BBM TV+ Breaking Brainwashed Media ရဲ့ Channel ခွဲတစ်ခုဖြစ်ပါတယ်။

ဗန်းမော်မြို့(၃)မိုင်လမ်းဆုံအနီး တိုက်ပွဲမှာ စစ်ကောင်စီ(၂)ဦးသေဆုံးပြီးလက်နက်(၂)လက်ရ ရှိ🟥နေ့စဥ်တိုက်ပွဲပြင်းထန်ပြီKIA တပ...
15/10/2025

ဗန်းမော်မြို့(၃)မိုင်လမ်းဆုံအနီး တိုက်ပွဲမှာ စစ်ကောင်စီ(၂)ဦးသေဆုံးပြီးလက်နက်(၂)လက်ရ ရှိ

🟥နေ့စဥ်တိုက်ပွဲပြင်းထန်ပြီKIA တပ်မဟာ(၃)၊(၁၁)တာဝန်ယူထားတဲ့နေရာတို့မှ စခန်းကုန်းအချို့ပြန်ရရှိ

BBM-အောက်တိုဘာ၁၄
သတင်း-မင်းသော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ (၃)မိုင်လမ်းဆုံအနီး စစ်ကောင်စီစစ်ကြောင်းတွေနဲ့တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီဘက်က(၂)ယောက်သေကာ လက်နက်(၂)လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ သြဂုတ်လမှစတင်ကာ ဂေါဝိန်ဆိပ်ကမ်းမှတဆင့် ဗန်းမော်မြို့ကို လူ၊လက်နက်အင်အားဖြည့်တင်းပြီးတဲ့နောက် ခံစစ်အနေအထားမှ ထိုးစစ်ပုံစံပြောင်းလာပြီးတော်လှန်ရေးအင်အားစုတွေရှိရာနေရာကို ထိုးစစ်ဆင်မှုတွေပိုမိုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ (၁၀)ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာမှုကြောင့် KIAတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတို့ကြား ဗန်းမော်မြို့(၃)မိုင်လမ်းဆုံရှိ အောင်ပင်လယ်KTV အနီးအနားမှာ ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စကစ (၂)ယောက်သေဆုံးသွားခဲ့သလို ဒဏ်ရာရရှိသူအမြောက်အများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွါးရာ အဆိုပါ(၃)မိုင်လမ်းဆုံအနီးမှ ပြန်လည်ဆုတ်ခွါသွားခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းရေးလုပ်ရာမှာ စကစအလောင်း(၁)လောင်းနဲ့လက်နက်(၂)လက်ကို ရရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"ဟိုရက်ကတော့ (၃)မိုင်လမ်းဆုံ အောင်ပင်လယ် KTV လမ်းဆုံနားမှာ ခွေးမသာ(စစ်သား) အလောင်း (၂) ကောင်၊ (၁)ကောင်ကတော့ သူတို့ဆွဲသွားတယ်၊ MA-1တစ်လက်ရယ်၊ MA-3တစ်လက်ရယ် ရလိုက်တယ်"

ဒါ့အပြင် ဗန်းမော်မြို့တွင်း(၃)မိုင်ပတ်ချာလည်မှာသာမက အခြားသော စစ်မျက်နှာတွေမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းတိုးတာတွေပြုလုပ်နေတာကြောင့် နေ့စဥ်တိုက်ပွဲဖြစ်ပွါးလျက်ရှိတယ်လို့ သိရပါတယ်။

ဒါတင်မက KIAရဲ့ တပ်မဟာ(၁၁)နဲ့ တပ်မဟာ(၃)မှ တပ်ဖွဲ့တွေ တာဝန်ယူထားတဲ့ ဗန်းမော်ရှေ့တန်းစစ်မျက်နှာမှ လက်လွှတ်ထားရတဲ့ ကာကင်းစခန်းအချို့ကိုလည်း KIAမှ ဒီရက်ထဲမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာတွေရှိတယ်လို့လည်းအဆိုပါတော်လှန်ရေးသတင်းရင်းမြစ်မှ BBM ကိုဆက်ပြောပါတယ်။

"တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်တယ်၊
ဗန်းမော် စစ်မျက်နှာဘက်က တပ်မဟာ၁၁ တပ်မဟာ၃၊ တာဝန်ယူထားတဲ့ဘက်က၊ ကာကင်းတွေပြန်ရတယ်ဆိုတာလည်း ဟုတ်တယ်၊ ဟုတ်တယ်၊ "

