KoHein Vlogs I love to make the content . For work ; 09 963507137 📞 / Viber.

“ အပြစ်မဲ့နှလုံးသား “ ဇာတ်လမ်းတွဲလေးထဲက ကျော်စွာ ဆိုတဲ့ကောင်လေးကိုအားပေးကြပါဦးခင်ဗျာ..။ လက်ခံထားတဲ့ ရိုက်ကူးရေးလေးတွေလည်...
26/02/2026

“ အပြစ်မဲ့နှလုံးသား “ ဇာတ်လမ်းတွဲလေးထဲက ကျော်စွာ ဆိုတဲ့ကောင်လေးကိုအားပေးကြပါဦးခင်ဗျာ..။ လက်ခံထားတဲ့ ရိုက်ကူးရေးလေးတွေလည်းပြီးပြီမို့ Travel and History Vlogs လေးတွေတင်ပေးပါတော့မယ်ဖြစ်ပါကြောင်း…❤️

အခုတော့ တယောက်ထဲကွယ် ….အလွမ်းကဖီးရဲ့ထောင့်လေးမှာ …🎶…🎶 #အလွမ်းကဖေး  #ဂျေညီညီ
02/02/2026

အခုတော့ တယောက်ထဲကွယ် ….

အလွမ်းကဖီးရဲ့ထောင့်လေးမှာ …🎶…🎶

#အလွမ်းကဖေး #ဂျေညီညီ

▪️ပျူမြို့ဟောင်းကြီးတခုက​နေ အင်းဝမြို့​ဟောင်းဆီသို့…. Historical Tour ခရီးစဉ် ( လူဦး​ရေကန့်သတ်ထားတာ​ကြောင့် အမြန်ဆုံးကြိ...
29/01/2026

▪️ပျူမြို့ဟောင်းကြီးတခုက​နေ အင်းဝ
မြို့​ဟောင်းဆီသို့…. Historical Tour ခရီးစဉ်

( လူဦး​ရေကန့်သတ်ထားတာ​ကြောင့် အမြန်ဆုံးကြိုတင်စာရင်းပေးနိုင်ပါပြီ…။ )

"အတိတ်ကာလရဲ့ ခမ်းနားမှုတွေကို ကိုယ်တိုင်ထိတွေ့ ခံစားကြည့်ချင်ပါသလား?"

"သမိုင်းဆိုတာ ဖတ်ဖို့တင်မဟုတ်ဘဲ လမ်းလျှောက်ကြည့်ဖို့လည်း လိုအပ်ပါတယ်"

မန္တလေးမြို့ရဲ့ အနီးအနားမှာရှိပေမယ့် လူသိနည်းသေးတဲ့ ပျူခေတ် မိုင်းမောမြို့ဟောင်းကြိးနဲ့ မြန်မာ့သမိုင်းမှာ အရှည်ကြာဆုံး မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့တဲ့ အင်းဝမြို့ဟောင်းဆီကိုသွားမယ့် (၃)ရက်တာအမှတ်တရခရီးစဉ်တခုကို ဖိတ်ခေါ်လိုက်ပါတယ်။

✨ ခရီးစဉ်ရဲ့ ထူးခြားချက်များ ✨

* မိုင်းမောမြို့ဟောင်း :

ပျူခေတ်ဦးကာလရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ တူး​ဖော်​ရေး​နေရာ​တွေဆီကမြို့ရိုးဟောင်းတွေနဲ့ တူးဖော်ရရှိတဲ့ရှေးဟောင်းဘုရားတွေကို လေ့လာကြည့်ကြရ​အောင် …။

* အင်းဝမြို့ဟောင်းကြီး :

မြင်းလှည်းလေးတွေစီးပြီး မြို့ရိုးဟောင်းတွေကြား ဖြတ်သန်းသွားလာရင်းနဲ့ ဘာ​ကြောင့်အခမ်းနားဆုံးမြို့​တော်ကြီးတခုဖြစ်ခဲ့လဲ ဆိုတာ​လေ့လာကြည့်ကြရ​အောင် ..။

* မယ်နုအုတ်ကျောင်းနှင့် နန်းမြင့်မျှော်စင်:

