သတင်းစုံ-Myanmar Daily News

သတင်းစုံ-Myanmar Daily News သတင်းထူးများကို နေ့စဥ်သိရဖို့ Like & Follow Page

အလှမယ် ဟန်လေး ဘန်ကောက်မှာ ဖမ်းဆီးခံရMiss Grand International အလှမယ် သော်နန္ဒအောင် (ခ) ဟန်လေးဟာ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ...
22/09/2022

အလှမယ် ဟန်လေး ဘန်ကောက်မှာ ဖမ်းဆီးခံရ

Miss Grand International အလှမယ် သော်နန္ဒအောင် (ခ) ဟန်လေးဟာ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ဘန်ကောက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပြီး လုံခြုံတဲ့အခြေအနေမှာတော့ရှိနေတယ်လို့ ဘီဘီစီထိုင်းသတင်းဌာနကတစ်ဆင့် သိရပါတယ်။
ထိုင်းမီဒီယာတွေမှာဖော်ပြချက်အရ ဖမ်းဆီးခံရတာသိရှိရပေမဲ့ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာတော့မသိရှိရသေးသလို လက်ရှိမှာ ဟန်လေးကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်းမသိရသေးပါဘူး။
ဟန်လေးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး စင်မြင့်ထက်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်ပြီးတစ်ကမ္ဘာလုံးကိုသတင်းစကားပါးခဲ့တာကြောင့် သူဟာ စစ်ကောင်စီရဲ့အလိုရှိသူစာရင်းထဲပါဝင်ခဲ့ရသလို မြန်မာနိုင်ငံကိုပြန်လာဖို့လည်းမဖြစ်နိုင်တော့တဲ့အခြေအနေနဲ့ ကြုံခဲ့ရတာပါ။
ဒါ့အပြင် သူဟာ နိုင်ငံတကာမီဒီယာတွေကို စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားတဲ့ အင်တာဗျူးတွေဖြေကြားခဲ့သလို မြန်မာနိုင်ငံကိုကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံမှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
ဟန်လေးရဲ့ဖမ်းဆီးခံရမှုအခြေအနေနဲ့ပတ်သက်ပြီးထပ်မံသိရှိရတဲ့အချက်အလက်တွေကိုလည်း ဒီပို့စ်မှာ ဆက်လက်ဖြည့်စွက်တင်ပြပေးပါမယ်။

ဓာတ်ပုံ-ဘန်ကောက်ပို့စ်

တစ်ကျပ်တစ်ပြားလှူလည်း သေဒဏ်ချနိုင်ဟု စစ်ကောင်စီခြိမ်းခြောက်အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု...
21/09/2022

တစ်ကျပ်တစ်ပြားလှူလည်း သေဒဏ်ချနိုင်ဟု စစ်ကောင်စီခြိမ်းခြောက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို အနည်းငယ်သော ငွေကြေးလှူရုံနှင့် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်တာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ခြိမ်းခြောက်ပြောဆိုသွားသည်။

“တစ်ကျပ် တစ်ပြားလေး လှူတာတောင်မှ ထောင် ၁၀ နှစ်ကျတယ်တို့ တစ်ကျပ်တစ်ပြားလေး လှူတာတောင်မှ သေဒဏ်အထိဖြစ်လာတယ်ဆိုတာ ပုဒ်မ ၅၄ နဲ့ငြိလို့ ဖြစ်လာတာဖြစ်ကြောင်း သဘောပေါက်ဖို့လိုပါတယ် ဥပဒေကို မသိနားမလည်ဘူးဆိုကာမျှဖြင့် ခွင့်လွှတ်မှာမဟုတ်ပါဘူး ဒီအတိုင်းပဲ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ပြောသည်။

NUG, CRPH, PDF တို့ကို အားပေးခြင်း၊ ကူညီခြင်း၊ ထောက်ခံခြင်းတို့အတွက် ပုဒ်မ ၅ မျိုးဖြင့် အရေးယူနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရက ပြောဆိုသွားသည်။

အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုပေးခြင်း၊ အားပေးကူညီခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းမှ ရောင်းချသည့် ငွေတိုက်စာချုပ် ဝယ်ယူခြင်း၊ ထီကံစမ်းခြင်း၊ Online ပေါ်တွင် ငွေကြေးထည့်ဝင်လှူဒါန်းခြင်း၊ ငွေကြေး ထောက်ပံ့ကူညီခြင်းတို့သည် အဆိုပါ ပုဒ်မ ၅ မျိုးတွင် အကျုံးဝင်သည်ဟုလည်း သူကဆိုသည်။

“သတိလွတ်သွားလို့ပါတို့ ဘာဖြစ်သွားမှန်းမသိဘူးတို့ ဒီအတိုင်းကြည့်နေလိုက်တာပဲ ဆိုပေမယ့် ဥပဒေက လက်ပိုက်ကြည့်နေနိုင်မှာမဟုတ်ကြောင်း ပြောကြားလိုပါတယ်” ဟု လည်းပြောသည်။

စစ်ကောင်စီပြောခွင့်ရ ကိုးကားပြောဆိုသွားသည့် ပုဒ်မများမှာ ရာဇသတ်ကြီးပုဒ်မ ၁၂၄(ခ)၊ ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၂ နှင့် ၅၄ တို့ဖြစ်ကြသည်။

