EAGLE RA သာလီစွပါ 🙏🙏🙏

တာဝန် သိတတ်ရမည်။ ဗဟုသုတမျှဝေသူ

03/02/2026

မဟာမိတ်တပ်ဖွဲများ
သိမ်းပိုက် သိမ်းဆည်းထားတဲ့ ပူပူနွေးနွေး
လက်နက်စုံဖြစ်သည်။

#ချင်းတပ်တော် #ချင်းပြည်နယ်

25/01/2026

ရခိုင်ပြည်မှာ ရခိုင်အသွေးသားနဲ့တည်ဆောက်ပြီး ရခိုင်မြေကိုခြေချ
ရခိုင်ပြည်က ရေကိုသောက်ပြီး ကိုယ့်ရခိုင်လူမျိုးတွေကို ချစ်တတ်ဖို့ ကိုယ့်ရခိုင်မြေကို တန်ဖိုးထားတတ်ဖို့ ရခိုင်တစ်ဦးတစ်ယောက်တိုင်းစီမှာ သမိုင်းပေးတာဝန်ဆိုတာ ရှိကိုရှိရမယ်။

ရခိုင်မြေကို ခြေချ ရခိုင့် ရေကိုသောက်ပြီး ကိုယ့်မြေ ကိုယ်ရေကို တန်ဖိုးမထား လူမျိုးသစ္စာဖောက် စံရဖွယ်ကောင်တွေ
ကို

လုပ်ထိုက်လုပ်သင့်တဲ့ လုပ်ဆောင်မှုတွေ
လုပ်ထားရဖို့ဖြစ်တယ်။
ဒီအမျိုးယုတ်သစ္စာဖောက်တွေကြောင့်
ရခိုင့်နိုင်ငံ ရခိုင်ထီးနန်းတွေ ပျောက်ကွယ်ခဲရတာဖြစ်တယ်။

ယခုအချိန်အခါမှာလည်း
သစ္စာဖောက် လောက်ကောင်တွေ
ရခိုင်ပြည်မှာ မရှိရေး လုပ်ဆောင်သွားရမှာဖြစ်တယ်။

ခုချိန် ရခိုင်မှာ ခေါင်းဆောင်ကောင်းမျိုးချစ်ပုဂ္ဂိုလ်တွေရှိနေပြီဖြစ်တယ်
ခေါင်းဆောင်းကောင်းပုဂ္ဂိုလ်၏
လမ်းညွန်မှုအောက်မှာ တစ်စိုက်မတ်မတ် လိုက်နာ ရပ်တည်သွားဖို့က
ရခိုင်သူရခိုင်သားတိုင်းကိုယ်စီမှာ အရေးကြီးသော လိုက်နာမှုဖြစ်တယ်။

#ရခိုင်နေမြေ #ရခ်ိုင့်တပ်တော်

21/01/2026

အလှူဒါန ရက်ရက်ရောရော လှူပေးနေမှတော့
ယူထားဖို့ပဲ ရှိတာပေါ့။

လှူပေးသူရှိလို့ ယူပေးတာပါ
စိတ်ဆိုးပါနဲ့။🤭

#ရခိုင်မြေသတင်း #ရခ်ိုင့်တပ်တော်

19/01/2026

ယခုဖြစ်ပွားနေတဲ့ ရခိုင်မြေ တိုက်ပွဲနဲ့ မကွေး ဧရာဝတီ ပဲခူးမှာ
တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေ​ေ နဲ့ပတ်သတ်ပြီး
ရခိုင့်တပ်တော် (AA) ရဲ့ ပြောခွင့်ရ ဆရာခိုင်သုခ ဘာပြောသလဲ ရုပ်သံဖိုင် ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ / ၂၀၂၆