ကုန်းဘောင်ခေတ်ရဲ့ လက်ရာပြောင်မြောက်လှတဲ့ အုတ်ကျောင်းတော်ကြီးနဲ့ စောင်းနေတဲ့ နန်းမြင့်မျှော်စင်ပေါ်ကနေ အင်းဝတစ်မြို့လုံးကို ငေးမောကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

* ဗားကရာကျောင်းတော်ကြီး: ကျွန်းတိုင်လုံးကြီးပေါင်း ၂၆၇ တိုင်နဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းကျွန်းကျောင်းကြီးရဲ့ အေးချမ်းမှုကို မြင်တွေ့ခံစားနိုင်ပြီး ထူးခြားချက်များကိုလည်း နားဆင်ရပါမယ်။

💡 ခရီးသွားများအတွက် အထူးလက်ဆောင်

* ပါးစပ်ရာဇဝင်​တွေသက်သက်မဟုတ်ပဲ သမိုင်းအချက်အလက်​တွေနဲ့အတိအကျ​ပြောပြ​ပေးမယ့် ရှေး​ဟောင်းသု​တေသီဆရာကြီးနဲ့အတူသွားရမှာပါ..။

* မြို့ဟောင်းတွေရောက်တဲ့အခါ နေ့လည်စာကို ဒေသစာစစ်စစ်ဖြင့်ဧည့်ခံ​ကျွေး​မွေးပါမယ် ။

* ခရီးစဉ်တစ်လျှောက်လုံးမှာလည်း အဆင်ပြေချောမွေ့စေမည့် အဆင့်မြင့် Tourist Van များဖြင့် ပို့ဆောင်ပေးမှာဖြစ်ပါတယ် ။

ခရီးစဉ်​နေ့ရက် - 16.02.2026 - 19.02.2026
(၃) ညအိပ် ..

လူတဦးစာ - ( ၄ ) သိန်းကျပ်

( ဟိုတယ် ၊ အစားအ​သောက် ၊ ကားခ အပြီးအစိး )

ခရီးစဉ်အ​သေးစိတ်နှင့် စုံစမ်းလိုသည်များအတွက် ….

Page Messenger , Viber ph - 09 963507137 , 09 - 250374448 . 📞

ဘုရားပေါ်တက်တိုင်း တောင်းတဲ့ဆုက…🙏
26/01/2026

ဘုရားပေါ်တက်တိုင်း တောင်းတဲ့ဆုက…🙏

နည်းနည်းပါးပါး သရဲလာခြောက်…3
23/01/2026

နည်းနည်းပါးပါး သရဲလာခြောက်…3

22/01/2026

မကြာခင်မှာ စိတ်ဝင်စားဖို့အရမ်းကောင်းမယ့်အင်းဝမြို့ခရီးစဥ်ရှိပါမယ်..။

အခုလို ဆောင်းရာသီကာလလေးမှာ ကျွန်တော်နဲ့အတူတူ အင်းဝမြို့ဟောင်းကြီးထဲကိုသွားရောက်လည်ပတ်ကြည့်ကြရအောင်..။ မြန်မာ့သမိုင်းရဲ့ အခမ်းနားဆုံး ၊ အတောက်ပဆုံးအချိန်တွေကို ပြန်လည်ကြည့်ရင်း ခရီးလည်းသွား ၊ ဗဟုသုတလည်းရစေဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်..။

မကြာခင်မှာ ခရီးစဥ်အကြောင်းအသေးစိတ်ကြေညာပေးပါမယ်ခင်ဗျာ..။

🙏💙💙

မန္တလေးငလျင်ကြီးလှုပ်အပြီးမှာ မြင်ခဲ့ရတဲ့မြင်ကွင်းတွေ ၊ မိသားစုတွေရဲ့မျက်ရည်တွေ ၊ ဆုံးရူံးမှုတွေကို ကိုယ်တိုင်မြင်တွေ့ခံ...
16/01/2026

မန္တလေးငလျင်ကြီးလှုပ်အပြီးမှာ မြင်ခဲ့ရတဲ့မြင်ကွင်းတွေ ၊ မိသားစုတွေရဲ့မျက်ရည်တွေ ၊ ဆုံးရူံးမှုတွေကို ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ရတဲ့အတွက် ဒီကားကြီးကိုဖန်တီးတဲ့အခါ ၊ သရုပ်ဆောင်တဲ့အခါ ရင်ဘတ်ထဲမှာတကယ့်ကိုဆိုနင့်ခဲ့ရပါတယ်..။ 😣

