19/02/2026
မ္ၚိုလ်ရအဴ
သဘင်ပတိုန်ဂုဏ်စရာဲသင်အာဇနဲအံင်လိက် ကေုာံစရိုဟ်ဍာ်
#သဘင်သၟာန်သွဟ်လိက်ဂကောံဓမ္မယုတ္တိကနိကာယမရနုက်ကဵု၄၂ဝါ
ဌာနဒုင်သဇိုင်
ဘာပုပ္ဖာရာမ ကွာန်ဏံင်ခေတ်
ပွိုင်ဍုင်ကအ်ကြိက် တွဵုရးဍုင်ကရေင်
ပြာပ်ကၠုင်ကဵုဇြဟတ်ဂှ်ပိုဲမိပ်စိုတ်အိုဟ်တၟိုဟ်တၚ်ဏာဂုဏ်သီုဖအိုတ်ရအဴ။
မင်္ဂလာပါ
သာသနာ့အာဇနည်စာအောင်ဆုပေးပွဲ
မဟာရင်ဂိုဏ်းလုံးဆိုင်ရာ
#၄၂ကြိမ်မြောက်ဓမ္မယုတ္တိကနိကာယအသင်း
ရေးဖြေစာမေးပွဲကြီး
ဌာန ပုပ္ဖာရာမကျောင်းတိုက် နောင်ခေတ်ရွာ
ကော့ကရိတ်မြို့နယ် ကရင်ပြည်နယ်
စာအောငသံဃာတော်များဆုပေးပွဲနှင့်ရေစက်ချမယ်ပွဲ
အားလုံးလာအားပေးကြတာအထူးပဲကျေးဇူးတင်အပ်ပါသည်။
15.2.2026
https://maps.app.goo.gl/1KSgfYFcbjL2uCyq9?g_st=ipc
#ဓမ္မယုတ္တိကနိကာယအသင်း_ရေးဖြေစာမေးပွဲ_သမိုင်းအကျဉ်း
ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲသည် ၁၂၆၀-ခုနှစ်တွင် မဟာရင်ဂိုဏ်း၏ တည်ထောင်သူဖြစ်တော်မူသော ဗြတြာဲတိသရဏဓဇ ဗုဒ္ဓဝံသမဟာထေရ်မြတ်မှ ဂိုဏ်းဂဏမခွဲခြား မွန်သံဃာတော်များကို ပင့်ဖိတ်၍ ဓမ္မပုစ္ဆာ ခေါ် စာမေးပွဲကို ပထမဦးဆုံး အကြိမ်အဖြစ် ကတိုး၊ မဟာရင်ကျောင်းတိုက်၊ သုန္ဒရပညာဇရပ်၌ ကျင်းပခဲ့သည်။
အကြောင်းကြောင်းကြောင့် ရေးဖြေစာမေးပွဲသည် ခဏပျောက်ကွယ်သွားခဲ့သော်လည်း ဂိုဏ်းတည်ထောင်ပြီး နှစ်တရာ ကြာပြီးနောက် ၁၃၃၈-ခုနှစ် အရောက်မှာ ကတိုး၊ မဟာရင်ကကျောင်းစာချများတို့က ပျောက်ကွယ်နေသော ဂိုဏ်းစာမေးပွဲကို ပြန်လည်အသက်သွင်းသောအားဖြင့်၎င်း၊ စာသင်သားများတို့အတွက် အစိုးရစာမေးပွဲ၏ အထောက်အပံ့စေရန် ရည်သန်၍ သဒ္ဓမ္မဇောတကအသင်း ရေးဖြေစာမေးပွဲတစ်ခုကို စတင်အသက်သွင်းခဲ့သည်။
ထိုနောက် မဟာရင်ဂိုဏ်းဝင် စာသင်တိုက်များတို့သည်လည်း ကတိုး၊မဟာရင်ကျောင်း၏
သဒ္ဓမ္မဇောတကအသင်း၏ မေးခွန်၊ အဖြေမှန် အောင်လက်မှတ်များယူကာ ကိုယ့်ကျောင်းကိုယ့်ဌာနအသီးသီး ဖြေဆိုခဲ့ကြသည်။
