MMSWL We bring writers together in a creative, dynamic and professional environment.

MMSWL သည် ရုပ်ရှင်/ရုပ်သံဇာတ်ညွှန်းများ မူပိုင်ခွင့်သိမ်းဆည်းပေးခြင်း၊ မွမ်းမံခြင်း၊ပြည်တွင်း/ပြည်ပထုတ်လုပ်ရေးများချိတ်ဆက်ခြင်း၊ထုတ်လုပ်ရိုက်ကူးခြင်းများ နှင့်နိုင်ငံတကာရုပ်ရှင်စျေးကွက်လေ့လာခြင်းစသည့်ဦးတည်ချက်များထားရှိ၍ ရှေ့သို့ဆက်လက်ရွေ့လျားနေပါသည်။ 🎯🎯

MMSWL သည် စာရေးဆရာ အနုပညာသမားများကို တစုတစည်းစုစည်းစေပြီးလွတ်လပ်စွာ၊တက်ကြွစွာ၊ရုပ်ရှင်/ရုပ်သံဇာတ်ညွှန်းအတွေးအမြင်များ၊လုပ်ငန်းများချိတ်ဆက်ဆောင

်ရွက်နိုင်စေမည့်လူမှုဝန်းကျင်ကိုဖန်တီးပေးမည့် ရည်ရွယ်ချက်ဖြင့် လှုပ်ရှာဆောင်ရွက်နေခြင်းဖြစ်ပါသည်။

MMSWL သည် အစိုးရနှင့်သက်ဆိုင်သောရုပ်ရှင်ဆိုင်ရာဌာနများ၊အဖွဲ့အစည်းများနှင့်လိုအပ်ပါကချိတ်ဆက်အလုပ်လုပ်မည် ဖြစ်သော်လည်း၊ဖန်တီးမှုအနုပညာနှင့်ဆောင်ရွက်မှုနည်းပညာများတွင်သီးခြားလွတ်လပ်သည့် အစိုးနှင့်မသက်ဆိုင်သော (NGO) ရုပ်ရှင်အဖွဲ့ဖြစ်ပါသည်။

MMSWL မှ စာရေးသူအတွေ့အကြုံများကို Group (၄) မျိုးသတ်မှတ်၍စစ်တမ်းကောက်ယူလျက်ရှိပါသည်။

စာရေးသူအမျိုးအစား Group (၄) မျိုးမှာ -

(၁) မိမိဇာတ်ညွှန်းကို ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ရိုက်ကူးထုတ်လုပ်ပြီးထားသူများ ။

(၂) ရုပ်ရှင်နှင့်ဆက်စပ်စျေးကွက်အတွင်းလှုပ်ရှားလုပ်ကိုင်နေသူများ ။

(၃) ဆိုရှယ်မီဒီယာဗီဒီယိုများဖန်တီးလျက်ရှိပြီး ရုပ်ရှင်ထုတ်လုပ်မှုသို့ ကြိုးပမ်းနေသူများ ။

(၄) ရုပ်ရှင်နှင့်ဇာတ်ညွှန်းပညာလေ့လာနေသူများ

စသဖြင့်အသီးသီးသတ်မှတ်၍ Myanmar Script Writers Lab မှ စစ်တမ်းကောက်ယူပါသည်။

(ကိုယ်တိုင်ကိုယ်ကျ စစ်တမ်းဖြည့်သွင်းပေးလိုပါက) Survey Form Link: https://forms.gle/RyJuA9urrCmc2Qza7 👈မှာဖြည့်စွက်သွားနိုင်ပါသည်။

ရေးသားပြီးသည့် ဇာတ်ညွှန်းမူပိုင်ခွင့်အတွက်လည်း မှတ်ပုံတင်ထားနိုင်ပါသည်။

အသေးစိတ်ဆက်သွယ်ရန်ဖုန်း။ 09791674008 📞 Email: [email protected]
Website: www.myanmarscriptwriterslab.com

=========

MMSWL မှ ဇာတ်ညွှန်းများအရောင်းအဝယ်ပြုလုပ်နိုင်ရန် စီစဥ်ထားသည့် စီမံခန့်ခွဲမှု အခြေခံအချက်တချို့နှင့် မိတ်ဆက်ပေးပါရစေ ... 📢

ဦးစွာ၊ ဇာတ်ညွှန်း အမျိုးအစားများကို ပင်မအခြေခံ (၄)မျိုး သတ်မှတ်ထားသည်။ 💪

(1) Featured Film (average 90 mins - 120 mins)
ရုပ်ရှင်ဇာတ်လမ်း (ပျမ်းမျှ မိနစ်၉၀ မှ ၁၂၀ မိနစ်)

(2) Series (30 mins - 45 mins per episode)
ရုပ်သံဇာတ်လမ်း ( ပျမ်းမျှတစ်ပိုင်း မိနစ် ၃၀ မှ ၄၅ မိနစ်)

(3) Documentary Script (30 mins - 45 mins per a case study) မှတ်တမ်းရုပ်ရှင် ( စာတမ်းတစ်ခုစာ ပျမ်းမျှ မိနစ် ၃၀ မှ ၄၅ မိနစ်)

(4) Advertorial Script ( 1 min - 15 mins )
ကြော်ငြာ ( ပျမ်းမျှ စက္ကန့် ၆၀ မှ ၁၅ မိနစ်)

အဆိုပါ (၄) မျိုးအတွက် ဇာတ်ညွှန်းအရောင်းအဝယ် အခြေခံစျေးနှုန်းများကို အောက်ပါအတိုင်း MMSWL မှသတ်မှတ်ပါသည်။

(1) ရုပ်ရှင်ဇာတ်လမ်းဇာတ်ညွှန်း
( မြန်မာကျပ်ငွေ သိန်း ၃၀ မှ စတင်)

(2) ရုပ်သံဇာတ်လမ်းဇာတ်ညွှန်း
(တစ်ပိုင်း မြန်မာကျပ်ငွေ ၆ သိန်းမှ စတင်)

(3) မှတ်တမ်းရုပ်ရှင်ဇာတ်ညွှန်း (စာတမ်းတစ်ခု မြန်မာကျပ်ငွေ ၁၅ သိန်း မှ စတင်)

(4) Advertorial/Commercial ကြော်ငြာဇာတ်ညွှန်း
( စက္ကန့် ၆၀ မှ ၁၅ မိနစ် = မြန်မာကျပ်ငွေ ၆ သိန်းမှစတင်)

စသဖြင့် အနည်းဆုံးမှစတင်သတ်မှတ်ထားသည်။။

🚩(နောက်ဆက်တွဲစည်းကမ်းနှင့်သတ်မှတ်ချက်များ)

▶ ဇာတ်ညွှန်းအရောင်းအဝယ်မပြုခင်မှ
ရောင်းသူ-ဝယ်သူအကြား "Non-Disclosure Agreement" ဟုခေါ်သည့် မူပိုင်ခွင့်ဆိုင်ရာနားလည်မှုစာချုပ် ပြုလုပ်ပါသည်။

For more information, please call us
+95-9791674008, [email protected]

ဇာတ်ကောင် စကားပြောနေရင်း ဒါမှမဟုတ် စဉ်းစားနေရင်းကြားညှပ်ပြီး ပြတဲ့ စက္ကန့်ပိုင်းစာ မျက်စိတစ်မှိတ်စာလောက်...တခဏလေး ဖြတ်ပြ...
31/07/2026

ဇာတ်ကောင် စကားပြောနေရင်း ဒါမှမဟုတ် စဉ်းစားနေရင်း
ကြားညှပ်ပြီး ပြတဲ့ စက္ကန့်ပိုင်းစာ မျက်စိတစ်မှိတ်စာလောက်...
တခဏလေး ဖြတ်ပြသွားတဲ့ ပြကွက် Insert တွေအကြောင်း
ဖြစ်ပါတယ်။ ဒီလို Insert တွေကို Flash Cut လို့လည်း
ခေါ်ပါတယ်။

Flash Cut ဆိုတာ ဇာတ်လမ်းရဲ့ ပုံမှန်စီးဆင်းနေမှုကို
ရပ်တန့်မသွားစေဘဲ စက္ကန့်ဝက် မှ တစ်စက္ကန့်လောက်ပဲ ဖြတ်ပြသွားတဲ့ ဖြစ်ရပ်တစ်ခုလုံးစာ ကိုယ်စားပြုထားတဲ့ Key Visual လို့ သတ်မှတ်လည်းရတယ်။