( အဓိကအားဖြင့် ပြိုကျနေတဲ့တိုက်ကြီးတခုလုံးရဲ့အပျက်အစီးတွေကြားဝင်ရတဲ့အချိန်မျိုးပေါ့…)

အားပေးကြပါအုံးခင်ဗျ …

#မန္တလေးငလျင်

📣ထင်လင်း အဖြစ် #ကိုဟိန်း

🚨 တာဝန်နဲ့ဝတ္တရားကို ကျေပွန်အောင် မပျက်ဆောင်ရွက်‌နေတဲ့ လူငယ်မီးသက်သမားတစ်ဦး... ဘေးအန္တရာယ်‌‌ကြောင့် ထိခိုက်ဒဏ်ရာရ‌‌နေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း သူကိုယ်တိုင်ကရော...

မပြိုလဲနိုင်သော နှလုံးသားများ - Light From Fate (ရုပ်ရှင်ဇာတ်ကားကြီး)

🎬 မကြာမီ ရုံတင်ပြသသွားမည်…
#မပြိုလဲနိုင်သောနှလုံးသားများ






“ ကျွန်​တော်ကပြောပြီးရင် ဖြစ်အောင်လုပ်တယ် …”အတော်တော့ကြာပါပြီ ..။ အင်တာဗျုးတခုမှာ ကိုပြေတီဦး ပြောသွားတဲ့စကားလေး သိပ်ကြို...
02/01/2026

“ ကျွန်​တော်ကပြောပြီးရင် ဖြစ်အောင်လုပ်
တယ် …”

အတော်တော့ကြာပါပြီ ..။ အင်တာဗျုးတခုမှာ ကိုပြေတီဦး ပြောသွားတဲ့စကားလေး သိပ်ကြိုက်တယ်..။ သူကဘာပြောလဲဆိုတော့

“ ကျွန်တော့်ဘဝမှာ ဘယ်တော့မှမပြောပဲမလုပ်ဘူး ၊ ပြောပြီးမှလုပ်တယ်..။ ဒီလမ်းကိုသွားမယ်ဆိုရင် ရအောင်သွားတယ် ၊ ပြောပြီးရင် ရအောင်ကိုလုပ်တယ် “ …။

အဲ့ဒီစကားအတိုင်းပဲ..ကျွန်တော့်ဘဝမှာ ဘယ်အရာကိုမဆို ပြောပြီးရင်ဖြစ်​အောင်
လုပ်ခဲ့တယ် ..။ (၂၀၁၅ ) ခုနှစ် စင်ကာပူကိုစပြီးသွားကတည်းက ဘယ်အချိန်မှာပြန်လာမယ် ၊ ဘာကိုလုပ်မယ်ဆိုတာ ရည်ရွယ်ထားပြီးသား..။ ကျွန်​တော်ပြန်လာတဲ့ (၂၀၂၁)ခုနှစ် (၅)လပိုင်းဆိုတာ ကိုဗစ်ကပ်​ရောဂါ​ရော ၊ နိုင်ငံ​ရေးအ​ခြေအ​နေ​တွေ​ရောနဲ့ စင်ကာပူက​နေ မြန်မာပြည်ကိုပြန်လာတဲ့သူ လက်ချိုး​ရေလို့ရတယ် ..။ ဒါ​ပေမယ့် ပြန်လာမယ်လို့ဆုံးဖြတ်ချက်ချထားပြီးတဲ့အတိုင်း ရ​အောင်ပြန်ချလာခဲ့တာပဲ..။

အဲ့လိုပဲ (၂၀၂၂) ခုနှစ်က​နေ Full Time Vlogging လုပ်မယ်လို့ဆုံးဖြတ်ပြီး လုပ်ခဲ့တာ (၂၀၂၄)အထိပဲ​ဆိုပါ​တော့…။ ပရိသတ် တယောက်ရှိရင် အဲ့ဒီတ​ယောက်အတွက်ရိုက်
မယ်ဆိုပြီး ရိုက်လိုက်တာ ပရိသတ် (၃)သိန်းခွဲ ရတဲ့အထိပဲ..။ ( ဟိုးခရီးအစကတည်းက အား​ပေးခဲ့တဲ့ ပရိသတ်တ​ယောက်ချင်းစီကို ရင်ထဲကနေတကယ့်ကို အများကြီးကျေးဇူးတင်မိပါတယ် ..။ )

