Cele Swal Zone

Cele Swal Zone စိတ်ခွန်အား နဲ့ ဗဟုသုတတွေ တိုးပွားစေဖို့
စာများများဖတ်ပါ......

13/07/2025
ဒီဦးလေးကြီးရဲ့ နေရပ်လိပ်စာကတော့ လပွတ္တာမြို့နယ် အမှတ် ၉ ရပ်ကွက်မှာ နေထိုင်ကြတာဖြစ်ပါတယ် ပုတုမနက်ဖန် အဲ့ဒီကိုသွားမယ် သူတ...
13/07/2025

ဒီဦးလေးကြီးရဲ့ နေရပ်လိပ်စာကတော့ လပွတ္တာမြို့နယ် အမှတ် ၉ ရပ်ကွက်မှာ နေထိုင်ကြတာဖြစ်ပါတယ် ပုတုမနက်ဖန် အဲ့ဒီကိုသွားမယ် သူတို့မိသားစုက အရမ်းဆင်းရဲပါတယ် ဖုန်းလဲမကိုင်နိုင်ဖူး ဦးလေးကြီး ဒီလိုဖြစ်တာကိုလဲ သူတို့မိသားစု သိချင်မှသိမယ် ဦးလေးကြီးနာမည်က ဦးအေးဝင်း ဖြစ်တယ် သူတို့မိသားစုနဲ့တွေ့တဲ့အခါ ပွဲစားဘယ်သူလဲဆိုတာ စုံစမ်းပီး ဒီအမှုကို အမှန်တရားအတိုင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မှာပဲ ဖြစ်ပါတယ် နောက်လူတွေ ဒီလိုမျိုး ထပ်မဖြစ်အောင် အစွမ်းကုန်ကြိုးစားပီး လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်
ကဲ ပရိတ်သတ်ကြီးလဲ ပုတုရဲ့လုပ်ဆောင်မှုတွေကို ကျေနပ်မှု ရှိကြလားဗျ

#ပေသီး
#ပုတု

ကျားဖောင်ပေါ်က ကိတ်စ. သိသင့်သလောက်တော့သိရပီ..ညကြရင် Live. မှာအားလုံးသိရအောင် ပြောပေးပါမယ်.......Live..၈ နာရီ ဝန်ကျင်.တက်...
13/07/2025

ကျားဖောင်ပေါ်က ကိတ်စ. သိသင့်သလောက်တော့သိရပီ..
ညကြရင် Live. မှာအားလုံးသိရအောင် ပြောပေးပါမယ်.......Live..၈ နာရီ ဝန်ကျင်.တက်လာပေးပါမယ်..🤝🤝🤝

#လှိုင်သာယာကိုရီး

🙏🙏🙏
13/07/2025

🙏🙏🙏

မကြီးဟုန်ကေ 💇🏻‍♀️ ✂️ 💁🏻‍♀️
12/07/2025

မကြီးဟုန်ကေ 💇🏻‍♀️ ✂️ 💁🏻‍♀️

ကဲ နာမည်ကြီးနေတဲ့ အမဟုန်သတင်းပါ မသိသေးသူအတွက်တရုတ်ပြည်မှာ 3 နှစ်အတွင်းအမျိုးသား ၁၆၉၀ ကျော်ကို ဆံပင်တုတပ်ပီး ဖြားယောင်း လ...
11/07/2025

ကဲ နာမည်ကြီးနေတဲ့
အမဟုန်သတင်းပါ မသိသေးသူအတွက်

တရုတ်ပြည်မှာ 3 နှစ်အတွင်းအမျိုးသား
၁၆၉၀ ကျော်ကို ဆံပင်တုတပ်ပီး ဖြားယောင်း
လိင်ဆက်ဆံခဲ့တဲ့ အမျိုးသားကို ဖမ်းဆီး
ထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်

လက်ရှိမြန်မာ့လူမှုကွန်ယက် အပါအဝင်
Twitter (X) နဲ့တရုတ်ပြည်မှာသာမကျန်
တစ်ကမ္ဘာလုံးမှာပါ နာမည်ကြီး နေတဲ့အမျိုးသား
1691 ယောက်နဲ့နေခဲ့တဲ့လိ.င်ပြောင်းအမျိုးသား
တစ်ဦးအကြောင်းပါ။