ရခိုင်မှာ လက်ကျန် ကျန်ရှိနေတဲ့ စစ်တွေ ကျောက်ဖြူ ဘယ်လိုအခြေနေရှိနေလဲ

ရခိုင့်ပြည်ပြင်ပဖြစ်တဲ့ မကွေးနဲ့ ဧရာဝတီ ပဲခူးတိုင်းတွေရဲ့ဖက်တွေမှာ
ဘယ်လိုအခြေနေတွေ ရှိနေလဲ။ ဆိုတဲ့
အကြောင်းအရာကို ရခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရ ဆရာခိုင်သုခကို
နိရဥ္စရာက ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။

#ရခိုင်မြေသတင်း #ရခိုင်မြေ #ရခိုင်ပြန်ကြားရေးတာဝန်ခံ

နိရဉ္စရာ၊ ဇန်နဝါရီ ၁၈/ ၂၀၂၅ ▶ ဘင်္ဂလားဒေ့ချ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အများပြည်သူမသိနိုင်တဲ့ နောက်ကွယ...
18/01/2026

နိရဉ္စရာ၊ ဇန်နဝါရီ ၁၈/ ၂၀၂၅

▶ ဘင်္ဂလားဒေ့ချ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အများပြည်သူမသိနိုင်တဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ ကိစ္စတွေရှိနေတယ်လို့ AA ဆိုပါတယ်

▶ ဘင်္ဂလားဒေ့ချ်နယ်စပ်က အာရက္ခတပ်တော် (AA) ရဲ့ စခန်းတွေကို အကြမ်းဖက်အဖွဲ့တွေက တိုက်ခိုက်မှုမှာ အများပြည်သူမသိနိုင်တဲ့ နောက်ကွယ်ကနက်ရှိုင်းတဲ့ ကိစ္စတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် (AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက နိရဉ္စရာကို ပြောဆိုပါတယ်။

▶ ဇန်နဝါရီ ၁၁ ရက် တနင်္ဂနွေနေ့က နတ်မြစ်အတွင်းရှိ ကျီးကျွန်းနဲ့ နယ်စပ်တစ်လျှောက်ရှိ အာရက္ခတပ်တော် ( AA) ၏ စခန်းတွေကို အကြမ်းဖက် ARA၊ ARSA နှင့် RIM တို့က ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ယခုလို ဦးခိုင်သုခက ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဦးခိုင်သုခက “
▶ ဘင်္ဂလားဒေ့ချ်နယ်စပ်တိုက်ခိုက်မှုတွေဖြစ်တဲ့ကိစ္စမှာ အများပြည်သူမသိတဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ကိစ္စတွေရှိနေပါတယ်။ ဘင်္ဂလားဒေ့ချ်က နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ထောက်လှမ်းရေးတွေဟာ ဒီအကြမ်းဖက်အဖွဲ့တွေကိုမြှောက်ပေးပြီးတော့ နယ်စပ်တွေမှာ တပ်ဖြန့်ချထားလာတဲ့အတွက် အခုလိုပစ်ခတ်မှုတွေဖြစ်လာတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

▶ ယခုဖြစ်စဉ်သည် ဇန်နဝါရီ ၁၂ ရက်နေ့က ICJ မှ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အပေါ် စတင် ကြားနာစစ်ဆေးနေတဲ့အချိန်နဲကလည်း ဆက်စပ်တိုက်ဆိုင်နေတာကို တွေ့ရတယ်လို့ ဦးခိုင်သုခက ပြောသည်။

▶ “ နောက်ခုကတော့ မကြာခင်က မူဆလင်အကြမ်းဖက်အဖွဲ့တွေ ကျနော်တို့ကို လာရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ်ဟာ နိုင်ငံတကာမှုခင်းကိစ္စတွေနှင့်လဲ ဆက်စပ်တိုက်ဆိုင်နေတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ ထူးခြားတဲ့အခင်းအကျင်းတွေရှိတိုင်းမှာ ဒီလိုမျိုးလူသားချင်းစာနာမှု အကျပ်အတည်းတွေ ပေါ်ပေါက်အောင် အချိန်ကိုက်ဖန်တီးလှုပ်ရှားလာကြတာ ဖြစ်ပါတယ်။ အခုဖြစ်စဉ်ဟာလဲ ဒီလို လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပါတယ်”လို့ပြောပါတယ်။