“NUG, CRPH, PDF အဖွဲ့တွေရဲ့ စာတွေ၊ ပုံတွေ၊ Video တွေ သူတို့ကို အားပေးထောက်ခံတဲ့ Like တစ်ခုပေးလိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ) နဲ့ ငြိစွန်းပါတယ်၊ ၁၀၀ ပဲလှူလှူ၊ သိန်းနဲ့ချီပဲလှူလှူ၊ ကူရုံပါပဲလို့ပြောပြော အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်” ဟုလည်း သူက ပြောသွားသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင်လည်း CRPH, NUG တို့ကို အားပေးထောက်ခံပါက ပြစ်မှုမြောက်ကြောင်း ပြီးခဲ့သည့် ဇွန်နဝါရီလ ၂၅ ရက်နေ့တည်းက ဆက်တိုက်ကြေညာနေခဲ့သည်။

ပြစ်မှုမြောက်သည့် ပုဒ်များတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) နှင့် ၅၀၅ (က) တို့အပြင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)တို့ပါဝင်ကြောင်း ကြေညာချက်တွင် ဖေါ်ပြသည်။

ထိုကြေညာချက်များတွင် နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်လျက်၊ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းလုပ်ဆောင်သည့် နိုင်ငံအနှံ့မှ ပြည်သူများကို ဖမ်းဆီးအရေးယူထားကြောင်းလည်း ရက်ဆက်ကြေညာလျက်ရှိသည်။

#သတင်းစုံ

🇯🇵 ဂျပန်​ပြည်​သူ/သားတွေဘေးကင်းကြပါစေ🙏 🌀 ဤ 2022 ခုနှစ်တွင် ကမ္ဘာပေါ်ရှိ အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ပြီး  တိုင်ဖွန်း...
19/09/2022

🇯🇵 ဂျပန်​ပြည်​သူ/သားတွေဘေးကင်းကြပါစေ🙏

🌀 ဤ 2022 ခုနှစ်တွင် ကမ္ဘာပေါ်ရှိ အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ပြီး တိုင်ဖွန်းမုန်တိုင်း သည် ဆယ်စုနှစ်အနည်းငယ်အတွင်း တစ်ကြိမ်သာ တွေ့ရသည့်

တိုင်ဖွန်း သည် ယနေ့နံနက် ၁၁ နာရီ ၅ မိနစ်တွင် Yakushima ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကာ လေတိုက်နှုန်း 185km/h၊ ဖိအား 939mb၊T6.0/6.5 ဖြင့် ဂျပန်နိုင်ငံ တစ်ခုလုံးကိုဖြတ်ကျော်ဝင်ရောက်လာနိုင်သည့်အတွက် တနင်္လာနေ့တွင် ကုန်းတွင်းသို့ အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည့် ခန့်မှန်းချက်မတိုင်မီ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ လူပေါင်း နှစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားကြောင်း လူထုရုပ်သံ NHK-World Japan က ပြောကြားခဲ့ပါသေးတယ် 😱

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ #ကာဂိုရှီးမားစီရင်စုတွင် လေပြင်းများ၊ လှိုင်းကြီးမှုများနှင့် မုန်တိုင်းဒီရေတက်ခြင်းအတွက် မိုးလေဝသတာဝန်ရှိသူများက အရေးပေါ်သတိပေးချက်ထုတ်ပြန်ကြေညာထားပါတယ်.....🌧🌊

ယခုဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းကြီး ရဲ့ပုံရိပ်ကို အာကာသယာဉ်မှူး Bob Hines 🇺🇲 မှ ISS 🛰️ မှ အမြင့် ကီလိုမီတာ 400 တွင် ဓာတ်ပုံရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်....

Franz - ISS83 🌠
📸 NASA

နေ့စဉ်မိုးလေဝသသတင်း=======================(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)============...
05/09/2022

နေ့စဉ်မိုးလေဝသသတင်း
=======================
(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
===================================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါ သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
#သတင်းစုံ

စက်သုံးဆီတွေ စျေးထပ်တက်၊ ဒေါ်လာတွေလည်း ပြတ်လပ်---------------------------------------------------------92 ဓာတ်ဆီတစ်လီတာ ...
30/08/2022

စက်သုံးဆီတွေ စျေးထပ်တက်၊ ဒေါ်လာတွေလည်း ပြတ်လပ်
---------------------------------------------------------
92 ဓာတ်ဆီတစ်လီတာ ၂၅၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၃၃၅ ကျပ်အထိ စျေးထပ်တက်

ရန်ကုန်၊ ဩဂုတ် ၃၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စက်သုံးဆီ စျေးနှုန်းများ ဩဂုတ်လ ၃၀ ရက်နေ့တွင် ထပ်မံ မြင့်တက်သွားပြီး စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာများလည်း ဝယ်မရသည် အထိ ပြတ်လပ်လျက်ရှိကြောင်း သွင်းကုန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၅၇၀ ကျပ်မှ နေရာဒေသလိုက်၍ ၃၂၀၅ ကျပ် အထိလည်းကောင်း၊ 95 ဓာတ်ဆီတစ်လီတာလျှင် ၂၆၃၅ ကျပ်မှ နေရာကိုလိုက်၍ ၃၂၇၅ ကျပ်အထိလည်းကောင်း၊ ဒီဇယ်တစ်လီတာလျှင် ၃၂၅၅ ကျပ်မှ နေရာကိုလိုက်၍ ၃၈၈၅ ကျပ် အထိလည်းကောင်း၊ ယမန်နေ့ စျေးနှုန်းများထက် တစ်လီတာလျှင် ကျပ် ၁၀၀ ဝန်းကျင် စျေးများထိုးတက်သွားခြင်း ဖြစ်သည်။