အမဟုန်ဆိုတဲ့နာမည်နဲ့ အမျိုးသားတဦးဟာ
လိုင်းပေါ် ကနေ Sister Hong ဆိုတဲ့နာမည်နဲ့
အိမ်ထောင်ကွဲအမျိုးသမီး ဟန်ဆောင်ကာ
အမျိုးသားများနဲ့ chat ပီး တိုက်ခန်းကိုခေါ်ကာ
အတူနေပီး Spy Cam နဲ့ ခိုးရိုက်ကာ လိုင်းပေါ်တင်‌ရောင်းစားပီး ဒေါ်လာသောင်းချီရတယ်လို့
သိရပါတယ်။

ပိုက်ဆံပေးစရာမလိုပဲ သူမအတွက်အသုံးအဆောင်
အနည်းငယ်ယူလာပေးရုံမျှ သူ့နဲ့အတူနေလို့ရပါတယ်
ဆိုပြီး သုံးနှစ်အတွင်း ယောကျာ်းပေါင်း 1691ယောက်
နဲ့အတူနေခဲ့ပြီး အဲ့အထဲမှာမှ နာမည်‌ကျော် Tiktoker ,Gym Trainer, ကျောင်းသားနဲ့
နိုင်ငံခြားသားတွေပါပါတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဖြားယောင်းသွေးဆောင်မှုနဲ့
တရုတ်ပြည် မှာ အမဟုန်ကို ဖမ်းဆီးထိန်းသိမ်းလိုက်
ပြီဖြစ်ပီး နောက် ဆက်တွဲပြဿနာအနေနဲ့ကတော့ အမျိုးသမီးတွေဟာ အမဟုန်ရဲ့‌ ယောက်ျား 1691 ယောက်စာရင်းထဲမှာ သူတို့အမျိုးသားတွေ
ရည်းစားတွေ ပါမပါ စစ်ဆေးနေကြပြီလို့
သိရပါတယ် အမဟုန်ရဲ့စာရင်းထဲမှာ
ပါခဲ့ရင်တော့ပြဿနာကတော့မသေးပါဘူး‌နော်
🥹🥹🥹🥹

🅲🆁🅴🅳🅸🆃

10/07/2025

စာရေးဆရာ မောင်သာချို ကွ/ယ်လွန်
မြန်မာ့စာပေလောကတွင် ထင်ရှားကျော်ကြားသော စာရေးဆရာ မောင်သာချိုမှာ ယနေ့ နံနက်ပိုင်း ကွ/ယ်လွန်သွားပြီဖြစ်ကြောင်း စာရေးဆရာအသိုင်းအ၀ိုင်းက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၈ နာရီအချိန် ပင်လုံဆေးရုံကြီးတွင် ကွ/ယ်လွန်သွားခြင်းဖြစ် ကြောင်း ဆရာအော်ပီကျယ်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန် တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့သည်။ အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်ပြီး ကွ/ယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည်။

ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ 'ခေတ်သစ် မေတ္တာ' ကဗျာဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် ၊ပညာရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြ၊ ကထိကနှင့် ပါမောက္ခရာထူးများကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

စာရေးဆရာ မောင်သာချိုသည် ရွှေညဝါဆရာတော်နှင့်အတူ ၂၀၂၂ ခုနှစ် နို ဝင်ဘာလ ၁၇ ရက်နေ့ အင်းစိန်ထော/င်မှ တစ်ချိန်တည်း တစ်ရက်တည်း လွတ် မြောက်ခဲ့သည်။

ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် ရွှေညဝါ ဆရာတော်ကြီး ပျံလွန်တော်မူချိန် ယနေ့ နံနက် ၈ နာရီအချိန် စာရေးဆရာ မောင်သာချိုမှာလည်း ဆရာတော်နှင့်အတူ တစ်ရက်တည်း ကွ/ယ်လွန်ခဲ့ခြင်းဖြစ်သည်။