ဇာတ်ကောင်ရဲ့ မသိစိတ်ဖြစ်စေ၊ သိစိတ်နဲ့ဖြစ်စေ သူ့စိတ်ထဲက စိုးရိမ်မှု၊ စိတ်ဒဏ်ရာ Trauma တွေ...ဒါမှမဟုတ် အတိတ်က မှတ်ဉာဏ် Memory...ဒါတွေကို ပရိသတ်ဆီ တိုက်ရိုက်
ကူးစက်စေချင်တဲ့အခါ ဒီလို Flash Cut နည်းလမ်းနဲ့
အမြဲလိုလို ပါးနပ်စွာ အသုံးပြုနိုင်တယ်။

ဒါမျိုး Flash Cut တွေကို ဒါရိုက်တာ Christopher Nolan ရဲ့
စတိုင်တစ်ခုအနေနဲ့ အမြဲတမ်း မပါမဖြစ်တွေ့ရပါတယ်။

၂၀၂၆ ခုနစ်ထွက် The Odyssey ရုပ်ရှင်မှာလည်း
ထပ်သလဲလဲ မြင်တွေ့နိုင်သလို၊ Batman သုံးကားတွဲမှာသာမက၊
Inception ၊ Interstellar ... Oppenheimer စတဲ့
သူ့ရုပ်ရှင်တိုင်းလိုလိုမှာ သိသိသာသာ ပါဝင်တာကြောင့်
ဒါဟာ နိုလန်စတိုင် လို့တောင် သတ်မှတ်လို့ရပါတယ်။

Flash Cut တွေကို ဇာတ်ညွှန်းနဲ့ ရုပ်ရှင်တည်းဖြတ်မှုမှာ အသုံးပြုတာဟာ သာမန် Flashback ပြသတာထက် ပိုနက်ရှိုင်းတဲ့ သက်ရောက်မှုကို ဖြစ်စေပါတယ်။

လက်‌တွေ့ဘဝထဲက ကျနော်တို့ လူတွေဟာ အတိတ် ဒါမှမဟုတ် စိုးရိမ်စရာ ကို စဉ်းစားတဲ့အခါ ရုပ်ရှင်ကားတစ်ကားစာ အစကနေ အဆုံးထိ စနစ်တကျ ပြန်မမြင်ကြပါဘူး။ စိတ်ထဲမှာ စက္ကန့်ပိုင်းလေးပဲ ပုံရိပ်တွေ ပေါ်လာလေ့ရှိတယ်။ Flash Cut က ဒီလို ဦးနှောက်မှာ အလုပ်လုပ်ပုံကို ဇာတ်ညွှန်းမှာ၊ ရုပ်ရှင်ထဲမှာ Visual ဖော်ပြချက်အဖြစ် အကျိုးရှိရှိ ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။

ပြီးတော့ နောက်တစ်ချက်က Flash Cut တွေဟာ
ဇာတ်လမ်းရဲ့ အရှိန် (Pacing) ကို မကျစေဘဲ
သက်ဆိုင်ရာအဓိပ္ပါယ်‌ကို အရုပ်နဲ့ ဖြည့်ပေးလိုက်နိုင်တယ်။
ဇာတ်ညွှန်း ဘာသာအရ ပြောရင် Subtext ဖြစ်သွားစေတယ်။

ဆိုလိုဝာာက ဇာတ်ကောင် စကားပြောနေတာကို မရပ်ပစ်ဘဲ
ဒါမှမဟုတ် Flashback အရှည်ကြီးထဲ ဝင်မသွားဘဲ စကားပြောနေရင်း ခဏလေး ဖြတ်ပြလိုက်တာကြောင့် ဇာတ်လမ်းရဲ့ Tempo/Pacing ကို သွက်လက်စေပါတယ်။ စကားလုံး ရာထောင်မကတဲ့ နောက်ခံဇာတ်ကြောင်းကို စက္ကန့်ပိုင်း visual လေးနဲ့တင် ထိရောက်စွာ ဖော်ပြပေးနိုင်လို့ အလွန်ထိရောက်ပါတယ်။

ကျနော်ဆိုရင်နိုလန်ရဲ့ ရုပ်ရှင်တစ်ကားစီရဲ့ Flash Cut တိုင်းကို
ခေါင်းထဲ မေ့မသွားဘဲ မှတ်မိနေပါတယ်။ Flashback အရှည်ကြီးသာဆို သီးခြားမှတ်မိမှာမဟုတ်ပါဘူး။ Inception ထဲက
Flash Cut တွေ။ ပြီးတော့ အခုနှစ် The Odyssey ထဲက
Flash Cut တွေက ရုပ်ရှင်ပြီးသွားခဲ့တာတောင် သုံးလေး ငါးရက်အထိ အတော်လေး ခေါင်းထဲ နေရာယူသွားပါတယ်။

ဒီလိုမျိုး စက္ကန့်ပိုင်းလေးပဲ မြင်လိုက်ရတဲ့ ပုံရိပ်က ပရိသတ်အတွက်
"ဒါဘာပုံလဲ၊ ဘာလို့ပြတာလဲ" ဆိုတဲ့ ပဟေဠိ၊ စပ်စုလိုစိတ်၊ စူးစမ်းချင်စိတ် Curiosity ကို စိတ်ထဲမှာ စိုက်ထူပေးလိုက်တယ်လို့ပြောနိုင်တယ်။

ဇာတ်လမ်းကို ဇာတ်ရည်လည်လာတဲ့အခါ၊တနည်းပြောရင် ဇာတ်ရဲ့ Resolution (Act 3) ထဲမှာ အဲဒီ Flash Cut ဘာလို့ပြခဲ့လဲဆိုတာ ဖော်ပေးလိုက်တဲ့အခါ ပရိသတ်လည်း အဖြေရပြီး ကျေနပ်စရာကောင်းတဲ့ ရုပ်ရှင်အတွေ့အကြုံ နဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ရတယ်လို့ ပြောရမှာပါ။

ပရိသတ်အပေါ်သက်ရောက်မှုရှိသလို၊ ဇာတ်လမ်းထဲက
ဇာတ်ကောင်မှာပါ Flash Cut တွေက သက်ရောက်‌တယ်လို့
လည်း ထပ်ပြောရမယ်။

ဇာတ်ကောင် ခံစားနေရတဲ့ PTSD (အပြင်းအထန်စိတ်ခြောက်ခြားခဲ့ရအပြီး ကျန်ခဲ့တဲ့စိတ်ဝေဒနာ) ကြောင့် ကြောက်ရွံ့မှု ဒါမှမဟုတ် ဆောက်တည်ရာမရမှုတွေကို Flash Cut ပြကွက်တွေနဲ့
ပြသတာဟာ ပရိသတ်ကိုပါ ဇာတ်ကောင်ရဲ့ ခေါင်းထဲ ရောက်သွားသလို ခံစားရစေတယ်။

Flash Cut တွေကို ဇာတ်ညွှန်းမှာ Action စာပိုဒ်နေရာမှာပဲ
INSERT: လို့ခေါင်းစဉ်ရှေ့မှာထားပြီး မြင်တွေ့ရမယ့်
Visual ဖော်ပြချက်ကို တစ်ပိုဒ်စာ ရေးနိုင်ပါတယ်။
Scene အသစ်ထပ်ခွဲစရာမလိုဘဲ ရေးလက်စ Scene ထဲမှာပဲ
ညှပ်ရေးလို့ရတာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် Flash Cut
တစ်ခုကို စာတစ်ပိုဒ်စာပဲ ရေးတာမျိုးပါ။

စာဖတ်သူ‌ရော...ကြည့်ခဲ့သမျှ ရုပ်ရှင်‌တွေကတဆင့်
ခေါင်းထဲ စွဲသွားတဲ့၊ ထုတ်မရတဲ့ Flash Cut တွေ
ရှိ‌နေလား...

✒️ YKTM


တချိန်က သူတို့ပြောတဲ့စကားနဲ့ ကျနော်တို့ ပြောတဲ့စကား တွေဟာတစ်ထပ်တည်းမကျခဲ့တောင် ဒေသသံလောက်မှာပဲ ကွာခြားခဲ့တာမျိုးရှိခဲ့တယ...
24/07/2026

တချိန်က သူတို့ပြောတဲ့စကားနဲ့ ကျနော်တို့ ပြောတဲ့စကား တွေဟာ
တစ်ထပ်တည်းမကျခဲ့တောင် ဒေသသံလောက်မှာပဲ ကွာခြားခဲ့တာမျိုး
ရှိခဲ့တယ်ဆိုပါစို့...

