရက်များ ၅၊ ၆၊ ၇၊ ၁၃၊ ၁၄၊ ၂၀၊ ၂၁
⏰ အချိန် - ည 8:45

#ဘန်ကောက်မမထက်

29/11/2025

တံတားပေါ်မှာရှိတဲ့ ပန်းခြံလေးတစ်ခု ။ Chao Phraya Sky Park လို့ခေါ်တယ် ။ ကျောက်ဖရားမြစ်ရဲ့ အလှကို တံတားပေါ်ကနေ တဝကြီးခံစားနိုင်ဖို့ ညနေညခင်းအပန်းဖြေဖို့အတွက် အကောင်းဆုံးနေရာ။
#ဘန်ကောက်မမထက်

22/11/2025

မထက်တို့မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံက 7-11 မှာ All Member လို့ခေါ်တဲ့ မန်ဘာဝင်လို့ရပြီဆိုတာ သိပြီးကြပြီထင်ပါတယ်နော်။ All Member ရှိရင် 7-11 မှာစျေးဝယ်တဲ့အခါတိုင်း ပွိုင့်တွေစုပြီး အဲဒီ ပွိုင့်တွေနဲ့ စျေးပြန်ဝယ်လို့ရတဲ့အပြင် တခြားသော လျှော့စျေး တွေ ကူပွန်တွေပါ ရနိုင်လို့ All Member တော့မဖြစ်မနေလုပ်ထားသင့်ပါတယ်ရှင်။

မထက်အရင်တုန်းကတင်ခဲ့ဖူးတဲ့ 7-11 All Member ဖွင့်နည်း Video အောက်မှာ အကောင့်ဖွင့်ရတာ အဆင်မပြေဘူး ၊ အခက်အခဲရှိတယ်ဆိုပြီး လာပြောကြလို့ အကောင့်ဖွင့်တဲ့အခါ အလွယ်ကူဆုံးနဲ့ ၁၀၀ ရာခိုင်နှုန်းအဆင်ပြေစေဖို့အတွက် ပြန်ပြောပြပေးလိုက်ပါတယ်ရှင်။

အောက်ကလင့်ကနေတဆင့်လည်း အကောင့်ဖွင့်လို့ရပါတယ်။
7eleven.onelink.me/pSCf/iq99hm62

#ထိုင်းမြန်မာ #ဘန်ကောက်မမထက်

20/11/2025

မြန်မာမုန့်ကြိုက်တဲ့သူတွေ နတ်သုဒ္ဓါဆို မသိတဲ့သူမရှိပါဘူးနော်။
အခုဆိုရင် ဘန်ကောက် On Nut BTS Station နား က Century Movie Plaza ထဲမှာ ဆိုင်ဖွင့်လိုက်ပြီဆိုတော့ နဲ့ မထက်အပြေးသွားပြီးသွားစားကြည့်ခဲ့ပါတယ်။
မထက်နဲ့အတူ နတ်သုဒ္ဓါဆိုင်လေးကို သွားကြည့်လိုက်ရအောင်နော်။
#ဘန်ကောက်မမထက်
#နတ်သုဒ္ဓါ

18/11/2025

သွားရလာရလွယ်တဲ့နေရာမှာရှိပြီး အပန်းဖြေ ဓါတ်ဖမ်းလို့အရမ်းကောင်းတဲ့ပန်းခြံတစ်ခုကို မထက်သွားလည်ဖြစ်ခဲ့ပါတယ်ရှင်။
ဒီပန်းခြံရဲ့နာမည်က Queen Sirikit Landmark Park လို့ခါ်ပါတယ်။
ဒီပန်းခြံရဲ့ဘေးမှာကပ်ရက် Chaduchak ပန်းခြံလဲရှိလို့ တစ်ချို့က Chaduchak ပန်းခြံနဲ့မှားတတ်ကြပါတယ်။ MRT နဲ့ရော BTS နဲ့ပါလာလို့အဆင်ပြေတဲ့နေရာဖြစ်လို့ ညနေညခင်း လာရောက်အပန်းဖြေ ဓါတ်ဖမ်းချင်တဲ့ သူတွေအတွက် လိုက်ပြပေးလိုက်ပြီနော်။
ဒါနဲ့ မြန်မာပြည်ကိုငွေလွှဲတဲ့အခါ TrueMoney Wallet နဲ့ငွေလွှဲဖူးကြလားရှင်။ TrueMoney Wallet နဲ့ငွေလွှဲတဲ့အခါ ငွေစျေးလဲကောင်းတယ် တခြားငွေလွှဲပွဲစားတွေလဲ မလိုဘူး အခုလွှဲအခုရောက်တော့ တော်တော်လေးအဆင်ပြေတယ်။ ပြီးတော့အခုဆိုရင် AYA Pay နဲ့ပါငွေလက်ခံလို့ရနေပြီဆိုတော့ AYA Pay ရှိတဲ့သူတွေအတွက်ပိုပိုပြီးအဆင်ပြေပြီပေါ့။
TrueMoney Wallet အကောင့်ဖွင့်နည်းကိုလဲ အောက်ကလင့်လေးမှာအသေးစိတ်ကြည့်လို့ရပါတယ်ရှင်။

https://www.facebook.com/share/v/17Ta4FcX2z/?mibextid=wwXIfr

#ဘန်ကောက်မမထက် #ထိုင်းမှမြန်မာ #ငွေလွှဲငွေထုတ် ိုင်းမှမြန်မာ

27/10/2025

အနုစာဝရီနားက အရမ်းစားကောင်းတဲ့ကွတ်တယိုဆိုင် ။ တစ်ပွဲမှ ၁၈ ဘတ်ပဲ # #ဘန်ကောက်မမထက်

ที่อยู่

Bangkok
10230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bangkok Ma Ma Htetผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์