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်သလို မြောက်ပိုင်းတိုင်းအခြေစိုက်ရာမြစ်ကြီးနားမြို့တို့ကိုသာမက မိုးကောင်း၊မိုးညှင်းကိုပါဆက်သွယ်တဲ့လမ်းမကြီးပေါ်မှာရှိနေတာကြောင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအရေးကြီးတဲ့မြို့ပဲဖြစ်ပါတယ်။

ဒါကြောင့် KIA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေက ဗန်းမော်မြို့ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း မြို့မကျစေရေးအတွက် ရေကြောင်း၊လေကြောင်းတွေကပါ စစ်ကူအင်အားဖြည့်တင်းပြီးခုခံကာကွယ်နေတယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း

15/10/2025

နတ်ရေကန်ဗျူဟာရေဒါစခန်းကိုAAသိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကောင်စီတပ်ကကာကင်းစခန်းတွေ ပြင်ဆင်
BBM ညနေခင်းသတင်းအစီအစဉ် (၁၅-၁၀-၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကောင်စီတပ်က ခံစစ်ပုံစံနဲ့ ကာကင်းစခန်းတွေဆောက်လုပ် ပြင်ဆင်နေတယ်လို့ ငဖဲမြို့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

+

မြန်မာကျားဖြန့်လုပ်ငန်းများမှာ  Starlinkသုံးစွဲနေမှု အမေရိကန်လွှတ်တော်စစ်ဆေးမည်BBM အောက်တိုဘာလ ၁၅သတင်း ဦးထွန်း အမေရိကန်...
15/10/2025

မြန်မာကျားဖြန့်လုပ်ငန်းများမှာ Starlinkသုံးစွဲနေမှု အမေရိကန်လွှတ်တော်စစ်ဆေးမည်

BBM အောက်တိုဘာလ ၁၅
သတင်း ဦးထွန်း

အမေရိကန်လွှတ်တော်က အင်အားကြီးပါတီနှစ်ခုလုံးပါဝင်နေတဲ့ကော်မတီဟာ မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စင်တာတွေမှာ အီလွန်မက်ရဲ့Starlink အင်တာနက်ကို အဓိကထားသုံးစွဲနေတာနဲ့ ပတ်သတ်ပြီး Starlink ပိုင်ရှင် Space X ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု စတင်တော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၅ ဖေဖော်ဝါရီလကစတင်ပြီး ထိုင်းနိုင်ငံဘက်က အင်တာနတ်လိုင်းတွေ ဖြက်တောက်လိုက်ချိန်မှာ ကရင်ပြည်နယ်နယ်စပ်တလျှောက်က ကျားဖြန့်စင်တာတွေရဲ့ အမိုးတွေပေါ်မှာ Starlink စလောင်းအများအပြား စတင်ရောက်ရှိလာပါတော့မယ်။ အစောပိုင်းက ထိုင်းရဲ့ဖြတ်တောက်မှုတွေက အလုပ်ဖြစ်မယ်ထင်ခဲ့ရပေမယ့် စတားလင့်စလောင်းတွေကြောင့် ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေခဲ့ပါတယ်။ အဆိုပါအခြေအနေဟာ အမေရိကန်လွှတ်တော်ကို ပါဝင်လုပ်ကိုင်လာစေဖို့ တွန်းအားတရပ်ဖြစ်လာခဲ့ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ အင်တာနတ်ဖြတ်တောက်မှုခံစားနေရချိန်မှာ စတားလင့်ဟာ အရေးပေါ်ထွက်ပေါက်တခုဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စတားလင့်ဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံး အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတခု ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျားဖြန့်စင်တာများပိတ်သိမ်းရန် ဖိအားပေးမှုများအပြီးမှာ နယ်စပ်တလျှောက်က အဆောက်အအုံတွေရဲ့အမိုးတွေပေါ်မှာ Starlink စက်တွေ များပြားလာတာကို ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့မြင်ခဲ့ကြရပါတယ်။