▶ ဒီဖြစ်စဉ်တွေမှာ နောက်ကွယ်က ပါဝင်နေတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေမှာ ထွက်ပြေး လာသူတွေကို အဖမ်းပြတဲ့ သဘောသာဖြစ်ပြီး များမကြာမီ ပြန်လည် လွတ်မြောက်နိုင်ပြီး သူတို့ ပြန်လွတ်လာရင် အခုထက်ပိုပြီးအတင့်ရဲအကြမ်းဖက် သောင်းကျန်းလာဖို့ အနေအထားရှိနေတယ်လို့လည်း ပြောပါတယ်။

▶ “ တိုက်ပွဲမနိုင်လို့ထွက်ပြေးလာရတဲ့အခါ ဘင်္ဂလားဒေ့ချ်ဖက်က လူမြင်ကောင်းအောင် ဖမ်းပြတယ်။ ဒါပေမဲ့ ဒီအကြမ်းဖက်သမားတွေကို တပ်ထားတဲ့ပုဒ်မတွေကိုကြည့်ရင် အလွယ်တကူလက်ခံနဲ့ လွှတ်ပေးလို့ရတဲ့ ပုဒ်မတွေဖြစ်ပါတယ်။ မကြာခင်မှာပြန်လွှတ်ပေးဖို့များပါတယ်။ သူတို့ ပြန်လွတ်လာရင် အခုထက်ပိုပြီးအတင့်ရဲ အကြမ်းဖက်သောင်းကျန်းလာဖို့ အနေအထား ရှိပါတယ်”လို့လည်း ပြောဆိုပါတယ်။

▶ ဒီလို ပြုလုပ်နေတဲ့ အကျိုးဆက်အနေနဲ့ နယ်စပ်နေဘင်္ဂလားဒေ့ချ်နိုင်ငံသားတွေရဲ့ လုံခြုံရေးနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာတွေကိုပါ ထိခိုက်လာတဲ့ အနေထားကို ရောက်သွားတာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

▶ ဇန်နဝါရီ ၁၁ ရက်နေ့က အာရက္ခတပ်တော်ရဲ့ စခန်းတွေကို အကြမ်းဖက်မွတ်ဆလင်အဖွဲ့တွေက ဝင်တိုက်ခိုက်ခဲ့တာကို AA ပြန်လည်တိုက်ခိုက်ရာမှာ အကျအဆုံးများစွာနဲ့ အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေး ဝင်ရောက်သွားခဲ့ပါတယ်။

အဲဒီအထဲက ARA က ၂၉ ဦး၊ ARSA ၃ ဦး၊ RIM က ၁၈ ဦးနဲ့ တစ်ခြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၅၂ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

#ရခိုင်မြေ #ရခိုင် #ရခိုင်မြေသတင်း

BBM - ဇန်နဝါရီ ၁၅သတင်း - နိုင်နိုင်ဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ရခိုင်ပြည်၊ ကျော...
16/01/2026