အထူးသဖြင့် ရှေးခေတ်အိန္ဒိယနဲ့ ရှေးခေတ်ဂရိလူမျိုးစု
တွေရဲ့ ဘာသာစကားဟာ တူညီတဲ့အရင်းအမြစ်တစ်ခုကနေ
ဆင်းသက်လာတယ်လို့ ပညာရှင်တွေ ဖော်ထုတ်တွေ့ရှိကြတယ်။

ခရစ်မပေါ်ခင် နှစ် ၅၀၀ အလွန် BC 500 အရှေ့က ပုံပြင်တွေဆိုတာလည်း လက်ရေးမူ တွေထက် နှုတ်မူ တွေက ပိုထင်ရှားတယ်။
လက်ရေးမူ ရှိခဲ့လည်း ကျောက်စာ ပေစာ ပဲရှိမယ်။
ပိုပြီး ကျော်ဇောတာက နှုတ်မူတွေ ။ အဲ့ဒီ နှုတ်မူ ဆိုတာကလည်း
နေ့စဉ်ပြောတဲ့ ဘဝထဲက အတွေ့အကြုံ‌တွေထက်...
မိသားစုနဲ့ဖြစ်ဖြစ်၊ အရပ်ဘက်အဖွဲ့အစည်း လူစုဝေးချိန်မှာ
ရွတ်ဆိုကြတဲ့ ကဗျာတွေက ပိုထင်ရှားတယ်။

တစ်ယောက်ပါးစပ်ကရွတ်ပြခဲ့တဲ့ က‌ဗျာ...
တစ်ယောက်ပါးစပ်ကပြောပြခဲ့တဲ့ ပါးစပ်ရာဇဝင် တွေဟာ

တစ်ယောက်နားမှ တစ်ယောက်နားထဲ ကူးလူးဖြန့်ကျက်ရင်း
စိတ်ဝင်စားစရာအကောင်းဆုံး၊ မေ့ပျောက်ဖို့အခက်ဆုံး၊
ဆည်းကပ်လက်ခံချင်စရာအကောင်းဆုံး ပုံပြင်တွေ၊
အဆို့အမိန့်တွေ၊ ကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေဟာ
အဲ့ဒီခေတ်ရဲ့ စာပေ ယဉ်ကျေးမှုဖြစ်ခဲ့တယ်။

စာပေယဉ်ကျေးမှုတစ်ခုထွန်းကားဖို့
မူရင်းရှိရမယ်။
အဲ့ဒီမူကိုလက်ဆင့်ကမ်းရမယ်။
တဖက်မှာလည်းထိန်းသိမ်းထားရမယ်။
ဒီ(၃)ချက်စလုံး ပျက်ယွင်းသွားရင် အဲ့ဒီစာပေလည်း
လောကကြီးက ပျောက်ကွယ်သွားတတ်ပါတယ်။
(ဒါကို ဇာတ်ညွှန်းအတန်း Week1 Literature Evolution
အကြောင်းမှာ ဆွေးနွေးခဲ့ကြဖူးပါတယ်။)

ပြန်ဆက်ရရင်...ဂရိဒဏ္ဏာရီပုံပြင်တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်စေမယ့်
ဇာတ်အိမ် နဲ့ ဇာတ်ကောင် ၊ ဇာတ်ကြောင်းအသွားအလာတွေကို
ဖန်တီးခဲ့သူ "Homer" ရဲ့ ကဗျာရှည်တွေဟာ သက်သေမှတ်တမ်း
တစ်ခုပါပဲ။

တိုတိုပြောရရင် Iliad နဲ့ Odyssey ဟာ မူလက Oral Work
နှုတ်တိုက်ရွတ်ဆိုခဲ့တဲ့ လက်ရာဖြစ်ပါတယ်။ Homer ဟာ ဒီကဗျာရှည်ကြီးတွေကို စာရွက်ပေါ်မှာ ထိုင်ရေးခဲ့တာ မဟုတ်ဘဲ၊ စောင်းတီးရင်း ပရိသတ်ကို နှုတ်တိုက်ရွတ်ဆိုတဲ့ Oral Performance နဲ့
ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

Homer သက်ရှိထင်ရှား ရှိခဲ့တယ်လို့ ယူဆရတဲ့ ဘီစီ ၈ ရာစုဝန်းကျင် မှာ ဂရိအက္ခရာဟာ စတင်ပေါ်ပေါက်ခါစပဲ ရှိပါသေးတယ်။ ဒါကြောင့် အပိုဒ်ပေါင်း သောင်းနဲ့ချီတဲ့ ကဗျာရှည်ကြီးကို စာအဖြစ် ရေးသားဖို့ထက် နှုတ်တိုက်အလွတ်ကျက် ရွတ်ဆိုတာကပဲ အဓိက နည်းလမ်းဖြစ်ခဲ့တယ်။

ဒီလို နှုတ်တိုက်ဖြန့်ဝေခဲ့တဲ့ ပါးစပ်ပြောရာဇဝင်တွေ၊
ဒဏ္ဏာရီလာနတ်ဘုရားပုံပြင်တွေဟာ ဒေသတစ်ခုမှတစ်ခု၊
ကမ္ဘာအနှံ့ဖြန့်ကျက်တဲ့အခါ...အနောက်တိုင်းကဇာတ်လမ်းတွေနဲ့
အရှေ့တိုင်းကဇာတ်လမ်းတွေထဲ တူညီတဲ့အကြောင်းရာ၊
ခပ်ဆင်ဆင်ဇာတ်အသွားအလာတွေရှိတာလည်း မဆန်းပြားပါဘူး။

အထူးသဖြင့် ရှေးခေတ်အိန္ဒိယနဲ့ ရှေးခေတ်ဂရိလူမျိုးစု
တွေရဲ့ ဘာသာစကားဟာ တူညီတဲ့အရင်းအမြစ်တစ်ခုကနေ
ဆင်းသက်လာတယ်လို့ ပညာရှင်တွေ ဖော်ထုတ်တွေ့ရှိတာကြောင့်
ရိုးရာပုံပြင်တွေ နတ်ဘုရားတွေ နှင့် သူရဲကောင်းပုံပြင်တွေထဲ
ဇာတ်ကောင်တွေရဲ့ ဗီဇရုပ်သွင်စရိုက် Archetypes တွေ
တူနေတတ်သလို၊ ဇာတ်ကွက်အထာက်အကူဖြစ်ရပ် လို့ခေါ်တဲ့
Plot Device တွေလည်းတူတာရှိတယ်။

ဥပမာ သူရဲကောင်းပေါ်လာမှ ဘယ်သူမှမယူနိုင်ခဲ့တဲ့ လက်နက်ကို
သူတစ်ဦးတည်းက ယူပြပြီး အသုံးပြုနိုင်တာမျိုးတွေ။
အခုပုံမှာပြထားသလိုဆိုရင် ... Odysseus ရဲ့ လေးတင်ခန်းမျိုးဆိုရင်
အိန္ဒိယပုံပြင် ရာမယဏ ထဲက လေးတင်ခန်း နဲ့ အသွားအလာဆင်တူတာမျိုး။ တန်ဖိုးရှိတဲ့အမျိုးသမီးတစ်ဦးအတွက် လေးတင်ပြီးမှ
ဘယ်သူဘယ်ဝါ၊ ဘယ်လိုစွမ်းအားရှိကြောင်း သက်သေထူရတာမျိုး။

ရာမယဏ နဲ့ ဩဒီးစီး ဘယ်သူပိုစောသလဲဆိုရင် နှုတ်မူရဲ့မြစ်ဖျားမှ
အရင်းထိခြေရာခံတဲ့အခါ ဩဒီးစီး က ရာစုနှစ် ပိုစောတယ်။
ဒါပေမယ့်လည်း တထစ်ချ သက်သေယူပြီး စိုက်ထူပြနိုင်မယ့်
အထောက်အထားမျိုးတော့မဟုတ်။ ဘာကြောင့်ဆိုတော့
မူရင်းကိုက နှုတ်မူ ဖြစ်ခဲ့တာကိုး။

မြန်မာနိုင်ငံကိုလည်း ရာမယနဇာတ်လမ်း ရောက်ရှိလာပြီးနောက် ကုန်းဘောင်ခေတ်မှာ"ရာမဇာတ်တော်ကြီး" အဖြစ် နန်းတွင်းဇာတ်သဘင်၊ ရုပ်သေးနှင့် ဇာတ်ပွဲများ၌ သရုပ်ဖော် ကပြခဲ့ကြတယ်။

အဓိကဇာတ်အိမ်က သီတာဒေဝီ၏ ခမည်းတော် ဇနက္ကရာဇ်မင်းကြီးက
"သီဝနတ်မင်း၏ လေးတော်" ကို တင်းပင်းစွဲ၍ ကြိုးတပ်နိုင်သူအား သမီးတော်နှင့် ထိမ်းမြားပေးမည် ဆိုတဲ့ စိန်ခေါ်ခြင်းမှ စတင်တယ်။