ဒီလို ကမ္ဘာလုံးဆိုင်ရာလိမ်လည်မှုလုပ်ငန်းတွေမှာ အမေရိကန်က ကုမ္ပဏီတခုပါဝင်နေတာကို အမေရိကန်လွှတ်တော်က ရပ်တန့်ပစ်နိုင်မလားဆိုတာကို မကြာမီသိရှိရတော့မှာပါ။ ဒီလိုသာရပ်တန့်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံတခြားဒေသစစ်မျက်နှာတွေမှာ အသုံးပြုနေတဲ့ Starlink စက်တွေအပေါ်မှာပါ သက်ရောက်မှုရှိလာတော့မှာ ဖြစ်ပါတယ်။

15/10/2025

BBM ရဲ့အောက်တိုဘာလ ၁၅ရက်နေ့ မိုးလေဝသတင်း

အပြည်ပြည်ဆိုင်ရာ မျက်မမြင်များလမ်းလျှောက်တုတ်နေ့ကို ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံတွင်ကျင်းပပြုလုပ်BBM အောက်တိုဘာလ ၁၅သတင...
15/10/2025

အပြည်ပြည်ဆိုင်ရာ မျက်မမြင်များလမ်းလျှောက်တုတ်နေ့ကို ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံတွင်ကျင်းပပြုလုပ်

BBM အောက်တိုဘာလ ၁၅
သတင်း ဦးထွန်း

နှစ်စဉ် အောက်တိုဘာလ (၁၅)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မျက်မမြင်များလမ်းလျှောက်တုတ်နေ့ - International white Cane Day 🦯 ဖြစ်သောကြောင့် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှလည်း
ကျင်းပပြုလုပ်ခဲ့တယ်လို့ MCFB ကထုတ်ပြန်ထားပါတယ်။

ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံမှ ရပ်ကွက်အတွင်း ကျောင်းသား/သူများ၊ ဝန်ထမ်းများနှင့် အတူတကွ လမ်းလျှောက်ခဲ့ပါတယ်လို့ The Myanmar Christian Fellowship of the BlindsMCFB ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လမ်းလျှောက်ပြီးပါဝင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူများကို မုန့်ဟင်းခါး၊အချိုရည်ဗူးတို့​ဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ MCFB

ဟားခါးမြို့၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို လေကြောင်းမှဗုံးကြဲမှုနဲ့ပတ်သတ်ပြီး CDF-Hakha ပြင်းထန်စွာ ရှုတ်ချBBM-အောက်တိုဘ...
15/10/2025

ဟားခါးမြို့၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို လေကြောင်းမှဗုံးကြဲမှုနဲ့ပတ်သတ်ပြီး CDF-Hakha ပြင်းထန်စွာ ရှုတ်ချ

BBM-အောက်တိုဘာ၁၅
သတင်း-မင်းသော်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရွာသူရွာသားတွေနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ CDF-Hakha ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ရက်နေ့ မနက်ပိုင်းက
ကျောင်းသား၊ကျောင်းသူတွေ စာသင်ကြားနတဲ့ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၈နှစ်အရွယ် ကျောင်းသားတစ်ဦးနဲ့ အသက် ၁၂နှစ်အရွယ် ကျောင်းသူတစ်ဦးတို့ သေဆုံးခဲ့ရပြီး ၂၁ဦးဒဏ်ရာရကာ ၎င်းတို့ထဲမှ ၂ဦးကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဗန်ဟားကျေးရွာဟာ CDF-Hakha ရဲ့ တပ်စခန်းမဟုတ်တဲ့အပြင် အရပ်သား ကလေးတွေ စာသင်နေတဲ့ကျောင်းဖြစ်တာမို့ ယခုရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ နိုင်ငံတကာ ဥပဒေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ နိယာမတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စစ်
ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့လည်း CDF-Hakha မှဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမတိုင်မှီအရပ်သားတွေကို တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲသတ်ဖြတ်နေခြင်းဟာ တရားမဝင်ရွေးကောက်ပွဲဖြစ်တာကို ပြသနေတာကြောင့် အဆိုပါ ရွေးကောက်ပွဲမှာ ဘယ်သူမှ မပါဝင်ကြဖို့နဲ့ ပါဝင်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့လည်း သိရပါတယ်။

