Yat Tha Sone Ah Sone thote

Time Travel ပြီးတစ်ကာလ သူမဘဝ 😂ဒိတ်ဒိတ်ကြဲမင်းသမီး အချိန်ခရီးသွားပြီးရှေးခေတ်ရောက်သွားသောအခါ အပိုင်း (၁) မြန်မာစာတန်းထိုး...
25/01/2025

Time Travel ပြီးတစ်ကာလ သူမဘဝ 😂

ဒိတ်ဒိတ်ကြဲမင်းသမီး အချိန်ခရီးသွားပြီး
ရှေးခေတ်ရောက်သွားသောအခါ

အပိုင်း (၁) မြန်မာစာတန်းထိုး
https://www.facebook.com/groups/1142165587300186/permalink/1142168017299943/

Telegram Link -
https://t.me/SSBNTSF/27572

အပိုင်း (၂) မြန်မာစာတန်းထိုး
https://www.facebook.com/groups/1142165587300186/permalink/1142845903898821/

Telegram Link -
https://t.me/SSBNTSF/27576

#ကပြောင်းကပြန်ဖူးစာ

ဘယ်ကောင်လဲကွ
25/01/2025

ဘယ်ကောင်လဲကွ

မင်းဟာကလည်းကွာ😒
24/01/2025

မင်းဟာကလည်းကွာ😒

ဒီနေ့ အမေနဲ့ဖုန်းပြောရတယ်....သာကြောင်း မာကြောင်းတွေမေးပြီး....ဘာတွေချက်စားလဲ ဆိုပြီးကျနော့်က မေးတော့....ငါးကလေးအိုးကပ်ချ...
06/12/2024

ဒီနေ့ အမေနဲ့ဖုန်းပြောရတယ်....
သာကြောင်း မာကြောင်းတွေမေးပြီး....
ဘာတွေချက်စားလဲ ဆိုပြီး
ကျနော့်က မေးတော့....
ငါးကလေးအိုးကပ်ချက်နဲ့ အချဥ်ရည်ဟင်း လို့ ပြောပြီး...
သုံးလေးရက်လောက်ရှိပြီ ...
အမေ့သားကို သတိရနေတာ တဲ့။

ခုရက်ပိုင်း....
စမာငါးရော စမုံငါးရော ရကြတယ်...
စျေးလဲ ပေါတယ်...
၅၀သါးမှ ၄၀၀၀ စျေးပဲ ရှိသတဲ့! !

အမေက ငါးတွေပေါပြီး ငါးဟင်းချက်ရတော့...
ကျနော့်ကို သတိပိုရတယ်ဆိုတာက...
သိပ်တော့ မထူးဆန်းပါ့ဘူး..
ဘာလို့ဆို.. .
ကျနော်က မိသားစုထဲမှာ...
ငါးနှိုက် ငါးမျှား လုပ်တတ်တဲ့ တစ်ဦးထဲသော..
သူဖြစ်ပြီး...
အသားဟင်းတွေထက် ငါးဟင်းကို ပိုကြိုက်တဲ့သားမို့ပါ။

တပိဿာမှ ၇၅၀၀/ ၈၀၀၀ ဆိုတော့....
ကျနော်တို့ဆီမှာလည်း ငါးတွေပေါပေါ သောသော ဖမ်းလို့ ရနေသေးတယ်ဆိုတဲ့ သဘောပေါ့။

ခုလို(ပုံပါ) ငါးသလဲထိုးလေးတွေကတော့....
ကျနော်အကြိုက်ဆုံး ငါးဆိုပါတော့...
မကြွပ်အောင် ကြော်ပြီး အိုးကပ်လေးချက်ချက်..
အစိုကိုပဲ အိုးကပ်ချက်ချက်...
ငရုပ်သီးစပ်စပ်ထည့် ဗမာပင်စိမ်းလေးအုပ်...
အချဥ်ရေသောက်လေးနဲ့ဆိုလိုကတော့....
ထမင်းတဗူးချက် အသာလေး...