နောက်တော့ (၂၀၂၅) ခုနှစ်အစမှာ သူငယ်ချင်းတော်တော်များများ သတိထားမိမယ်ထင်ပါတယ်…ကျွန်တော် “ ရုပ်ရှင်ရိုက်မယ် ၊ သရုပ်ဆောင်လုပ်မယ် “ လို့ရေးခဲ့တယ် ..။ (၂၀၂၅)ခုနှစ်မှာ ရုပ်ရှင်ကားကြီး(၂)ကား ရိုက်ဖြစ်ခဲ့တယ်..၊ ဇာတ်လမ်းတိုနဲ့တခြား အနုပညာအလုပ်​လေး​တွေ ဆက်လုပ်ဖြစ်ခဲ့တယ်..။

အဲ့ဒီကနေတဆင့် ဆရာကြီး ဒါရိုက်တာဦးမျိုးမင်း(ရင်တွင်းဖြစ်) ဆီကနေ အနုပညာဆိုတာဘာလဲ….??? ဘယ်​လောက်အ​သေးစိပ်လည်းဆိုတာကို လက်​တွေ့​ရော စာ​တွေ့ပါမြင်​တွေ့ခွင့်ရခဲ့တယ်..။

အခု (၂၀၂၆) ခုနှစ်မှာ​တော့ ရည်ရွယ်ချက် (၃) ခုပဲထားပါမယ် ..။ အနုပညာလမ်း​ကြောင်း ၊ ကျန်းမာ​ရေး နဲ့ စာအုပ်​လေးတအုပ်​ပေါ့..။

ဘယ်ဟာ​တွေ ဘယ်လောက်အ​ကောင်အထည်​ပေါ်လာမလဲဆိုတာ စောင့်​ကြည့်​ပေးပါအုံး.. ကံ ၊ ဥာဏ် ၊ ဝီရီယ (၃)ပါးမှာ ဥာဏ်နဲ့ဝီရီယ ကို​တော့ အစွမ်းကုန်ကြိုးစားပါမယ်လို့ ကတိ​ပေးရင်း…..

Hello 2026 , I’m coming .❤️



(၂၀၂၆) ခုနှစ် ၊ နှစ်သစ်အစမှာ သဇင်ပန်းတွေနဲ့ဘုရားကပ်ဖို့ဆိုပြီး တကူးတကလက်ဆောင်ပို့ပေးလိုက်တဲ့ မြတ်ပန်းတော်ဝင်သဇင်ခြံက အမက...
31/12/2025

(၂၀၂၆) ခုနှစ် ၊ နှစ်သစ်အစမှာ သဇင်ပန်းတွေနဲ့ဘုရားကပ်ဖို့ဆိုပြီး တကူးတကလက်ဆောင်ပို့ပေးလိုက်တဲ့ မြတ်ပန်းတော်ဝင်သဇင်ခြံက အမကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..။ 🙏🙆‍♂️🙆‍♂️

နှစ်သစ်ကစပြီး စိတ်​ရောကိုယ်​ရော
အေးချမ်း​ပျော်ရွင်ပါ​စေ …။မြတ်ပန်း
တော်ဝင် သဇင်ပန်းခြံကြီးလည်း အများကြီးအောင်မြင်ပါစေခင်ဗျာ…❤️

#မြတ်ပန်းတော်ဝင်သဇင်ခြံ

ရန်ကုန် နေပြည်တော်သွားတောလား…ရန်ကုန်ဘူတာကြီးကို မနက်စောစော (၅: ၄၅ ) လောက်ရောက်ခဲ့တယ် ..။ DEMU အထူးရထားက (၆)နာရီခွဲလောက်မ...
30/12/2025

