Linux For Beginners

Linux For Beginners If so, you are in the right place.

🚀 Welcome to Linux for Beginners! 🚀

Hey there, tech enthusiasts, cloud adventurers, and DevOps devotees! 👋

Are you ready to dive into the world of Linux, DevOps, CICD and Cloud Computing?

အားလုံးပဲ မင်္ဂလာပါ။ 🙏🍀Opportunity တစ်ခု share ပေးချင်လို့ပါ။ မနေ့ကပဲ ထူးထူးခြားခြား နိုင်ငံခြားသားခေါ်တာ နည်းတဲ့ ကျွန်တ...
25/04/2026

အားလုံးပဲ မင်္ဂလာပါ။ 🙏🍀

Opportunity တစ်ခု share ပေးချင်လို့ပါ။ မနေ့ကပဲ ထူးထူးခြားခြား နိုင်ငံခြားသားခေါ်တာ နည်းတဲ့ ကျွန်တော့် company က recruiter က Teams ကနေ reach out လုပ်လာပါတယ်။ အကြောင်းကတော့သူတို့ Deployment/Release Automation Engineer ဆိုတဲ့ position နဲ့လူခေါ်နေတာ ဒီ vacancy ကိုတော့ non-thai candidate တွေလည်းထည့်စဉ်းစားပေးမယ်ဆိုတဲ့အကြောင်းပါ။

အဲ့တော့ စာဖတ်သူတွေထဲက ဒီအပိုင်းမှာ အတွေ့အကြုံရှိပြီး ဘန်ကောက်မှာအလုပ်ရှာနေသူ၊ စိတ်ဝင်စားသူတွေရှိရင် email ကနေ ကိုယ့်ရဲ့ resume attach တွဲပြီး reach out လုပ်လို့ရပါတယ်။ အဆင်ပြေတယ်၊ သင့်တော်တယ်ထင်တဲ့သူကို refer လုပ်ပေးပါမယ်။ လူတိုင်းကို refer မလုပ်ပေးနိုင်တာတော့ နားလည်စေလိုပါတယ်။

Job requirements တွေကတော့ အကြမ်းဖျင်းအားဖြင့် အောက်ကအချက်တွေပါ၊ သင့်တော်တဲ့ exp ရှိသူများကိုအသေးစိပ် JD ထပ် share ပေးသွားပါမယ်။

✅ The Deployment Automation Engineer will support a migration program to move applications from current deployment to fully automated deployment. The role focuses on converting existing deployment steps into CI/CD pipelines, maintaining workflows, and ensuring smooth and reliable releases across environments.

✅ Design, build, and maintain CI/CD pipelines (using tools like Jenkins, GitLab CI, GitHub Actions, or Azure DevOps) to automate building, testing, and deploying applications.

✅ Configure and manage GitHub repository settings, environments, secrets, and protection rules required for automation.

✅ Develop and maintain scripts (e.g., Ansible, Bash, PowerShell, Python) used within GitHub Actions jobs.

✅ Assist in setting up and managing runners (hosted or self hosted) for executing workflows.

✅ Participate in testing and validation of new pipelines to ensure parity with existing deployments.

✅ Implement monitoring for deployment pipelines to detect failures early and troubleshoot integration issues during the migration phase.

📧 Email: [email protected] ကို reachout လုပ်နိုင်ပါတယ်။ Messenger ကလာမေးတာတွေကို အကုန်ပြန်ဖြေနိုင်ဖို့မသေချာပါ။

အားလုံးပဲ Good Luck ပါ 🍀

Webinar လေးတစ်ခုရှိပါတယ်။ စိတ်ဝင်စားသူများ Join နိုင်ပါတယ်။
16/03/2026

Webinar လေးတစ်ခုရှိပါတယ်။ စိတ်ဝင်စားသူများ Join နိုင်ပါတယ်။

"DevOps လမ်းကြောင်းက လစာကောင်းတယ်၊ Career အခွင့်အလမ်း ပေါများတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ တကယ်တမ်း စလေ့လာတော့မယ်ဆိုရင် ဘယ်ကနေ ဘယ်လိုစရမလဲ?" "Linux, Git, Docker, CI/CD ဆိုတဲ့ Tool တွေကြားမှာ လမ်းပျောက်နေပြီလား?"