အရင်ကဆို.....
ကျနော်တို့အမေက
ကျနော်တို့ရှိတဲ့ နေရာအထိ လူကြုံရှိတိုင်း.....
ငါးအိုးကပ်ချက်၊ ငါးခေါင်းမျှစ်ချဥ်နဲ့....
ငါးခြောက်ထောပတ် ဒယ်ကြီးချက်တွေကို..
ရွာကနေချက်ပို့ပေးတာ ဗျ။

ခုတော့...
အရှေ့မြောက်ပိုင်း နဲ့ အလယ်ပိုင်းဆိုတာက ခရီးကဝေး
လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေလေတော့..
မပို့နဲ့အမေ....
သားတို့လည်းဒီမှာ အဆင်ပြေတယ်...ဆိုပြီး...
စိတ်ချမ်းသာအောင်ပြောရတာပေါ့...
အမှန်ဆို....
၂၅ကျပ်သားကို တစ်သောင်းစျေးပေးရတာတောင်..
နေ့တိုင်းဝယ်လို့ မရပါဘူး....လို့။
✍✍✍

ချစ်ခြင်းမေတ္တာဖြင့်..
👤လယ်တွင်းသား
(ပန်းလောင်မြေ)

တစုံတယောက် ပြောခဲ့ဖူးသလိုပေါ့"ကျကွဲသွားတဲ့ ဖန်ခွက်တခွက်ဟာအရင်လို အကောင်းအတိုင်းဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး ကွဲ​ကြေနေ...
03/12/2024

တစုံတယောက် ပြောခဲ့ဖူးသလိုပေါ့

"ကျကွဲသွားတဲ့ ဖန်ခွက်တခွက်ဟာ
အရင်လို အကောင်းအတိုင်း
ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး
ကွဲ​ကြေနေတဲ့အရာကို ကိုင်မိရင်တော့ စူးရှတဲ့ဒဏ်ကို ခံနိုင်ရမှာပဲလေ"တဲ့

ခံနိုင်ဖို့လည်း ကြိုးစားပါတယ်
စူးရှတဲ့ဒဏ်တွေခံရင်းနဲ့ အနာတရတွေလည်း ဖြစ်ခဲ့ဖူးပါတယ်၊ ဘယ်လိုပင်ဖြစ်နေပါစေ နောက်ဆုံးမှာတော့ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရာရာတိုင်းဟာ သူတို့ပျော်ရာအရပ်မှာပဲ ပြန်လည်ရှင်သန်ကြရင်း စူးရှဖူးတဲ့လက်တစုံကတော့ ဘယ်တော့မှမပျောက်သော ဒဏ်ရာများစွာနဲ့ပေါ့.....

ဘ၀မှာ ကျွန်တော်တို့ဟာ
ဒဏ်ရာတွေနဲ့ ဖန်ခွက်တိုင်းရဲ့
ကွဲရှတဲ့ဒဏ်ကိုခံရင်းနဲ့ပဲ
ဒဏ်ရာပေါ် ဒဏ်ရာဆင့်ရင်း
ဘယ်တော့မှ မပျောက်သောအနာတရတွေ
ဖြစ်ခဲ့ကြဖူးပြီ...


#ဗဟုသုတစာပေများစုစည်းရာ #မူရင်းရေးသားသူအားလေးစားပါသည်

ရှေးရှေးတုန်းက အဘိုးအို တယောက်သည် တဦးတည်း နေကာ လယ်လုပ်ကိုင် စားသောက်သည်။ သူ့ထံတွင် နွား နှစ်ကောင် ရှိသည်။သူက မနက်တိုင်း ...
10/10/2024

