ဒို့အရေး channel

ဒို့အရေး channel Civil Disobedience Movement🌹

(အာဏာဖီဆန်ရေး လှုပ်ရှားမှု)💪

19/09/2025

😑ဟင် 😑

18/09/2025

🌹အလံဖြူ ကို စိုက်ထွက်ခဲ့ပါ❤️

❤️ဒို့အရေး channel အဖွဲ့မှ ဝိုင်းတော်သူ /ဝိုင်းတော်သားများ အဖွဲဝင် စရင်း ရုပ်သံ/မှတ်တမ်း❤️

ဒို့အရေးချန်နယ်နှင့် We Support PDF တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သည့် “ထောက်ပံ့ကူညီ မြေ ပြင်ဆီသို့” ကမ်ပိန်းမှ ရရှိငွေ...
17/09/2025

ဒို့အရေးချန်နယ်နှင့် We Support PDF တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်သည့် “ထောက်ပံ့ကူညီ မြေ ပြင်ဆီသို့” ကမ်ပိန်းမှ ရရှိငွေများဖြင့် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဧရာဝတီတိုင်း စစ်ဌာန၊ ဗျူဟာ အမှတ် ၂၉ ၊ ဧရာဝတီရိုးမစစ်ကြောင်းနှင့် မန္တလေးပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ -MGRF တို့ထံသို့ ပေးပို့ထောက်ပံ့ပြီးကြောင်း တင်ပြအပ်ပါတယ်ရှင်🙏

17/09/2025

😂😂ထန်းလျက်ခဲကို ဘာအုံ🤣🤣🤣

17/09/2025

🙏အမှန် တွေပါ 🙏

16/09/2025

🥺ငါတို့ နဲ့တခြားစီ🥺

16/09/2025

ရက်စွဲ။၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့

အကြောင်းအရာ။ ။ Holistic Security သင်တန်း ဖွင့်လှစ်ခြင်း

၁။ ပြည်သူ့ဘက်ရပ်တည်ပြီး အသွင်ကူးပြောင်းခဲ့သော CDM များ အတွက် မြေပြင်တွင် လှုပ်ရှားနေထိုင်ကြရာတွင် လုံခြုံရေးဆိုင်ရာပိုမိုသိရှိနားလည်စေရန် Holistic Security သင်တန်းအား Generation Wave နှင့် ဒို့အရေး Channel တို့မှ ပူးပေါင်းပြီး (တတိယအကြိမ်) သင်တန်းဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

၂။ သင်တန်းတက်ရောက်မည့် သင်တန်းသား ကန့်သတ်လူဦးရေပြည့်မှီ သွားသဖြင့် လျှောက်ထားမှုပိတ်ထားပြီး ဖြစ်ပါကြောင်း နှင့် သင်တန်း တတ်ရောက်ချင်သူများ အနေဖြင့် နောက်ထပ် ထပ်မံဖွင့်လှစ်မည် သင်တန်းတွင် လာရောက်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများအား Telegram၊Signal များ တွင် ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

၃။ လူ့အခွင့်အရေးသင်တန်း ပြန်လည်ဖွင့်လှစ်သွားမည့်အချိန်အား ဒို့အရေးချန်နယ် Page တွင် ပြန်လည်ကြေငြာပေးသွားမည်ဖြစ်ပြီး ယခင်‌ေလျှာက်ထားပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားရန်မလိုပဲ စာရင်းသွင်းပြီးသားအဖြစ် သတ်မှတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးတင်ပြအပ်ပါသည်။