ဒီမေးခွန်းတွေအတွက် အဖြေရှာဖို့နဲ့၊ Industry ထဲက Senior တစ်ယောက်ဆီကနေ လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံ (Insight Knowledge) တွေကို တိုက်ရိုက် နားထောင်နိုင်ဖို့...CodeLite Myanmar ရဲ့ ထုံးစံအတိုင်း "DevOps: Career & Course Insight" Free Webinar လေးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

👨‍🏫 ဘယ်သူတွေ ဦးဆောင်ဆွေးနွေးပေးသွားမှာလဲ?

DevOps Engineer Career အတွေ့အကြုံ (၅) နှစ်ကျော်ရှိပြီး လက်ရှိမှာ SS&C Technologies မှာ DevOps Specialist အဖြစ် လုပ်ကိုင်နေသူ ဆရာ ဟိန်းထက်၀င်း ပဲ ဖြစ်ပါတယ်။ ဆရာဟာ AWS Community Builder တစ်ဦးဖြစ်သလို Cloud Community မှာပါ တက်ကြွစွာ ပါဝင်နေသူဖြစ်လို့ လက်တွေ့အသုံးချနေရတဲ့ နည်းပညာတွေအကြောင်းကို သေချာဝေမျှပေးသွားမှာပါ။

ဒီ Webinar မှာ ဘာတွေ ဆွေးနွေးပေးသွားမှာလဲ?

📈 Career Insight & Opportunities: IT Support / SysAdmin ကနေ DevOps ကို ကူးပြောင်းရင် ရလာမယ့် အကျိုးကျေးဇူးတွေ၊ Potential Job တွေနဲ့ တကယ့် Real-World Project တွေမှာ အလုပ်လုပ်ရတဲ့ ပုံစံများ။
🛠️ Foundation (Linux & Git): DevOps ရဲ့ အဓိက အုတ်မြစ်ဖြစ်တဲ့ Linux System & Networking အခြေခံတွေနဲ့ Source Code တွေကို စနစ်တကျ စီမံမယ့် (Git) အပိုင်း။
🚀 Modern Deployment & Tools: Web Server တွေကို Manual သာမက CI/CD Pipeline တွေနဲ့ပါ Auto တင်မယ့်နည်းလမ်း၊ Docker အသုံးပြုပုံနဲ့ System ကြီးကို စောင့်ကြည့်မယ့် (Monitoring & Alerting) အပိုင်း။
❓ Live Q&A Session: DevOps Career လမ်းကြောင်းအတွက် လမ်းပျောက်နေတာတွေ၊ သင်တန်းအကြောင်း သိချင်တာတွေကို ဆရာ့ကို တိုက်ရိုက် မေးမြန်းနိုင်မယ့် အစီအစဉ်တွေလဲ ပါ၀င်သွားမှာပါ။

Webinar ပြုလုပ်မည့်အချိန်နှင့် နေ့ရက်

📅 နေ့ရက်: 19th March 2026 (ကြာသပတေးနေ့)
🕗 အချိန်: ညနေ (8:00) နာရီ (MMT)
📍 Venue: Zoom (Online Live)
(၃) ရက်ပဲ လိုတော့သလို၊ အခမဲ့ဖြစ်တဲ့အတွက် Zoom လူဦးရေ ကန့်သတ်ချက် ပြည့်မသွားခင်... အခုပဲ အောက်က Link ကနေ နာမည်စာရင်း ကြိုသွင်းပြီး Seat ယူထားလိုက်ပါနော်။