ရှေးရှေးတုန်းက အဘိုးအို တယောက်သည် တဦးတည်း နေကာ လယ်လုပ်ကိုင် စားသောက်သည်။ သူ့ထံတွင် နွား နှစ်ကောင် ရှိသည်။သူက မနက်တိုင်း နွားတွေကို ဆွဲကာ လယ်ထဲသို့ သွားလေ့ ရှိသည်။ လယ်ထွန်ရသည် ဖြစ်စေ မထွန်ရသည် ဖြစ်စေ သူ့နွားတွေကို လယ်ထဲ ခေါ်သွားတတ်သည်။တနေ့တွင် သူ့နွားတကောင် ပိုးထိသဖြင့် နွားတကောင်ပဲ ကျန်တော့သည်။ အဘိုးအိုတွင် လယ်ထွန်ချိန် နွားတကောင်တည်း ရှိသဖြင့် ဒုက္ခရောက် နေသည်။အိမ် နီးချင်း ဘေးအိမ်က “အဘိုး ကျွန်တော့် နွားတကောင် ယူသုံးနိုင်ပါတယ်။ အဘိုး အဆင်ပြေတဲ့ အထိယူထားပါ ခင်ဗျာ””ဘာလဲကွ မင်းဆီက နွားရမှ ငါက အလုပ် ဖြစ်မှာလား။ ငါ့ကို လာပြီး သနားစရာ မလိုဘူး” ဟု ပြောထုတ်သည်။ အဘိုးအို၏ မာနကို ကြောက်သဖြင့် အိမ်နီးချင်းက ကူညီချင်သော် လည်း မပြောဝံ့တော့။အဘိုးအိုသည် မာနသာ ရှိသည် ဆိုသော်လည်း လယ် ကွင်းထဲ ရောက်သည့်အခါ ငိုကြွေးရင်း ညည်းညူ နေမိသည်။”အရှင် ကျွန်ုပ်အပေါ် ရက်စက် လွန်းလှသည်။ ကျွန်ုပ် အသက်ကြီးပါပြီ။ အိုမင်းမစွမ်း ချိန်မှ နွားတကောင်ကို သတ်ပစ်လိုက် သည်မှာ မတရားပါ အရှင်” ဟု ပြောပြောပြီး ငိုသည်။ထိုစဉ် အသံတသံ ပေါ်ထွက်လာသည်။

“အဘိုးအို သင့်မှာ နွားတကောင်ကြောင့် ဒုက္ခ ရောက်နေပြီ” အဘိုးအိုက ဟိုဟိုသည်သည် ကြည့်ပြီး “အရှင်လား ကယ်တော်မူပါ”ငါသည် သင်၏ ငိုကြွေးနေမှု အပေါ် စိတ်မကောင်းပါ။ ထို့ကြောင့် သင်လိုအပ်နေသော နွားတကောင်ကို ဖြည့်ဆည်း ပေးပါ့မယ်” “ကျေးဇူး ကြီးလှပါသည် အရှင်” “သို့သော် ကျွန်ုပ်က နွားသုံးကောင် သင့်ကို ပေးလိုက်မည်။ ကြိုက်တဲ့ တကောင်ကို သင်ယူပါ။ ကျန်တဲ့ နှစ်ကောင်ကို သင့်အိမ်နီးချင်းအား ပေးလိုက်ပါ” “ကျွန်ုပ်၏ အိမ်နီးချင်းကို အဘယ်ကြောင့် ပေးရမည်နည်း””သူက သင့်ထံတွင် လိုအပ်နေသည့် နွားတကောင် အတွက် သူတော်ကောင်း စိတ်ဖြင့် တကောင်လာပြီး ကူညီသည်။ လက်ခံခြင်း၊ လက်မခံခြင်းမှာ သင့်အပိုင်း ဖြစ်သည်။သို့သော် သူ၏ သူတော်ကောင်း စိတ်ဓာတ်၊ ကူညီချင်သော စိတ်ဓာတ်ကို သဘောကျ သောကြောင့် သင် ဆုတောင်းသည်ထက် နှစ်ဆ သူ့ကို ပေးသနား လိုက်ခြင်း ဖြစ်သည်”အဘိုးအိုက စိတ်ဆိုးမာန်ဆိုးဖြင့် “အသင် ဘယ်သူမှန်း မသိ။ ကျွန်ုပ်ကို နွားတကောင်မျှ ပေးစရာ မလို။ ကျွန်ုပ်က တကောင်သာ ရပြီး ဟိုဘက်အိမ်က နှစ်ကောင် ရသွားသည်ကို မလိုလား။ သင့် အကူ အညီကို လက်မခံ။ ထွက်သွား” ဟု မောင်းထုတ်လိုက်သည်။ညနေတွင် အဘိုးအိုသည် နွားတကောင်နှင့် အိမ်ပြန်သည်။ အဲဒီ ကျန်သော နွားတကောင်ကို မိုးကြိုး မှန်သည်။

