Rakhine FatherLand

Rakhine FatherLand TV. Gaming.Movies. I will post Entertainment center

26/10/2025

AAလည်း အတူတူပဲဆိုလားပဲ 😂

20/10/2025

လွတ်လပ်သော တိုင်ပြည်တခု ဖြစ်ပေါ်လာခြင်း #ရခိုင်

02/10/2025

゚viralシfypシ゚viralシ

02/10/2025

မြန်မာနိုင်ငံမှာ ဘင်္ဂလီကို ရိုဟင်ဂျာပါလို့ ခေါ်တဲ့ သမိုင်း လူမျိုး မရှိဘူး။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံက မွတ်ဆလင် အကြောင်း..

မန္တလေး အမရပူရ နန်းအဆက်
ဦးခင် ဒေါ်ကျော့ ရဲ့ မြစ်👉 ( ဒေါက်တာ ခင်ခင်ကျော့)

01/10/2025

ဒီလိုအုပ်စုတွေနဲ့ ဘယ်လိုမှ အတူနေလို့ မရနိုင်ပါ။

01/10/2025

ရခိုင်တွေ အခုချိန် သမိုင်းကျောက်စာကို ထမ်းပြီး ပြောနေလို့မရတော့ဘူး

23/09/2025

AA က လစာ ၃သိန်း ပေးတယ်။ ရခိုင်ပြည် ပညာရေး

19/09/2025
19/09/2025

Rakhine History ゚viralシfypシ゚viralシ

မင်းထည်ဝါဘာလဲ၊ ဘယ်လဲ——ပြီးခဲ့တဲ့၂၀၂၀ ခုနှစ်ကစလို့ ရခိုင်ပြည်အတွင်းမှာရွှေရောင်မေတ္တာဖောင်ဒေးရှင်းဆိုရင် မသိသူမရှိသလောက်ပ...
15/09/2025

မင်းထည်ဝါဘာလဲ၊ ဘယ်လဲ
——

ပြီးခဲ့တဲ့၂၀၂၀ ခုနှစ်ကစလို့ ရခိုင်ပြည်အတွင်းမှာရွှေရောင်မေတ္တာဖောင်ဒေးရှင်းဆိုရင် မသိသူမရှိသလောက်ပါ။ စစ်တွေမြို့ပေါ်မှာ ရုံးစိုက်ပြီး ရခိုင်ပြည် မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ လူမှုကူညီရေးအလုပ်တွေကို အဓိကလုပ်ဆောင်တာပါ။

အဲဒီ ပရဟိအဖွဲ့ဟာ နာမည်ကြီးလာတာနဲ့အတူ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ရခိုင်လူမျိုးတွေ၊ တခြားတိုင်းရင်းတွေက ရခိုင်ပြည်သူတွေအတွက် ငွေကျပ်သိန်းသောင်းနဲ့ချီ လှူဒါန်းခဲ့ပါတယ်။ အဲဒီလို လှူဒါန်းသူတွေအထဲ နိုင်ငံကျော်မင်းသမီး သင်ဇာဝင့်ကျော်တောင်ပါပါသေးတယ်။

အဲဒီအဖွဲ့ရဲ့ ဥက္ကဌဟာ မင်းထည်ဝါ(ခ)အောင်နိုင်ဦး ဖြစ်ပါတယ်။ ရခိုင်ပြည်ရဲ့ ဦးကျော်သူ လို့တောင် ခေါ်ကြသူတွေရှိပါတယ်။ လက်ရှိမှာတော့ သူဟာ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းရဲ့ ငွေတွေကို ယူဆောင်သွားပြီး အဖွဲ့ဟာလည်း မလည်ပတ်တော့အထိ ဖြစ်သွားခဲ့ပါပြီ။