မြန်မာ့ဇာတ်သဘင်မှာ "သီတာဒေဝီ လေးတင်ပွဲ" လို့ ထင်ရှားပြီး ရာမမင်းသားအဖြစ် ကပြရတဲ့ မင်းသားအတွက် အကပညာ၊ ခန္ဓာကိုယ်ဟန်ချက်နှင့် အရှိန်အဝါ ကို အမြင့်ဆုံး ပြသရတဲ့ အခန်းလည်းဖြစ်ပါတယ်။

ဆိုတော့ ပြောရရင် ရုပ်ရှင်ဇာတ်ညွှန်းအတွက်ဖြစ်ဖြစ်၊
ဇာတ်သဘင်မှာဖြစ်ဖြစ် "လေးတင်ခန်း" ဆိုတာဟာ ရိုးရိုးလက်နက်ပြပွဲ မဟုတ်ဘဲ၊ မင်းမြှောက်တန်ဆာနှင့် ဘုန်းလက်ရုံး ကို ရည်ညွှန်းလိုခြင်းလို့
ကျနော်တို့ မှတ်ယူနိုင်တယ်။

နတ်လက်နက် လို ထူးခြားတဲ့ အာနုဘော်ရှိပါကြောင်း သက်သေပြရခြင်းဟာ မင်းသမီးကို ရဖို့ ဒါမှမဟုတ် ပြည်သူလူထုကို ကယ်တင်ဖို့
ဆိုတဲ့ အခက်ခဲဆုံး အတားအဆီးကို ကျော်ဖြတ်ပြခြင်းမျိုးနဲ့
ယှဉ်ပြပြီး၊ ဇာတ်အိမ်ရဲ့ အဓိကလှည့်ကွက် Dramatic Turning Point ဖြစ်သွားအောင် အနုပညာမြောက်စွာ ထည့်သွင်းအသုံးပြုခဲ့ကြခြင်း ပဲဖြစ်ပါတယ်။

✒️ YKTM


တစ်ကားလုံးကို ခံစားကြည့်ရင် ကင်မရာလှုပ်ရှားမှုက Static Movement ထဲမှာရိုက်တာတွေ့ရပါမယ်။ဒါကြောင့်ဒီရုပ်ရှင်ရဲ့ မြင်ကွင်းအ...
19/07/2026

တစ်ကားလုံးကို ခံစားကြည့်ရင် ကင်မရာလှုပ်ရှားမှုက
Static Movement ထဲမှာရိုက်တာတွေ့ရပါမယ်။
ဒါကြောင့်ဒီရုပ်ရှင်ရဲ့ မြင်ကွင်းအားလုံးနီးပါးကို tripod ပေါ်မှာ
ရိုက်ကူးထားပြီး ဇာတ်လမ်းရဲ့ အနှစ်သာရကို အထိရောက်ဆုံးဖြစ်ဖို့ framing တွေကို ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားပါလိမ့်မယ်။

Obsession ရုပ်ရှင်ရဲ့ cinematographer ဖြစ်တဲ့
Taylor Clemons ကိုယ်တိုင်လည်းပြောပါတယ်။
"ဒါဟာ ရိုးရှင်းလွန်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပေမယ့်
ပရိသတ်ကို ကိုယ်တိုင်တွေးဆ စေပြီး သူတို့ အမြင်အာရုံထဲ
မပါသေးတဲ့ အသေးစိတ်အချက်အလက်တွေကို
သူတို့ဘာသာ ဖြည့်စွက်ခိုင်းလိုက်တာက အလွန်အစွမ်းထက်တဲ့
ရလဒ်မျိုးကို ဖန်တီးနိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ကို Arri Alexa 35 ကင်မရာမှာ Panavision Ultra Speed မှန်ဘီလူးတွေကို အသုံးပြုပြီး ရိုက်ကူးထားပါတယ်။
ကြားထဲမှာ zoom ဆွဲတာမျိုး အနည်းငယ်ရှိပေမယ့်
aperture ကို အမြဲလိုလို အကျယ်ဆုံးဖွင့်ထားတာကြောင့်
Shallow Focus လေးနဲ့ bokeh ပါးပါးလေးတွေက
အလွန်နူးညံ့ပြီး စိတ်မသက်မသာစရာ တစ်ခုခုကို ထည့်ပေးသလို
ဖြစ်စေပါတယ်။

✒️ YKTM

တစ်နေ့တော့ ဘုရင်က ဂူချွန်း ဆိုတဲ့  သရဲနှိမ်နင်းနိုင်တဲ့၊ နတ်ဆိုးသတ်နိုင်တဲ့ ကောင်လေးပေါ့နော်။ သူ့ကို ဘုရင်က နန်းတော်ထဲ ရ...
18/07/2026

တစ်နေ့တော့ ဘုရင်က ဂူချွန်း ဆိုတဲ့ သရဲနှိမ်နင်းနိုင်တဲ့၊ နတ်ဆိုးသတ်နိုင်တဲ့ ကောင်လေးပေါ့နော်။ သူ့ကို ဘုရင်က နန်းတော်ထဲ ရောက်အောင် ခေါ်လိုက်တယ်။ ဒီနတ်ဆိုးသတ်တဲ့‌ကောင်လေးကလည်း ပုံစံက ဂျစ်ကန်ကန်နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံမျိုး။ သူ့မှာ ထူးခြားတဲ့ စွမ်းရည်ရှိတယ်။
သူကိုယ်တိုင်က တမလွန်လောကထဲကို ရောက်အောင်သွားနိုင်ပြီး နတ်ဆိုးအဖြစ်ပါ ပြောင်းလဲနိုင်တဲ့ စွမ်းအားမျိုး သူ့မှာ ရှိတယ်။

ပြီးတော့ ဆန်ဂန်း ဆိုတဲ့ နန်းတွင်းသူလေးတစ်ယောက်လည်း ပါလာတယ်။ ပြောရရင် ဒီနန်းတွင်းသူက ဘုရင့်သမီးတော်ပဲ။ ဒါပေမဲ့ နယ်နှင်ဒဏ်ပေးခံထားရတာ။ ဒီလိုမျိုး နန်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အတွင်းရေးကိစ္စတွေကလည်း ရှိတယ်။ အဲ့တော့ ဒီနန်းတွင်းသူလေးဟာ တမလွန်ဘဝက သေလွန်ပြီးသူတွေရဲ့ အသံကို သူက ကြားနိုင်တယ်။ နတ်ဆိုးသတ်တဲ့သူကတော့ သူက မြင်နိုင်တယ်။ အဲ့တော့ သူတို့နှစ်ယောက် အမြင်နဲ့ အကြားနဲ့ ပေါင်းလိုက်ရင် ဒီနန်းတွင်းတစ်ခုလုံးမှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ ကိစ္စတွေကို သူတို့ ဖော်ထုတ်လို့ ရနိုင်ချေ ရှိတယ်ပေါ့နော်။ ဒါကြောင့်လည်း ဘုရင်က သူတို့နှစ်ယောက်ကို အတူတကွ တာဝန်ပေးထားတယ်။ နန်းတော်မှာ ဖြစ်နေတဲ့ ဒီ ရေတွင်းသရဲဆိုတဲ့ ... မိစ္ဆာကို တိုက်ထုတ်ဖို့ တာဝန်ပေးထားတယ်။

ဒါပေမဲ့ နန်းတွင်းရေးရာ အရှုပ်ထုပ်တွေ အများကြီး တဖြည်းဖြည်း ပေါ်လာတယ်။ အဲ့တော့ နန်းတော်မှာ ဒီလက်ရှိဘုရင် မတိုင်ခင်တုန်းက ရှေ့ကဘုရင်ရဲ့ သားတော်တွေ တစ်ယောက်ပြီးတစ်ယောက် သေသွားတာတွေ၊ ပြီးတော့ လက်ရှိဘုရင်လက်ထက်မှာလည်း သူ့ရဲ့ သားတော်တွေ တစ်ယောက်ပြီးတစ်ယောက် သေလာတာတွေက ... တမလွန်ဘဝက တစ္ဆေ၊ သရဲတွေကြောင့်လား၊ ကျိန်စာကြောင့်ပဲ ဖြစ်နေသလား၊
ဒါမှမဟုတ် လူကပဲ သတ်တဲ့ လူသတ်မှုတွေပဲလား ဆိုတာမျိုး စိတ်ဝင်စားစရာလည်း ကောင်းလာတယ်။