ရန်ကုန် နေပြည်တော်သွားတောလား…

ရန်ကုန်ဘူတာကြီးကို မနက်စောစော (၅: ၄၅ ) လောက်ရောက်ခဲ့တယ် ..။ DEMU အထူးရထားက (၆)နာရီခွဲလောက်မှ ထွက်မှာဆိုတော့ ဘူတာကြီးထဲမှာခဏထိုင်ရင်း ပတ်ဝန်းကျင်ကိုလေ့လာမိပါတယ် …။ဟိုအရင်လိုမျိုးမဟုတ်တော့ပဲ ကြေညာထားတဲ့ LED board တွေ ၊ အဲကွန်းရထားအသစ်တွေနဲ့ အတော်လေးသပ်သပ်ရပ်ရပ်ရှိနေတာကိုမြင်တွေ့ရတယ် ..။ ဒီနေ့က ခရစ်စမတ် ရုံးပိတ်ရက်နေ့ဖြစ်တာမို့ ပုံမှန်ထက်ပိုပြီးခရီးသည်တွေများနေသလို မနက်(၆) နာရီခွဲ အထူးရထားပါ ပြေးဆွဲပေးနေတာလို့ ရထားပေါ်ရောက်မှ ရထားထိန်း(လက်ထောက်ကြီးကြပ်ရေးမှူး ) ကိုကျော်ဆွေ ကပြောပြလို့သိရတယ် ။

ဒီလိုနဲ့ (၆:၃၀) အထူးရထားဆိုက်ကပ်လာချိန်မှာ​တော့ ကျွန်​တော်တို့အဖွဲ့လည်းရထား​ပေါ်က ကိုယ့်ထိုင်ခုံ​လေး​တွေဆီ​နေရာယူခဲ့တာ​ပေါ့ ။ ကျွန်​တော့်ထိုင်ခုံရဲ့​ရှေ့တည့်တည့်မှာ ရထား​ခေါင်းတွဲရှိပြီး ရထားထိန်း (လက်​ထောက်ကြီးကြပ်​ရေးမှူး ) ကို​ကျော်​ဆွေဆိုတဲ့ဝန်ထမ်းတဦးထိုင်​နေပါတယ် ။ သူ့ရဲ့ပုံက အရပ်အ​မောင်း​ကောင်း​ကောင်းနဲ့ မျက်နှာကလည်း ချိုတယ် ။ မျက်လုံး​တွေမှာလည်း ဖော်​ရွှေမှု ၊ ပွင့်လင်းမှု​တွေအပြည့်ပါပဲ ။
( သူ့ကိုမြင်ရ​တော့ ကျွန်​တော့်ရဲ့မိတ်​ဆွေ ရှေးသုဌာနက ကို​ကျော်မျိုးဝင်းနဲ့ အ​တော့်ကိုရုပ်ချင်းဆင်တာမို့ ညီအကိုများ​တော်​နေမလားလို့​တောင်​တွေးမိတယ် ။ )

သူကလည်း ကျွန်​တော့်ကိုမြင်မြင်ချင်း ပြုံးပြတာမို့ ပြန်ပြီးပြုံးပြနူတ်ဆက်ရင်း ချက်ခြင်းပဲအဖွဲ့ကျသွားပါ​တော့တယ် ။ ဒီ​နေရာမှာ အဓိက​ပြောချင်တာက ခရီးသွားခြင်းရဲ့အနှစ်သာရပါပဲ..။ ခရီးသွားတဲ့အခါ မိတ်​ဆွေအသစ်​တွေတိုးတာ ၊ ကိုယိမသိ​သေးတဲ့အ​ကြောင်းအရာ ဗဟုသုတ​တွေ မြင်ရကြားရတာဟာ ခရီးထွက်ခြင်းက​နေရရှိလာတဲ့ ဒေသန္ထရဗဟုသုတ​တွေ ၊ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ် ။

ဒီလိုနဲ့ ရန်ကုန်ဘူတာကြီးကနေ ရထားစထွက်လာတဲ့အခါ တအောင့်ကြာတော့ ကို​ကျော်​ဆွေက စကားလှမ်းပြောတယ် ။

ကိုကျော်ဆွေ ။ ။ ဟိုအရင်တုန်းကဆို ရထား​ပေါ်မှာပဲ အိပ်ရစားရတာဗျို့…ကိုဗစ်ကာလတုန်းက​ပေါ့…။ အခု​တော့ ရန်ကုန်​နေပြည်​တော်သွားလိုက် ၊ တခြားနယ်​တွေ မြို့ကြီး​တွေ​ရောက်ဖြစ်လိုက်ပါပဲ ။

