19/03/2022
ထိုင်းအစိုးရက လာမယ့် ဧပြီလမှာ Pre- departure ကိုဗစ် ၁၉ စစ်ဆေးမှုကို ဖျက်သိမ်းဖို့ရှိ
CCSA ကနေ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင်ပြီး ထိုင်းနိုင်ငံတွင်း ပြည်ပမှ ရောက်ရှိလာတဲ့ ခရီးသွားတွေအတွက် Pre- departure ကိုဗစ် ၁၉ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ( ထိုင်းနိုင်ငံတွင်း မလည်ပတ်မီ) မလိုအပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ ပါတယ်။
လက်ရှိမှာတော့ သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခတ်၊ ခရာဘီ၊ ဆမြွေ၊ ချင်းမိုင်၊ အူ- တာပေါင် လေဆိပ်တွေအပြင် ဟတ်ယိုင်လေဆိပ်တွေမှာလည်း Pre- departure ကိုဗစ် ၁၉ စစ်ဆေးမှု လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
CCSA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့အနေနဲ့ အဆင်သင့်ဖြစ်မှုပေါ် မူတည်ပြီး လေဆိပ်အားလုံးကို တိုးချဲ့ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဧည့်သည်တွေဟာ ထိုင်းနိုင်ငံသို့ ရောက်ရှိတာနဲ့ RT-PCR စစ်ဆေးမှုကို ဆက်လက်ခံယူရမှာဖြစ်ကာ Test & Go နဲ့ Sandbox အစီအစဉ်တွေအောက် ဧည့်သည်တွေ ရောက်ရှိလာပြီး ၅ ရက်အကြာမှာ ဟိုတယ်မှာ စောင့်ကြည့်စစ်ဆေးသည့် antigen self-test ကို ဆက်လက်ခံယူရမှာဖြစ်ပါတယ်။
နိုင်ငံတကာကနေ ရောက်ရှိလာသူတွေဟာ ကိုဗစ် ၁၉ အာမခံငွေကြေး အဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ သောင်းရှိဖို့ လိုပြီး လိုအပ်တဲ့ ပမာဏကို နောက်ပိုင်းမှာ လျှော့ချနိုင်ဖွယ်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
Test & Go ၊ Sandbox အစီအစဉ်၊ ကွာရန်တင်းတွေနဲ့ ရောက်ရှိလာခြင်းတွေ မှာလည်း Pre- departure စစ်ဆေးမှုတွေ လုပ်ဆောင်ရခြင်းကို ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ အဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။
Ref:thethaiger
#ဘန်ကောက်လမ်းညွန်ကိုစိုင်း