စစ်တပ်အနေနဲ့ အရပ်သားများ၊ ပြည်သူ့အဆောက်အအုံများ၊ ကျောင်းများ၊ဆေးရုံများနဲဘာသာရေးအဆောက်အအုံများကိုကာကွယ်ရမဲ့အစား တိုက်ခိုက်နေတဲ့လုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန်လိုပြီး ဒီလိုလုပ်ဆောင်နေသူအားလုံးကို တာဝန်ယူမူတာဝန်ခံမှုရှိအောင်လည်း နိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့အစည်းတွေက ဖိအားပေးဖို့လိုတယ်လို့ CDF-Hakha မှဆိုထားပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်လည်အပ်နှင်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းနိုင်တဲ့အထိ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ CDF-Hakha ကထုတ်ပြန်ထားပါတယ်။

ပုံစာ - ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် ကလေး ၂ဦး

သီပေါကို ဦးတည်နေတဲ့ စစ်ကောင်စီစစ်ကြောင်း လေကြောင်းပစ်ကူနဲ့ မြို့အဝင် မုဒ်ဝနားထိ ရောက်လာBBM-အောက်တိုဘာ ၁၅သတင်း-PJရှမ်းပြည...
15/10/2025

သီပေါကို ဦးတည်နေတဲ့ စစ်ကောင်စီစစ်ကြောင်း လေကြောင်းပစ်ကူနဲ့ မြို့အဝင် မုဒ်ဝနားထိ ရောက်လာ

BBM-အောက်တိုဘာ ၁၅
သတင်း-PJ

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ရာ သီပေါကို ဦးတည်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက လေကြောင်းပစ်ကူနဲ့ မြို့အဝင် မုဒ်ဝနားထိ ရောက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ညနေ သီပေါက လာတဲ့သူတွေက စစ်ကောင်စီ စစ်ကြောင်းက သီပေါ မုဒ်ဦး နားရောက်ပြီလို့ ပြောတယ်” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတွေက အောက်တိုဘာလ ၁၄ ရက် ညနေပိုင်း လေကြောင်း ဗုံးကြဲတာက လူထိတာမထိတာထက် တော်လှန်ရေး တပ်ဖွဲ့တွေ တစ်နေရာထဲ စုသွားမှ သိမ်းကြုံးပြီး တိုက်မယ့် သဘောလို့ ယူဆပြီး ခြိမ်းခြောက်ပြီး တစ်နေရာထဲ စုအောင် လုပ်တဲ့ သဘောလို့ မြင်တယ်လို့ သူက ပြောပါတယ်။

“သီပေါ မြို့ပြင် တိုးဂိတ် နားကနေ ဘော်ကြိုနားထိ လမ်းမ တလျှောက်က ရွာတွေကို ဆက်တိုက် ဗုံးကြဲသွားတယ်။ ရွာခံတွေကတော့ တိမ်းရှောင်ထားကြတယ်။ လူထိတာတော့ မကြားဘူး” လို့ သီပေါ ဒေသခံ အမျိုးသား တစ်ားက ပြောပါတယ်။

သီပေါမြို့ပြင် နဲ့ ဘော်ကြိုရွာကြားရှိ လမ်းမပေါ်ရှိ ခါလိမ်၊ မန်ဟဲ၊ ဂေါ်ဒန်၊ နမ့်ဟူးနွဲ့ စတဲ့ ရွာ ၄ ရွာထက်မနည်း တောက်လျှောက် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲသွားတယ်လို့ သူက ပြောပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကတော့ ကျောက်မဲမြို့ကို စစ်ကောင်စီတွေ မသိမ်းခင်မှာပဲ သီပေါက ပစ္စည်းတွေ သိမ်းပြီး ရွှေ့ပြောင်းထားလိုက်ပြီ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီတွေက လေကြောင်း ဗုံးကြဲ လမ်းကြောင်းရှင်းပြီး မြေပြင် စစ်ကြောင်းတွေ ပြန်ထိုးတဲ့ အနေအထား ဖြစ်ကြောင်း သီပေါ ဒေသခံ တချို့က ပြောပြပါတယ်။