ဒီဆောင်းပါးမှာ ရွှေရောင်မေတ္တာဖောင်ဒေးရှင်ဥက္ကဌ မင်းထည်ဝါ(ခ)အောင်နိုင်ဦးရဲ့ ငွေကြေးအလွဲသုံးစား လုပ်တာတွေ၊ အတူတူပရဟိတလုပ်သူတွေကို မညှာမတာ ဆက်ဆံမှုတွေနဲ့ တခြားအကြောင်းတွေကို ပြည့်ပြည့်စုံစုံဖတ်ရှုရမှာဖြစ်ပါတယ်။

ဒီဆောင်းပါးအတွက် အဲဒီဖောင်ဒေးရှင်း မအောင်မြင် ချိန်နဲ့ အောင်မြင်ပြီးနောက်ပိုင်း ပရဟိတ အတူတူ အလုပ်တွဲလုပ်ခဲ့သူတွေအပါအဝင် သူတို့ရပ်ကွက်က လူဆယ်ဦးကို မေးမြန်ထားပါတယ်။ လိုအပ်လားရင် နောက်ထပ်လူတွေကိုလည်း မေးမြန်း ရေးသွားပါမည်။

မင်းထည်ဝါ(ခ)အောင်နိုင်ဦးဆိုတာ ဘယ်သူလဲ၊ ဘာလုပ်ခဲ့လဲ
——

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း မထူထောင်ခင်
မင်းထည်ဝါ(ခ)အောင်နိုင်ဦးဟာ သာမန် လက်လုပ် လက်စား တစ်ဦးဖြစ်ပါတယ်။ သူ့မှာ အမျိုးသမီးနဲ့ သားနှစ်ဦးရှိပြီး သူဟာ စစ်တွေ တက္ကသိုလ်မှာ ကျောင်းအကြိုအပို့ hijet ကားမောင်းတဲ့ ဒရိုင်ဘာတစ်ယောက်ပါ။ တခြား စီးပွါးရေးလည်း မည်မည်ရရမရှိပါဘူး။

သူဟာ စစ်တွေမြို့ ဖိုးသာရွာသားဖြစ်ပြီး စစ်ကောင်စီတပ်ထံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း လည်းဖြစ်ပါတယ်။ ကားဒရိုင်ဘာပီပီ စကားပြောကြွယ်ပါတယ်။

သူဟာ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ၂၀၁၉ခုနှစ်က စပြီးထူထောင်ချိန်မှာတော့ ပရဟိတသမားပီပီ အမှန်တကယ်အနစ်နာခံပြီးလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အလှူငွေတွေ အများအပြား မရတဲ့အချိန်ကာလကပါ။

အလှူငွေတွေအများကြီး ရလာချိန်မှာတော့ သူရဲ့ လောဘနဲ့ စရိုက်ဟာစတင်ပေါ်လာခဲ့တယ်လို့ သူနဲ့ အတူတူအလုပ်တွဲလုပ်ခဲ့သူတစ်ဦးကပြောပါတယ်။

“အရင်တုန်းကတော့ သူဟာ ပရဟိတသမားတယောက်ပါပဲ။ အနစ်နာခံပြီးလည်း အတော်လုပ်တယ်။ အလှူငွေတွေအများကြီး ရလာတော့မှ စရိုက်ပေါ်လာတာ။ အလှူငွေတွေကို သူတစ်ယောက်တည်းပဲ ကိုင်တယ်။ စာရင်းဇယားဆိုလို့လည်း မပြတော့ဘူး။ ကျနော်သိသလောက်ဆိုရင် အသင်းစထောင်ကတည်းက အခုထိ စာရင်းတခါပဲ ပြဖူးတယ်”

ရွှေရောင်မေတ္တာဖောင်းဒေးရှင်းဟာ ကိုဗစ်ကာလတွေ၊ မိုးခါမုန်တိုင်းတိုက်ခတ်တဲ့ကာလတွေနဲ့ စစ်ဘေးဒုက္ခသည်အရေးတွေမှာ ငွေသား သိန်းခြောက်ထောင် ထက်မနည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။ အလှူရှင်တွေက ကားလှူတာတွေ၊ တခြားပစ္စည်းတွေ လှူတာတွေနဲ့ပေါင်းရင် သိန်းသောင်းချီတယ်လို့ပြောပါတယ်။

