ZN Family ​ငြိမ်းချမ်း ပျော်ရွှင် စိတ်ကြည်လင်၍
လိုအင်ဆန္ဒဟူသမျှ ပြည့်ဝကြပါစေ

လုပ်ရင် ကောင်းမလား?
06/03/2026

လုပ်ရင် ကောင်းမလား?

စိတ္တဿ ဒမထော သာဓု၊စိတ္တံ ဒန္တံ သုခါဝဟံ။(ဓမ္မပဒ) #စိတ်ကိုဆုံးမစောင့်စည်းခြင်းသည်ကောင်း၏၊ #စိတ်ကိုဆုံးမစောင့်စည်းနိုင်ခြင်...
06/03/2026

စိတ္တဿ ဒမထော သာဓု၊
စိတ္တံ ဒန္တံ သုခါဝဟံ။(ဓမ္မပဒ)
#စိတ်ကိုဆုံးမစောင့်စည်းခြင်းသည်ကောင်း၏၊
#စိတ်ကိုဆုံးမစောင့်စည်းနိုင်ခြင်းသည်ချမ်းသာကိုဆောင်၏။
ကိုယ့်စိတ်ကို မနိုင်ရင်တော့
အနာဂါတ်ဟာ ဝိုးတဝါးအဆင့်မျှသာ
မောင်နေဦး
6-3-2026
10:24
မှတ်ချက်-အနာဂါတ်ဝိုးတဝါးပုံရိပ်

 #မုဒိတာနှလုံးသားနှင့်  #ကရုဏာစကားများမနေ့က ညီလေးတယောက် ဖုန်းဆက်လာသည်။အကိုတို့ဆီမှာ စမတ်ကြေးမရှိတဲ့ အလုပ်မရှိဘူးလာတဲ့"ညီ...
03/03/2026

#မုဒိတာနှလုံးသားနှင့်
#ကရုဏာစကားများ
မနေ့က ညီလေးတယောက် ဖုန်းဆက်လာသည်။
အကိုတို့ဆီမှာ စမတ်ကြေးမရှိတဲ့ အလုပ်မရှိဘူးလာတဲ့
"ညီလေးရေ အကို့ဆီမှာ စမတ်ကြေးရှိတဲ့အလုပ်လဲမရှိ၊စမတ်ကြေးမရှိတဲ့အလုပ်လေးမရှိဘူး"လို့ ပြောဖြစ်လိုက်သည်။
ဟိုတုန်းကဆို ကူညီလိုက်မှာ အမှန်ပင်
ခုတော့ `အလုပ်ကများ အလုပ်ကရှား`တော့ မကူညီဖြစ်ဘူး၊
အကြောင်းရင်းနှစ်ခုရှိသည် တခုက
တချို့က အကူညီတောင်းပြီးလွယ်လွယ်ရတော့ ပင်ပင်ပန်းပန်းမလုပ်ချင်တာရယ်၊အလုပ်အဆင်မပြေတော့ ကူညီတဲ့သူကို အပြစ်ပုံချသွားတာကြောင့်ပါ၊နောက်ပိုင်း အလုပ်နဲ့ပတ်သက်ပြီး အကူညီမပေးဖြစ်ပါ။
မြန်မာနိုင်ငံသားတွေ အဆင်ပြေနေတာမြင်တော့ မုဒိတာရပ်ဝန်းမှာ ပျော်နေရတာ။
အဆင်မပြေတဲ့သူကိုတွေ့ပြန်တော့လဲ
ကရုဏာနှလုံးသားက မနေနိုင်ပြန်ဘူး၊
ကိုက ကရုဏာရပ်ဝန်းကလာသူဆိုတော့၊
မှတ်ချက်-အလုပ်မရှာပေးနိုင်ပေမယ့်
ငွေစအနည်းငယ်ကူညီလိုက်သည်၊
အော် ကရုဏာ ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြုတာကိုး၊
အားလုံးအလုပ်အကိုင်ချော့မွေ့ အဆင်ပြေကြပါစေ.....
မောင်နေဦး
3-3-2026
10:42

