Khit Ta Media သတင်းမှန်များကို ဖော်ပြပေးရန်

https://www.facebook.com/share/p/1DWddpEfwx/
13/11/2025

https://www.facebook.com/share/p/1DWddpEfwx/

AAထံ မင်းအောင်လှိုင် ဒူးထောက်ပြီး လက်ဖြန့်ကာ အာရက္ခဒေသမှ မြို့၄ မြို့ကို ပြန်ပေးရန် တောင်းဆို

၁၂ နိုဝင်ဘာ ၁၃

အာရက္ခဒေသ အတွင်းရှိ AA သိမ်းပိုက်အုပ်ချုပ်နေတဲ့ မြို့တွေအနက် ၄ မြို့ ကို စစ်ကော်မရှင်က AA ထံ ပြန်တောင်းထားကြောင်း သိရသည်။

စကမ ပြန်တောင်းလိုက်တဲ့ မြို့ ၄ မြို့မှာ အမ်း၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့ ဖြစ်နိုင်ပြီး တရုတ်ကနေတဆင့် အဲဒီ မြို့ ၄ မြို့ကို တောင်းထားတာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောဆိုလိုက်တာဖြစ်သည်။

“အမ်း သံတွဲ တောင်ကုတ် ဂွမြို့များကို တရုတ်ကတဆင့် တောင်းတယ်လို့ ကြားတာပဲ။ အဲဒါကတော့ ကျနော်တို့ ဘာသတင်းမှတော့ မရဘူး တခြား ပြောတာကတော့ ဒီဘက် နယ်စပ်မြို့တွေလို့ ပြောတယ်။ အလယ်ပိုင်းမှာ ရွေးကောက်ပွဲတွေ ဘာတွေလုပ်ရင် နည်းနည်း အနှောင့်အယှက် မရှိအောင် ခြံစည်းရိုးကာတဲ့ သဘောပေါ့။ အဲဒီ ၄ မြို့ကို ပြန်သိမ်းနိုင်တယ်ဆိုရင် ခြံစည်းရိုးကာ ပြီးတော့ တခြားနေရာတွေမှာ AA က အကန့်အသတ်နဲ့ ထားလိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ချက်ချင်းတော့ မဖြစ်နိုင်သေးပါဘူး။ နိုင်ငံရေး အပေးအယူ မရှိဘဲနဲ့တော့ ဒါတွေက ဖြစ်လာဖို့ မလွယ်သေးပါဘူး” လို့ ၄င်းက ပြောသည်။

စကမရဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေ ထုတ်ပြန်ကြေညာမှုမှာ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ပလက်ဝ အပါအဝင် ၁၅ မြို့နယ်ရှိတဲ့အထဲ ၁၁ မြို့နယ်သာ ပါဝင်ပြီး ကျန် ၄ မြို့နယ်မှာ ပါဝင်တာမတွေ့ရပဲ့ ပြန်ရရှိရေးအတွက် လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေတာ တွေရသည်။

၄င်း မြို့ ၄ မြို့ကို တိုက်ခိုက် မရနိုင်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မင်းအောင်လှိုင်က AAထံ ဒူးထောက်ပြီး လက်ဖြန့်တောင်းဆိုနေတာ ဖြစ်သည်။

ကယန်းအမျိုးသမီးဖိုက်တာ ဗယ်ရိုနီကာ အနိုင်ရရှိနို၀င်ဘာ ၇ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ညပိုင်းက ထိုးသတ်ခဲ့တဲ့ ONE F...
07/11/2025

ကယန်းအမျိုးသမီးဖိုက်တာ ဗယ်ရိုနီကာ အနိုင်ရရှိ

နို၀င်ဘာ ၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့ညပိုင်းက ထိုးသတ်ခဲ့တဲ့ ONE Friday Night 132 ပြိုင်ပွဲမှာ မြန်မာပရိတ်သတ်တွေအချစ်တော် ကယန်းအမျိုးသမီးဖိုက်တာ ဗယ်ရိုနီကာဟာ တရုတ်ဖိုက်တာ လီကို ၃ ချီပြည့် ထိုးသတ်ပြီး အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲစဥ်မှာ ဗယ်ရိုနီကာဟာ လီကို ဘယ်ညာတွဲလုံး လက်သီးချက်တွေနဲ့ တိုက်စစ်ဆင်ခဲ့လို့ ပထမအချီဟာ လီ လဲကျကာ အမှတ်စဥ်တစ်ကြိမ် ရေတွက်ခံခဲ့ရပြီး လီရဲ့ တန်ပြန်လက်သီးချက်ကြောင့် ဗယ်ရိုနီကာလည်း အမှတ်စဥ် ရေတွက်ခံခဲ့ရပါတယ်။