၁၃၄၀-ခုနှစ်၊ ဆရာတော်ဘဒ္ဒန္တဇာဂရ မော်လမြိုင် တောင်ပေါ်မဟာရင်စာသင်တိုက် နှင့် သ၁၃၄၆-ခုနှစ်၊ ဆရာတော်ဘဒ္ဒန္တစန္ဒဝရ သုခကာရီစာသင်တိုက်တို့ကို အသီးသီး တည်ထောင်ပြီးနောက် ပရိယတ္တိသာသနာအပေါ်၌ စိတ်အားထက်သန်သည့်အတွက် "ယခု
မဟာရင်ဂိုဏ်း ဓမ္မဝိနယ စာပြန်ပွဲ နှစ်စဉ်အမြဲ တညီတညွတ်တည်း ကျင်းပလညခဲ့တာ အနှစ်တရာကျော်လာခဲ့ပြီးဖြစ်သော်လည်း ရေးဖြေစာမေးပွဲက ကိုယ့်ကျောင်း ကိုယ့်ဌာန တသီးတခြား ကျင်းပနေတာဟာ ညီညွတ်ရေး အတွက် ကောင်းသောလက္ခဏာ မဟုတ်ကြောင်း" ကို ဆရာတော်နှစ်ပါးတို့ အကြံဉာဏ်ကောင်းရကြ၍ အခြားသောဆရာတော်များနှင့် စာချများတိုနှင့် တိုင်ပင်ပြီး တညီတညွတ် သဘောတူကြ၍ သဒ္ဓမ္မဇောတကအသင်း၏ နည်းစနစ်ကိုယူ၍ ဓမ္မယုတ္တိကနိကာယအသင်းရေးဖြေစာမေးပွဲ ဟု အမည်ပြောင်းကာ တောင်ပေါ်မဟာရင်စာသင်တိုက်၌သာလျှင် ၁၃၄၆-ခုနှစ်၊ တပို့တွဲလဆုတ် (၁၁)ရက်မှ (၁၄) ရက်နေ့အထိ လေးရက်တိုင်တိုင် ပထမဆုံးကျင်းပခဲ့ပြီး ထိုကျောင်း၌သာလျှင်
အကြိမ်ရေပေါင်းများစွာ ကျင်းပလာခဲ့သည်။
ထိုနောက် မွန်ပြည်နယ်တခွင် မဟာရင်ဂိုဏ်းဝင် ဆရာတော်များနှင့် ဒါယကာအများတို့မှ ပရိယတ္တိသာသနာအပေါ်၌ သဒ္ဓါတရားထက်သန်စွာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲကို နှစ်စဉ်မပျက် အောင်မြင်စွာ ကျင်းပနိုင်အောင် တာဝန်ယူကာ တစ်နှစ်တစ်ရွာ တစ်မြို့တစ်ကြိမ် ကြိမ်ရေပေါင်းများစွာ ကျင်းပလာတာ ယခုနှစ်ဆို (၄၂) ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပါပြီး။
ယခုနှစ်သည် ပုပ္ဖါရာမကျောင်း၊ နောင်ခေတ်ရွာ ဆရာတော်ဘဒ္ဒန္တကလျာဏနှင့် အများဒကာတို့မှ သာသနာ့ချစ်စိတ်ကိုရှေ့တန်းတင်ကာ သဒ္ဓါအားဖြင့် (၄၂) ကြိမ်မြောက် ဓမ္မယုတ္တိကနိကာယအသင်းရေးဖြေစာမေးပွဲကို စည်ကားသိုက်မြိုက်စွာ တာဝန်ယူကျင်းပပါသည်။
ဖတ်ရှူသူများ သာဓုခေါ်ကာ ကုသိုလ်တရား ပွားများနိုင်ပါစေ။