လက်ရှိတွင် စက်သုံးဆီများ တင်သွင်းရန်လည်း အမေရိကန်ဒေါ်လာများ ပြည်တွင်းတွင် ပြတ်လပ်နေပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်ကလည်း ဒေါ်လာ ရောင်းမပေးကြောင်း သိရှိရသည်။

"ဒေါ်လာကလည်း လိုသလောက်မရဘူး။ ဗဟိုဘဏ်က ရောင်းမပေးနိုင်တော့ဘူး။ ဗဟိုဘဏ်က ပုဂ္ဂလိ က ဘဏ်တွေ ပို့ကုန်သမားတွေကို အစိုးရသတ်မှတ်စျေးနဲ့ ရောင်းပေးဖို့ လိုက်ညှိပေးတာရှိတယ်။ ပြောချင်တာက ဒေါ်လာက အပြင်ကပဲ ဝယ်ခိုင်းတာ။ အပြင်ကလူတွေကိုလည်း အစိုးရ သတ်မှတ်စျေးနှုန်းနဲ့ပဲ ရောင်းရမယ်ဆိုပြီး ပြောထားပေမယ့် ဘယ်သူကရောင်းမလဲ။ အခုက တစ်ဒေါ်လာ ၃၃၀၀ တောင်ကျော်နေပြီ။ ရုရှားဆီတွေ လာမှာမို့ စောင့်ခိုင်းတာလည်းရှိတယ်။ အခြေအနေကတော့ ရုရှားဆီမရောက်ခင် ဆီပြတ်သွားမယ့်သဘောမျိုး လည်း တွေ့လာရတယ်။ ဆီပြတ်မယ်ပြောရင်လည်း မကြိုက်ဘူးဆိုတော့ ကိုယ့်ဟာကိုယ် ချိန်ဆပြီး ပြည်သူတွေ လုပ်ကြဖို့ပဲ ပြောချင်ပါတယ်" ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

ရုရှားနိုင်ငံမှ စက်သုံးဆီများ ရောက်လာလျှင်လည်း စက်သုံးဆီစျေးကျဆင်းရန်မရှိဘဲ ဆက်လက်မြင့်တက်မည်ဖြစ်ပြီး စက်သုံးဆီပြဿနာမှာ အချိန်ကာလကြာမြင့်သည်နှင့်အမျှ ပြည်သူများမကြာခဏ ကြုံတွေ့ရမည်ဟု ရန်ကုန်စီးပွားရေးသမားက အသိပေးထားသည်။

စားအုန်းဆီ တစ်ပိဿာငါးထောင်နဲ့ရောင်း၊ ၀ယ်လိုအားနဲ့ရောင်းလိုအားမမျှလို့ အချိန်ကုန်လူပန်းဖြစ် ဆီမရတဲ့သူတွေရှိမြန်မာနိုင်ငံဆ...
27/08/2022

စားအုန်းဆီ တစ်ပိဿာငါးထောင်နဲ့ရောင်း၊ ၀ယ်လိုအားနဲ့ရောင်းလိုအားမမျှလို့ အချိန်ကုန်လူပန်းဖြစ် ဆီမရတဲ့သူတွေရှိ

မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီတစ်ပိဿာကို ကျပ် ငါးထောင်နဲ့ အရပ်ထဲ လာရောက်ရောင်းချတာတွေရှိနေပြီးလူတစ်ဦးကို တစ်ပိဿာနှုန်းသာ ရောင်းချပေးပေမဲ့ လာရောက်တန်းစီ၀ယ်ယူလိုသူက များတာကြောင့် လာရောက်တန်းစီသူတိုင်း မရတဲ့အခြေအနေမှာရှိနေပါတယ်။
ပြင်ပမှာ စားအုန်းဆီ ပေါက်စျေးဟာ တစ်ပိဿာကို ကျပ် ၁၂၀၀၀ ကျော် ထိ မြင့်တက်နေပြီး စစ်ကောင်စီက သတ်မှတ်ထုတ်ပြန်ပေးထားတဲ့ ရည်ညွှန်းစျေးက တစ်ပိဿာကို ကျပ် ၄၈၆၀ ဖြစ်ပါတယ်။
အရပ်ထဲ​လာရောင်းထဲ ဆီကားကနေ ဆီတစ်ပိဿာရဖို့ မနက် ၆ နာရီလောက်ကတည်းက လာရောက်တန်းစီနေပေမဲ့ ကိုယ့်ရှေ့မှာ လူက အယောက် ၁၀၀ ၀န်းကျင်လောက်ထိ ရှိနေပြီး ကိုယ့်အလှည့်ရောက်ခါမှ ဆီကုန်သွားလို့ဆိုတဲ့အတွက် မရလိုက်တာမျိုး ကြုံတွေ့ခဲ့ရတယ်လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ဆီကုန်သည်တွေအနေနဲ့ မိမိ ရရှိတဲ့ ဆီထဲကနေ လူထုကို ဆယ်ရာခိုင်နှုန်း ရည်ညွှန်းပေါက်စျေးနဲ့မဖြစ်မနေပြန်လည်ရောင်းချပေးရတာဖြစ်ပါတယ်။
ဆီတန်းစီရာမှာ တချို့က ဆီပုံးတွေချထားပြီး ဆီစပေးပြီဆိုတာနဲ့ဆီပုံးနေရာမှာ လူက ရောက်လာတာကြောင့် တန်းစီလက်စ ရှိနှင့်သူတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာ၊ ကြားဖြတ်တန်းစီတယ်ဆိုပြီး အငြင်းပွားတာတွေလည်း မကြာခဏ တွေ့မြင်နေရပါတယ်။

