 
                                                                                                    25/12/2023
                                            ဖိနပ်တွေပါးအောင် လမ်းလျှောက်ဖူး
ကမ္ဘာကွဲအောင် အော်ရယ်ဖူး တစ်ယောက်ဘဝထဲ
တစ်ယောက်ဟာ ဖြတ်လျှောက်ဖူး
ပုခုံးပေါ်မှီပြီး ဆင်စွယ်ရောင်အိမ်မက်တွေအကြောင်း
ပြောဖူးလည်း မနီးနိုင်ရင် အဝေးကြီးမှာပါဘဲ ။
သူ့မှာ ကိုယ့်ဘဝထဲခွေဝင်ဖို့သတ္တိတွေမလုံလောက်ခဲ့ဖူး
ထင်ပါတယ် ။
ဒီလောက်ကလေး နီးစပ်ရင် လုံလောက်ပြီးပေါ့တဲ့ ။
 #ဇူခီ                                        
 
                                                                                                     
                                         
   
   
   
   
     
   
   
  