18/08/2026
ဒါရိုက်တာ Quentin Tarantino ရဲ့ Cinematic Trademark “Trunk Shot”
--------------------------------------------------------------------------
ဒါရိုက်တာ Quentin Tarantino ရဲ့ Film တွေကြည့်တဲ့အခါ ကျွန်တော် အမြဲသတိထားမိတဲ့ Signature Shot တစ်ခုရှိတယ်။
အဲ့ဒါကတော့ “Trunk Shot” ပါ။
Camera ကို ကားရဲ့ နောက်ဖုံး Trunk ထဲမှာ ထည့်ထားပြီး Character က နောက်ဖုံးကိုဖွင့်ပြီး အထဲကို ငုံ့ကြည့်တဲ့ ရိုက်ချက်မျိုးပါ။
ဒီ Shot ကို Tarantino ရဲ့ Pulp Fiction, Reservoir Dogs, Jackie Brown, Kill Bill တို့မှာ တွေ့ရပြီး သူ့ရဲ့ Visual Signature တစ်ခုလိုတောင် ဖြစ်လာတယ်။
ဒီ Shot ရဲ့ ရည်ရွယ်ချက်က Camera ရိုက်ချက်ဆန်းပြီး လှအောင် ရိုက်တာတစ်ခုတည်းတော့ မဟုတ်ပါဘူး။
ဒီ Shot ပေါ်လာတာနဲ့ “တစ်ခုခုဖြစ်တော့မယ်” ဆိုတဲ့ Feeling ကို ရစေတယ်။
Character တစ်ယောက်က ကားနောက်ဖုံးကိုဖွင့်ပြီး အောက်ကိုငုံ့ကြည့်တဲ့အခါ
“ဒီကောင်တွေ တစ်ခုခုလုပ်တော့မယ်…”
“ကောက်ကျစ်တော့မယ်…”
“ရက်စက်တော့မယ်…”
ဆိုတဲ့ မသိမသာ Tension တစ်ခုကို Audience က ခံစားရတယ်။
နောက်ပြီး နောက်ဖုံးပိတ်ထားတဲ့အချိန်မှာ Screen က Black ဖြစ်နေပြီး၊ အဖုံးဖွင့်လိုက်တဲ့အချိန်မှာ တဖြည်းဖြည်း Reveal ဖြစ်လာတာက In-Camera Transition တစ်ခုလိုပါ အသုံးချလို့ရတာကြောင့် ကျွန်တော် တော်တော်လေး သဘောကျတဲ့ ရိုက်ချက်တစ်ခုလည်း ဖြစ်တယ်။
ပြီးတော့ ကျွန်တော်အကြိုက်ဆုံးအချက်က
Camera ကို Trunk ထဲထည့်လိုက်တဲ့အတွက် ကျွန်တော်တို့ Audience ကိုယ်တိုင် Trunk ထဲရောက်နေသလို ခံစားရတယ်။
ဇာတ်ကောင်တွေက အပေါ်ကနေ လာငုံ့ကြည့်တဲ့အခါ
ကျွန်တော်တို့ရှိနေတဲ့နေရာကို သူတို့လာကြည့်နေသလို ဖြစ်သွားတယ်။
အဲ့ဒီအချိန်မှာ Camera Angle တစ်ခုကနေ
Audience ရဲ့ POV တစ်ခု ဖြစ်သွားတယ်။
ဒါကြောင့် Tarantino ရဲ့ Trunk Shot က
“ရိုက်ချက်မိုက်လို့ သုံးတဲ့ Shot” တစ်ခုထက်ပိုပါတယ်။
Viewer ကို Scene ထဲဝင်ပြီး ခံစားလို့ရအောင် ဖန်တီးထားတဲ့ Visual Storytelling တစ်ခုပါ။
ကျွန်တော်ကတော့ Cinematography လေ့လာတဲ့အခါ
“ဒီ Shot က ဘယ်လောက်လှလဲ?” ဆိုတာထက်
“ဒီ Shot ကြောင့် Audience က ဘာကို ခံစားသွားမလဲ?”
ဆိုတာကို ပိုစဉ်းစားသင့်တယ်လို့ မြင်မိတယ်။
ဒါက Tarantino ရဲ့ Trunk Shot ကနေ ကျွန်တော် သင်ယူမိတဲ့အရာတစ်ခုပါ။