သီပေါ နဲ့ ကျောက်မဲ မြို့နယ်တွေကို စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ စာရင်းထည့်သွင်းထားပြီး ကျောက်မဲမြို့ကိုတော့ အောက်တိုဘာလ ၁ ရက်နေ့က ပြန်သိမ်းလိုက်ပြီးနောက် သီပေါဘက် ဆက်တိုက်ထိုးစစ်ဆင်နေတာဖြစ်ကာ ၁၀ ရက်ကျော်ကြာ ခန့်မှာတော့ သီပေါမြို့ နဲ့ နီးနီးကပ်ကပ် ရောက်ရှိလာတာကို တွေ့ရပါတယ်။

SSPP/SSA သတင်းနဲ့ ပြန်ကြားရေး ဌာနက အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲ ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်ဟူးနွဲ့ ရွာအနီး စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Photos-Google map

နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို  AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကေ...
15/10/2025

နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကောင်စီတပ်က ကာကင်းစခန်းတွေ ပြင်ဆင်

BBM - အောက်တိုဘာ ၁၅
သတင်း - နိုင်နိုင်

မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်၊ ပဒါန်းတပ်နယ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီးနောက် ကပစ ၁၄ စက်ရုံအနီးမှာ စစ်ကောင်စီတပ်က ခံစစ်ပုံစံနဲ့ ကာကင်းစခန်းတွေဆောက်လုပ် ပြင်ဆင်နေတယ်လို့ ငဖဲမြို့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့အတွက် စစ်ကောင်စီဟာ အင်အားစုဖွဲ့ကာ ပြင်ဆင်နေတဲ့ ရခိုင်ရိုးမနယ်စပ်နဲ့မကွေးတိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက ၉ လအကြာတိုက်ခိုက်ခဲ့ပြီး မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

"နတ်ရေကန်ကုန်းမကြီးက လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်ကစပြီး ခံစစ်ပြိုသွားခဲ့ပါပြီး။ မနေ့ကအပြီးသတ်ရတယ်လို့ ပြောနိုင်ပါတယ်။ နတ်ရေကန် ရေဒါစခန်းကုန်းမကြီးကိုရတာပါ။ နတ်ရေကန်ဗျူဟာကုန်း တစ်ခုလုံးကိုတော့ အပြည့်အဝ ထိန်းချုပ်နိုင်ပြီးလို့တော့ ပြောမရသေးဘူး" လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းရဲ့ ရေဒါစခန်းကုန်းမကြီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ချိန်မှာ ဗျူဟာကုန်းရဲ့ အရာရှိတစ်ချို့နဲ့ တပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

လက်ရှိ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းကို ကပစ ၁၄ စက်ရုံက နေပြီးတော့ စစ်ကောင်စီတပ်ဟာ တောလမ်းအတိုင်းဆင်းလာကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေသလို နတ်ရေကန်ဗျူဟာကုန်းအနီးရှိ နောက်ထပ် စစ်ကောင်စီရဲ့ခံစစ်စခန်းဖြစ်တဲ့ ဘုံးဘောနားအနီးက ခမောက်တောင်ကိုလည်း AA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

အဲဒီ ဘုံးဘောနားအနီးက ခမောက်တောင်စခန်းကိုသာ AA နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်သိမ်းပိုင်နိုင်ပါက နတ်ရေဗျူဟာကုန်းကို အပြည့်အဝထိန်းချုပ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းစခန်းကို သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်တပ်ရဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကပစ ၁၄ စက်ရုံကို စစ်ရေးအရခြိမ်းခြောက်လာနိုင်တော့မှာ ဖြစ်တာကြောင့် စစ်ကောင်စီဟာ ကပစ ၁၄ စက်ရုံအနီးက နေရာတွေမှာ ကာကင်းခန်းတွေ ဆောက်လုပ်နေတယ်လို့လည်း သိရပါတယ်။