#ဒို့အရေး #သင်တန်း

16/09/2025

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကြေညာချက်အမှတ် - ၁ /၂ဝ၂၅

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၁။ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ်တို့တွင် မြို့အဝင်အထွက် လုံခြုံရေးများတင်းကြပ်ခြင်း၊ လမ်းပိုင်းများတွင် ကင်းပုန်းများဝပ်ခြင်းနှင့် နယ်မြေအတွင်း စစ်ကြောင်းထိုးလှုပ်ရှားခြင်းများ လုပ်ဆောင်နေသော စစ်ကော်မရှင်သည် ခမောက်ကြီးမြို့နယ် ခမောက်ငယ် (ယုဇန ဆီအုန်းပျိုးခင်း) သို့ ရောက်ရှိနေသော စစ်ခွေးအင်အား (၁၀၀)ခန့်မှ ထုတ်နှုတ်အင်အား (၃၀)ကျော်ခန့်သည် ခမောက်ငယ်ကျေးရွာဘက်သို့ ရေလမ်းမှ လှေငယ် (၂)စီးဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာ ကော့သောင်းခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းများ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ နံနက် (၁၂)နာရီခွဲ အချိန်ခန့်တွင် ခမောက်ငယ်ကျေးရွာအနီး တစ်နေရာတွင် စောင့်ကြိုတို-က်ခို-က်ကြရာ စစ်ခွေးလိုက်ပါလာသော လှေငယ်(၁)စီး နစ်မြုပ်ပြီး စစ်ခွေး အများအပြား ‌ေ-သ‌ေ-ကြဒ-ဏ်ရာရရှိကြသောကြောင့် ခမောက်ငယ် (ယုဇန ဆီအုန်း ပျိုးခင်း)တွင် ကျန်ခဲ့သော နောက်ချန်စစ်ခွေးများမှ 120.mm/81.mm လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူ‌ပေး တို-က်ခို-က်ကြရာ (၁)နာရီခန့် ရင်ဆိုင်ထိတွေ့တို-က်ခို-က်ကြပြီး တော်လှန်ရေး ရဲဘော်များ အထိအခို-က်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါသည်။
၎င်းနောက် ကော့သောင်းမြို့မှ စစ်ကူပေးရန် စက်လှေ (၂)စီးဖြင့် ထွက်လာသော စစ်ခွေးအင်အား (၅၀)ခန့်ရှိစစ်ကြောင်းကို ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ ဆယ်အိမ်စု အနီးတွင် ကော့သောင်းခရိုင် အတွင်းရှိ တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းများ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ နံနက် (၈:၂၀)နာရီအချိန်ခန့်တွင် (၁)ကြိမ်၊ နံနက် (၉:၃၀)နာရီအချိန်ခန့်တွင် (၁)ကြိမ်စုစုပေါင်း (၂)ကြိမ် တို-က်ခို-က်ခဲ့ရာ (၃)နာရီကြာ အပြ-င်းအ-ထန် တို-က်ပွဲဖြစ်ပွားခဲ့ပြီး စစ်ခွေး အများအပြား ‌ေ-သ‌ေ-ကြ ဒ-ဏ်ရာရရှိကာ အထိနာနေသောကြောင့် လက်နက်ကြီးပစ်ကူများ အဆက်မပြတ် ပစ်ကူပေးပြီး စစ်ခွေးအလောင်းများနှင့် ဒ-ဏ်ရာရ စစ်ခွေးများကို သယ်ဆောင်ကာ ကော့သောင်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြပါသည်။

၂။ ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအသိစစ်ရေးသတိ အမြဲရှိကြပြီး စစ်ကော်မရှင်ပြုလုပ်သော အတုအယောင်ရွေးကောက်ပွဲကို မပူးပေါင်း မပါဝင်ဘဲ ဝိုင်းဝန်းတို-က်ဖျ-က်ကြရန် တိုက်တွန်းအပ်ပါသည်။

၃။ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ရှုတ်ချပြီး လုံးဝ (လုံးဝ) လက်မခံကြောင်းနှင့် ကန့်ကွက်တိုက်ဖျက် သွားမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင် အားပေးကူညီ ဆောင်ရွက်နေသော မည်သည့်အဖွဲ့အစည်းကိုဖြစ်စေ၊ မည်သူ့ကိုဖြစ်စေ၊ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လုပ်ထုံးလုပ်နည်းအတိုင်း ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်ဆင့်သတိပေးလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး

ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းခရိုင်

16/09/2025

ခလိန်းမဲ ရီး😂😂

ရက်စွဲ။၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အကြောင်းအရာ။ ။ အခြေခံ လူအခွင့်အရေး သင်တန်း သင်တန်းသား ခေါ်ယူပြီးစီးခြင်း၁။ ပြည်သူ့...
16/09/2025