အဲဒီအလှူငွေတွေကို မင်းထည်ဝါ(အောင်နိုင်ဦး) ဘယ်လို အလွဲသုံးစားလုပ်ခဲ့လဲ
———

ပြည်တွင်း၊ ပြည်ပက လာလှူတဲ့ အလှူငွေတွေကို မင်းထည်ဝါတစ်ယောက်တည်းပဲ ကြိုးကိုင်တာပါ။ သူ့ရဲ့ ပါဆင်နယ် ဘဏ်အကောင့်မှာပဲ ထည့်ထားပါတယ်။ ဒါ့အပြင် အသင်းရဲ့ Kpay၊ Wave Money တို့လို အကောင့်တွေကလည်း သူ့ရဲ့ပါဆယ်နယ်အကောင့်ဖြစ်ပါတယ်။

အလှူငွေတွေ တစ်လအတွင်း ဘယ်လောက်ဝင်တယ်ဆိုတာကို အတူတူအလုပ်လုပ်ကိုင်သူတွေ တိတိကျကျမသိရဘဲ ခန့်မှန်းရုံသာ ခန့်မှန်းနိုင်တယ်လို့ အတူတူ အလုပ်လုပ်ကိုင်သူတွေကပြောပါတယ်။

အဲဒီကာလတွေက ရွှေရောင်မေတ္တာဖောင်းဒေးရှင်းရဲ့ တစ်လအလှူဝင်ငွေဟာ အနည်းဆုံး နှစ်ရာနီးပါးအထိ ရှိတယ်လို့ သိရပါတယ်။

ပြည်သူတွေအတွက် လှူတဲ့အလှူငွေတွေကို ပြည်သူတွေအတွက်က သူ့ရဲ့မိသားစုအတွက်သာ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

“အလှူငွေတွေကို သူ့မိသားစုအတွက်ပဲ သုံးတာပဲ။ပြည်သူ တွေအတွက်သုံးတာ ၁၀ရာခိုင်နှုန်းတောင်
မရှိဘူး။ အဲဒီ ပရဟိတ အတူတူလုပ်နေတဲ့သူ ၂၀ လောက်ရှိတယ်။ အဲဒါကို စျေးဖိုး ထမင်းတနပ်စာအတွက် ပိုက်ဆံတစ်သောင်းပဲ ပေးတယ်။ ဒီလောက် အသင်း အလှူငွေတွေရနေတာဗျာ။ ဒါနဲ့ မလုံလောက် ဘူး ပြောရင်လည်း မကြားသလိုနေတယ်”

ဒီလို ပရဟိတလူငယ်တွေ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ခက်ခက်ခဲခဲ အလုပ်လုပ်နေတဲ့အချိန်မှာ မင်းထည်ဝါရဲ့ မိသားစုကတော့ ခြုံကြားကနေ ဘုံဖျားကို ရောက်သွားခဲ့ပါပြီ။

အလှူငွေတွေကို မင်းထည်ဝါမိသားစု ဘယ်လို သုံးကြလဲ
——

မင်းထည်ဝါရဲ့ အမျိုးသမီးဟာ အရင်တုန်းက ရပ်ကွက်ထဲမှာ အသေးစားငွေးတိုးချေးစားတဲ့သူပါ။
မပြောပလောက်တဲ့ ပမာဏသာဖြစ်ပါတယ်။