ကပစ ၁၄ စက်ရုံနဲ့ ၆ မိုင်အကွာ အမ်း - ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝစစ်ဆေးရေးဂိတ်နဲ့ သာယာကုန်းကျေးရွာအနီးအနားမှာ စစ်ကောင်စီတပ်က ကာကင်းစခန်းအများအပြားတိုးချဲ့ဆောက်လုပ်နေတယ်လို့ ငဖဲမြို့စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"နတ်ရေကန် ဗျူဟာကုန်းကျသွားရင် ကပစ ၁၄ စက်ရုံကို ကာကွယ်ဖို့အတွက် စကစတော့ အမ်း- ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝ စစ်ဆေးဂိတ်နဲ့ သာယာကုန်းကျေးရွာအနီးတဝိုက်တွေမှာ ကာကင်းစခန်းတွေ ဆောက်လုပ် ပြင်ဆင်နေပါတယ်။ အဲဒီကာကင်းစခန်းတွေကိုလည်း ပဒါန်းတပ်နယ်က တပ်ရင်းတွေက စစ်အင်အားတွေ ဖြည့်တင်းနေတာပါ" လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပဒါန်းတပ်နယ််မှာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတို့ရှိပြီး နတ်ရေကန်ဗျူဟာကုန်းနဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာ တည်ရှိနေကာ အဆိုပါတပ်ရင်းတွေကနေ လက်ရှိပြင်ဆင်ထားတဲ့စခန်းတွေကို စစ်အင်အားတွေ ဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစ စက်ရုံ ၁၅ ရုံ ရှိနေတာဖြစ်ပြီး အထက်မင်းလှမြို့နယ်မှာ ၃ ရုံ၊ ဆင်ပေါင်ဝဲ မြို့နယ်မှာ ၁ ရုံ၊ သရက်မြို့နယ်မှာ ၁ ရုံ၊ ပွင့်ဖြူမြို့နယ်မှာ ၁ ရုံ၊ အောင်လံမြို့နယ်မှာ ၂ ရုံ၊ တောင်တွင်းကြီးမြို့နယ်မှာ ၁ ရုံ၊ စေတုတ္တရာမြို့နယ်မှာ ၁ ရုံ၊ ဆိတ်ဖြူမြို့နယ်မှာ ၂ ရုံ၊ ကျော၊ ပေါက်၊ လောင်းရှည်မြို့နယ်တွေမှာ ၁ ရုံစီ ရှိနေကြတာလည်း ဖြစ်ပါတယ်။

အမ်း - ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော် AA ၊ ချင်းကာကွယ်ရေးတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းတွေ၊ ၊ ကျောင်းသားလက်ရုံး တပ်တော် (SAF) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တို့က ထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

15/10/2025

ရေးမြို့နယ်မှာ စကစတပ်တွေကို ၃ ရက်ဆက်တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီး ၁ ဦးအပါ စကစတပ်သား ၁၂ ဦး သေဆုံး

BBM-အောက်တိုဘာ၁၅
သတင်း-ခက်ဆစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၃ ရက်တာတိုက်ခိုက်မှုတွေအတွင်း ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဒီနေ့ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်၊ မနက် ၇ နာရီခန့်မှာ ကနင်က‌မော့ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကြားစစ်ဆင်ရေး ဖော်‌ဆောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီး ၁ ဦးနဲ့ တပ်သား ၁ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေးတပ်တွေ ထိခိုက်မှုမရှိဘဲ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၄ နာရီခန့်မှာလည်း အောင်သာယာရွာနဲ့ လိမ္မော်ခြံရွာ ကားလမ်းအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီစစ်ကြောင်းဘက်မှ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အောင်သပြေဘုန်းကြီးကျောင်းအနီးရှိ စစ်ကောင်စီတပ်ကိုလည်း အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သလို ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁၂ ရက်၊ မနက် ၁၁ နာရီခန့်မှာလည်း ဘေလမိုင်း‌ကျေးရွာမှ အေးကမ္ဘာ‌ ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေမှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲ နဲ့ တပင်ရွှေထီးတပ်တို့က ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Video- MSRF

မန္တလေး-မိုးကုတ်-သပိတ်ကျင်း လမ်းဆုံရှိ ဖော့တောကို စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်BBM-အောက်တိုဘာ ၁၅သတင်း-Richard‌မန္တလေး-မ...
15/10/2025

မန္တလေး-မိုးကုတ်-သပိတ်ကျင်း လမ်းဆုံရှိ ဖော့တောကို စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်

BBM-အောက်တိုဘာ ၁၅
သတင်း-Richard

‌မန္တလေး-မိုးကုတ်-သပိတ်ကျင်း လမ်းဆုံရှိ စစ်ရေး ဗျူဟာကျတဲ့ ဖော့တောလမ်းဆုံကို စစ်ကောင်စီကလေကြောင်းပစ်ကူ အများအပြားရော မြေပြင်အင်အားအများအပြားပါ သုံးကာ ပြည်သူတွေရှိရာ နေရာတွေကိုပါ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အဆိုပါ လမ်းဆုံကို ပြန်လည် ထိန်းချုပ်ခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်က BBMကိုပြောပါတယ်။