ဓာတ်ပုံ-ဘီဘီစီ

#သတင်းစုံ

မြိုင်က နှစ်ရက်တာတိုက်ပွဲမှာ PDF ခြောက်ဦးသေဆုံး၊ နေအိမ် အလုံး ၁၂ဝ ကျော်မီးရှို့ခံရ~~~~~■ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ...
25/08/2022

မြိုင်က နှစ်ရက်တာတိုက်ပွဲမှာ PDF ခြောက်ဦးသေဆုံး၊ နေအိမ် အလုံး ၁၂ဝ ကျော်မီးရှို့ခံရ
~~~~~
■ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ နှစ်ရက်တာတိုက်ပွဲအတွင်း PDF အဖွဲ့တွေဘက်က ခြောက်ဦးသေဆုံးသွားတယ်လို့ PDF ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က မြိုင်မြို့နယ် သဒွတ်ရွာ အနောက်ဘက်မှာ စစ်တပ်အင်အား ၁ဝဝ ကျော်နဲ့ PDF တွေကြား မိနစ် ၄ဝ ကြာ တိုက်ပွဲစဖြစ်ခဲ့ပြီး၊ နောက်တစ်ရက်မှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာလို့ PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြိုင်ရဲ့သူရဲကောင်းမျိုးဆက်များ (Myaing's Hero Generation)က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမိုက်တီးက ပြောပါတယ်။

"ကျနော်တို့ ကင်းပုန်းနဲ့ စစ်ကြောင်းလာတာနဲ့ ဒဲ့သွားတိုးတဲ့အခါကျတော့ အဲ့မှာ ပွဲစဖြစ်ကြတာဗျ။ အဲ့ဒီနေ့ပြီးတော့ ၂၃ ရက်နေ့မှာ တပ်ပေါင်းစုတွေနဲ့ သဒွတ်ရဲ့တောင်ဘက်မှာ တိုက်ပွဲထပ်ဖြစ်တယ်။ မနက် ၈ နာရီကနေ နေ့ခင်း ၁၂ နာရီလောက်အထိ ဖြစ်တယ်။အဲ့နေ့မှာ ကျနော်တို့ဘက်က အကျအဆုံးလည်း ရှိတယ်ဗျ။ ကျနော်တို့ မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်ခြောက်ယောက် ကျဆုံးပြီးတော့ ခုနှစ်ယောက်လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတွေ ရှိတယ်ဗျ။"

အဲ့ဒီတိုက်ပွဲတွေမှာ မြိုင်ရဲ့သူရဲကောင်းမျိုးဆက်များ PDF နဲ့အတူ PDF တပ်ခွဲ ၁ (101)၊ တပ်ခွဲ ၂ (God of Myaing)နဲ့ အခြားမဟာမိတ် PDF တပ်တွေဖြစ်တဲ့ ပုလဲတပ်ရင်း (၁)နဲ့ (၂)၊ ပေါက် - မြိုင်တပ်ပေါင်းစုနဲ့ 7stars PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိပြီး အလောင်းတွေကို ရွာတွေထဲမှာ မြှုပ်ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။ အရေအတွက်ကိုတော့ မပြောနိုင်ပါဘူး။

တိုက်ပွဲဖြစ်တဲ့နေ့က စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ရွာထဲဝင်လာချိန်မှာ PDF တပ်သားတွေ ရွာကို စွန့်ခွာခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ရွာသုံးရွာက လူနေအိမ် အလုံး ၁၂ဝ ကို မီးရှို့သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"ည ၇ နာရီလောက်မှာ မီးစရှို့တာပဲ။ သဒွတ်က အရှေ့ရွာ၊ အနောက်ရွာပေါ့။ အနောက်ရွာက ၁၉ လုံး အရှို့ခံရပြီးတော့ အရှေ့ရွာက ၄၉ လုံးဗျ။ ပေါက်ခေါင်းက ကျနော်တို့ရွာ ၅၂ လုံး စုစုပေါင်း အဲဒီလောက် မီးရှို့ခံလိုက်တယ်"

သဒွတ်ရွာက အိမ်ခြေ ၃၃၀ ဝန်းကျင်နဲ့ ပေါက်ခေါင်းရွာက အိမ်ခြေ ၂၀၀ ကျော်ရှိပြီး နှစ်ရက်ဆက်တိုက် မီးရှို့ခံလိုက်ရတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး သဒွတ်၊ ပေါက်ခေါင်း အပါအဝင် ရွာပေါင်း ငါးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
- Unicode
----------
မြိုင်က နှစ်ရက်တာတိုက်ပွဲမှာ PDF ခြောက်ဦးသေဆုံး၊ နေအိမ် အလုံး ၁၂ဝ ကျော်မီးရှို့ခံရ
~~~~~
■ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသအခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ နှစ်ရက်တာတိုက်ပွဲအတွင်း PDF အဖွဲ့တွေဘက်က ခြောက်ဦးသေဆုံးသွားတယ်လို့ PDF ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က မြိုင်မြို့နယ် သဒွတ်ရွာ အနောက်ဘက်မှာ စစ်တပ်အင်အား ၁ဝဝ ကျော်နဲ့ PDF တွေကြား မိနစ် ၄ဝ ကြာ တိုက်ပွဲစဖြစ်ခဲ့ပြီး၊ နောက်တစ်ရက်မှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာလို့ PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြိုင်ရဲ့သူရဲကောင်းမျိုးဆက်များ (Myaing's Hero Generation)က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမိုက်တီးက ပြောပါတယ်။