အမျိုးသမီးဖိုက်တာနှစ်ဦးဟာ လက်ရည်တူကြတာကြောင့် အပြန်အလှန်လက်သီးချက်တွေနဲ့ ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး ကယန်းမလေး ဗယ်ရိုနီကာက ပွဲကိုစနစ်တကျထိုးသတ်ကာ ပြိုင်ဘက်ကို အခက်တွေ့အောင် လုပ်ခဲ့ပါတယ်။

၃ ချီပြည့်လို့ ဒိုင်အဆုံးအဖြတ်ခံယူရာမှာ အမှတ်ပေးဒိုင်တစ်ဦးက လီကို အနိုင်ပေးခဲ့ပြီး ကျန် ၂ ဦးက ဗယ်ရိုနီကာကို အနိုင်ပေးခဲ့လို့ ဗယ်ရိုနီကာအတွက် ဝမ်းချန်ပီယံရှစ်ရဲ့ ဒုတိယမြောက်နိုင်ပွဲကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

07/11/2025
06/11/2025

ရွေးကောက်ပွဲ ဖြစ်တဲ့နည်းနဲ့ ဝင်ပြိုင်ချင်တယ် PPP ပြော အပြစ်ရှိတဲ့ အေးမောင်ကို ဝင်ပြိုင်ခိုင်းတဲ့အတွက် သက်သက်ခိုင် မခံမရတ်ဖြစ်နေ

Khit Ta Media -KTM

PpP ပါတီ ဥက္ကဌ သက်သက်ခိုင်က လာမည့်ရွေးကောက်ပွဲကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ဝင်ပြိုင်ချင်ကြောင်း မင်းအောင်လှိုင်ထံ စာတင်ပြီး တောင်းဆိုထားတယ်လို့ သက်သက်ခိုင် ကိုယ့်တိုင် ပြောဆိုလိုက်သည်။

"ဘဏ်က ငွေချေးတယ်ဆိုတာ ကျမတို့ပိုက်ဆိုင်မှု အားလုံးကို ဘဏ်ကို ပေးထားပြီးမှ ဘဏ်က ၃၀ % လောက်သာ ကျမတို့ရတာပါ ဒါ ကျမကို သတ်သတ်လုပ်​ကြံတာ ကျမ ရွေးကောက်ပွဲကို ရတဲ့နေရာက ဝင်ပြိုင်ချင်တယ် ဝင်ပြိုင်ရလိမ့်မည်လို့လည်း ကျမ ယုံကြည်တယ်"လို့ သက်သက်ခိုင် ကိုယ်တိုင် ပြောဆိုလိုက်တာဖြစ်တယ်။

အပြစ်ရှိတဲ့ အေးမောင်ကို ဝင်ပြိုင်ခိုင်ပြီး အပြစ်မရှိတဲ့ ကျမ ကို ထုတ်ပယ်လိုက်တယ်ဆိုတာ ယုတ္တိမရှိဘူးဆိုပြီး မခံမရပ်ဖြစ်ရတယ်လို့လည်း ဆိုသည်။