👉 Free Registration Link: [https://docs.google.com/forms/d/e/1FAIpQLSdrywp5r3-yMwE3gHAgHcuQg9OI4auTgH8TcQuY71xnEYJRxg/viewform?usp=publish-editor]

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ကြပါစေ။ ၂၀၂၆ မှာလည်းဆက်လက်ပြီး ကိုယ့်ရဲ့ Learning purposes တွေ၊ Career goals တွေပြ...
31/12/2025

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ကြပါစေ။

၂၀၂၆ မှာလည်းဆက်လက်ပြီး ကိုယ့်ရဲ့ Learning purposes တွေ၊ Career goals တွေပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🍀🙏

P.S: ပုံကတော့ Nano banana နဲ့ထုတ်ထားတာပါ 😅

Yesterday was such an excitement after speaking at AWS Community Day Myanmar 2025 🇲🇲✨It was such an amazing experience t...
03/11/2025

Yesterday was such an excitement after speaking at AWS Community Day Myanmar 2025 🇲🇲✨

It was such an amazing experience to share ideas, learn from fellow builders, and connect with so many inspiring people who are passionate about the cloud and the future of tech. ☁️💡

Huge thanks to the AWS community, organizers, and everyone who joined my session — your energy and curiosity made the day unforgettable. Can’t wait to keep learning and growing together! 🙌

Only 5 seats left!
29/09/2025

Only 5 seats left!

⏰𝐎𝐧𝐥𝐲 𝟓 𝐬𝐞𝐚𝐭𝐬 𝐥𝐞𝐟𝐭 𝐭𝐨 𝐞𝐧𝐫𝐨𝐥𝐥 🔔

📊(1.10.2025) မှာ ဗုဒ္ဓဟူးနေ့မှာစတင်မယ့် 𝐌𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐋𝐢𝐧𝐮𝐱 & 𝐃𝐞𝐯𝐎𝐩𝐬 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥𝐬 𝐂𝐨𝐮𝐫𝐬𝐞 အတွက် သင်တန်းသား (၅) ဦးစာအတွက်သာ slots ကျန်ရှိပါတော့မယ် ..

👩‍🏫 အတန်းသားဦးရေအကတ်အသန့်ရှိတာမို့ အတန်းလူမပြည့်ခင်လေး မြန်မြန်စာရင်းပေးထားမှစိတ်ချရမယ်နော်

Course details- https://www.facebook.com/share/p/176iyAp34s/?mibextid=wwXIfr

အခုပဲ 𝐂𝐨𝐝𝐞𝐋𝐢𝐭𝐞 ရဲ့𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ စာရင်းပေးသွင်းပြီး DevOps Career အတွက် ပထမဆုံးခြေလှမ်းကို စတင်လိုက်တော့နော် 🚀

𝑩𝒆 𝒕𝒉𝒆 𝒄𝒉𝒂𝒏𝒈𝒆 𝒘𝒊𝒕𝒉 𝑪𝒐𝒅𝒆𝑳𝒊𝒕𝒆
#

CodeLite Myanmar နဲ့ပူးပေါင်းပြီးလုပ်ထားတဲ့ Linux ကို အစကစတင်ပြီးလေ့လာရမယ့် course ကိုလာမယ့် ၁ ရက်နေ့စတင်မှာဖြစ်လို့ စိတ...
27/09/2025

CodeLite Myanmar နဲ့ပူးပေါင်းပြီးလုပ်ထားတဲ့ Linux ကို အစကစတင်ပြီးလေ့လာရမယ့် course ကိုလာမယ့် ၁ ရက်နေ့စတင်မှာဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ သွားရောက်စုံစမ်းနိုင်ပါတယ်။ 🍀🙏

23/09/2025

DevOps Engineer တစ်ယောက်အဖြစ် Professional Career စဖို့စဉ်းစားနေတဲ့သူလား?