 #လောကထဲက သောကခုတလော အရေးမကြီးတာတွေက အရေးတကြီးဖြစ်နေကြသည်၊ #ပွဲ အတော်ကြိုက်သောလူမျိုး  တစွမ်းတစ ကိုလည်းကပ်ငြိပါ သောကဖြစ်...
01/03/2026

#လောကထဲက သောက
ခုတလော အရေးမကြီးတာတွေက အရေးတကြီးဖြစ်နေကြသည်၊ #ပွဲ အတော်ကြိုက်သောလူမျိုး တစွမ်းတစ ကိုလည်းကပ်ငြိပါ သောကဖြစ်မိသည်၊
ရှေ့ပညာရှိသူတော်ကောင်းကြီးများ
#အရှုပ်ထဲမှာ ရှင်းအောင်နေခဲ့ကြသည်၊
#လောကကြီးမှ ထွက်မြောက်ကြောင်းကို ရှာဖွေခဲ့ကြသည်၊
လောကက မထွက်မြောက်နိုင်သေးသမျှ သောကရှိနေဦးမှာပါ၊
ဘယ်လိုပုံစံမျိုးနည်းလမ်းတွေနဲ့ သောကနည်းပါးမယ်ဆိုတာကို ကိုယ့်နဲ့ ကိုက်ညီတဲ့နည်းလမ်းမျိုးနဲ့ ဖြေရှင်းကြရမှာပါ၊
အကောင်းဆုံးကတော့
#ယောနိသော မနသိကာရ နှလုံးသွင်းမှန်ကန်မှုပါပဲ.....
သောကကင်းဝေးကြပါစေ...
မောင်နေဦး
1-3-2026
10:21

 #မချမ်းသာသော်လဲ ချမ်းသာသော အခိုက်တန့်များသောကဒုက္ခတွေနဲ့ ကြုံဆုံလာတိုင်း "မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ခါနီး မိန့်မှာသော စ...
28/02/2026

#မချမ်းသာသော်လဲ ချမ်းသာသော အခိုက်တန့်များ
သောကဒုက္ခတွေနဲ့ ကြုံဆုံလာတိုင်း "မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ခါနီး မိန့်မှာသော စကားကို နှလုံးသွင်းရင်း စိတ်ချမ်းသာရသည်။
#ဝယဓမ္မာ သင်္ခါရာ ဖြစ်လျှင် ပျက်တတ်သည်(ဗုဒ္ဓ)
#ဘယ်လောက်ကြီးကျယ်ခန်းနားနေပါစေ ဖြစ်ရင် ပျက်ရတာ ဓမ္မတာပါပဲလို့ သင့်တင့်စွာ နှလုံးသွင်းလိုက်တော့ ငွေကြေးမချမ်းသာပေမဲ့ စိတ်တော့ အတော်ချမ်းသာသွားသည်။
မောင်နေဦး
28-2-2026
09:18

27/02/2026

#မမေးဘဲ ဖြေသူများ #
မနေ့က ဘဏ်တခုသွားခဲ့တယ်၊
မြန်မာစကား အနည်းငယ်ပြောတတ်ဆိုတတ် ဝန်ထမ်းတယောက်နဲ့တွေ့ပါတယ်။
Limit ဘယ်လောက်ရလဲမေးရင်း
စကား ဘေးရောက်သွားသည်။
မင်းတို့ မြန်မာတွေ အဆင်မပြေဘူး
ပြောပြီး တို့ဆီမှာ အလုပ်လာလုပ်ကြတယ်၊ ပြောတော့ အဆင်မပြေဘူးတဲ့
Facebook ပေါ်ကြည့်လိုက်တော့ ရွှေဘယ်နှစ်ကျပ်သားဝယ်လာတယ်၊ဘာကားတယ်ဝယ်စီးနေတယ်၊ facebook. titok. ပေါ်က ဘယ်လောက်ငွေဝင်တယ် အမြဲတွေ့ရတယ်တဲ့။
အော် ငါတို့တွေ #မမေးဘဲ ဘယ်လောက်ဖြေခဲ့ကြပြီလဲ-ဆိုတာတွေးရင်းပြန်လာခဲ့ပါတယ်.....