အဲ့တော့ ဒီဇာတ်လမ်းက ပြောရရင်တော့ အနောက်တိုင်းမှာဆိုရင် ဒီလိုဇာတ်လမ်းမျိုးတွေက demons တွေပေါ့နော်။ နတ်ဆိုးတွေ၊ မိစ္ဆာတွေနဲ့ ပတ်သက်ပြီးတော့ conjuring အပမှီတာတွေ တိုက်ထုတ်တဲ့ ဟာမျိုးတွေပေါ့။ အဲ့ဒါတွေက နော်... Constantine တို့ ဘာတို့လိုမျိုး ဇာတ်ကောင်မျိုးတွေလည်း ရှိတယ်လေနော်။ အဲ့တော့ ဒီလိုမျိုး လူသိပြီးသား ရှိပြီးသား visual တွေကို အခြေခံပြီးတော့ ကိုရီးယားက ပိုပြီး ကောင်းအောင် ဒီနေ့ခေတ်မှာလည်း ရနေတဲ့ ရုပ်ရှင်ရိုက်ကူးမှု နည်းပညာတွေနဲ့လည်း ပေါင်းစပ်ပြီးတော့ ဖန်တီးထားနိုင်တာမျိုး ကျွန်တော်တို့ တွေ့ရတယ်။

အဲ့တော့ ဒီဇာတ်လမ်းမှာ အဓိကကတော့ ဒီနတ်ဆိုးသတ်သမား ဂူချွန်နဲ့ ဒီဘုရင့်သမီးတော်ပေါ့နော်၊ နန်းတွင်းသူ ဟန်ဆောင်ထားတဲ့ ကောင်မလေး ဆန်ဂန်းပေါ့။ တမလွန်ဘဝက လူတွေရဲ့ အသံတွေကို ကြားနေရတဲ့ ဇာတ်ကောင် ဆန်ဂန်းပေါ့။ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ နော်... တစ်ဦးပေါ်တစ်ဦး မှီခိုအားထားစရာမျိုး ဇာတ်ကွက်တွေ တဖြည်းဖြည်းချင်း ပေါ်လာရင်းနဲ့ သံယောဇဉ်ဖြစ်သွားတဲ့... မေတ္တာဓာတ်မျိုးပေါ့နော်။ chemistry မိတာမျိုးလေးတွေလည်း ကျွန်တော်တို့ တွေ့ရတယ်။ ရိုတယ်ပေါ့။

အဲ့တော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ချုပ်ပြီး ပြောရရင်တော့ ကျွန်တော်တို့ ဒီဘက်နောက်ပိုင်းမှာ ကိုရီးယားဒရာမာတွေပေါ့နော်။ အထူးသဖြင့် web series လို့ ကျွန်တော်တို့ ပြောလို့ရတယ်။
အရင်လိုမျိုး ၁၂ ပိုင်းတွေ၊ ၁၄ ပိုင်းတွေ ထွက်တာမျိုး မဟုတ်ဘူး။
အခုနောက်ပိုင်းက ရှစ်ပိုင်းလောက်နဲ့ Season တစ်ခု ထွက်တယ်၊
မြန်တယ်။ တစ်ပိုင်းကို ၄၅ မိနစ်လောက်ပဲ ကြာတယ်။

တကယ့် Global Platforms, Streaming Platforms တွေဖြစ်တဲ့ Netflix လိုမျိုးမှာပါ ဒါတွေ အခုဆိုရင် ခေတ်စားတယ်။ကြည့်ရတယ်ပေါ့နော်။ trend ဖြစ်တဲ့ ကားလေးတွေကို ကျွန်တော်တို့ ဂရုတစိုက်ကြည့်တယ်၊ စိတ်ဝင်တစားကြည့်တယ်။

အဲ့တော့ အများအားဖြင့်က ဇာတ်လမ်းတစ်ခုလုံးရဲ့ ၇၅ ရာခိုင်နှုန်းလောက်ထိက ဇာတ်ရှိန်ကို ဆွဲခေါ်နိုင်ပြီးတော့ ဇာတ်ရဲ့ ၇၅ ရာခိုင်နှုန်းအထက်လောက် ရောက်လာပြီဟေ့ ( resolution ကို ရောက်သွားပြီး ဇာတ်လမ်းရဲ့ moral decision တစ်ခု ပေါ်ရမယ့် အခြေအနေ...တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ Act 3 ထဲကို ဝင်ပြီးတော့ climax အထိ ဆွဲတင်ပြီးသွားတော့မှ) ကျွန်တော်တို့ ကို နောက်ဆုံး အဆုံးသတ်အဖြေ final solution ပေးရမယ့် အခြေအနေ ရောက်ရင် ရှေ့က တချို့ဒရာမာတွေက နည်းနည်း ... ဘယ်လိုပြောမလဲ ဟာကွက်တွေ plot holes တွေ ဖြစ်သွားတာမျိုး ရှိတာ တွေ့ရတယ်။

ဒါပေမဲ့ ဒီတစ်ခေါက် "The East Palace" မှာတော့ ဒီ ရှစ်ပိုင်းဟာ ... ကျွန်တော်တို့ ကို three-act structure နဲ့ပဲ ပြန်ကြည့်မယ်ဟေ့ဆိုရင်... လေးပိုင်းမြောက်က ဒါ ကျွန်တော်တို့ ဇာတ်ရဲ့ တစ်ဝက် ကျိုးသွားတဲ့ အချိန်မှာ... သီအိုရီအရဆိုရင် တကယ်ကို major plot ကို ထဲထဲဝင်ဝင် အတည်တကျ စီးမျောသွားအောင် လုပ်ပေးနိုင်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ ပြီးတော့ အံ့ဝင်ခွင်ကျလည်း ဖြစ်တယ်။ နောက်ဆုံးမှာလည်း Final Solution ပေးထားတာတွေက ပရိသတ်ကို ကျေနပ်အောင် နှစ်သိမ့်ပြီး ဇာတ်ကို သိမ်းပေးတယ်ဆိုတာထက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဇာတ်သိမ်း ဇာတ်ကွက်မျိုး ဖန်တီးထားနိုင်တယ်လို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်တယ်။

ပြီးတော့ နောက်တစ်ချက်က Season 2 ထွက်လာနိုင်အောင် ဇာတ်လမ်းကို ဆွဲဆန့်ပေးလိုက်နိုင်တယ်။ ဆွဲဆန့်ပေးပုံ ပေးနည်းကလည်း... တကယ်ကို ဗျူဟာကျကျ နောက်ထပ် S2 လာနိုင်တယ်ဆိုတာမျိုးလေး ဖွင့်ထားပေးလိုက်နိုင်တာကို တွေ့ရတယ်။

မနှစ်က ၂၀၂၅ ထွက် The Haunted Palace ဇာတ်အိမ်နဲ့
ခပ်ဆင်ဆင်တော့ဖြစ်တယ်။ နဂါးလူသားတွေ၊ နတ်ဝင်သည်တွေ
အထိုင်ချထားတာချင်းမတူပေမယ့်၊ နန်းတွင်းရေးရာတွေနဲ့
တမလွန်လောကကိစ္စထည့်ပုံတွေမှာ တူနေတဲ့အချက်တွေရှိတယ်။
ဒါပေမယ့် အဲ့ဒီ The Haunted Palace က Fantasy ဘက်ကို
ပေါ့ပေါ့ပါးပါးဖန်တီးထားတယ်။ အခု The East Palace ကတော့
Dark ပိုဖြစ်တယ်။ သွေးထွက်သံယိုများတယ်။ ခုတ်တာ၊ထစ်တာလည်းများသလို၊ နန်းလုတဲ့ ရာဇဝင်ကလည်းကြမ်းတယ်။

ဒီစီးရီးရိုက်တုန်းက ထူးခြားဖြစ်ရပ်တစ်ခုရှိတယ်။ ကျွန်တော် သတင်းမှာ ဖတ်ရတယ်။ စရိုက်တာက ဒီဇင်ဘာ ၂၀၂၄ ထဲမှာ ရိုက်တယ်။ အခု ၂၀၂၆ ဇူလိုင်မှ ဒါ Netflix ပေါ်မှာ ဒါပြနိုင်တယ်။ အဲ့တော့ ကြားထဲမှာ တစ်နှစ်ခွဲလောက် ဘာကြောင့် ကြာသွားသလဲဆိုတော့ ... ပြီးခဲ့တဲ့နှစ် ဇွန်ထဲမှာ ရိုက်ကူးရေးမှာ မီးလောင်တယ်လို့ သတင်းမှာ ဖတ်ရတယ်။