BBM - ဇန်နဝါရီ ၁၅
သတင်း - နိုင်နိုင်

ဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်လမ်းပိုင်းရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းနေရာတွေမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ ကျောက်ဖြူစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က စတင်ကာ ဓညဝတီရေတပ်ဌာနချုပ်ကို သွားရာလမ်းပိုင်းရှိ ကာကင်းစခန်းတွေဖြစ်ကြတဲ့ ပျားတဲနဲ့ ကပ်သပြေကျေးရွာအနီးမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ အဲဒီကာကင်းစခန်းတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့အတူ ဓညဝတီရေတပ်ဌာနချုပ်အနီးကိုလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ကာ အပြန်အလှန်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း AA နဲ့နီးစပ်တဲ့ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ဓညဝတီရေတပ်ဌာနချုပ်ဘက်ကိုတော့ AA က တိုးနေတာရှိပါတယ်၊ ကာကင်းစခန်းတွေဖြစ်တဲ့ ကပ်သပြေတို့၊ ပျားတဲ့တို့ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ ရေတပ်ဌာနချုပ်ဘက်က လက်နက်ကြီးတွေ အတော်လေးပစ်ခတ်နေတာပါ၊ သူပစ်ကိုယ့်ပစ် ပစ်ခတ်နေကြတာပါ" လို့ ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရင်းတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဓညဝတီရေတပ်ဌာနချုပ်ကနေ လက်ရှိ AA က သိမ်းထားတဲ့ စစ်တောလမ်းဆုံနဲ့ သိုင်းချောင်းကျေးရွာအနီးကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကပ်သပြေနဲ့ ပျားတဲကျေးရွာအရောက်မှာ AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရတာလို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ကျဆုံးမှုအခြေအနေတွေကို BBM က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သားတစ်ချို့ လက်နက်ချအညံ့ခံတာနဲ့ ထွက်ပြေးတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

"တိုက်ပွဲဖြစ်ရင် စစ်ကောင်စီတပ်သားတွေ စစ်မြေပြင်မှာ စစ်မတိုက်ကြဘဲ ထွက်ပြေးကြတာပိုများပါတယ်၊ သူတို့က လေကြောင်းတွေနဲ့ ဒရုန်းလက်နက်တွေပါမှ ရှေ့တန်းကိုထွက်ဝံ့ကြတာပါ၊ မဟုတ်ရင် မထွက်ဝံ့ကြပါဘူး၊ တိုက်ပွဲအတွင်းမှာ ထွက်ပြေးသွားကြတဲ့ စကစတပ်သားတွေကိုလည်း AA က လိုက်လံဖမ်းဆီးမှုတွေ ရှိပါတယ်" လို့ AA စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အလားတူ အာရက္ခတပ်တော် AA ဟာ အမှတ် ၃၂ ရဲတပ်ရင်းရှိတဲ့လမ်းပိုင်းက မင်းတက်တောင်နဲ့ ပြိုင်းစေ့ကေကျေးရွာဘက်တွေကိုလည်း ထိုးစစ်ဆင်လာတာရှိနေပြီး လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ်ကို AA က အခုနှစ် ၂၀၂၆၊ နှစ်ဆန်းပိုင်းမှာ စတင်ကာ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်လာနေတာကြောင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအသီးသီးက တပ်မိသားစုဝင်တွေဟာ ရန်ကုန်နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။

ရခိုင့်မြေ၌
ရခိုင့်
အာရက္ခတပ်တော် ULA AA

crd

#ရခိုင်မြေသတင်း #ရခ်ိုင့်တပ်တော်

ရခိုင်ဆိုတာအရင်တစ်ခေတ်တစ်ခါက ကိုယ့်ထီးကိုယ့်နန့်နဲ့နှစ်ပေါင်းများစွာ နေလာခဲတဲ့ လူမျိုးကြီးတစ်မျိုးဖြစ်တယ်။အမျိုးလောက်ကော...
14/01/2026

ရခိုင်ဆိုတာ
အရင်တစ်ခေတ်တစ်ခါက ကိုယ့်ထီးကိုယ့်နန့်နဲ့
နှစ်ပေါင်းများစွာ နေလာခဲတဲ့ လူမျိုးကြီးတစ်မျိုးဖြစ်တယ်။

အမျိုးလောက်ကောင် စံရဖွယ်ကောင်တွေ သစွာဖောက်တော့
ရခိုင်တွေရဲ့ ထီးနန်းလည်းပျောက်
မင်းဆက်လည်း ပျောက်ကွယ်ခဲရသည်။

ရခိုင်တွေရဲ့ အသည်းနှလုံးထဲမှာ
မမေ့နိုင်တဲ့ ဒီဇင်ဘာ ၃၁ ရက်ဆိုတာ အဖြစ်ဆိုးကြီး ဝမ်းနည်းဖွယ်ကောင်းဆုံးသော ဒီဇင်ဘာအဖြစ်ဆိုးဖြစ်ပေါ်ခဲသည်။