မင်း အဆင်ပြေနေတာပဲ" ပိုက်ဆံ ချေးစမ်းပါဦး " လို့ ပြောလာရင် သူများကို ပိုက်ဆံ မချေးခဲ့လို့အခုလို အဆင်ပြေလာတာလို့ကျနော် ပြ...
26/02/2026

မင်း အဆင်ပြေနေတာပဲ
" ပိုက်ဆံ ချေးစမ်းပါဦး "
လို့ ပြောလာရင်
သူများကို ပိုက်ဆံ မချေးခဲ့လို့
အခုလို အဆင်ပြေလာတာလို့
ကျနော် ပြန်ဖြေလိုက်ပါတယ်။
crd

အမှားဆိုတာ လူတိုင်းနဲ့မကင်းနိုင်ပေ၊ထပ်တလဲလဲ မမှားဖို့ပဲအရေးကြီးပါတယ်.....(ဒီပုံတွေမှာ ဘာမှားနေလဲ ကြည့်ပြီးပြောကြည့်ပါ) ゚...
25/02/2026

အမှားဆိုတာ လူတိုင်းနဲ့
မကင်းနိုင်ပေ၊
ထပ်တလဲလဲ မမှားဖို့ပဲ
အရေးကြီးပါတယ်.....
(ဒီပုံတွေမှာ ဘာမှားနေလဲ ကြည့်ပြီးပြောကြည့်ပါ)
゚viralvideo
゚viralシfypシ゚viralシalシ

အဓိက သာမည #ပညာဆိုသည်မှာမြန်မာလိုသင်တဲ့တစ်နေ့ ဘွဲ့ရရ-မရရ ပညာတတ်တွေ ပေါများလာမည်။ဘွဲ့ရ နှင့် ပညာ ကျွန်တော်တို့မြန်မာပြည်တွ...
21/02/2026

အဓိက သာမည
#ပညာဆိုသည်မှာ

မြန်မာလိုသင်တဲ့တစ်နေ့ ဘွဲ့ရရ-မရရ
ပညာတတ်တွေ ပေါများလာမည်။

ဘွဲ့ရ နှင့် ပညာ

ကျွန်တော်တို့မြန်မာပြည်တွင် ဘွဲ့ရအများစုကို 'ဘွဲ့ရပညာမတတ်' ဟူ၍ စွပ်စွဲပြောဆိုကြသည်။

၁၄ နှစ်ခန့်အချိန်ကုန်လူပန်းပြီး ကြိုးစားခဲ့သူများစွာကို ဘွဲ့ရသည့်အခါ သူတို့ကို ဘာကြောင့် 'ပညာမတတ်'ဟု ဟူ၍ စွပ်စွဲပြောဆိုကြသနည်း...။

လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့သည်။
ပညာကို ဘယ်လိုသင်ကြလဲ....။

ဥရောပနိုင်ငံအများကို ကြည့်ရင် သူတို့သည် မိခင်ဘာသာစကားဖြင့်သာ စာသင်သည်ကို တွေ့ရမည်။

ပြင်သစ်တွင်
ပြင်သစ်ဘာသာရပ်ဖြင့်သာ စာသင်သည်။
ဂျာမနီတွင်
ဂျာမန်ဖြင့် စာသင်သည်။

အာရှနိုင်ငံများတွင်ကော.....။
ထိုင်းတွင်
ဘာသာရပ်အားလုံးကို ထိုင်းလိုသင်သည်။ ထိုင်းတက္ကသိုလ်များတွင်
ထိုင်းလိုပင် သင်သည်။