မီးအကြီးအကျယ်လောင်တယ်လို့ တွေ့ရတယ်။ အဲ့တော့ ရုပ်ရှင်ထဲမှာ
ဒီဇာတ်လမ်းထဲမှာလည်း မီးလောင်တဲ့ ပြကွက်တွေ ပါ တယ်။ ဒါပေမဲ့ ဒါတွေကတော့ ကွန်ပျူတာနဲ့ အထူးပြုလုပ်ချက် မီးညွန့်၊ မီးစ ပေါ့နော်..ဇာတ်ဝင်ခန်းတွေပါ။ တကယ်မီးလောင်သွားတဲ့ Scene တွေတော့ ပါလိုက်တာ မဟုတ်ဘူး။ ရိုက်ကွင်းမှာတော့ မီးအကြီးအကျယ်လောင်လို့ ရုပ်ရှင်ပစ္စည်းတွေ တော်တော်များများ ဆုံးရှုံးသွားတယ်လို့ ကြားရတယ်။ ထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ မရှိဘူး။ Netflix က ဘတ်ဂျက်ကို သေချာပြန်ဖြည့်ပြီးတော့ အကောင်းဆုံး ဒီစီးရီးကို အဆုံးသတ်လိုက်နိုင်တယ်လို့လည်း သတင်းမှာ ဖတ်ရတယ်။

The East Palace မှာ ကျွန်တော် အကြိုက်ဆုံး ဇာတ်ကောင်လေး ရှိတယ်။ မှင်စာလေးပေါ့။ ကျွန်တော်တို့ မင်းသား နောက်ကို
တကောက်ကောက်လိုက်နေတဲ့ မှင်စာလေးပေါ့။ ချစ်ဖို့ တအားကောင်းတယ်။ ဒီမှင်စာ ရုပ်ကလေးက အပြင်မှာ merchandising လုပ်လို့ရတဲ့ အရုပ်ကလေး ဖြစ်သွားပြီလို့လည်း ပြောလို့ရတယ်။ အပြင်မှာလည်း အရုပ်တွေ ထွက်လာပြီး ရောင်းလို့ရတဲ့ ရုပ်ရှင် product
တစ်ခုတောင် ဖြစ်သွားပြီလို့ ပြောလို့ရတယ်။ ကဲ အခုကြည့်နေတဲ့၊
ကြည့်ပြီးသူတွေလည်း ဒီစီးရီးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ခံစားရလဲ ဆိုတာ ပြောထားခဲ့ပါဦး။

✒️ YKTM

The Odyssey ထဲက  Cyclops ဇာတ်ကောင်ကို ကြည့်လိုက်ရင်  အသက်ဝင်ပြီး ကြောက်စရာ‌ကောင်းပါတယ်။ ဒါပေမဲ့ CGI တွေ အလွန်အကျွံသုံးတာ...
18/07/2026

The Odyssey ထဲက Cyclops ဇာတ်ကောင်ကို ကြည့်လိုက်ရင် အသက်ဝင်ပြီး ကြောက်စရာ‌ကောင်းပါတယ်။ ဒါပေမဲ့ CGI တွေ အလွန်အကျွံသုံးတာထက် Practical Effect လို့ခေါ်တဲ့ လက်တွေ့ပစ္စည်းတွေနဲ့ ရိုက်ကူးခြင်းကို ပိုနှစ်သက်တဲ့ ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ဟာ ဒီလို Cyclops ကို ဖန်တီးတဲ့နေရာမှာလည်း သူ့ရဲ့ ထုံးစံအတိုင်းပဲ
ဘယ်လို နည်းလမ်းတွေနဲ့ ဖြတ်ထိုးဉာဏ်ရှိရှိ ထည့်သုံးခဲ့သလဲပေါ့...
စိတ်ဝင်စားစရာပါ။

ထုတ်လုပ်ဖြန့်ချီတဲ့ Universal Pictures ရဲ့ အတည်ပြုချက်အရ
ဒီ Cyclops ဟာ ကြိုးဆွဲစက်တပ်ထားတဲ့ ရုပ်‌သေးရုပ် ဖြစ်တဲ့
Mechanic Puppet ဖြစ်တယ်လို့ Confirm ထားတယ်။
ရုပ်ရှင်ဘာသာရပ်မှာ Animatronic လို့ခေါ်ပါတယ်။

ဆိုတော့ ဒီနေရာမှာ ကျွန်တော် ပြန်သတိရမိတယ်။
ခရစ္စတိုဖာနိုလန်ရဲ့ ငယ်ဘဝလက်ရာ Doodlebug ဆိုတဲ့
၁၉၉၇ ခုနစ်က ၃ မိနစ်စာ ဖလင်ရုပ်ရှင်ပေါ့။ ရုပ်ရှင် industry ထဲ
မဝင်ခင် သူ့ရဲ့ ပထမဦးဆုံး လက်ရာပေါ့။ ဇာတ်လမ်းထဲမှာ အဓိက ဇာတ်ကောင်က တစ်စုံတစ်ရာကို ရှာဖွေနေတယ်။ ဖိနပ်တစ်ရံ ချွတ်ပြီးတော့ ရိုက်နေတယ်။ ကြမ်းပြင်ပေါ်ကို လိုက်ထုနေတယ်။ နောက်ဆုံးတော့ သူထုနေတာက သူကိုယ်တိုင်ပဲ ပြန်ဖြစ်နေတယ်။ သူ့ထက် အရမ်းသေးငယ်တဲ့
သူ့လို ပုံတူလူသေးသေးလေးက အောက်မှာ ရောက်နေတာမျိုးနဲ့ အဆုံးသတ်တယ်။ ဒါမျိုးလေးပေါ့။

နိုလန်ကိုယ်တိုင် ဖလင်ကင်မရာကိုင်ရိုက်တယ်။
ကိုယ်တိုင်တည်းဖြတ်တယ်။ ဖလင်နှစ်ခုကို Matte Painting Overlay လုပ်ပြီး အရွယ်အစားမတူညီတဲ့ လူနှစ်ယောက်ကို
Frame တစ်ခုတည်းမှာ လုပ်ပြခဲ့တယ်။ အဲ့ဒီကတည်းက
ရုပ်ရှင်အမြင်လှည့်စားမှုမျိုး (Visual Trick) တွေကို
အခု 'The Odyssey' မှာ ပိုပြီးအဆင့်မြင့်တဲ့ ပုံစံနဲ့
အသက်သွင်းပြပြီလားပေါ့ ကျွန်တော်တွေးမိတယ်။

The Odyssey ရုပ်ရှင်ထဲမှာ Cyclops ဇာတ်ကောင်တင်
မဟုတ်ဘဲ အရပ် ၉ ပေ၊ ၁၀ ပေလောက်ရှိတဲ့ သံချပ်ကာဝတ်
စစ်သည်ကြီးတွေနဲ့ တိုက်ပွဲဝင်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါသေးတယ်။

ဒါကို Forced Perspective နဲ့ တခြားသော Practical Effect နည်းလမ်းတွေ ပေါင်းပြီး အသုံးပြုပြထားသလားပေါ့။
ဒါတွေအားလုံးဟာ ရုပ်ရှင်ကို တကယ်ဖြစ်နေသလို ပိုပြီး
အသက်ဝင် စေနိုင်ပါတယ်။

နိုလန်ရဲ့ ရုပ်ရှင်တွေကို လေ့လာရတာဟာ ဇာတ်လမ်းဖွဲ့စည်းပုံ၊
ဇာတ်ညွှန်းရေးသားပုံတွေချည်းမှာပဲတင်မဟုတ်ဘဲ၊ ရိုက်ကူးပုံတွေ၊
ခေတ်နဲ့အညီ နည်းပညာပိုင်းဆိုင်ရာတွေမှာ ဘာတွေကို
ဘယ်လို ပြောင်းလဲပြီးသုံးထားသလဲ၊ ဘယ်လို ဖြတ်ထိုးဉာဏ်တွေ
ပါသလဲ ဒါတွေကို လေ့လာဖြစ်စေပါတယ်။

စာဖတ်သူရော 'The Odyssey' ထဲက Cyclops ဇာတ်ကောင်ကို ဘယ်လိုမြင်သလဲ? Practical Effects တွေက ရုပ်ရှင်ကို ပိုပြီး ခံစားချက်ရှိစေတယ်လို့ ယုံကြည်သလား...ဆွေးနွေးခဲ့ပါဦး...