"ကျနော်တို့ ကင်းပုန်းနဲ့ စစ်ကြောင်းလာတာနဲ့ ဒဲ့သွားတိုးတဲ့အခါကျတော့ အဲ့မှာ ပွဲစဖြစ်ကြတာဗျ။ အဲ့ဒီနေ့ပြီးတော့ ၂၃ ရက်နေ့မှာ တပ်ပေါင်းစုတွေနဲ့ သဒွတ်ရဲ့တောင်ဘက်မှာ တိုက်ပွဲထပ်ဖြစ်တယ်။ မနက် ၈ နာရီကနေ နေ့ခင်း ၁၂ နာရီလောက်အထိ ဖြစ်တယ်။အဲ့နေ့မှာ ကျနော်တို့ဘက်က အကျအဆုံးလည်း ရှိတယ်ဗျ။ ကျနော်တို့ မဟာမိတ် တပ်ပေါင်းစုဘက်က ရဲဘော်ခြောက်ယောက် ကျဆုံးပြီးတော့ ခုနှစ်ယောက်လောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတွေ ရှိတယ်ဗျ။"

အဲ့ဒီတိုက်ပွဲတွေမှာ မြိုင်ရဲ့သူရဲကောင်းမျိုးဆက်များ PDF နဲ့အတူ PDF တပ်ခွဲ ၁ (101)၊ တပ်ခွဲ ၂ (God of Myaing)နဲ့ အခြားမဟာမိတ် PDF တပ်တွေဖြစ်တဲ့ ပုလဲတပ်ရင်း (၁)နဲ့ (၂)၊ ပေါက် - မြိုင်တပ်ပေါင်းစုနဲ့ 7stars PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေရှိပြီး အလောင်းတွေကို ရွာတွေထဲမှာ မြှုပ်ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။ အရေအတွက်ကိုတော့ မပြောနိုင်ပါဘူး။

တိုက်ပွဲဖြစ်တဲ့နေ့က စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ရွာထဲဝင်လာချိန်မှာ PDF တပ်သားတွေ ရွာကို စွန့်ခွာခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ရွာသုံးရွာက လူနေအိမ် အလုံး ၁၂ဝ ကို မီးရှို့သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"ည ၇ နာရီလောက်မှာ မီးစရှို့တာပဲ။ သဒွတ်က အရှေ့ရွာ၊ အနောက်ရွာပေါ့။ အနောက်ရွာက ၁၉ လုံး အရှို့ခံရပြီးတော့ အရှေ့ရွာက ၄၉ လုံးဗျ။ ပေါက်ခေါင်းက ကျနော်တို့ရွာ ၅၂ လုံး စုစုပေါင်း အဲဒီလောက် မီးရှို့ခံလိုက်တယ်"

သဒွတ်ရွာက အိမ်ခြေ ၃၃၀ ဝန်းကျင်နဲ့ ပေါက်ခေါင်းရွာက အိမ်ခြေ ၂၀၀ ကျော်ရှိပြီး နှစ်ရက်ဆက်တိုက် မီးရှို့ခံလိုက်ရတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး သဒွတ်၊ ပေါက်ခေါင်း အပါအဝင် ရွာပေါင်း ငါးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
- Zawgyi
Photo: Myaing's Hero Generations PDF
- မကွေးတိုင်း၊ မြိုင်မြို့နယ် သဒွတ်ကျေးရွာအတွင်းက မီးလောင်ကျွမ်းနေသည့် နေအိမ်တချို့ကို ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။

24/8/2022 ဆီစျေးနှုန်း #သတင်းစုံ      #ဆီစျေး
24/08/2022

24/8/2022 ဆီစျေးနှုန်း
#သတင်းစုံ #ဆီစျေး

ရုပ်ရှင်မင်းသား ကျော်သူပိုင် နေအိမ်ကို ချိတ်ပိတ်ဩဂုတ် ၂၃၊ ၂၀၂၂၅၀၅(က)၊ ၅၂  နဲ့ တရားစွဲဆိုခံထားရတဲ့ ရုပ်ရှင်မင်းသား အကယ်ဒမ...
23/08/2022

