
22/12/2022
ဖက်ဒရယ် အာမီ
****************
နွေဦးတော်လှန်ရေးရဲ့ အကျိုးကျေးဇူးဟာ ဖက်ဒရယ်အာမီ စစ်စစ်ကို ဖွဲ့စည်းတည်ဆောက်ပေးလိုက်ခြင်းဖြစ်သည်။ တိုင်းရင်းသားအဖွဲ့အစည်းတွေနှင့် ဒေသခံတော်လှန်ရေးသမားတွေ စစ်ရေးဖလှယ်တည်ဆောက်ခွင့်ရလိုက်ခြင်းဟာ ဖက်ဒရယ်ရဲ့ အခြေခံအုတ်မြတ်တခုဖြစ်သည်။
စစ်တပ် တပ်မတော်ဆိုသည့် အသုံးအနှုန်းနှင့် အဖွဲ့အစည်းဟာ မရှိတော့ပြီဖြစ်သည်။ ပြည်ပကျူးကျော်စစ်ကို ဖက်ဒရယ်အာမီကသာ အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ ယနေ့ ယူကရိမ်းလို ပြည်ပကျူးကျော်စစ်သည် မြန်မာနိုင်ငံတွင်လည်း အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် ဖက်ဒရယ်အာမီ သည်သာ ပြည်ပကျူးကျော်စစ်ကို အကာအကွယ်ပေးနိုင်ဆုံးဖြစ်သည်။ ပြည်သူအားလုံး စစ်ပညာတတ်မြောက်ရန်လည်း ဖက်ဒရယ် အာမီမှ အကူအညီပေးနိုင်မည်ဖြစ်သည်။
ပြည်နယ်ကတိုင်းရင်းသားတွေဟာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မူတွေကြောင့် လက်နတ်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအဖြစ် ကမ္ဘာအသိရပ်တည်နေရခြင်းဖြစ်သည်။ယခုအခါ တိုင်းဒေသကြီးအသီသီးက လူငယ် လူရွယ်တွေဟာလည်း အာဏာရှင်စနစ် ဖိနှိပ်မူတွေကြောင့် PDF အသွင်ဖြင့် အာဏာရှင်တော်လှန်ရေးဆင်နွဲလာကြသည်။
EAOs နှင့် PDF အခြေခံမူအားဖြင့် အာဏာရှင်စနစ် ဖိနှိပ်မူကို မလိုလားသူများဖြစ်သည်။ ထို့ကြောင့် တိုင်းနှင့် ပြည်နယ်အလိုက် ဖက်ဒရယ် အာမီကို တည်ထောင် နေကြခြင်းဖြစ်သည်။
ဖက်ဒရယ် နိုင်ငံတခုရဲ့ အဓိက ရည်ရွယ်ချက်မှာ တိုင်းနှင့်ပြည်နယ်အလိုက်လွတ်လပ်စွာ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးပင်ဖြစ်သည်။ ထိုမှတဆင့် စီးပွါးရေး လူမူရေး ကျမ်းမာရေး ပညာရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ယနေ့နွေဦးတော်လှန်ရေးရဲ့ အဓိက အားသာချက်ဟာ ဖက်ဒရယ်အာမီအစစ်အမှန်ကို ဖွဲ့စည်းခွင့်ရလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းနှင့်ပြည်နယ်အလိုက် အမည်နာမတွေ အမျိုးမျိုးကွဲနေပါစေ မိမိတိုင်း မိမိပြည်နယ် ဖက်ဒရယ် အာမီအဖြစ်ပြန်လည်ပေါင်းစည်းရမည်ကို သိရှိထားရပါမည်။ ဥပမာ ကရင်ပြည်နယ်တွင် ကရင်လူမျိုးအတွက် KNU DKBA BGF စသည်ဖြင့် အသင်းအဖွဲ့ ပေါင်းစုံရှိသည်။ တနေ့ ကရင်ပြည်နယ် ဖက်ဒရယ်အာမီ အဖြစ် ပြောင်းလဲ ဖွဲ့စည်း ပြီး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အတူ တိုင်းဒေသကြီးရှိ PDF အဖွဲ့များသည်လည်း မိမိတိုင်းဒေသကြီးအတွက် ဖက်ဒရယ် အာမီ အဖြစ် ပေါင်းစည်း ဖွဲ့စည်းရမည်ဖြစ်သည်။ ထို့ကြောင့် PDF အဖွဲ့များအနေဖြင့် တိုင်းဒေသကြီး ဖက်ဒရယ်အာမီ တည်ထောင်နိုင်သည်အထိ စုစည်းမူတည်ဆောက်မူကို အလေးထား လုပ်ဆောင်သင့်ပါသည်။
တိုင်းရင်းသားအဖွဲ့အစည်းတွေ ကြာရှည်ရပ်တည်နေထိုင်မူဟာ စုပေါင်း ဖွဲ့စည်းနိုင်မူကြောင့်ဖြစ်သည်ကို အတုယူရမည်ဖြစ်ပါသည်။NUGအနေဖြင့် မဟာမိတ်တွေဖွဲ့စည်းပေးထားခြင်းမှာလည်း အင်အားတောင့်တင်းသော ဖက်ဒရယ်အာမီ ဖြစ်ပေါ်စေရန်ဖြစ်သည်။
ယနေ့ နွေဦးတော်လှန်ရေးအရ ဖြစ်ပေါ်လာသော တော်လှန်ရေး အင်အားစုများသည် နောင်တချိန် တိုင်းနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသော ဖက်ဒရယ်အာမီ ဖြစ်ပေါ်လာမည်ကို သတိချပ်ရပါမည်။ ထို့ကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူတိုင်းသည် မိမိတိုင်းအလိုက် ပြည်နယ်အလိုက် ဖြစ်ပေါ်လာမည့် ဖက်ဒရယ် အာမီကို အကူအညီ အထောက်အပံ့ပေးရမည်ဖြစ်သည်။
အာဏာရှင်ဟာ ဖက်ဒရယ်စနစ်ကို မလိုလားသူဖြစ်သည်။ တိုင်းနှင့်ပြည်နယ်အလိုက် ဖက်ဒရယ်အာမီ ဖြစ်ပေါ်လာမည်ကို မလိုလားခြင်းဖြစ်သည်။ အာဏာရှင်ပေးသော ဖက်ဒရယ်စနစ်သည်လည်း အတုအယောင်ပင်ဖြစ်သည်။
ပြည်ပကျူးကျော်စစ်ကိုကြိုတင်ပြင်ဆင်ထားရန် ပြည်နယ်နှင့် တိုင်းအသီသီး ဖက်ဒရယ်အာမီ တည်ထောင်ထားရန် အထူးလိုအပ်ပါသည်။ ဖက်ဒရယ် အာမီကြောင့် အာဏာသိမ်းမူကိုမဖြစ်ပေါ်စေရန် တွန်းအားတခု ဖြစ်သည်။
ထို့ကြောင့် နွေဦးတော်လှန်ရေဟာ ဖက်ဒရယ်နိုင်ငံသစ်ကြီးဖြစ်ပေါ်စေရန် အခွင့်အလမ်းကောင်းတခုဖြစ်သည်။ထို့အတူ ဖက်ဒရယ်အာမီ တည်ထောင်ပြီးသား လည်းဖြစ်သည်။ လက်ရှိ နွေဦးတော်လှန်ရေးဟာ အာဏာရှင်ကို အမြစ်ဖြတ်ပေးနိုင်ဆုံးကလည်း တိုင်းနှင့်ပြည်နယ်အလိုက် ဖက်ဒရယ်အာမီ ဖွဲ့စည်းနိုင်ခြင်းပင်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။