တရုတ်တွင်လည်း
ထို့အတူဖြစ်သည်။
တရုတ်မှာ တက္ကသိုလ်တက်ရင်
၉၉% သောကျောင်းတွေဟာ တရုတ်လိုပင် သင်သည်။
အင်တာနက်နှင့်ပတ်သက်၍
အားလုံး တရုတ်လို
ကြည့်လို့ရသည်၊ ရှာလို့ရသည်။

ဂျပန်ကော ဘာထူးသလဲ...။
သူတို့တက္ကသိုလ်များတွင်
ဂျပန်လိုပင် သင်သည်။
ဂျပန်က
အင်္ဂလိပ်လိုရေးသားထားသော
ထွက်သမျှ စာအုပ်အားလုံးလိုလိုကို ဘာသာပြန်သည်။

ကိုရီးယားတွင်လည်း
ဒီလိုပဲပေါ့။
ဒီကောင်တွေ
အင်္ဂလိပ်စာညံ့သည်။
အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ကြပါ။
နိုင်ငံခြားသားတစ်ယောက်တလေ လမ်းလျှောက်နေသည့်အခါ လာပြီး မေးလျှင် မဖြေရဲ။
ရှက်ရှက်နှင့် ထွက်ပြေးကြရသည်။

တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊
အားလုံး အင်္ဂလိပ်လို ညံ့သည်။
ထိုသို့ ညံ့သည့်အကြောင်းကား
သူတို့သည် ကျောင်းတွင် ဘာသာရပ်အားလုံးကို
မိခင်ဘာသာစကား (mother Tongue) ဖြင့်သာ သင်ယူကြသောကြောင့် ဖြစ်သည်။

သူတို့အင်္ဂလိပ်စာညံ့သည်မှာ မှန်သော်လည်း သူတို့ ဘာသာရပ်ကို ကျွမ်းကျင်သည်။
ဂျပန်သည် တီထွင်မှု (innovation) များစွာကို ပြုလုပ်ခဲ့သည်။
သူတို့သည် ကမ္ဘာတွင် အကောင်းဆုံးသော အီလက်ထရွန်းနစ်ပစ္စည်းများကို ထုတ်လုပ်သည်။

ဒုတိယ ကမ္ဘာစစ်တွင်
အဏုမြူဗုံးအချခံရ၍ ပြာပုံဖြစ်ခဲ့ရသော ဂျပန် ချမ်းသာသွားသည်။
ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သွားသည်။

တောင်ကိုရီးယားသည်
ဒီမိုကရေစီမှာ အတော်နောက်ကျသည်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးသွားသော်လည်း ကိုရီးယားစစ် မပြီးသေးပါ။
မြောက်ဘက်က တရုတ် ကူတိုက်ပေးသည်။
တောင်ဘက်က အမေရိကန်တို့ ကူတိုက်ပေးသည်။
မြောက်ဘက်က
ဆိုးလ်မြို့အနီးထိပင် ဝင်ခဲ့သည်။
တောင်ဘက်က တွန်းလှန်သည်။
နောက်ဆုံးစစ်ပြေငြိမ်းကာ 'တောင်နှင့်မြောက်' ဟူ၍
ကိုရီးယား နှစ်ခြမ်းကွဲလေသည်။
စစ်ဘေးဒဏ်ကြောင့်
ကိုရီးယား မွမွကြေနေလေသည်။

၁၉၆၀ ပြည့်နှစ်အလွန်က
ကိုရီးယားကို ရောက်သူတစ်ယောက်၏
မှတ်တမ်းတွင် ကိုရီးယားတို့ဆင်းရဲပုံကို ဖော်ပြထားသည်။