Credit – တင်ညွန့်

ရွယ်တူ သူငယ်ချင်းတွေနဲ့ယှဉ်လိုက်ရင်ငါတစ်ယောက်ထဲ အနာဂတ်မဲ့နေသလို ခံစားရတယ်။နောက်ကနေ supportပေးနိုင်တဲ့အင်အားလုံလုံလောက်လေ...
02/10/2024

ရွယ်တူ သူငယ်ချင်းတွေနဲ့ယှဉ်လိုက်ရင်
ငါတစ်ယောက်ထဲ အနာဂတ်မဲ့နေသလို ခံစားရတယ်။
နောက်ကနေ supportပေးနိုင်တဲ့
အင်အားလုံလုံလောက်လောက်လဲရှိမနေဘူး။
ငယ်တဲ့အရွယ်လဲ မဟုတ်တော့တာကြောင့်လဲ

အိမ်အခြေအနေကိုလည်း ကြည့်ရပြီး
ဖြစ်ချင်တာတွေကိုရပ်လိုက်ရတဲ့ အခိုက်အတန့်တွေ။
တကယ်ပါ လိုချင်တာတွေမရနိုင်တာကြောင့်
ပင်ပန်းရတယ်။ 🖤

ဒီမုန့်လေးက ၈ ယောက်စာအပိုင်းလေး ၈ ခုပိုင်းထားတဲ့မုန့်လေးပါ။အဲ့ထဲမှာ တယောက်က သူစားချင်သလို ပိုင်းဖြတ်ပြီးစားလိုက်တော့ နော...
25/09/2024

ဒီမုန့်လေးက ၈ ယောက်စာအပိုင်းလေး ၈ ခုပိုင်းထားတဲ့မုန့်လေးပါ။

အဲ့ထဲမှာ တယောက်က သူစားချင်သလို ပိုင်းဖြတ်ပြီးစားလိုက်တော့ နောက်လူတွေစားဖို့ အခက်အခဲဖြစ်သွားခဲ့ပါတယ်။

ဒီလိုပါပဲ နေ့စဉ် ကျွန်တော်တို့ ဘဝမှာ သူများအတွက်မစဉ်းစားပဲ လုပ်မိလိုက်တဲ့ အရာတွေက သူတပါးကို ဒုက္ခဖြစ်သွားစေပါတယ်။

ကိုယ့်ရဲ့လုပ်ရပ် က ကိုယ့်ရဲ့လွတ်လပ်မှု ဆ်ိုပေမယ့် တပါးသူအတွက် ထည့်မစဉ်းစားတဲ့ လုပ်ရပ်ကတော့ ကိုယ့်ချင်းစာတရားမရှိတဲ့ လုပ်ရပ်လဲဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်နေ့စဉ်ဘဝမှာ သူများဒုက္ခမရောက်စေမယ့် လွတ်လပ်ခွင့်များနဲ့ ရှင်သန်နေထိုင်ဖို့လိုအပ်ပါတယ်။

ပုံမှာ မြင်ရတဲ့သူကတော့ ဒေါ်လာ ၁၂၄ ဘီလီယံ ရှိပြီး ကမ္ဘာပေါ်မှာ ၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ သူဌေးကြီး ဘီလ်...
24/09/2024