09/07/2025

အူလမ်းကြောင်းအတွက် ကောင်းမွန်စေသော ဟင်းသီးဟင်းရွက် ၃ မျိုး
မကြာခဏ စားသုံးပေးပါ

၁။ *ကြက်ဟင်းခါးသီး*: ခါးသက်သက်အရသာရှိသော်လည်း စားသုံးခြင်းဖြင့် ဗိုက်ထဲ ပေါ့ပါးစေပြီး လေးပင်မှုမရှိတော့ဘူးလို့ ခံစားရပါလိမ့်မယ်။ အူလမ်းကြောင်းကို သက်သာစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

၂။ *ခရမ်းသီး*: လတ်လတ်ဆတ်ဆတ် ကြွပ်ကြွပ်လေးနဲ့ အရသာရှိပါတယ်။ ငပိရည်နဲ့ တို့စားတာပဲဖြစ်ဖြစ်၊ ကြော်စားတာပဲဖြစ်ဖြစ် ကောင်းကောင်း လိုက်ဖက်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအစာခြေစနစ်ကိုလည်း ပိုမို ချောမွေ့စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

၃။ *ရုံးပတီသီး*: ရုံးပတီသီးအရှည်လေးတွေကို ရေနွေးဖျောလိုက်တဲ့အခါ ကြွပ်ကြွပ်လေးနဲ့ နူးညံ့သွားပါတယ်။ ငရုတ်သီးဆော့စ်၊ ငပိရည်နဲ့ တို့စားလို့ရသလို မနက်ပိုင်းမှာ ရေနွေးနဲ့ပြုတ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ အူလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်စေပြီး တစ်နေကုန် ဗိုက်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။

ဤဟင်းသီးဟင်းရွက် ၃ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် အူလမ်းကြောင်းကို သက်သာစေပြီး ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်နိုင်ပါတယ်။

Anjali Sharma

#ကျန်းမာရေး #ကျမ်းမာရေးဗဟုသုတ

09/07/2025
07/07/2025
ကျားဖောင် ဆိုတာက  ပြန်လမ်းမရှိ ကျေးရွာလို့ အဓိပ္ပါယ်ရတယ်။ ကျားစာကျွေးသလို ငါစာကျွေးပစ်ကြတာကိုးဗျ။ကိုယ့်အသိထဲ  ရခိုင်လူမျ...
07/07/2025

ကျားဖောင် ဆိုတာက ပြန်လမ်းမရှိ ကျေးရွာလို့ အဓိပ္ပါယ်ရတယ်။ ကျားစာကျွေးသလို ငါစာကျွေးပစ်ကြတာကိုးဗျ။

ကိုယ့်အသိထဲ ရခိုင်လူမျိုး အစ်ကို ကျော်ခိုင်၀င်း ဆိုတဲ့ ကျားဖောင် ရေလုပ်သားတစ်ယောက်ရှိတယ် အိမ်နီးနားချင်းပါပဲ။ တစ်ရပ်ကွက်ထဲခြားတယ်။
တစ်ခါ အဖေ့သစ်ပွဲရုံကိုသွားလည်ရင်း ဆုံတော့မေးကြည့်ဖူးတယ်။ အစ်ကို ဂါး စီးတာက လူအသေအပျောက်များတယ်နော် အစ်ကိုကျတော့ ရာသီပြည့်တာနဲ့ပြန်ပြန်လာနိုင်တယ်နော် ဘာကြောင့်လဲဗျ လို့မေးမိတော့ အေ ငါက ငါးဖမ်းတာမဟုတ်ဘူး ငါးကိုင်တာမဟုတ်ဘူး။ ငါစစ်တဲ့နေရာမှာနေတာကွ ငါကြိုက်တာအကုန်လုပ်လို့ရတယ်ကွလို့ဖြေတယ်။ အဲ့ဒါနဲ့သူဆက်ပြောတာနားထောင်နေတယ်ပေါ့ဗျာ။
ငါစစ်တယ်ဆိုတာက ငါးမျိုးစိတ်တွေထဲ ဘယ်ငါးကဘယ်လောက် ဘယ်ငါးကိုဘယ်လိုလုပ် စသဖြင့်ပေါ့ဗျာ။ အသုံးမ၀င်တဲ့ငါးတွေဆို ကျားဖောင်က ၀န်ထမ်းတွေက ယူခွင့်ရှိတယ်ဗျာ။ အဲ့မှာ အခြောက်လှန်း ငပိလုပ်ပြီး ကမ်းပြန်ကပ်ရင် အိမ်ပြန်ယူသွားပြီး ရောင်းစားရင် တစ်ယောက်ကို သိန်း ( ၅၀/ ၆၀ )
အမြတ်ကျန်ကြတာကိုးဗျ။ တစ်ချို့ကြတော့လဲမယူကြဘူးတဲ့လေ။
ကျားဖောင်မတက်ခင် တစ်ရာသီးစာ
( သိန်း ၂၀ /၂၅ )ရကြတော့ မက်ကြတယ်နယ်ကလူတွေဆိုရင်။
ကျားဖောင်ကို ဧရာ၀တီသားစစ်စစ်တွေက မလိုက်ကြဘူးဗျ။ လိုက်လဲ ( ၁၀၀ မှာ ၁ )ယောက်ပဲ။
စစ်ပြေး နဲ့ ရှမ်းပြည် ဘက်ကလူတွေ ချင်းဘက်ကလူတွေ အများဆုံးလာလုပ်ကြပါတယ်တဲ့။