ကျွန်​တော် ။ ။ ဟုတ်လား ၊ အရင်တုန်းကဆို ရထား​တွေက ဒီ​လောက်စီးရတာ အဆင်မ​ပြေဘူး​နော်… အခုဆို အဲကွန်းလေးနဲ့​အေးစိမ့်ပြီးမောင်းတဲ့အရှိန်ကလည်းအ​တော်မြန်လာတယ် ။

ကို​ကျော်​ဆွေ ။ ။ ဟုတ်တယ်ဗျ…ခုရထားနဲ့ ရန်ကုန်က​နေ ပဲခူးကို (၁)နာရီအတိပဲကြာတယ် ။

ကျွန်တော် ။ ။ ဟုတ်လား… ဒီလိုရထားခရီးစဉ်တွေသာ ရန်ကုန်မြို့တခုလုံးကိုပတ်ပြီးပြေးဆွဲပေးနိုင်ရင် ရန်ကုန်မြို့ထဲက ကားကြပ်တာတွေ ၊ လိုင်းကားအကြာကြီးစောင့်ရလို့ ဒုက္ခများတာတွေ အတော်သက်သာသွားမှာနော်..။ ကျွန်တော်တို့နဲ့အနီးဆုံး အိမ်နီးချင်းထိုင်းနိုင်ငံက ဘန်ကောက်မြို့မှာလို မြေအောက်ရထားလိုင်းတွေ ၊ မိုးပျံရထားလိုင်းတွေနဲ့ဆိုရင် အတော်ကောင်းမှာပဲဗျာ..။

ကိုကျော်ဆွေ ။ ။ ဖြည်းဖြည်းချင်းတော့ ဖြစ်လာမှာပါဗျာ ၊ စီမံကိန်းတွေတော့ လုပ်နေကြတာရှိပါတယ်…။

ဒီလိုနဲ့ ကျွန်​တော်တို့လည်း သူ့ရဲ့ငယ်ဘဝကာလတွေအကြောင်း ၊ မီးရထားဝန်ထမ်းငယ်ဘဝအကြောင်းတွေနဲ့ ရောက်တတ်ရာရာအကြောင်းတွေ ပြောကြဆိုကြရင်းနဲ့ ရထားကြီးတငြိမ်ငြိမ့်စီးလာခဲ့ကြပါတယ် ။အမှန်တကယ်ပဲ သူပြောသလို မနက်(၆)နာရီခွဲ ရန်ကုန်ဘူတာကနေ စထွက်လာခဲ့တဲ့ကျွန်တော်တို့ရထားဟာ တစ်နာရီတိတိအကြာမှာတော့ ပဲခူးဘူတာကိုရောက်ခဲ့ပါတော့တယ် ။
အဲ့ဒီကနေတဆင့် အထူးရထားကြီးဟာတောင်ငူဘူတာကိုထပ်မံထွက်ခွါလာခဲ့ပါတယ် ။ လမ်းဘေးဝဲယာမှာလဲ စပါးခင်း ၊ ပဲခင်းတွေနဲ့ ကြံစိုက်ခင်းတွေဟာ မျက်စိတဆုံးမြင်တွေ့နေရပါတယ် ။ဟိုးအရင် မြန်မာ့မီးရထားခရီးစဉ်တွေစီးနင်းတုန်းကလို ဒေသထွက်မုန့်လေးတွေ ရထားပြတင်းပေါက်နားကနေလာရောင်းတာမျိုး ၊ ရေအိုးလေးတွေရွက်ပြီး လှည့်ရောင်းတာမျိုးတွေမမြင်ခဲ့ရပါဘူး ။ အဲ့ဒီအစားရထားပေါ်မှာ မီးရထားဝန်ထမ်းအမျိုးသမီးလေးတွေ ယူနီဖောင်းဝတ်စုံဆင်တူလေးတွေနဲ့ တွန်းလှည်းလေးတွန်းကာ စားသောက်စရာ မုန့် ၊ ကော်ဖီ ၊ အချိုရည် လိုက်လံရောင်းချပေးပါတယ် ..။ သူတို့ကိုကြည့်ရတာ လေယာဉ်ပေါ်ကလေယာဉ်မယ်လေးတွေပုံစံအတိုင်းဆိုတော့ ရထားမယ်လေးတွေလို့ပဲ ခေါ်ရမလားမသိတော့ပါဘူး…။