ပုံမှာ မြင်ရတဲ့သူကတော့ ဒေါ်လာ ၁၂၄ ဘီလီယံ ရှိပြီး ကမ္ဘာပေါ်မှာ ၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ သူဌေးကြီး ဘီလ်ဂိတ် ဖြစ်ပါတယ်။ ပုံထဲမှာတော့ ဝါရှင်တန်မြို့တော် ဆင်ခြေဖုံးက ဘာဂါဆိုင်မှာ ဝယ်စားဖို့ တန်းစီနေတာပါ။

ကမ္ဘာ့အကြီးဆုံး ပရဟိတဖောင်ဒေးရှင်းကြီးကို တည်ထောင်ထားပြီး အလှူငွေ အများဆုံး ထောက်ပံ့နေပေမယ့် ဘယ်တော့မှ live လွှင့်ပြီး မလှူခဲ့ဖူးပါဘူး။ လှူနေတုန်းလည်း မှတ်တမ်းတင်ရအောင်ဆိုပြီး ကင်မရာကြီး တကိုင်ကိုင်နဲ့ ဓာတ်ပုံမရိုက်ခဲ့ဖူးပါဘူး။ ဒု-က္ခသည်တွေကို သနားလို့ဆိုပြီးလည်း လူတွေရှေ့မှာ ရှိုက်ကြီးတငင် ငိုမပြဖူးပါဘူး။ လိုင်းပေါ်မှာလည်း ပွဲတွေ မရှာဘဲ အမြဲနှိမ့်ချတတ်တဲ့ စိတ်ဓာတ်တွေကတော့ လေးစားစရာပါပဲ။

ဖြစ်ခဲ့တာ ၄ လခွဲ ၅ လလောက်ရှိမယ်ထင်တယ်ဗျပီးခဲ့တဲ့ သ​ကြ်န်အပြီးကပါ ကျွန်တော်နဲ့ တူ ရွယ်တူ သူငယ်ချင်းနှစ်ယောက်ရယ် ၁၉နှစ်အငယ...
23/09/2024

ဖြစ်ခဲ့တာ ၄ လခွဲ ၅ လလောက်ရှိမယ်ထင်တယ်ဗျ
ပီးခဲ့တဲ့ သ​ကြ်န်အပြီးကပါ

ကျွန်တော်နဲ့ တူ ရွယ်တူ သူငယ်ချင်းနှစ်ယောက်ရယ် ၁၉နှစ်အငယ်ညီလေး၃ယောက် အကုန် ငါးယောက် မြို့ထဲဘီယာသွားသောက်ကြတာပါ(ညနေ ၄နာရီဝန်းကျင်)
အဖွဲ့ထဲက ညီလေးတစ်ယောက်ရဲ့အမေက ဆုံးထားတာ သုံးလ လောက်ပဲရှိပါသေးတယ်
အဲ့လိုနဲ့ သောက်ပီး နဲနဲလေးရီဝေဝေဖြစ်လာတော့ အဲ့ညီလေးက သူ့အမေဆုံးသွားတာနဲ့ပတ်သတ်ပီး တစ်ခုမဟုတ်တစ်ခုပြောပီးငိုတာပေါ့ သူ့အမေကိုသတိရကြောင်း သူ့အမေစကားကိုနားမ​ေထာင်ခဲ့မိလို့နောင်တရကြောင်း တွေ ထပ်ခါထပ်ခါ ပြောပီး ငိုတာ။
သူပြောပြပီးငိုနေတော့ ကျန်တဲ့သူတွေကလည်း စိတ်မကောင်းဖြစ်ပီး မျက်ရည်ကျတဲ့သူကကျပေါ့

ခဏကြာတော့ သူ့အမေ အုတ်ဂူကိုသွားပီး ကန်တော့ချင်တယ်လိူ့ပြောပါတယ် အချိန်ကတော့ ည၁၁နာရီနားကပ်နေပါပီ။( ၁၁မထိုးသေးတာတော့သေချာပါတယ်)