ရုပ်ရှင်မင်းသား ကျော်သူပိုင် နေအိမ်ကို ချိတ်ပိတ်

ဩဂုတ် ၂၃၊ ၂၀၂၂

၅၀၅(က)၊ ၅၂ နဲ့ တရားစွဲဆိုခံထားရတဲ့ ရုပ်ရှင်မင်းသား အကယ်ဒမီကျော်သူပိုင် မရမ်းကုန်း၊ ၅ ရပ်ကွက်၊ အာဇာနည်လမ်းမှာရှိတဲ့ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ ပိုင် အမှတ် (မ/ ၆၆ ) အိမ်ဝန်းခြံမြေနဲ့ နေအိမ် အဆောက်ဦးကို မရမ်းကုန်းမြို့နယ် တရားရုံးတော်က ချိပ်ပိတ်သိမ်းဆည်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အတွင်းနေခိုင်သူတစ်ဦးက”ဒီနေ့ နေ့လည် ၂ နာရီ လောက်က ကိုကျော်သူတို့အိမ်ကို ချိပ်ပိတ်သွားတယ်၊ ရဲတွေနဲ့ ထွေအုပ်တွေရယ်၊ ရပ်ကွက်က အုပ်ကြီးတွေရောပါ ပါတယ်။ ပြောသံကြားတာကတော့ တရားရင်မဆိုင်ပဲ ထွက်ပြေးနေလို့ သိမ်းတာလို့ပြောတယ်” လို့ ပြောပါတယ်။

ရုပ်ရှင်မင်းသား အကယ်ဒမီ ဦးကျော်သူဟာ နာရေးကူညီမှုအသင်းကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး နွေဦးတော်လှန်ရေးအတွ၍်း ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဦးကျော်သူနဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ ကို ၅၀၅-က၊ ၅၂ နဲ့ တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

Burma VJ 📌
#သတင်းစုံ

နေ့စဉ်မိုးလေဝသသတင်း(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)=======================================...
21/08/2022

နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=======================================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

စက်သုံးဆီတစ်လီတာ ကျပ် ၃၀၀၀ နားကပ်လာ၊ နှစ်ရက်အတွင်း တစ်လီတာ ကျပ် တစ်ရာကျော် ပြန်တက်ဒီနေ့ သြဂုတ်လ ၂၀ ရက် ရန်ကုန်က စက်သုံးဆ...
20/08/2022

စက်သုံးဆီတစ်လီတာ ကျပ် ၃၀၀၀ နားကပ်လာ၊ နှစ်ရက်အတွင်း တစ်လီတာ ကျပ် တစ်ရာကျော် ပြန်တက်

ဒီနေ့ သြဂုတ်လ ၂၀ ရက် ရန်ကုန်က စက်သုံးဆီ စျေးနှုန်းတွေမှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးတဲ့ကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်စျေးအရ ၉၅ အောက်တိန်းတစ်လီတာဟာ ကျပ် ၂၄၉၀ ဖြစ်ပြီး တစ်လီတာကျပ် ၃၀၀၀ နား တဖြည်းဖြည်းကပ်လာတာတွေ့ရပါတယ်။
၉၂ အောက်တိန်း တစ်လီတာဟာ ကျပ် ၂၄၀၀ ကိုရောက်ရှိလာပြီး ဒါဟာ သြဂုတ်လ ၁၈ ရက်နေ့နဲ့စျေးနဲ့နှိုင်းယှဥ်ရင်တစ်လီတာကို ကျပ် ၁၁၀ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။
စက်သုံးဆီစျေးတွေဟာ သြဂုတ်လ ၁၆ နဲ့ ၁၇ ရက်၀န်းကျင်မှာအနည်းငယ်ပြန်လည်ကျဆင်းသွားပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ အခုလို အမြင့်စျေးကို ပြန်ရောက်လာတာဖြစ်ပါတယ်။
ရန်ကုန်မှာတော့ စက်သုံးဆီ စောင့်ဆိုင်းတန်းစီ၀ယ်ယူရတဲ့အခက်အခဲအနည်းငယ်သာရှိပေမဲ့ နယ်မြို့တွေမှာ ဆီကို အကန့်အသတ်နဲ့သာ ၀ယ်ယူရရှိတာ၊ ဆီ၀ယ်ဖို့ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရတာတွေရှိနေပါတယ်။
မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ စက်သုံးဆီ အရောင်းဆိုင်အများစု အချိန်အကန့်အသတ်နဲ့ရောင်းချတာကြောင့် စက်သုံးဆီကို မှီခိုပြီးလုပ်ကိုင်နေရတဲ့ သုံးဘီးမောင်းသူတွေနဲ့ ဆိုင်ကယ်အသုံးပြုတွေ အခက်အခဲဖြစ်နေကြတာပါ။
ဆီ၀ယ်ယူရဖို့ကိုလည်း နေ့စဥ်လိုလို အချိန်တစ်ခုပေးပြီး ကြာမြင့်စွာတန်းစီစောင့်ဆိုင်း၀ယ်ယူရတာ၊ စက်သုံးဆီတစ်လီတာကို သြဂုတ် ၁၉ ရက်နေ့ပေါက်စျေး ကျပ် ၃၀၈၀ နဲ့ထည့်နေရပေမဲ့ လိုသလောက်၀ယ်ယူလို့မရတာစတဲ့အခက်အခဲတွေ ရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။
သုံးဘီးယာဥ်မောင်းနှင်သူတွေကတော့ တန်းစီရတာ အချိန် အချိန်ကြာလို့ ခရီးသည်မရနိုင်တဲ့အကျပ်အတည်းရှိတာကြောင့် စက်သုံးဆီဆိုင်တွေမှာ တန်းမစီတော့ဘဲ
အပြင်မှာထည့်သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီလို ပြင်ပမှာ ၀ယ်ထည့်တဲ့အခါ ဆီတစ်လီတာကို ကျပ် ခြောက်ထောင်ကနေ ရှစ်ထောင်တွေအထိ ပေးပြီး ၀ယ်ရတာရှိနေတယ်လို့ ဆိုပါတယ်။
"လမ်းဘေးမှာဝယ်ရတဲ့ဆိုင်တွေက တစ်လီတာကိုခြောက်ထောင်ရောင်းတယ်။ တန်းစီမယ်ဆိုရင်လည်း တန်းစီလို့မရဘူးလေ။ အချိန်က တအားပေးနေရတဲ့အတွက် ခက်ခဲမှုတအားရှိပါတယ်။ တန်းစီမယ်ဆိုရင်က သုံးဘီးဆွဲစားဖို့ မလွယ်တော့ဘူးလေ။ မနက်တန်းရင်နေ့ခင်းမှရတယ်။ ပြီးတော့ ဆီဆိုင်တွေကလည်း သုံးဘီးတစ်စီးမှ ငါးထောင်လောက်ပဲပေးတာလေ။ အဲဒါကြောင်မိုလို့ပါ။ အခုက ဈေးကို အရင်ကတစ်ခေါက်ကို သုံးထောင်နဲ့ပို့နိုင်ရင် အခုက အနည်းဆုံးငါးထောင်ရမှပို့နိုင်တော့မှာလေ။ ဆီဈေးတက်နေတဲ့အတွက် အဲ့ဒါကြောင့်မို့အခုနောက်ပိုင်းက သုံးဘီးဆွဲရတာလည်း ပါးသွားပြီ။ ဆီဈေးကြောင့်စီးမဲ့ ကာစတန်မာတွေကလည်း မရှိတော့ဘူးလေ။ ခြေလျင်ပဲ လျှောက်ကြတော့တာအခုက" လို့မြစ်ကြီးနားက သုံးဘီးယာဥ်မောင်းတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ-CJ
မြစ်ကြီးနားမြို့မှာ ဆီတန်းစီ၀ယ်ယူတဲ့မြင်ကွင်းများ

