31/07/2025
အားလုံးကိုသတင်းတစ်ခု share ပေးချင်လို့ပါ။ အဲ့တာကတော့ တစ်ချို့လည်းသိပြီးသားဖြစ်မယ့် AWS က Kiro ဆိုတဲ့ မကြာသေးခင်ကမှ release လုပ်တဲ့ Agentic IDE က Hackathon ပြိုင်ပွဲတစ်ခုရှိပါတယ်။
အဲ့မှာ project ideas တွေအနေနဲ့ အောက်က (၄) မျိုးထဲက တစ်မျိုးရွေးပြီးဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။
✅ Productivity and workflow tools: Developers တွေနဲ့ဆိုင်တဲ့ Productivity increase လုပ်ပေးမဲ့ tools မျိုးတွေ
✅ Games & Entertainment: Interactive games learning လိုပုံစံမျိုးတွေ
✅ Educational Apps: LMS လိုမျိုး learning platform တွေ အပြငါ
✅ Wildcard / Freestyle: ဒီ ၃ မျိုးထဲမှာမပါဝင်တဲ့ အခြား ideas နဲ့ ကြိုက်တဲ့ applications မျိုးတွေလည်းဖန်တီးနိုင်ပါတယ်။
အဲ့ထဲမှာမှ ကိုယ်က submission အနေနဲ့တင်ပေးရမှာတွေကတော့
✅ ကိုယ့် Project ရဲ့ open source code GitHub URL.
✅ Kiro ကို ဒီ project မှာဘယ်လိုအသုံးပြုခဲ့တယ်ဆိုတဲ့ write up.
✅ ကိုယ့် Project က Web ဆိုရင်လည်း Web, Mobile app ဆိုရင်လည်း mobile app အနေနဲ့ ကောင်းကောင်း run နိုင်ပြီး functioning ဖြစ်ပါတယ်ဆိုတဲ့ သက်သေ
✅ spec-driven approach ကိုသုံးပြီး Kiro ရဲ့ agent hooks တွေကိုဘယ်လိုသုံးခဲ့ပါတယ်၊ Kiro က ဒီ project ကို develop လုပ်တဲ့နေရာမှာ ဘယ်လိုအသုံးဝင်ခဲ့ပါတယ် ဆိုတာမျိုးကို video recording နဲ့ public တင်ပေးရမယ်။ (Youtube တို့ Facebook video တို့လည်းရ)
ဆုတွေအနေနဲ့လည်း တော်တော်များပြီး အဓိကဆုကြီးတွေအနေနဲ့
✅ 1st Place - 30000$ USD
✅ 2nd Place - 15000$ USD
✅ 3rd Place - 10000$ USD
တို့ကိုပေးအပ်သွားမှာဖြစ်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ကြည့်သင့်ပါတယ်။
Submission deadline ကတော့ Aug 25 ဖြစ်ပြီး AWS team အနေနဲ့ extend ထပ်လုပ်သွားမသွားကတော့ စောင့်ကြည့်ရပါမယ်။
အသေးစိပ်အချက်အလက်ကို ကြည့်ချင်ရင် comments အောက်က link မှာကြည့်နိုင်ပါတယ်။ အဲ့ထဲမှာ ပြိုင်ရမယ့် details နဲ့ terms and conditions တွေအကုန်ဖော်ပြထားပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။ 🙏