အဲ့တာနဲ့ သွားကြမယ် လိုက်ပို့မယ်ပေါ့ အကုန်အေးအေးဆေးဆေးပဲ ဘာမှတွေဝေမနေပဲသွားကြတာပေါ့။
ဆိုင်ကယ် နှစ်ယောက်တစ်စီးနဲ့ သုံးယောက်တစ်စီး (ပေါင်း ၂စီးသွားကြတာပေါ့)
သချိုင်းကုန်းရောက်ရောက်ချင်းမှာပဲ ကျွန်တော်က ဆိုင်ကယ်ပေါ်က ဆင်းပီးသေးပေါက်တာ လွတ်တဲ့နေရာပေါက်လိုက်ပေမယ့်
လမ်းပေါ်ဖြစ်နေလို့ အနောက်ဘက်ခြုံဘက်ဆိုပီးပေါက်လိုက်တာ အုတ်ဂူပေါ်ပန်းမိသွားတယ်ခဗျ နေရာပြောင်းလိုက်ရင် ရပေမယ့် ဘယ်စိတ်ကြောင့်လဲ မသိ အဲ့အုတ်ဂူမှာပဲ ပီးအောင်ပေါက်လိုက်တယ်ခဗျ။ အသီးနှစ်လုံးလဲ ''ဘုတ်''ဆိုပီး ပြုတ်ကျတယ်တဲ့ သွားကြည့်တော့ အုန်းသျှစ်သီးအစိမ်းရောင်နှစ်လုံးတဲ့။ ( ကျန်တဲ့လေးယောက်ကပြောတာပါ ကျွန်တော်တော့ သွားကြည့်တာပဲသိလိုက်တယ် ဘာသံမှမကြားလိုက်ဘူး)
အဲ့မှာ စ ပီထင်တယ် သွားတာက ငါးယောက် မျက်စိထဲ လူတွေများနေသလိုပဲ အရိပ်တွေလိုလို လူတွေလိုလို မြင်ရပါတယ် စိတ်ထဲမှာတော့ ကိုယ့်လူတွေပဲထင်တာပါ (ကျွန်တော်မူးနေလို့မြင်နေရ့ခြင်းမဟုတ်ပါ သောက်ထားတယ်ဆိုပေမယ့် ပြောကောင်းဆိုကောင်းမူးရုံပါပဲ ပလက်ကျွတ်နေတာမျိုးမဟုတ်ပါ မူးနေလို့ သချိုင်းကုန်းလာရဲခြင်းလဲမဟုတ်ပါ တစ်ယောက်ထဲမှမဟုတ်ရင် တော်ရုံသွားရဲပါတယ်) အဲ့လိုနဲ့ သူ့အမေအုတ်ဂူကို သွားပါတယ်။ သူ့အမေအုတ်ဂူက သူ့အဖွားရဲ့အုတ်ဂူထဲကိုပဲ ပြန်ပြင်ပီးထည့်ထားတာပါတဲ့။ အဲလိုနဲ့ ငိုကြတာပေါ့ အဲ့ညီလေးကလဲ ပြောပြောပီး ပါလာတဲ့ အဖော်တွေကလဲ သူ့အမေရဲ့နာမည်ကြီးကိုခေါ်ခေါ်ပီးငိုတာပေါ့ အားလူံးက သူ့အမေနဲ့ခင်ကြ သိကြတယ်လေ ။ (ကျွန်တော်ဆို သူ့သမီးနဲ့သူငယ်ချင်းအရင်းခေါက်ခေါက် ၈တန်း ညကျူရှင်မှာဆို အမြဲညပြန်တိုင်း သူ့အမျိုးသားဆိုင်ကယ်နဲ့ သူငယ်ချင်းနှစ်ယောက်စီးစီးပီးပြန်လာရတာ မဆုံးခင်ထိလဲ အဲ့အန်တီက တွေ့တိုင်း ဆိုင်ကယ်ကယ်ရီခပေးရမယ်နော်လို့ စနောက်တုန်းပါ)