ဒီလိုနဲ့နေ့လည်(၁၂)နာရီ မထိုးခင်အချိန်လေးမှာတော့ ကျွန်တော်တို့စီးနင်းလာတဲ့ရထားကြီးဟာ ပျဉ်းမနားဘူတာကြီးကိုဆိုက်ရောက်ခဲ့ပြီး ကျွန်တော်တို့အဖွဲ့လည်း အဲ့ဒီနေရာကနေပဲဆင်းသက်လိုက်ပါတော့တယ် ။ရထားနဲ့ခရီးသွားရတာ သဘောကျတာကြောင့် ရန်ကုန်အပြန်ကိုလည်း အဲကွန်းရထားနဲ့သာပြန်လာဖြစ်ခဲ့ပါတယ် ။

ဒီတခေါက်ရထားစီးရင်းနဲ့ လမ်းခရီးတလျောက်မှာပိုပြီး တိုးတက်ပြောင်းလဲလာတဲ့ မီးရထားလိုင်းတွေ ၊ ခရီးစဉ်တွေသာမက ရထားအသစ်တွေ ၊ စည်းကမ်းအသစ်တွေနဲ့အံဝင်ခွင်မကျနိုင်သေးတဲ့ ခရီးသည်တချို့ကိုပါမြင်တွေ့ခဲ့ရပါတယ် ။ ဥပမာ ရန်ကုန်အပြန်ခရီး ရထားပေါ်မှာ အဲကွန်းရထားပြတင်းပေါက်ကြီးတွေကိုဖွင့်စီးကြတာ ၊ ဘေးနားကမိသားစုက ထမင်းချိုင့်တွေဖွင့်ပြီးစားတဲ့အခါ ငပိ ၊ ငါးခြောက်နံတွေ နံစော်ကုန်တာကတော့ စိတ်ညစ်စရာကောင်းပါတယ် ။ တချို့ခရီးသည်တွေလည်း တပါးသူကိုအနှောင့်အယှက်မဖြစ်စေပဲကောင်းကောင်းမွန်မွန်စီးနင်းကြတာမြင်ရပါတယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မြန်မာ့မီးရထားခရီးစဉ်ဟာ ဟိုအရင်ထက်တိုးတက်ကောင်းမွန်လာပြီး ဒီလိုရထားအသစ်ကြီးတွေခရီးစဉ်အသစ်တွေ ရေရှည်တည်တံပြေးဆွဲနိုင်ဖို့ တာဝန်ရှိသူတွေကလည်း ကြပ်မတ်ဆောင်ရွက်ပေးပြီး ခရီးသည်တွေကလည်း စည်းကမ်းတွေကို လိုက်နာကူညီကြရန်လိုအပ်ပါကြောင်း အမှတ်တရခရီးသွားဆောင်းပါးအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။

#

26/12/2025

သစ်ရိပ်ဝါးရိပ်ကောင်းချက်ပဲ….🐘

၂၀၂၅ ခုနှစ်မတ်လတုန်းက ဖြစ်ခဲ့တဲ့ငလျင်ကြီးမှာ ကိုယ်တတ်နိုင်သလောက်သူငယ်ချင်းတွေနဲ့ပေါင်းပြီး အစားအစာနဲ့ဆေးဝါးထောက်ပံရေးလုပ...
20/12/2025

၂၀၂၅ ခုနှစ်မတ်လတုန်းက ဖြစ်ခဲ့တဲ့ငလျင်ကြီးမှာ ကိုယ်တတ်နိုင်သလောက်
သူငယ်ချင်းတွေနဲ့ပေါင်းပြီး အစားအစာနဲ့ဆေးဝါးထောက်ပံရေးလုပ်ဆောင်ခဲ့ပေမယ့် တကယ့်မြေပြင်မှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်နေခဲ့တဲ့ သူရဲကောင်း ၊ အဖွဲ့အစည်းများစွာရှိခဲ့ပါတယ် ။ အဲ့ဒီတုန်းက မြင်တွေ့အားကျခဲ့ရတဲ့ သူရဲကောင်းတွေနေရာကို အခုရုပ်ရှင်မှာတော့ ဝင်ရောက်ခံစားပြီးသရုပ်ဆောင်ခဲ့ပါပြီ ..။ 💪💪

#မပြိုလဲနိုင်သောနှလုံးသားများ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KoHein Vlogsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง KoHein Vlogs:

แชร์