ရက်စွဲ။၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့

အကြောင်းအရာ။ ။ အခြေခံ လူအခွင့်အရေး သင်တန်း သင်တန်းသား ခေါ်ယူပြီးစီးခြင်း

၁။ ပြည်သူ့ဘက်ရပ်တည်ပြီး အသွင်ကူးပြောင်းခဲ့သော CDM များ အတွက် မြေပြင်တွင် လှုပ်ရှားနေထိုင်ကြရင်း လူတစ်ဦး၏ ရသင့်သော အခွင့်အရေးများ အား သိရှိစေရန် အခြေခံလူအခွင့်အရေး သင်တန်းအား Generation Wave နှင့် ဒို့အရေး Channel တို့မှ ပူးပေါင်းပြီး (ဒုတိယအကြိမ်) သင်တန်းဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။

၂။ သင်တန်းတတ်ရောက်မည့် သင်တန်းသား ကန့်သတ်လူဦးရေပြည့်မှီ သွားသဖြင့် လျှောက်ထားမှုပိတ်ထားပြီး ဖြစ်ပါကြောင်း နှင့် သင်တန်း တတ်ရောက်ချင်သူများ အနေဖြင့် နောက်ထပ် ထပ်မံဖွင့်လှစ်မည် သင်တန်းတွင် လာရောက်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများအား Telegram၊Signal များ တွင် ဆက်သွယ် ပေးသွားမည် ဖြစ်ပါကြောင်း အများပြည်သူ သိရှိအောင် ထုတ်ပြန်အပ်ပါသည်။

15/09/2025

❤️လွမ်း 🌹

ပုသိမ် ၌ လူ ၅ ဦးထက် စုဝေးခြင်းမပြုရ အမိန့် ထုတ်ဒို့အရေး - စက် ၁၄ ရက်နေ့။၂၀၂၅ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်အထွေ...
14/09/2025

ပုသိမ် ၌ လူ ၅ ဦးထက် စုဝေးခြင်းမပြုရ အမိန့် ထုတ်

ဒို့အရေး - စက် ၁၄ ရက်နေ့။၂၀၂၅

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၄၄အရ ဩဂုတ်(၂၉)ရက်စွဲ၊အမိန့်အမှတ်(၄/၂၀၂၅) စာအမှတ်-၃/၃-၁၃(၁၆၁၈)/ဦး၆ ဖြင့် ပုသိမ်မြို့နယ်အတွင်း စုဝေးခြင်း၊ဟောပြောခြင်း၊ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊လှုံ့ဆော်ဆန္ဒပြခြင်း၊ဖျက်ဆီးခြင်း၊ရုန်းရင်းဆန်ခတ်ပြုမှုခြင်းများကို တားမြစ်နေကြောင်း ဒေသခံများ ထံ မှ သိရှိရသည်။

ပုသိမ်မြို့နယ်အတွင်း လူ(၅)ဦး / (၅)ဦးထက်ပိုသော သူများသည် လမ်းမကြီးများ၊အများပြည်သူသွားရာလမ်း၊လမ်းသွယ်၊လမ်းကြား(သို့) အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန် အမိန့်ထုတ်လိုက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ထွေအုပ်နှင့် နီးစပ်သူများထံ မှ သိရသည်။

ပုသိမ်မြို့နယ် နယ်နမိတ်အတွင်း ပြည်သူများ၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကောင်းစွာဆောင်ရွက်နိုင်ခြင်းမရှိပဲ စာရွက်ပေါ်တွင် အမိန့်သာထုတ်ဆင့်နေသည်ကို တွေ့ရသည်။ နေ့စဉ် ခိုးမှုများ၊ လုယက်မှု/လူသတ်မှု ၊ မူးယစ်ဆေးဝါး၊လောင်းကစားဝိုင်းများကြောင့် အများပြည်သူ၏ အသက်ပါထိခိုက်စေနိုင်သည်အထိ ပုသိမ်မြို့တွင်ဖြစ်ပေါ်နေသော်လည်း ရပ်ရွာအေးချမ်းသာယာရေးကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ဒေသခံများ ထံ မှ သိရှိရသည်။

ที่อยู่

Bangkok
10100

เบอร์โทรศัพท์

+959790801908

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဒို့အရေး channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์