စစ်ပြေးအများဆုံးရှိတဲ့နေရာဆိုလဲမမှားဘူးပေါ့ဗျာ။ပြေးလို့အလွတ်ဆုံးနေရာပေါ့။
ဧရာ၀တီက တစ်ချို့အရမ်းခက်ခဲတဲ့သူတွေ
ဖျာပုံဘက်နဲ့ ၀ဲထောင့် ဘက်ကလူတွေ တော့သွားကြတာပဲဗျာ။

အလုပ်လုပ်တာ သူတို့စိတ်တိုင်းမကျရင် လိပ်ကျောက်မြှီးနဲ့ရိုက်တယ်။
သူတို့ကိုခုခံရင် ရေထဲကန်ချတယ်။
ပင်လယ်ပြင်ထဲရောက်လို့စကားများရင် သတ်ပစ်ကြတယ် လို့ကြားဖူးတာပဲ။
ခါတစ်လေ ရေနွေးပူနဲ့စိမ်တယ်။
ခါတစ်လေ ဓါးနဲ့မွှန်းပြီး ဆားနယ် နေပူလှန်းတယ်။
လောကငရဲကြီးပေါ့ဗျာ။

ကျားဖောင်အများစုက ကမ်းကပ်ချိန်နဲ့ ကမ်းထွက်ချိန်ကို ရာသီအလိုက် အလှည့်ကျထွက်ကြတယ်တဲ့လေ။

ကြားဖူးတာပြောပြတာ တစ်ချို့ကျားေဖာင်တွေအရမ်းရက်စက်တယ်။

ကိုကျော်ခိုင်၀င်းကတော့ ခုထိ ရှိနေတုန်းပဲ။
သူတို့ Boss က မင်းသမီး ခိုင်သင်းကြည် လို့ပြောတာပဲ ဟုတ်မဟုတ်တော့ သူပဲသိမယ်။
ကျားဖောင် တစ်ဖောင်နဲ့တစ်ဖောင်မတူကြဘူး သူ့ရေပိုင်နက် ကိုယ့် ရေပိုင်နက် ခွဲပြီးငါးဖမ်းကြတာ။

အဲ့တော့ ဖောင်ပိုင်ရှင် သူဌေးလဲမတူဘူး။

ကိုကျော်ခိုင်၀င်းက ကျားဖောင်အားလုံးနဲ့သိတယ်သူက ကျားဖောင်ကိစ္စစုံစမ်းချင်ရင် ကိုကျော်ခိုင်၀င်း ထံမှာ စုံစမ်းကြပေါ့။
သူက ၁၄/၀ခမ ( သအခ )