✒️ YKTM

17/07/2026

ဇာတ်ညွှန်းသမားများအတွက် Cinema Language, Cinematography ✨

THE ART OF STORYTELLING &
SCREENWRITNG | PRACTICAL
ANALYSIS, WRITNG INTENSIVE COURSE
Video Lecture Course ONLINE CLASS ____

Chat မှာ VLC ဟုရိုက်၍ စုံစမ်းရန်။

Your Story Development Lab
ကိုယ်ပိုင်ဇာတ်လမ်းမှသည် ကိုယ်ပိုင်ဇာတ်ညွှန်းစာမျက်နှာများဆီသို့

အသံဇာတ်လမ်းဆိုတာဘာလဲ။ Podcast တွေနဲ့ ဘာကွာခြားလဲ⁉️ဝတ္ထုဇာတ်လမ်းတွေနှစ်သက်ကြတဲ့စာဖတ်ပရိသတ်‌တွေကိုအသံနားထောင်ရုံနဲ့ စိတ်ကူ...
13/07/2026

အသံဇာတ်လမ်းဆိုတာဘာလဲ။ Podcast တွေနဲ့ ဘာကွာခြားလဲ⁉️
ဝတ္ထုဇာတ်လမ်းတွေနှစ်သက်ကြတဲ့စာဖတ်ပရိသတ်‌တွေကို
အသံနားထောင်ရုံနဲ့ စိတ်ကူးထဲပုံဖော်နိုင်မယ့် အသံဇာတ်လမ်း
Audio Story တွေရဲ့ သဘာဝနဲ့ ပတ်သက်ပြီး
အဓိကအချက်အလက်တချို့မျှဝေပေးချင်ပါတယ်။

ရုပ်ရှင်တွေမှာ ဇာတ်လမ်းတင်ဆက်ပုံ (Narrative Structure) အရ ရှုထောင့်ပေါင်းစုံ Point of View အမျိုးမျိုးကနေ ပရိသတ်ကို
ဆွဲဆောင် ကစားလို့ရတယ်။ ဇာတ်လမ်းပြောပြသူ (Narrator) ပါချင်မှလည်း ပါပါလိမ့်မယ်။

ဒါပေမဲ့ အသံဇာတ်လမ်း (အရင်ခေတ်ကတော့ ရေဒီယိုဇာတ်လမ်း
Radio Drama လို့ ခေါ်ကြတဲ့) အနုပညာမှာတော့ ဇာတ်လမ်းရဲ့ အသက်က ပုံပြောသူ (Narrator) ပဲ ဖြစ်ပါတယ်။

ရိုးရိုးကဗျာရွတ်တာ၊ ဆောင်းပါးဖတ်ပြတာ ဒါမှမဟုတ် အပြန်အလှန် ဆွေးနွေးကြတဲ့ Podcast) တွေနဲ့ အသံဇာတ်လမ်းကို လုံးဝကွာခြားစေတဲ့ အချက် (၃) ချက်ကို အောက်ပါအတိုင်း ဟန်ချက်ညီညီ ဖန်တီးရမှာ
ဖြစ်ပါတယ်။

1. Narrator (ပုံပြောသူ)
ဇာတ်ကြောင်းကို စနစ်တကျ လမ်းညွှန်ပြောပြ‌နေသူ ပါဝင်ရမယ်။

2. Voice Actors (အသံသရုပ်ဆောင်များ)
ဇာတ်ကောင်တွေရဲ့ နေရာမှာ အမျိုးသား၊ အမျိုးသမီး သရုပ်ဆောင်အသံတွေနဲ့ အသက်သွင်းပေးကြသူတွေရဲ့သဘာဝကျကျကြိုးစားအားထုတ်ထားမှု

3. Sound Effects (အသံအထူးပြုလုပ်ချက်များ)
နားထောင်သူဟာ ဇာတ်လမ်းထဲမှာ စီးမျောသွားအောင်၊
ဇာတ်လမ်းထဲက ပတ်ဝန်းကျင်အခြေအနေကို ပိုထင်ဟပ်သွားအောင် (ဥပမာ လေတိုးသံ၊ မိုးရွာသံ၊ ရေအိုးကျကွဲသံ၊ ခွေးဟောင်သံ စတာတွေ)
ကို ဇာတ်ရှိန်နဲ့ တသားတည်း ထည့်သွင်းအသုံးပြုခြင်း

ဒီသုံးချက်ဟာ အသံဇာတ်လမ်းတစ်ပုဒ်ဖန်တီးခြင်း
တနည်းပြောရင်...အသံဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးခြင်းမှာ
မပါမဖြစ် ထည့်စဉ်းစားရမယ့် essential elements
တွေဖြစ်ပါတယ်။

အသံဇာတ်လမ်းဆိုတာ နားထောင်သူရဲ့ စိတ်ကူးထဲမှာတင် ရုပ်လုံးတွေ၊ ပုံရိပ်တွေ အထင်းသား ပေါ်လာအောင် အသံနဲ့ ပုံဖော်ပေးနိုင်ရပါတယ်။

ဒီလို အသံဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဖန်တီးထားတဲ့
နားဆင်နိုင်အောင် ဖန်တီးထားတဲ့ လက်ရာကို လေ့လာချင်တယ်ဆိုရင်
ကျွန်တော်တို့ တင်ဆက်ပေးထားတဲ့ အသံဇာတ်လမ်းတွေကို
Maha Music Application မှာ သွားရောက်ခံစား
နားဆင်နိုင်ပါတယ်။ ကောမန့်မှာ Link ပေးထားပါမယ်။
Play store, App Store ‌တွေမှာ ဒေါင်းလုတ်ပြီး
နားဆင်နိုင်ပါတယ်။

ဘိုဟိန်း ဆိုတဲ့အသံဇာတ်လမ်းရှိတယ်။
သေခြင်းရှင်ခြင်းအကြားဖလင်ကင်မရာ ဆိုတဲ့အသံဇာတ်လမ်းရှိတယ်။
(ဒီဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ပြောင်းလဲဖန်တီးမယ်ဆိုရင်တော့ ရုပ်ရှင်ပုံစံ ဇာတ်ညွှန်းခွဲတာမျိုးတွေ ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်။)

✍️ အသံဇာတ်လမ်း ဇာတ်ညွှန်း ရေးသားနည်း နဲ့ပတ်သက်လို့
အသံဇာတ်လမ်းတစ်ပုဒ်ကို ဘယ်လိုပုံစံကွက် (Format) မျိုးနဲ့ စနစ်တကျ ရေးသားရမလဲဆိုတာကိုလည်း ကျွန်တော် သင်ကြားပို့ချ
ပေးခဲ့၊ ပို့ချပေးလျက်ရှိပါတယ်။

Google Meet (Live Session) နဲ့ သင်ကြားပေးခဲ့တဲ့
Live Session မှာတုန်းကလည်းသင်ကြားခဲ့သလို၊
အချိန်မရွေးဝင်ရောက်ကြည့်ရှုပြီးလေ့လာနိုင်တဲ့
Video Lecture Course (Online Class) မှာလည်း
ထည့်သွင်းသင်ကြားပေးထားပါတယ်။

ဘိုဟိန်း (အသံဇာတ်လမ်းမိတ်ဆက်)

ရပ်ကျိုးရွာကျိုးသယ်ပိုးဆောင်ရွက်တတ်တဲ့
အုပ်ချုပ်‌ရေးမှူး ကိုဘိုဘိုဟိန်းဟာ
နံနက်ခင်းတစ်ခုမှာ နိုးနိုးချင်း သိလိုက်ရတာက
လူစစ်စစ်မှ ခွေးဖြစ်နေပါတော့တယ်...
အိပ်မက်လား တကယ်လား သူဘာဆက်လုပ်မလဲ?

Maha Music Application မှာ သွားရောက်ခံစား
နားဆင်နိုင်ပါတယ်။ ကောမန့်မှာ Link ပေးထားပါမယ်။
Play store, App Store ‌တွေမှာ ဒေါင်းလုတ်ပြီး
နားဆင်နိုင်ပါတယ်။




THE ART OF STORYTELLING &
SCREENWRITNG | PRACTICAL
ANALYSIS, WRITNG INTENSIVE COURSE
Video Lecture Course ONLINE CLASS ____

Chat မှာ VLC ဟုရိုက်၍ စုံစမ်းရန်။

Your Story Development Lab
ကိုယ်ပိုင်ဇာတ်လမ်းမှသည် ကိုယ်ပိုင်ဇာတ်ညွှန်းစာမျက်နှာများဆီသို့

"တစ်ပြားမှမကုန်ဘူး" ဆိုတဲ့ ရုပ်ရှင်မျိုးတော့ လောကမှာ မရှိနိုင်ဘူး။လက်ခံလား??... ဘယ်လောက်ပဲ သရုပ်ဆောင်နည်းနည်း၊ ဇာတ်ဝင်ခန...
13/07/2026

"တစ်ပြားမှမကုန်ဘူး" ဆိုတဲ့ ရုပ်ရှင်မျိုးတော့ လောကမှာ မရှိနိုင်ဘူး။
လက်ခံလား??... ဘယ်လောက်ပဲ သရုပ်ဆောင်နည်းနည်း၊ ဇာတ်ဝင်ခန်းနည်းနည်းနဲ့ ရိုက်ရိုက်၊ ကုန်ကျစရိတ် အနည်းအများတော့ ရှိတာပါပဲ။

ဒါပေမဲ့ Filmmaking မှာ Zero Budget ဆိုတဲ့ အခေါ်အဝေါ်တစ်ခု ရှိတယ်ဗျ ...