စစ်ကောင်စီဟာ ဖော့တောလမ်းဆုံကို အောက်တိုဘာလ ၁၀ရက်နေ့ညက စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၁၄ရက်နေ့ ညနေပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အဆိုပါလမ်းဆုံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးဘက်ကို တိုက်စစ်ဆင်လာနိုင်သလို ခလရ ၁၄၈ကနေ မိုးကုတ်ဘက်ကို ထိုးလာနိုင်တယ်လို့ ပြည်သူတစ်ယောက်က BBMကိုပြောပါတယ်။

“အခြေအနေတော့ ကြည့်ရမှာပဲဗျ။ ဇရပ်ကွင်းဘက်ကိုထိုးမလား။ ၁၄၈ဘက်ကို ထိုးမလားဆိုတာ။ ၁၄၈ဘက်ကို ထိုးရင်တော့ မိုးကုတ်ဘက်ကို ဦးတည်ဖို့များမှာဗျ”လို့ သူကပြောပါတယ်။

အဆိုပါ ဖော့တောလမ်းဆုံဟာ စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ပါ ဗျူဟာကျတဲ့ လမ်းဆုံဖြစ်ပြီးတော့ အခုအနေအထားအရ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာတွေကို အဓိကထားပြီး ဖြတ်၄ဖြတ်ပုံစံမျိုးလုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေအတွက်တော့ လက်နက်၊ခဲယမ်း၊ ရိက္ခာ အခက်အခဲရှိလာမယ့်ပုံပဲဗျ”လို့ ဒေသခံသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ မြေပြင်အင်အား ၂၀၀ ၀န်းကျင်ခန့်နဲ့ လေကြောင်းပစ်ကူ အတော်လေး အသုံးပြုတာကြောင့် တော်လှန်‌ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကိုငဲ့ညာပြီး ခွာစစ်လုပ်ရတဲ့သဘောပဲလို့ သူကဆက်ပြောပါတယ်။

“အင်အား၂၀၀ ၀န်းကျင်လို့ ကြားတယ်ဗျ။ အဓိကကတော့ လေယာဉ်ပစ်ကူတော်တော်လေး လွှတ်ထားတာဗျ။ ဒီကောင်တွေ ဗျူဟာက ခုနောက်ပိုင်းရှင်းပါတယ်။ လက်နက်ကြီးတွေသုံးမယ်။ လေယာဉ်၊ ဒရုန်းကို အဓိကထားသုံးတယ်ဗျ။ နောက်မှ စစ်ကြောင်းက ၀င်တဲ့သဘောပဲဗျ။ ပြည်သူဘာညာ ဘာမှ သိတာမဟုတ်ဘူး။ရမ်းသမ်းထုတာ။ အဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တွေက ခွာစစ်‌အနေနဲ့ ဆုတ်ပေးတဲ့သဘောပဲဗျ”လို့ သူက သုံးသပ်ပါတယ်။

ဖော့တောလမ်းဆုံဟာ လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အထက်ပိုင်းဆိုရင် တကောင်း၊ အောက်ပိုင်းဘက်ဆို စဉ့်ကူးနဲ့ မိုးကုတ်ကို သွားရာ လမ်းဆုံဖြစ်ပြီးတော့ ဗျူဟာအရ အရေးပါတဲ့ နေရာဖြစ်တာကြောင့် စစ်ကောင်စီက အခုလို အင်အား အများအပြားနဲ့ ထိုးလာတာပဲဖြစ်ပါတယ်။
ပုံ-Google Map

15/10/2025

ရဲဘော်တစ်ယောက်ကျသွားလို့တော်လှန်ရေးကိုရပ်လိုက်တော့မဲ့အတွေးမရှိဘူး

CDMစစ်သားကိုဇော်မျိုးအောင်ပြောပြတဲ့ ကရင်ပြည်နယ်ရဲ့ ယခင်ကစခန်းသိမ်းခဲ့ရတဲ့အခြေအနေတွေ ရဲဘော်ရဲဘက်တွေရဲ့စိတ်ဓာတ်တွေ စတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BBM TV+ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์