#သတင်းစုံ

နေ့စဉ်မိုးလေဝသသတင်း===================(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)===============...
20/08/2022

နေ့စဉ်မိုးလေဝသသတင်း
===================
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
===========================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေကို ဘလာဆော(Balasore)မြို့နှင့် ဆါဂါကျွန်း(Sagar Islands)တို့အကြား၊ ဒီဂါ(Digha)မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ဂျက်ခန်းပြည်နယ်ကုန်းတွင်းပိုင်းသို့ရောက်ရှိကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊နောက်(၂၄)နာရီအတွင်း ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေ==================================(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်နေ့မြန်မာစံတော်ချိန်...
18/08/2022

အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေ
==================================
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်နေ့မြန်မာစံတော်ချိန် (၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=================================================
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
-------------------------------------------------------------
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေ-မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေတို့တွင် ပိုမိုအားကောင်းလာကာ၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ နောက်(၁၈)နာရီအတွင်းပိုမိုအားကောင်းလာနိုင်ကာ၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိပြီး (၁၉.၈.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်ယင်းနှင့် ဆက်စပ်လျက်ရှိသောအိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေသို့ ရောက်ရှိနိုင်ပြီး၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။
(ခ) သတိပေးနှိုးဆော်ချက်
------------------------------
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် ယနေ့ညမှ (၂၀.၈.၂၀၂၂)ရက်နေ့အတွင်းနေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။
(ဂ) အကြံပြုချက်
-----------------------
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

လေဖိအားနည်းရပ်ဝန်းအခြေအနေ(၂၀၂၂ခုနှစ်၊ဩဂုတ်လ (၁၈)ရက်နေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)==================...
18/08/2022

လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၂ခုနှစ်၊ဩဂုတ်လ (၁၈)ရက်နေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
==============================================
(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခုဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက်(၁၂)နာရီအတွင်းပိုမိုအားကောင်းလာနိုင်ကာ၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့လည်းကောင်း၊ နောက် (၃၆)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၀.၈.၂၀၂၂)ရက်နေ့အတွင်းနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။

(ဂ) အကြံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

#သတင်းစုံ #မိုးလေဝသတင်း

မန္တလေးမှာ မြို့ပြပြောက်ကျားတွေ ဆက်တိုက်ဖမ်းဆီးခံရပေမဲ့ တိုက်ခိုက်မှုတွေဆက်လုပ်နေကြောင်း ထုတ်ပြန်လာပြီးခဲ့တဲ့ သြဂုတ်လထဲမ...
18/08/2022

မန္တလေးမှာ မြို့ပြပြောက်ကျားတွေ ဆက်တိုက်ဖမ်းဆီးခံရပေမဲ့ တိုက်ခိုက်မှုတွေဆက်လုပ်နေကြောင်း ထုတ်ပြန်လာ

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာပဲ မန္တလေးမြို့မှာ မြို့ပြပြောက်ကျားအဖွဲ့၀င်တွေဆက်တိုက်ဖမ်းဆီးခံခဲ့ရပြီးနောက် သေဆုံးသူတွေလည်းရှိတဲ့အကြောင်း မန္တလေးက မြို့ပြ ပြောက်ကျားတွေက ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁ ရက်နေ့မှာတော့ မန္တလေးမြို့က မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Return Ranger Force- M.R.R.F အဖွဲ့က ခေါင်းဆောင်ဗိုလ်အောင်မြေအပါအဝင် လူငယ် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက မန္တလေးမြို့၊ မြောက်ပြင်ရပ်ကွက်နေအိမ်တစ်ခုကနေဖမ်းဆီးသွားခဲ့တဲ့အကြောင်းကိုလည်း မန္တလေးကတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားခဲ့ပါတယ်။

