29/11/2024
လျှာ သွက်စေဖို့ လေ့ကျင့်ခန်းများ
( တိုးတိုးဖတ်ရန်… )
ရွှန်းရွှန်းဝေ ရွှေလိုဝင်း
ဝေလီဝေလင်း ဝေါနဲ့ ဆင်း
ဘီလူး ဂတုံး တစ်ကောင်
ဒူးနှစ်လုံး ထောင်
ဘီလူး ဂတုံး ဒူးနှစ်လုံး
တာတီးတို့တာတေတို့တတွေ
တွံတေးတောတန်းတွင်တောတက်တော့ တောက်တဲ့တွေတစ်တီတူးတွေတွေ့တယ်တဲ့တော့
ရွံ့ပေါ်ရှဉ့်ပြေး ရှဉ့်မွှေး ရွံ့မလူး
ထုပ်ပေါ်ခွက်တင်
ခွက်ဖင်ကြွက်တိုး
ကြွက်တိုးခွက်လဲ
ခွက်လဲလဲ ကြွက်လဲလဲ
ခွက်မထနိုင် ကြွက်မထနိုင်
ခွက်ပိုးလိုးပက်လက်ကြွက်ပိုးလိုးပက်လက်
အဖိုးနဲ့အဖွါးခေါင်းမှီးခြုံ
စောင်မွှေးရှည်လည်းခြုံ
စောင်မွှေးတိုလည်းခြုံ
တောင်ပေါ်က ရှမ်းလေး
လျှော်ထမ်း လို့ပြေး
တိုတဲ့ လျှော်ကတို
ရှည်တဲ့ လျှော်ကရှည်
ထုံးဖြူကြီးလူးတဲ့ အိုးလေး နဲ့
ထုံးဖြူလေးလူးတဲ့ အိုးကြီး
တောင်ကျောင်းက ထနောင်းကိုင် မြောက်ကျောင်းကိုကူး
မြောက်ကျောင်း ထနောင်းကိုင်း တောင်ကျောင်းကိုကူး။
နှစ်ကျောင်းပေါင်းတော့ နှစ်ထနောင်းကိုင်း
တော်လတီ တော်လတက်
ခနော်နီ ခနော်နဲ့
တော်တက် ခနော်နက်
ပြာပူ ရွာသူ အလံထူ
တောင်ပေါ်တက် တက်တူ ချက်စူ
တုံးအောက် က ဖား
ပြားတဲ့ ဖား က ပြား
ဖောင်း တဲ့ ဖား က ဖောင်း
ရှမ်းမကြီး သမီး စောက်စားကြီး
စောက်အီး တဘူဘူ
တောတောင် တောတောင်
တောတောင်သာလှ တောကြက်ဖ
မတွန့် တတွန် တွန့်တတွန်
တွန်သံ သာလှ တောကြက်ဖ
တောင်ကိုင်းက ထနောင်းကိုင်းခြောက်
မြောက်ပိုင်းက ထနောင်းကိုင်းခြောက်
နှစ်ကိုင်းပေါင်းတော့ နှစ်ထနောင်းကိုင်းခြောက်
မိုးပဲပွင့် နွေပဲပွင့်
ပေါပေါပဲပဲ နွေနေမှာပွင့်
ကိုကိုးကျွန်းက ကိုကြီးကျော် ကုက္ကိုကိုင်းကိုကိုင် ကောင်းကင်ကိုကြည့် ကြယ်ကိုကြည့် ကြက်ကြော်ကိုကိုင် ကြက်ကင်ကိုက်
ကုက္ကိုကိုင်းကျိုးကျ
ကိုကြီးကျော် ကုန်းကုန်းကွကွ ကြွ
မှတ်စုကြမ်း မှ မျှဝေပါသည်။
တပုဒ် ချင်းစီအား တစ်ဦးတည်း အမြန်ရွတ်၍
လေ့ကျင့်ခန်း ပြုလုပ်ပါ ရန်...... 🙂 :)