လမ်းတွေမှာ
ရေအိုင်နေတဲ့ ချိုင့်ခွက်တွေနဲ့၊
အစာရေစာ ၀လငအွောငမွစားကှရ၊ လမ်းဘေးတွင် ဟောင်နေသော ခွေးသည်ပင် စားစရာမရ မဝသောကြောင့် ချိနဲ့သောအသံဖြင့် ဟောင်နေရှာသည်။မိန်းမတွေဆံပင်ဖြတ်ကာ
အစိုးရကို ရောင်းကြရသည်။

သို့သော် ၁၉၈၈ခုနှစ် ဆိုးလ်မြို့ကို ပြန်ရောက်တော့ ကိုရီးယားသည် စပြီးချမ်းသာလာပါပြီ။
ဆိုးလ်တွင် အိုလံပစ် ကျင်းပသည်။ ဒီမိုကရေစီကို ပြည့်၀စွာ အသုံးချနေကြသည်။
ယနေ့တောင်ကိုရီးယားသည် ကမ္ဘာ့အဆင့်မီ ချမ်းသာတဲ့ နိုင်ငံဖြစ်နေပါပြီ။

ကိုရီးယားမှထုတ်သော ဆမ်ဆောင်း ဖုန်းများ၊ မော်တော်ကားများသည် ကိုရီးယားကို အခြေခိုင်စေသည်။

တရုတ်ကိုတော့ ပြောစရာမလိုပါ။
ယနေ့တရုတ်သည် ကမ္ဘာတွင် လူဦးရေအများဆုံးနိုင်ငံ ဖြစ်သလို ဒုတိယအချမ်းသာဆုံးနိုင်ငံ ဖြစ်နေလေပြီ။

အင်္ဂလိပ်စာတတ်သော တရုတ်များ နိုင်ငံရပ်ခြားက ပြန်လာကြသည်။
အင်္ဂလိပ်စာမတတ်သော တရုတ်များက နိုင်ငံကို အုပ်ချုပ်သည်။

ဒီအတိုင်းပါပဲ၊
ထိုင်းကိုကြည့်ပါ။
သူတို့ကျောင်းနှင့် တက္ကသိုလ်များတွင် ထိုင်းလိုသာ အဓိကထား၍ ပညာသင်ပေးသည်။

ကျွန်တော်တို့ဆီက လူသန်းဂဏန်း မဟုတ်ရင်တောင် သိန်းဂဏန်းပေါင်းများစွာသည် ထိုင်းတွင် အလုပ်လုပ်နေကြရသည်။
ထိုင်းအများစုသည် အင်္ဂလိပ်လို မတတ်ပါ။
ကျွန်တော်တို့ဆီ အနိမ့်ဆုံးလစာကို တစ်နေ့ လေးထောင်ပြည့်အောင် မပေးနိုင်မီ ထိုင်းတွင် တစ်သောင်းပေးသည်။
ကိုးရီးယားတွင် ငါးသောင်းပေးသည်။ဂျပန်တွင် တစ်သိန်းပေးသည်။
သူတို့တွင် ပညာရေးကို မိခင်ဘာသာဖြင့်ပင် သင်သည်။

ဘယ်လိုစဖြစ်တာလဲ
ဒီအကြောင်းကို ဆွေးနွေးမိသည်။

ကျွန်တော်တို့ဟာ ၁၉၈၁ ခုနှစ်ကစပြီး မူလတန်းကစလို့ အင်္ဂလိပ်လိုသင်ဖို့ ပြဋ္ဌာန်းတယ်။
၁၉၈၄ ခုနှစ်မှာ ၉ တန်း၁၀ တန်းက စာတွေကို အင်္ဂလိပ်လို သင်တယ်။
GCE 'O' Level အတိုင်းသင်ဖို့ ဆုံးဖြတ်တယ်။

မြန်မာတစ်ပြည်လုံး ကျောင်းတွေမှာ အင်္ဂလိပ်လိုသင်တော့တာပေါ့

ဟုတ်ပါတယ်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ အားလုံး အင်္ဂလိပ်လို သင်ပါတယ်