ထီးနန်းပျောက် မင်းဆက်ပျောက်ကွယ်ကတည်းက
တစ်ပါးသူရဲ့ လက်အောက်မှာ
နှစ်ပေါင်းများစွာ နေလာခဲရတဲ့ ရခိုင်တွေဟာ
ယနေ့ထိတိုင်
ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ရိုးရာတွေကို မပျောက်ကွယ်သွားအောင်
ထိန်သိမ်းနိုင်ခဲသော လူမျိုးတစ်မျိုးအဖြစ် တည်ရှိနေခဲသည်။

နောက်နောင် နှစ်ပေါင်းများစွာ ကမ္ဘာတည်နေသရွေ့
ရခိုင်ဆိုတဲ့ အမည်ဏာမ မပျောက်ကွယ်သွားအောင်
စောင့်ထိန်းရမှာ ရခိုင်သူရခိုင်သားတိုင်း၏ လူမျိုးတာဝန်ကြီးတစ်ခုဖြစ်သည်။

ရခိုင်ဆိုတဲ့ လူမျိုးအမည်ဏာမ မပျောက်ကွယ်သွားအောင်
နောင်လာနောင်သားတွေဟာလည်း
ရခိုင်သွေးစစ်စစ် ဖြစ်လာဖို့ ရခိုင်သားတိုင်း၏ စောင့်ထိန်းတည်ဆောက်ရမယ့် တာဝန်တစ်ခုဖြစ်သည်။

ဒါကြောင်း
ရခိုင်ဆိုတာ ခေတ်အဆက်ဆက် ကမ္မာတည်သရွေ့ရှိနေဖို့
ကိုယ်လူမျိုးကို တန်ဖိုးထားဖို့လိုသလို ချစ်ခင် မေတ္တာပွားနေဖို့လည်း အလွန်အရေးပါသည်။

ဘယ်သူပျက်ပျက် မပျက်ပျက် ကိုယ်မပျက်စေရဘူးလို့
ကိုယ့်အသည်းနှလုံးသားထဲမှာ
အမျိုးစောင့် ကဗ္ဗည်းတိုင် စိုက်ထူထားတဲ့ အမျိုးသမီးအမျိုးသား ကောင်းများ ပွားများနေဖို့ လိုပါသည်။

ရခိုင်ဆိုတာ ရခိုင်အဖြစ် ရှိနေဖို့
ကိုယ့်စီတာဝန် ရှိရမယ်ဆိုတဲ့ အသိတရားကို
အသက်ရှင်နေသရွေ့ မြဲမြဲ ကိုင်ဆောင်ထားပါ။

#ရခိုင့်မြေ #ရခိုင်လူမျိုး #မျိုးစောင့်သူ

13/01/2026

ရခိုင့်ပြည်သူချစ်
ရခိုင့် တပ်တော် ULA AA

ရခိုင့် စစ်ပွဲ ဘယ်တော့ ပြီးနိုင်မလဲ

နေရောင်ခြည် မြင်လာနေတဲ့အခါ
အမှောင်ညတွေဆိုတာ ကုန်ဆုံးနေလို့ ဖြစ်မယ်။

#ခိုင်သုခ #ရခိုင်ပြန်ကြားရေးတာဝန်ခံ #ရခိုင့်မြေ #ရခိုင့်တပ်တော်

ဇန်နဝါရီ ၁၁Khit Ta Media မှစစ်တွေ ဒကစဌာနချုပ်ရဲ့ ကာကင်းစခန်းကြီးနှစ်ခုကို AA သိမ်းပိုက်ကြောင်း အတည်ပြု။ရခိုင်ပြည်၊ စစ်တွ...
11/01/2026