မင်းထည်ဝါ ပရဟိတစလုပ်ချိန်က ငွေကြေးမရတဲ့ အလုပ်ဖြစ်လို့ သူ့ရဲ့အမျိုးသမီးဟာ လုံးဝအကြည်ဖြူခဲ့ပါဘူး။ အကြိမ်ကြိမ်စကားများ ရန်ဖြစ်ကြတယ်လို့ သူတို့နဲ့ နီးစပ်သူတွေကပြောပါတယ်။ ဒါဟာ အလှူငွေတွေ မရတဲ့ အချိန်ကပါ။

ရွှေရောင်မေတ္တာအလှူငွေတွေ အများအပြား ရလာချိန်မှာတော့ သူ့ရဲ့အမျိုးသမီးဟာလည်း အချိုးပြောင်းသွားပါတော့တယ်။

ဘာစီးပွါးရေးမှ မည်မည်ရရမရှိဘဲ ချမ်းသာသွားပြီး သူရဲ့အမျိုးသမီးဟာ တစ်နေ့ကို ချေး(နှစ်လုံးထီ)ကိုတောင် တစ်ရက်ကို သိန်း၅၀ဖိုးလောက်အထိ ထိုးလာတယ်လို့ သူတို့မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။

“သူတို့မှာ ဘာစီးပွါးရေးမှ မည်မည်ရရရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ သူအမျိုးသမီးဟာ လကုန်းတိုင်း ရွှေ အများကြီးဝယ်နေတယ်။ ပြီးတော့ ချေး(နှစ်လုံးထီ) ဆိုလည်း တစ်ရက်ကို သိန်း၅၀ဖိုးတောင် ထိုးတယ်။ ပြီးတော့ သူ့သားနှစ်ယောက်အတွက် ဆိုင်ကယ်၊ ကွန်ပျူတာ၊ တခြား တခြား လိုချင်တာ အကုန်ဝယ်ပေးတာတွေ့တယ်။ သူတို့မှာ ဘာစီးပွါးရေး ရှိလို့ ဝယ်ပေးနိုင်မှာလဲ။ အလှူငွေတွေကို သုံးနေတာပေါ့”

ဒါ့အပြင် အဲဒီ အလှူငွေတွေနဲ့ သူ့ရဲ့အမျိုးသမီးဟာ အသေးစားငွေချေး လုပ်ငန်းကနေ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ ရွှေဆိုင်တွေ၊ စီးပွါးရေသမားတွေကို ငွေအများအပြား ချေးတာတွေလည်း လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအတွက် လှူထားတဲ့ ကားတစ်စီးကိုလည်း သူတို့ရဲ့ အိမ်သုံးကား အဖြစ် အသုံးပြုပြီး စျေးသွားရင်တောင် အဲဒီကားနဲ့ပဲ စျေးပြုတာ တွေ့တယ်လို့ဆိုပါတယ်။

မိုခါမုန်တိုင်းကာလက အလှူငွေတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေတွေကို မင်းထည်ဝါ ဘယ်လိုအသုံးပြုခဲ့လဲ
——

ရခိုင်ပြည်ကို မိုခါမုန်တိုင်း တိုက်ခတ် လာတဲ့အချိန်မှာ ရွှေရောင်မေတ္တာရဲ့ အလှူရငွေဟာ ငွေသား သိန်းထောင်ချီရှိတယ်လို့ သိရပါတယ်။

သို့သော် ဒီငွေတွေကို ပြည်သူတွေအတွက် မင်းထည်ဝါအသုံးမပြုခဲ့ပါဘူး။ ကုမ္ပဏီတွေနဲ့ အလှူရှင်တွေက လာလှူတဲ့ သံဖြူ၊ သံမှို၊ အဝတ်အစား၊ ဆန်၊ ဆီ၊ ဆား စတဲ့ ပစ္စည်းတွေကို သူဝယ်ပေးသလိုမျိုး လုပ်ခဲ့တယ်လို့ အတူတူ အလုပ်လုပ်သူတွေကပြောပါတယ်။