သူတို့ကို သင်တဲ့ဆရာဆရာမတွေက မူလက ဘယ်လို ဘွဲ့ရတာလဲ

မြန်မာလိုပဲသင်ပြီး ဘွဲ့ရတယ်သူတို့ အင်္ဂလိပ်လို သင်ဖို့ အခက်အခဲတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ တစ်နေ့ တစ်ပိုဒ်ချင်းဆီ ကျောင်းသားတွေကို လာဖတ်ပြတယ်၊ တတ်သမျှမှတ်သမျှ အဓိပ္ပာယ်ပြန်ပေးကြတယ်"

ကျောင်းသားတွေ သဘောပေါက်တာပေါ့

ပေါက်ကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို အင်္ဂလိပ်လို ဖြေရမယ်။ သူတို့ မြန်မာလိုတတ်သိ နားလည်နေပေမဲ့ အင်္ဂလိပ်လိုပဲ ဖြေရမယ်ဆိုတော့ အင်္ဂလိပ်လို ကျက်ရတာပေါ့

ကိုယ့်စကားနဲ့ကိုယ် ရေးရင်ကော
ဒါဆိုရင် အမှတ်တွေ နည်းကုန်မှာပေါ့။ အမှတ်ပေးစည်းမျဉ်းက ပြဋ္ဌာန်းစာအုပ်နဲ့ ပေးတာ၊ အမှတ်နည်းရင် သူတို့ တက်ချင်တဲ့တက္ကသိုလ် မတက်နိုင်တော့ဘူး

သူတို့ စာကျက်တာ မမှားဘူးပေါ့
မမှားဘူး။ ဒါပေမဲ့ စာတွေရပေမဲ့ ပညာမတတ်တော့ဘူး၊ သူတို့ဟာ အတွေးဉာဏ်တွေ ရှင်သန်ဖို့ မဖြစ်နိုင်တော့လို့ပဲ"

ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ

ကိုယ့်မိခင်ဘာသာစကားနဲ့ သင်ရင် ပိုကောင်းတာပေါ့

တရုတ် တရုတ်လိုသင်တယ်၊
ဂျပန် ဂျပန်လိုသင်တယ်၊
ကိုးရီးယား ကိုးရီးယားလိုသင်ကြတယ်

သူတို့ တိုးတက်တယ်

ကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်ပြီး သဘောထားပြောင်းဖို့ လိုပြီထင်တယ်ဗျာ

မြန်မာပြည်မှာ
မြန်မာလိုသင်တဲ့တစ်နေ့ ဘွဲ့ရရမရရ ပညာတတ်တွေ များပြားလာမှာပါပဲ

------------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
-------------

Credit ဒေါက်တာခင်မောင်ညို

စိတ်ဆိုတာ ပင်ကိုသဘာဝကဖြူဖြူစင်စင်လေးကိလေသာအညစ်အကြေးအရောင်မဆိုးသမျှ....ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ (ဗုဒ္ဓ) ゚viralvideo  ゚vira...
18/02/2026

စိတ်ဆိုတာ ပင်ကိုသဘာဝက
ဖြူဖြူစင်စင်လေး
ကိလေသာအညစ်အကြေးအရောင်မဆိုးသမျှ....
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ (ဗုဒ္ဓ)
゚viralvideo
゚viralシfypシ゚viralシalシ

 #မေတ္တာတရားများ #တကယ်တော့ ငြိမ်းချမ်းဖို့ဆိုတာမေတ္တာတရားသည်သာ ပဓာနသစ္စာတရားသည်သာ ထာဝရ ゚viralシfypシ゚viralシalシ  ゚viralvide...
14/02/2026

#မေတ္တာတရားများ #
တကယ်တော့ ငြိမ်းချမ်းဖို့ဆိုတာ
မေတ္တာတရားသည်သာ ပဓာန
သစ္စာတရားသည်သာ ထာဝရ
゚viralシfypシ゚viralシalシ
゚viralvideo

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ZN Familyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์