အဲ့တာဆိုရင်တော့ အရေးကြီးဆုံးလေ့လာရမယ့် skills တွေကတော့

✅ Linux System Administration
✅ Networking basics
✅ Git basics and source code management
✅ Web Server Deployment
✅ Observability & Monitoring

တွေကို အဓိကထားပြီးလေ့လာသင့်ပါတယ်။ ကျန်တဲ့ tools skills တွေ၊ new technologies တွေကတော့ နေ့စဥနဲ့အမျှထွက်နေတာဖြစ်လို့ ကိုယ်က foundational skills တွေကိုအရင်ပိုင်နိုင်နေရမှာပဲဖြစ်ပါတယ်။

ဒီလို foundational skills တွေကို base knowledge မရှိသေးဘူးဆိုရင်တော့ ကျွန်တော်က ၂လတာ training လုပ်သွားပေးမယ့် အစီအစဉ်ရှိပါတယ်။ comment မှာ Link ပေးထားမှာဖြစ်လို့ အဲ့ကနေသွားရောက်စုံစမ်းနိုင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

04/09/2025
အားလုံးကိုသတင်းတစ်ခု share ပေးချင်လို့ပါ။ အဲ့တာကတော့ တစ်ချို့လည်းသိပြီးသားဖြစ်မယ့် AWS က Kiro ဆိုတဲ့ မကြာသေးခင်ကမှ relea...
31/07/2025

အားလုံးကိုသတင်းတစ်ခု share ပေးချင်လို့ပါ။ အဲ့တာကတော့ တစ်ချို့လည်းသိပြီးသားဖြစ်မယ့် AWS က Kiro ဆိုတဲ့ မကြာသေးခင်ကမှ release လုပ်တဲ့ Agentic IDE က Hackathon ပြိုင်ပွဲတစ်ခုရှိပါတယ်။

အဲ့မှာ project ideas တွေအနေနဲ့ အောက်က (၄) မျိုးထဲက တစ်မျိုးရွေးပြီးဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

✅ Productivity and workflow tools: Developers တွေနဲ့ဆိုင်တဲ့ Productivity increase လုပ်ပေးမဲ့ tools မျိုးတွေ
✅ Games & Entertainment: Interactive games learning လိုပုံစံမျိုးတွေ
✅ Educational Apps: LMS လိုမျိုး learning platform တွေ အပြငါ
✅ Wildcard / Freestyle: ဒီ ၃ မျိုးထဲမှာမပါဝင်တဲ့ အခြား ideas နဲ့ ကြိုက်တဲ့ applications မျိုးတွေလည်းဖန်တီးနိုင်ပါတယ်။

အဲ့ထဲမှာမှ ကိုယ်က submission အနေနဲ့တင်ပေးရမှာတွေကတော့

✅ ကိုယ့် Project ရဲ့ open source code GitHub URL.
✅ Kiro ကို ဒီ project မှာဘယ်လိုအသုံးပြုခဲ့တယ်ဆိုတဲ့ write up.
✅ ကိုယ့် Project က Web ဆိုရင်လည်း Web, Mobile app ဆိုရင်လည်း mobile app အနေနဲ့ ကောင်းကောင်း run နိုင်ပြီး functioning ဖြစ်ပါတယ်ဆိုတဲ့ သက်သေ
✅ spec-driven approach ကိုသုံးပြီး Kiro ရဲ့ agent hooks တွေကိုဘယ်လိုသုံးခဲ့ပါတယ်၊ Kiro က ဒီ project ကို develop လုပ်တဲ့နေရာမှာ ဘယ်လိုအသုံးဝင်ခဲ့ပါတယ် ဆိုတာမျိုးကို video recording နဲ့ public တင်ပေးရမယ်။ (Youtube တို့ Facebook video တို့လည်းရ)