ဇန်နဝါရီ ၁၁
Khit Ta Media မှ

စစ်တွေ ဒကစဌာနချုပ်ရဲ့
ကာကင်းစခန်းကြီးနှစ်ခုကို AA သိမ်းပိုက်ကြောင်း အတည်ပြု။

ရခိုင်ပြည်၊ စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ရဲ့ကာကင်းစခန်းကြီးနှစ်ခုကို အာရက္ခတပ်တော် AAက တိုက်ခိုက် သိမ်းပိုက်ဖြစ်ကြောင်း စစ်တွေမြို့ စစ်ရေး သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ရဲ့ကာကင်းစခန်းကြီးနှစ်ခုကို အာရက္ခတပ်တော် AAက ဇန်နဝါရီလ ၉ ရက်၊ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ ဆိုသည်။

လက်နက်ငယ်တချို့အပါအဝင် စစ်သုံးပန်း ၃၆ ဦးနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တွေမြို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

"စစ်တပ်ဘက်က အကျအဆုံးလည်းများတယ် ကျန်တဲ့စစ်သားတွေ ဒကစဌာနချုပ်သို့ နောက်ဆုတ်ထွက်ပြေးသွားကြတယ် သေဆုံးမှု ဘယ်လောက်ထိရှိတယ်ဆိုတာတော့ မသိရသေးဘူး" လို့ ၄င်းက ပြောသည်။

စစ်ကော်မရှင်ဟာ ဒကစဌာနချုပ်ကိုဝင်ပေါက်ဖြစ်တဲ့ တောကန်နားက ကာကင်းစခန်းနဲ့ ဂန့်ဂေါ်ကျွန်းရွာအရှေ့ဘက်က ကာကင်းစခန်းကို အခိုင်အမာ တည်ဆောက်ထားတာဖြစ်ပြီး၊ ကာကင်းစခန်းနှစ်ခုပေါင်း အင်အား ၃ဝဝ ကျော်ရှိကြောင်း သိရသည်။

ကာကင်းစခန်းတစ်ခုက ဒကစဌာနချုပ်ကနေ နှစ်မိုင်ခွဲအကွာမှာရှိပြီး ကျန်တဲ့တစ်ခုမှာတော့ သုံးမိုင်ကျော်လောက်အကွာမှာရှိတယ်လို့ သိရသည်။

ဒီစခန်းနှစ်ခုကို AA က အခုဇန်နဝါရီလအစပိုင်းကနေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဇန်နဝါရီ ၉ ရက်နေ့မှာတော့ စစ်ကော်မရှင်ဘက်က အကျအဆုံးတွေနဲ့ ထွက်ပြေးသွားကြတဲ့အတွက် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

#စစ်တွေ

11/01/2026

၂၀၂၅ ဒီဇင်ဘာ ၁၉ ရက်
ည ၉နာရီ ၅၀ မိနစ်လောက်မှာ

ဘူးသီးတောင်မြို့ ယာယီစျေး မီးလောင်မှုဖြစ်ပွားသည့်
မြင်ကွင်း

#ဘူးသီတောင်မြို့ #ယာယီစျေး

10/01/2026

ရခိုင့်တပ်တော် ULA.. AA ထုတ်ပြန်ထားတဲ့

အမျိုးသားကာကွယ်ရေးပြဌာန်းချက် NDEPအပေါ်

တစ်နှစ်ပြည်ခါနီး သူတို့ ဘယ်လို မြင်ဲကြသလဲ။

#ရခိုင့်တပ်တော် #အမျိုးသားကွာကွယရေး

10/01/2026

ရခိုင်မြေထက်မှာ
ရခိုင်သူ/သားတိုင်း၏ ကံကြမ္မာကို ရခိုင်သူ/သားတိုင်း ကိုယ့်လက် ကိုယ့်ခြေနဲ့

ဖန်တီးခွင့် ရရဖို့။

ရခိုင့်တပ်တော်ဗိုလ်ချုပ်

#ရခိုင့်တပ်တော် #ရခိုင့်လူမျိုး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ EAGLE RAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์