အဲ့လိုနဲ့ငိုနေရင်း ကျွန်တော် ဘယ်ကနေဘယ်လိုဖြစ်သွားမှန်းမသိ အဲ့ဒီအုတ်ဂူကြီးပေါ် ကားယားခွကြီးရောက်သွားတာဗျို့ အဲ့တာလဲ စိတ်ကသိပေမယ့် ပြန်ကြမယ်ဆိုပီး ဆင်းတာ။ ပီးတော့ သူကလဲကန်တော့ပေါ့ ။ အဲ့အပြန် ရပ်ထားတဲ့ ဆိူင်ကယ်နှစ်စီးနားသွားတော့ ဆိုင်ကယ်တစ်စီးက စက်နိုးလျက်ကြီးပဲ
(ခိုးမဲ့သူခိုးက နိုးထားတာလားတော့မသိ)သတိထားမိပေမယ့်
ဟန်မပြတ်ပဲ ဆိုင်ကယ်ပေါ်ခွလိုက်တာ သူငယ်ချင်းက အဲ့နောက်မယ်မှ အငယ်ညီလေး တတ် ပီးတော့မှ ကျွန်တော်တတ် (ကျွနိတော် ကနောက်ဆုံးကပေါ်) ဆိုင်ကယ်လဲစက်နိုးလိုက်ရော နောက်ကနေ ပခုံးပုတ်ပီး ခေါ်တာ ကျွန်တော်ကို ''နင်ကျန်ခဲ့လေ''ဆိုးပီး လုံးဝနီးနီးလေး​ေနော် ရုတ်တရက်လဲလှည့်ကြည့်လိုက်တော့ အနီးရောင်ပတ်ထဘီကိုဆင်တူကြီးတွေဝတ်ထားတဲ့ မိန်းမသုံးယောက် (သုံးယောက် ဆိုပေမယ့် နှစ်ယောက်လိုလိုသုံးယောက်လိုလို)
''နင်ကျန်ခဲ့လေ''လို့ပါးစပ်ကြီးက ထစ်ထစ်ခွခွ ထုတ်ပြောတာဗျို့
အဲ့မှာ ကျွန်တော် စိတ်တွေ ပြောင်းကုန်တာပဲ ခုန်းချတာ ဆိူင်ကယ်ပေါ်က ခေါ်နေတာ ကျန်ခဲ့မှာဆိုပီး အဲ့တာနဲ့ ​ရှေ့ကကောင်က ''မဟုတ်ဘူး လို့ မဟုတ်ဘူးလို့ ''ဆိုပီး ငယ်သံပါအောင် အော်တားတော့တာပဲ ကျွန်တော်ကတော့ ခုန်ချတာ ကျန်ခဲ့ချင်လို့ကို မရမက ဆိုင်ကယ်မောင်းတဲ့ ကောင်ကလဲ အတင်းမောင်းတာပေါ် ရွာအဝင်ရောက်အောင် ကျွန်တော်ကတော့ ဆင်းမယ်ဆိုပီး ဒေါသတေထွက်တာ ။ တော်သေးတာပေါ့ အလယ်ကကောင်က ကျွန်တော့ပါးစပ်ကို လက်နဲ့ မိမိရရ အုပ်ပီး နောက်ပြန်ကြီးချူပ်ထားတာ
နောက်ပီး ကျွန်တော့်ကိုသူတို့က ( ပတ်ထဘီအနီိနဲ့မိန်းမများ)ပြောသေးတယ် ''နင်ခေါင်းငြိမ့်လိုက်ရုံပဲ''လို့ပြောတယ် ကျွန်တော်ကလဲ အဲ့တာကိုပါးစပ်က အသကုန်အော်ရွက်ပီးခုန်ချဖို့ပဲလုပ်တာပေါ့
ရွာထဲအဝင်ရောက်အောင်မောင်းလာပီး သူငယ်ချင်းရဲ့ အိမ်ဝိုင်းထဲအဝင်မှာ ဆိုင်ကယ်ပေါ်ကအဆင်းဆို ကျွန်တော် ရှိုက်ကြီးတငင်ငိုတော့တာပဲ ရင်ထဲမှာလဲ စို့နင့်ပီးဝမ်းနည်းပီး ကိုယ့်လည်ပင်းကိုယ်ကိုင်ပီး ငိုတာ ငိုတာ ။သူငယ်ချင်းတစ်ယောက်ကလဲ လန့်ဖြန့်ပီး ကျွတော့်ကို ထိုင်ခုံနဲ့ညှပ်ပီး ပါးတွေရိုက်တာ တဲ့ ကျွန်တော တော့ဘာမှမသိလိုက်ဘူး သူ့အမေပြောမှပဲသိတယ်။
သူငယ်ချင်း ရဲ့အဘက အထက်လမ်းဆရာ ပရလောကနာနာဘဝ အကုန်ရတယ် အိမ်ချင်းက ကပ်လျက်ဆိုတော့ သူကလဲ ပြူးပြဲလန့်ပီးပြေးခေါ်တာပေါ့ ။သူ့အဘလဲ ရောက်လာရော စစ်တာ။ မရဘူး။ ငြိမ်သွားတော့ သူ့အဘက ပြောတယ် အိမ်ဝိုင်းထဲအဝင်မှာပဲ သူတို့လှည့်ပြန်သွားကြတယ်တဲ့ သူကတော့သိနေမြင်နေပုံရတယ်
( အသိစိတ်ဝင်လာတော့တော်တော် ကြောက်သွားတာ အိမ်အထိတောင်လိုက်လာခဲ့တယ်ဆိုတော့) ပရိတ်ရေတွေဖျန်းဘာညာ အကုန်လုပ်ပေးတာပေါ့။ နောက်ရက်ကျ ကျွန်တော် အိမ်ပေါ်က အောက်မဆင်းရဲ အဖေနဲ့အမေဘအိမ်ပေါ်ရှိနေရင် အိမ်ပေါ်လိုက်နေပီး အောက်ဆင်းရင် အောက်ကိုလိုက်နေတော့တာပဲ။ အဖေနဲ့အမေကိုတော့ အခုချိန်ထိမပြောရဲဘူး။သူငယ်ချင်းတွေနဲ့ ကျွန်တော်ကတော့ အခုထိ ဒီအကြောင်းပြန်တွေးတိုင်း ပြူးပြဲပီး ကြောက်နေတုန်းပဲ။