ဆုတွေအနေနဲ့လည်း တော်တော်များပြီး အဓိကဆုကြီးတွေအနေနဲ့

✅ 1st Place - 30000$ USD
✅ 2nd Place - 15000$ USD
✅ 3rd Place - 10000$ USD

တို့ကိုပေးအပ်သွားမှာဖြစ်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြည့်သင့်ပါတယ်။

Submission deadline ကတော့ Aug 25 ဖြစ်ပြီး AWS team အနေနဲ့ extend ထပ်လုပ်သွားမသွားကတော့ စောင့်ကြည့်ရပါမယ်။

အသေးစိပ်အချက်အလက်ကို ကြည့်ချင်ရင် comments အောက်က link မှာကြည့်နိုင်ပါတယ်။ အဲ့ထဲမှာ ပြိုင်ရမယ့် details နဲ့ terms and conditions တွေအကုန်ဖော်ပြထားပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ 🙏

အားလုံးပဲ မင်္ဂလာပါ။ 🙏ဒီနေ့မှာတော့ AWS Certification exam news တစ်ခုပေးချင်လို့ပါ။ ဒါကတော့ အရင်က AWS Certified SysOps ad...
20/07/2025

အားလုံးပဲ မင်္ဂလာပါ။ 🙏

ဒီနေ့မှာတော့ AWS Certification exam news တစ်ခုပေးချင်လို့ပါ။ ဒါကတော့ အရင်က AWS Certified SysOps administrator (SOA-C02) exam က လာမယ့် September 9 ရက်နေ့ကနေစပြီး AWS Certified CloudOps Engineer associate ဆိုပြီး နာမည်ပြောင်းသွားမှာပဲဖြစ်ပါတယ်။ အဲ့တော့ old exam ကိုနောက်ဆုံးဖြေလို့ရတဲ့ date က September 29 ပါ။

ဒီနာမည် change သွားတဲ့ process နဲ့အတူဘာတွေပြောင်းသွားလဲဆိုတော့

✅ အဓိကအနေနဲ့ အရင်က SysOps administrator မှာသိပ်မပါခဲ့တဲ့ container technologies တွေပါဝင်လာမှာဖြစ်ပါတယ်။
✅ နောက်တစ်ချက် အနေနဲ့တော့ AWS ရဲ့ multi-account, multi-region architectures တွေကိုလည်းပို focus လုပ်ထားပါတယ်။

P.S ကျွန်တော့်အနေနဲ့ ဒီ certification transition လုပ်တဲ့နေရာမှာ Industry SME(Subject Matter Expert) အနေနဲ့ ဝင်ရောက် contribute လုပ်ထားတာဖြစ်လို့ သိချင်တာများရှိရင်လည်း လာရောက်မေးနိုင်ပါတယ်။

နောက်ဆုံးချက်အနေနဲ့ကတော့ ကိုယ်က SysOps Administrator exam ဖြေပြီးသားဖြစ်ပြီး badge ရပြီးသားဆိုရင် CloudOps ကိုထပ်မဖြေလည်းရပါတယ်၊ ကိုယ့် badge က certification expire မဖြစ်ခင်ထိရှိနေမှာဖြစ်ပြီး expired ဖြစ်ပြီးနောက်ပိုင်းကိုတော့ exam အသစ် CloudOps Engineer ကိုပြောင်းဖြေရပါလိမ့်မယ်။

ဒါပေမယ့်ကိုယ်က DevOps Engineer Professional ရော SysOps Administrator ရောဖြေပြီးသားဆိုရင်တော့ နောက်တစ်ကြိမ် DevOps ကို recertify လုပ်တာနဲ့ CloudOps ပါရပြီးသားဖြစ်မယ်လို့သိရပါတယ်။

အသေးစိပ် announcement post ကိုကြည့်ချင်ရင် comment ထဲက link မှာကြည့်နိုင်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ ☘️

ที่อยู่

Bangkok
10600

เบอร์โทรศัพท์

+959782585367

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Linux For Beginnersผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์