“အဲဒီတုန်းကဆိုရင် အလှူငွေ သပ်သပ် သိန်းထောင်နဲ့ ချီတယ်။ အဲဒါကို ပြည်သူတွေကို မလှူဘူး။ ဘာကို သွားလှူလဲဆိုတော့ ကုမ္ပဏီတွေက လှူတဲ့ ပစ္စည်းတွေကို သူဝယ်ပြီးလှူသလိုမျိုးလှူတာ။ ကျနော်နဲ့ အတူတူသွားလှူတာဆိုတော့ သိတာပေါ့”

အလာတူပဲ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း မီးလောင်တုန်းကဆိုရင်လည်း ငွေသားရတဲ့ အလှူငွေ အနည်းငယ်ကိုသာလှူပြီး စစ်တွေမြို့ကနေ လှူတဲ့ အဝတ်အစား၊ စောင်၊ အိုး၊ ဆန်၊ ဆီ စတာတွေကိုသာ လှူခဲ့တာလို့ သွားလှူခဲ့တဲ့ အသင်းဝင် တစ်ဦးက ပြောပါတယ်။

အသင်းဝင် ပရဟိတ လူငယ်တွေကို မင်းထည်ဝါ ဘယ်လိုဆက်ဆံလည်း
——

ကိုဗစ်ကြောင့် စစ်တွေမြို့က တက္ကသိုလ်ကျောင်းတွေ ပိတ်ထားချိန် ဖြစ်တဲ့အတွက် စိတ်အားထက်သန်တဲ့ တက္ကသိုလ် ကျောင်းသားအများစုဟာ အဲဒီအဖွဲ့မှာ ဝင်ပြီး ပရဟိတလုပ်ကိုင်ကြပါတယ်။

တက္ကသိုလ်ကျောင်းသားတွေ အများစု ဝင်ပြီး လုပ်ကိုင်တာကြောင့် လူမှုကူညီရေး အလုပ်တွေလည်း ပိုလုပ်လာနိုင်သလို လူတွေရဲ့ စိတ်ဝင်စားမှုကလည်း မြင့်တက်လာခဲ့ပါတယ်။

အလှူငွေတွေ အများမရတာကြောင့် သူတို့တွေဟာ စားရေးသောက်ရေးအတွက် မိဘဆီကမှာသုံးပြီး ငွေကြေး တပြားတချပ်မှမရဘဲ ပြည်သူတွေအတွက် အလုပ်လုပ်ခဲ့ကြပါတယ်။

အဖွဲ့ဝင်အင်အားတွေလည်း များလာသလို အလှူငွေတွေလည်း အများကြီးရလာချိန်မှာလည်း မင်းထည်ဝါဟာ သူတို့အတွက် ထမင်းတောင် ဝအောင်မကျွေးခဲ့ဘူးလို့ ပြောပါတယ်။

“ကျနော် ရွှေရောင်မေတ္တာရောက်တော့ အသင်းက မအောင်မြင်သေးဘူး။ ကျနော်လည်း ကိုယ်နဲ့သိတဲ့ သူတွေဆီက အသင်းအတွက် အလှူတွေခံပေးတယ်။ ကိုယ်သုံးဖို့အတွက်ဆို မိဘတွေဆီက မှာသုံးတာ။ အလှူငွေတွေ အများကြီး ရတော့လည်း လူနှစ်ဆယ်လောက်စားဖို့ စျေးဖိုး တနပ်ကို တစ်သောင်းပဲပေးတယ်။ အဲဒီပိုက်ဆံက သူ့သားတစ်ယောက် မုန့်ဖိုးတောင် မရှိဘူး”

“ကျနော်ဆိုရင်ဗျာ ရုံးမှာ ငါးမပါဘဲ ထမင်းစားထားတာ။ ဒါကို သူ့သားအတွက် ကြက်ကြော်ဝယ်ခိုင်းတယ်။ ခင်ဗျား စဉ်းစားကြည့် ကျွန်တော်တို့က ပရဟိတ လာလုပ်တာဗျ၊ သူတို့မိသားစုအတွက် လာလုပ်တာ မဟုတ်ဘူး”