မနေ့ညက သူငယ်ချင်း မင်းကိုခေါ်နေသေးလားလို့ စနောက်ရင်းပြောတော့ ကျွန်တော်ခဏငြိမ်သွားတယ် အဲ့တုန်းကဖြစ်တာကိုပြန်တွေးပီး အံ့သြလွန်းလို့ ။ ဘာရယ်မဟုတ်ဘူး ဖြစ်ခဲ့ဖူးတာကလဲ ပရလောကသားတွေနဲ့ဆိုတော့ မျှဝေသင့်တယ်ဆိုပီး လာရေးတာပါ။ အပိုလုပ်ရေးသားထားခြင်းလုံးဝလုံးဝမရှိပါ ။ မရှင်းတဲ့နေရာ အတိအကျသိချင်တဲ့နေရာဆို အချိန်မရွေး cb မှာ လာမေးလို့ရပါတယ်ခဗျ။
သေးဆုံးသွားတဲ့အသိသူတွေက ကူညီခိုင်းတာမျိုးတွေ လာပတ်သတ်တာမျိုးတွေရှိပါသေးတယ် ဖြစ်နေကျမို့မရေးတော့တာပါ သိချင်တယ် စိတ်ဝင်စားတယ်ဆို ပြောခဲ့ပါ ရေးပေးပါ့မယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်ခဗျ။

Credit thant zin soe

ခွေးဟောင်ရုံပါ🫤
20/09/2024

ခွေးဟောင်ရုံပါ🫤

ที่อยู่

Bangkok

เวลาทำการ

เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yat Tha Soneผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์