ဒါက ပိုက်ဆံ လုံးဝမသုံးဘူး ဆိုတာမျိုးထက် ကိုယ့်အင်ကိုယ်အား၊
ကိုယ့်အဆက်အသွယ်နဲ့ နီးစပ်ရာလူတွေကို အကူအညီတောင်းပြီး
"တစ်ပိုင်တစ်နိုင်" ဖန်တီးကြတာမျိုးပါ။ ဥပမာ... တက္ကစီမောင်းတဲ့ သရုပ်ဆောင်နေရာအတွက် ကိုယ့်အပေါင်းအသင်းထဲက ဦးလေးတစ်ယောက်ကို အကူအညီတောင်း၊ လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး သရုပ်ဆောင်ခိုင်းတာမျိုးပေါ့။ ဒါကို Zero Budget ရိုက်ကူးမှုလို့
ခေါ်လေ့ရှိပါတယ်။

အိုကေဗျာ...ဆို‌တော့ လက်ရှိ မြန်မာရုပ်ရှင်လောကထဲက ဘတ်ဂျက်တွေကို ဒီနေ့ခေတ် ဒေါ်လာပေါက်ဈေး (၁ ဒေါ်လာကို ၄,၃၀၀ ကျပ်ဝန်းကျင်) နဲ့ တွက်ချက်ပြီး အမျိုးအစား ခွဲခြားကြည့်ရအောင်ဗျာ။

Micro Budget ➡️ ဇာတ်လမ်းတိုဆိုရင် မြန်မာငွေ ၁၀ သိန်းမကျော်တဲ့ ကားပေါ့။
Medium Budget ➡️ အနည်းဆုံး သိန်း ၃၀ အများဆုံး
သိန်း ၅၀၀ လို့ပြောရမယ်။
Studio Budget ➡️ သိန်း ၅၀၀ ကစပြီး သိန်း ၂,၅၀၀ ပတ်လည်
ကုန်တဲ့ကားတွေ။ အများဆုံး သိန်း ၅,၀၀၀ ထိဖြစ်သွားတာမျိုး။
ဒါတွေက လက်ရှိမြန်မာရုံတင်ကားဈေးကွက်ကုန်ကျစားရိတ်ဖြစ်ပါတယ်။

Blockbuster Budget ➡️ မြန်မာငွေ သိန်းသောင်းဂဏန်း
(တစ်ကားကို သိန်း ၁၀,၀၀၀ မှ ၂၀,၀၀၀ ကြား) အကုန်ခံနိုင်တဲ့
ထုတ်လုပ်မှုတွေပေါ့။ ဒါပေမယ့် ဒီလို သိန်းသောင်းဂဏန်းသုံးတာကို
ပြန်ကြည့်တော့ အရှေ့တောင်အာရှ ဈေးကွက်ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ယှဉ်ရင်တော့ အစ်ကိုတို့နိုင်ငံရဲ့ Blockbuster ဘတ်ဂျက်က
သူတို့နိုင်ငံတွေရဲ့ Medium Budget ဒါမှမဟုတ် Standard Budget လောက်ပဲ ရှိတယ်။

☝️Budget ကို ဘယ်အခြေအနေ မှာ ဘယ်လိုအခက်အခဲမျိုး
ဘယ်လိုအခွင့်အလမ်းမျိုးနဲ့ရိုက်ပါစေ...

ရုပ်ရှင်ဆိုတာ ဇာတ်ညွှန်းက အဓိကအကျဆုံးဖြစ်ပြီး
ကျန်တဲ့အပိုင်းတွေကတော့ ဖန်တီးမှုစွမ်းရည် (Creativity)၊
ရုပ်ရှင်ဘာသာစကား (Cinema Language)၊
ဒါရိုက်တာရဲ့ ဖြတ်ထိုးဉာဏ်ပေါ်မှာ
အများကြီးမူတည်တယ်ဆိုတာကို သက်သေပြနိုင်ဖို့လိုပါတယ်။

✒️ YKTM



THE ART OF STORYTELLING &
SCREENWRITNG | PRACTICAL
ANALYSIS, WRITNG INTENSIVE COURSE
Video Lecture Course ONLINE CLASS ____

Chat မှာ VLC ဟုရိုက်၍ စုံစမ်းရန်။

Your Story Development Lab
ကိုယ်ပိုင်ဇာတ်လမ်းမှသည် ကိုယ်ပိုင်ဇာတ်ညွှန်းစာမျက်နှာများဆီသို့

စိတ်ကူးတစ်စပဲရှိသေးတာလား ဒါမှမဟုတ်...ဇာတ်ညွှန်းမူကြမ်း (First Draft) ရှိပြီးသားလား❓For your Story Development ... ဇာတ်လမ...
11/07/2026

စိတ်ကူးတစ်စပဲရှိသေးတာလား ဒါမှမဟုတ်...
ဇာတ်ညွှန်းမူကြမ်း (First Draft) ရှိပြီးသားလား❓

For your Story Development ...
ဇာတ်လမ်းရဲ့ ရသ Genre Elements တွေကို အမိအရဖမ်းဆုပ်ပြီး အရေးကြီးဆုံးဇာတ်ကွက် Major Plot ထဲမှာ Tempo မှန်မှန်၊
ဇာတ်အလှည့်အပြောင်းမှာလည်း ပိရိစွာ ပရိသတ်ကို ဆွဲခေါ်သွားနိုင်ဖို့ MMSWL မှ နည်းစနစ်ပိုင်းတင်မကဘဲ နှလုံးသားပါ ထည့်သွင်းမွမ်းမံ အသက်သွင်းပေးနေပါတယ်။

🎥 For your Shooting Script ...
ဒါရိုက်တာတစ်ယောက်အတွက် အကောင်းဆုံး လမ်းပြမြေပုံ Blueprint တစ်ချပ်ဖြစ်စေမယ့် ဇာတ်ဝင်ခန်းအချိတ်အဆက်တွေနဲ့ ရိုက်ကွင်းပုံဖော်ချက်တွေကိုလည်း အသေးစိတ် ပိုင်းခြားရေးသားပေးတဲ့ Shooting Script ကော လိုအပ်ပါသလား...
ရိုးရှင်းကျစ်လျစ်တဲ့ Column Script ကို ရုပ်ရှင်ရသအပြည့်အဝပေးနိုင်မယ့် Cinematic Experiences ‌တွေနဲ့ စိတ်ကြိုက် ဖန်တီးရေးသားပေးပါတယ်။

ဒါမှမဟုတ်...ကျနော်တို့နှစ်ရှည်လများ ဖော်စပ်ထားတဲ့
အရသာတွေကိုမှ မြည်းစမ်းချင်လား...
လတ်တလောရေစီးကြောင်းထဲ ဘာတွေပစ်ထည့်ချင်ပါသလဲ❓
ဆန်းသစ်မှုကို ဟန်ချက်ရှိစွာ ပေးစွမ်းနိုင်မယ့်
ဇာတ်ညွှန်းမူ တွေလည်း အသင့်ရှိနေပါတယ်။
ရသစုံ ... Genre စုံ ရောပြွန်းထားတဲ့ လက်ရာတွေကို
စိတ်ဝင်စားတယ်... တီးခေါက်ကြည့်လိုပါတယ်ဆိုရင် ...

💗 Chat Box...Direct Message 📩 ...
☎️ Phone 09-401-8000-42 ကို "ဟယ်လို"လိုက်ရုံပါ။ ☝️




ပုံမှန်သင်တန်းအတွက်
Video Lecture Course ရှိသလို၊
နောက်ထပ်ခြေလှမ်းသစ်တစ်ခုအတွက်ကော
ဘာတွေယူဆောင်လာမလဲဆိုတာ...

ที่อยู่

Bangkok
10400

เบอร์โทรศัพท์

+959791674008

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MMSWLผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง MMSWL:

ทางลัด

แชร์