မင်းထည်ဝါဟာ တခါတရံ သူ့သားတွေကိုလည်း အသင်းအတွက် အလုပ်လုပ်ဖို့ ခေါ်လာတာရှိပေမဲ့ ထမင်းစားမယ့်အချိန်ဆိုရင် အိမ်ပြန်ခေါ်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိ မင်းထည်ဝါမိသားစု ဘယ်ရောက်သွားလဲ၊ ဘာလုပ်နေလဲ
——

ရခိုင်ပြည်မှာ စစ်ကောင်စီနဲ့အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ချိန်မှာ မင်းထည်ဝါဟာ အလှူငွေတွေကို ပိုက်ပြီး မိသားစုနဲ့အတူ ရန်ကုန်မြို့ကို ထွက်ပြေးသွားပါတယ်။

စစ်ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ပိုက်ဆံ သိန်းတစ်ရာနဲ့ စစ်တွေမှာ ပစ်ထားခဲ့ပြီးအဆက်အသွယ်တွေလည်း မလုပ်တော့ဘူးလို့ဆိုပါ။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ အလှူငွေတွေနဲ့ တိုက်ခန်းတွေ၊မြေကွက်တွေ ဝယ်ထားပါတယ်။ ရွှေဆိုင်ဖွင့်ဖို့ အထိပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။

သူဟာလည်း အလှူငွေတွေနဲ့ သီချင်းထုတ်တာတွေ၊သားနှစ်ယောက်ကို အဆင့်မြင့်ကိုယ်ပိုင် အထက်တန်းကျောင်းမှာထားတာတွေလည်းရှိပါတယ်။

ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ လှူဒါန်းထားတဲ့ အလှူငွေတွေကို မင်းထည်ဝါကတော့ သူရဲ့ မိသားစုနဲ့ ဇိမ်ကျကျနေထိုင်နေတာလည်းဖြစ်ပါတယ်။

စစ်ဘေး၊ စစ်ဒဏ်တွေကြောင့် ရခိုင်ပြည်သူတွေ ငတ်တလှည့် မွတ်တလှည့် ဖြစ်နေချိန်မှာ မင်းထည်ဝါတယောက်တော့ ဘာစီးပွါးရေးမှာ မည်မည်ရရမရှိဘဲ ပရဟိတလုပ်ရင်း မိသားစုအတွက် ပူပင်စရာမလိုတော့ဘဲ အေးအေးချမ်းချမ်းနေထိုင် သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

“သူကတော့ အတော်လည်တယ်ဗျာ။ ပစ္စည်းတွေ၊ တိုက်ခန်းတွေ ဝယ်ရင်လည်း သူနာမည်နဲ့မဝယ်ဘူး။ တရားတွေဘာတွေ အစွဲခံရရင်လည်း သူ့ဟာမဟုတ်ဘူး၊ ဘာညာပြဖို့ပေါ့။ စစ်တွေမှာတုန်းကလည်း ဒီအတိုင်းပဲ။ အလှူငွေတွေဆို စာရင်းစစ်လို့ မရအောင်ကို လုပ်ထားတာ”

အခုလို ကိစ္စတွေနဲ့ပတ်သက်လို့ မင်းထည်ဝါကို မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

နီမင်းထွန်းရေးသားသည်း။ အပိုင်းဆက် လာပါမည်။

နီမင်းထွန်း ရေးသားသည်
အပိုင်းဆက် လာပါမယ်။

Cr

15/09/2025

အစ္စလာမ်ဘာသာဝင် ရှေ့နေ စာတတ်ပေတတ် ဝန်ခံထောက်ပြနေပြီ ゚viralシfypシ゚viralシ

ที่อยู่

Ekkachai 80/2 Alley
Bangkok
10150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Rakhine FatherLandผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Rakhine FatherLand:

แชร์