ကျားဖောင်ပေါ်မှာခွေ:လိုအူ.ခိုင်:ပြီးလူ.မဆ.န်စွာရို.-က်နှ.က်နှိ.ပ်စ.က်ခံရနေရတဲ့ဦးလေးကို မရရအောင်က.ယ်တ.င်မည်ဟုဆိုလာတဲ့ ပရ...
06/07/2025

ကျားဖောင်ပေါ်မှာခွေ:လိုအူ.ခိုင်:ပြီးလူ.မဆ.န်စွာရို.-က်နှ.က်နှိ.ပ်စ.က်ခံရနေရတဲ့ဦးလေးကို မရရအောင်က.ယ်တ.င်မည်ဟုဆိုလာတဲ့ ပရဟိတလူငယ်လေးတစ်ဦး
အခုရက်ပိုင်းအတွင်း ကျားဖောင်ပေါ်မှာ အဖေအရွယ်ရှိတဲ့ ဦးလေးတစ်ယောက်ကို အလုပ်လုပ်ပုံ မဟုတ်လို့ဆိုပြီး ခွေ:လိုအူ.ခိုင်:. ခွေ:လိုအစာစာ:ခိုင်: လူမ.ဆ.န်စွာ ရို.-က်နှ.က်နှိ.ပ်စ.က်နေတဲ့ ဗီ.ဒီ.ယိုဖို.င်တစ်ခုကို အားလုံးကမြင်ကြရပြီး မ.ခံ.ချ.င်ဖြစ်ခဲ့ကြရတာပါ. အဆိုပါ ကျားဖောင်တွေမှာ အခုလို လူ့အခွင့်အရေ:ချို:ဖော.က်နေတာတွေက အခုမှတော့မဟုတ်ပါဘူး. အရင်ကတည်းက ကျားဖောင်တွေမှာ သွားအလုပ်လုပ်ရင် ပြန်လမ်:မရှိတဲ့ဆီသွားတယ်လို့ ပြောကြတာပါ. ကျားဖောင်မှာ အရင်ကတော့ ကိုယ်တိုင်လိုက်ခဲ့ကြတာမျိုးရှိပြီး အခုနောက်ပိုင်းမှာတော့ လူကောင်းတွေကို မသိလိုက်ခင် ကျားဖောင်ဆီ ရောင်:စာ: ဘာမှမမှတ်မိလောက်အောင်ပြုလု.ပ်နှိ.ပ်.စ.က် အလုပ်လုပ်ခိုင်:နေကြတာကိုလည်း တွေ့ကြရတာပါ. ၂၀၁၉ တုန်းကလည်း ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို ကျားဖောင်မှာ လိ.မ်.-လ.ည်ရောင်းစာ:ခံ.ခဲ့ရလို့ ငွေကျပ် ၇သိန်း နဲ့ ပြန်လည်ရွေ:ခဲ့ရဖူးတာပါ. အခုထိလည်း ကျားဖောင်တွေရဲ့ လူကု.န်ကူ:မှုပုံစံ လုပ်ရပ်တွေက ရ.ပ်တန့်မသွားပဲ ပိုဆို:လာနေတာကို ဒီဗီ.ဒီ.ယိုမှာ တွေ့မြင်ကြရတာပါ. အခု ပရဟိတလူငယ်လေးတစ်ဦးက ဒါကိုမြင်ပြီး ကိုယ့်အဖေအရွယ်ကို ခုလို ခွေ:လို.အူ.ခိုင်:. နှိ.ပ်.စ.က်ရို.-က်နှ.က်နေတာကို ဘယ်လိုမှမကြည့်နိုင်တော့တဲ့အတွက် ရအောင်စုံစမ်:ပြီး က.ယ်တ.င်သွားမယ်လို့ ပြောလာခဲ့တာဖြစ်ပါတယ်. အဆိုပါကျားဖောင်ဖြ.စ်ရ.ပ်မှာ ပါတဲ့သူကို သိတဲ့သူတွေလည်း ရှိနေပြီး အတတ်နိုင်ဆုံးအမြန်လေး က.ယ်တ.င်ပေးဖို့နဲ့ ကျေးဇူးတင်ကြောင်း ပြောထားကြတာ တွေ့ရပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cele Swal Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cele Swal Zone:

Share