အဲဒီလို ဖမ်းဆီးသွားပြီးနောက်ပိုင်း မှာတော့ Myanmar Return Ranger Force ကအဖွဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို အမြန်လမ်းတစ်နေရာမှာတွေ့ရတဲ့အကြောင်းစစ်ကောင်စီဘက်က သတင်းတွေကို ထုတ်ပြန်နေတဲ့ တယ်လီဂရန်ချယ်နယ်တွေမှာလည်း ဓါတ်ပုံတွေထုတ်ပြန်ထားပါတယ်။

မြို့ပြပြောက်ကျားတွေဘက်ကတော့ဖမ်းဆီးခံရပြီးနောက်သေဆုံးတဲ့ မြို့ပြပြောက်ကျားအဖွဲ့ ဝင် ၃ ဦးဖြစ်တယ်လို့ထုတ်ပြန်ကြပါတယ်။

အဲဒီနောက်မှာပဲ မန္တလေးမြို့ကမြို့ပြပြောက်ကျားတွေ သြဂုတ်လအတွင်းမှာ ဆက်တိုက်ဖမ်းဆီးခံခဲ့ရပြီးဖမ်းဆီးခံရသူ ၃၀ ဦးထက်မနည်းရှိနိုင်ကြောင်းကိုလည်း မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အခုလိုဆက်တိုက်ဖမ်းဆီးမှုတွေနဲ့ စစ်ကောင်စီရဲ့ စစ်ဆေးတင်းကျပ်မှုတွေရှိနေတဲ့ မန္တလေးမြို့မှာတော့မနေ့ သြဂုတ် ၁၇ ရက်ညပိုင်းက မန္တလေး ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ် ၅ ရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗုံးနဲ့တိုက်ခိုက်မှုလုပ်ခဲ့တဲ့အကြောင်း မန္တလေးက မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Kings cobra guerilla forceက ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်လာပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး မစိုးရိမ်ရ ဒဏ်ရရခဲ့ပြီး မြို့ပြပြောက်ကျားတွေအထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာလာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

"မန္တလေးမှာ မြို့ပြပြောက်ကျားတွေဆက်တိုက်ဖမ်းဆီးခံနေရတာဟုတ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက်ဆက်တွဲတွေလည်း ဘာမှမသိရသေးပါဘူး။ အခုလုပ်တဲ့နေရာကတော့ ကျဆုံးသွားတဲ့ ဗိုလ်‌အောင်မြေတို့ရှိကတည်းက အကြိမ်ကြိမ်လုပ်ဖို့ စီစဥ်ထားတဲ့နေရာပါ။ ပြည်သူတွေရှုပ်ထွေးနေလို့ လက်လွှတ်ခဲ့တာ။ အခုလုပ်ဆောင်ချက်ကတော့ ကျဆုံးသွားတဲ့ ဗိုလ်အောင်မြေ၊ ကိုရိူင်းနဲ့ ကိုတက်သစ်စတို့အတွက် ရယ်ရွယ်ပြီး သူတို့ဆန္ဒကိုဖြည့်ဆည်းပေးတာပါ’’ လို့ Kings cobra guerilla force အဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် မန္တလေးမြို့မှာ ဖမ်းဆီးခံရတဲ့ မြို့ပြပြောက်ကျား အယောက် ၁၀၀ ထက်မနည်းရှိနေပြီး မြေပြင်မှာ လှုပ်ရှားတဲ့ သပိတ်အဖွဲ့တွေဖမ်းဆီးခံရမှုလည်း ဆယ်ချီရှိနေခဲ့တာဖြစ်တယ်လို့ မန္တလေးက တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက မန္တလေးမြို့တွင်းမှာ စစ်ဆေးတင်းကျပ်နေတဲ့အပြင်မြို့အဝင်အထွက်တွေမှာလည်း CCTV တွေတပ်ဆင်ပြီး ဖမ်းဆီးတာတွေဆက်တိုက်လုပ်နေတယ်လို့ လည်း သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ မန္တလေးမြို့က မြို့ပြပြောက်ကျားတွေကိုဖမ်းဆီးမှုနဲ့
ဖမ်းဆီးခံရပြီးနောက်သေဆုံးတဲ့ဖြစ်စဥ်တွေအပေါ် သတင်းထုတ်ပြန်လာတာမရှိပါဘူး။

ပုံစာ - အာဏာသိမ်းအစောပိုင်းကာလ မန္တလေးမြို့မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ
ဓာတ်ပုံ - Getty
#ဘီဘီစီမြန်မာပိုင်း #မြို့ပြပြောက်ကျား #ဖမ်းဆီး #စစ်ကောင်စီ #ဗိုလ်အောင်မြေ #သေဆုံး #သတင်းစုံ

ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၃/၂၀၂၂) =====================================(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့ မြန်မာ...
17/08/2022

ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၃/၂၀၂၂)
=====================================
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့ မြန်မာစံတော်ချိန်(၀၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
========================================================

(က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေ ပါသည်။ အဆိုပါလေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး၊ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသောဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ် သို့ အဖြစ်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၀.၈.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်
==========
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေ ကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

#သတင်းစုံ #2022

ที่อยู่

64/13 Moo 5, Khok Kham, Muang District
Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သတင်းစုံ-Myanmar Daily Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์