"နိုင်ကံရေးဆိုတာ ကမ်းနားသစ်ပင်ပါ အချိန်တန်ရင် ကိုယ့်မိသားစုထံ ပြန်လာရတာပဲ ရွေကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် ကျမ အများကြီး ပြင်ဆင်ထားခဲရတယ် ကုမ္ပဏီကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ထွက်ထားတယ် ကျမကို ရွေကောက်ပွဲ မပါဝင်စေချင်တဲ့ လူတစ်စုက မကောင်းကြံလိုက်တဲအတွက် ထုတ်ပယ်ခံရတာလည်းဖြစ်တယ် ကျမတို့ ဆောက်လုပ်ရေးက အရှုံးပေါ်လာတဲ့အတွက် ဘဏ်ကနေ လိုအပ်တာထက် ငွေပိုချေးထားတာရှိတယ် ကျမပြန်ဆပ်ပါတယ် မဆပ်ဘူးလို့လည်းမပြောပါဘူး ခုလည်းဖြေးဖြေးချင်း ပြန်ဆပ်နေတာပဲ ဘဏ်က ငွေချေးတယ်ဆိုတာ ကျမတို့က ဘဏ်ကို ပိုင်ဆိုင်မှုတွေ အယင်ပေးထားရတာ အဲဒီထဲကမှ ၃၀ % လောက်ကိုပဲ ဘဏ်က ငွေ ထုတ်ချေးတာပါ " လို့
မဲတစ်ပြားနဲ့ ဝန်ကြီးဖြစ်လာတဲ့ ပြည်သူ့ရှေ့ဆောင် အမည်ခံ pPp ပါတီ ဥက္ကဌ ဒေါ် သက်သက်ခိုင်က မခံမရပ် ပြောဆိုထားသည်။

07/08/2025

ရေဖြူတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက် ဗိုလ်ကြီး ၂ ဦး အပါအဝင် ၁၅ ဦး သေဆုံး (ရုပ်/သံ)

ဩဂုတ် ၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း DNLA - ဓဝယ်တပ်တော်က ထုတ်ပြန်သည်။

ဩဂုတ်လ ၅ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် ရေဖြူမြို့နယ်၊ အမှတ် ၄၀၇ တပ်ရင်းမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အမှတ် ၄၀၇ တပ်ရင်းအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီဝန်းကျင်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် တချို့ မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်းသိရှိရသည်။

"အမှတ် ၄၀၇ တပ်ရင်းက ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းကို တပ်ရင်းအနီးမှာပဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အရှင်းဖမ်းမိတာတော့မရှိပါဘူး။ လက်နက်ခဲယမ်းတွေ မသိမ်းဆည်းနိုင်ခဲ့ဘူး" ဟု DNLA - ဓဝယ်တပ်တော် မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ Tavoy People Liberation Force (TPLF) ၊ က္လားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွား လာနေထိုင်ကြရန်နှင့် အကြမ်းဖက် စစ်တပ်မှ အချိန်မရွေး လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပက်သက်သည့် သတင်းအချက် အလက်များကို လိုက်နာ လုပ်ဆောင် ကြပါရန် မေတ္တာရပ်ခံထားပြီး တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက် ရပ်တည် လိုသော စစ်သားနှင့် ရဲများ ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းကြပါရန် DNLA - ဓဝယ်တပ်တော်က အသိပေးနှိုးဆော်ထားသည်။

နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ဟု ထိုင်းစစ်တပ်က ပြောဇူလိုင် ၂၉ Khit ta Mediaထိုင်းနှင့်ကမ္ဘ...
29/07/2025

နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ဟု ထိုင်းစစ်တပ်က ပြော

ဇူလိုင် ၂၉
Khit ta Media

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ယမန်နေ့ ညသန်းခေါင်ယံအချိန်မှစတင်၍ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားက ပစ်ခတ်မှုများ စတင်လုပ်ဆောင်လာခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ထိုင်းစစ်တပ်က တရားဝင် ထုတ်ပြန်ကြေညာသည်။

ယမန်နေ့ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဝန်ကြီးချုပ်များက ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း၊ သို့ရာတွင် ယနေ့နံနက်ပိုင်း နှစ်နိုင်ငံ နယ်စပ်နေရာများစွာတင် ကမ္ဘောဒီးယားက ပစ်ခတ်မှုများ စတင်လုပ်ဆောင်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကမ္ဘောဒီးယားက စတင်ချိုးဖောက်ကြောင်း၊ ထိုင်းနိုင်ငံကမူ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတိုင်း လိုက်နာခဲ့သော်လည်း ကမ္ဘောဒီးယား၏ ချိုးဖောက်မှုကြောင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိသည်ဟု ထိုင်းတော်ဝင်တပ်မတော်က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၇ နာရီ အချိန် နှစ်နိုင်ငံ တပ်မတော်များ တွေ့ဆုံမည့် အစီအစဉ်ကိုလည်း နံနက် ၁၀ နာရီသို့ ရွှေ့ဆိုင်းခဲ့ပြီးနောက် လက်ရှိတွင် တွေ့ဆုံဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းရှိနေသည်ဟု သိရှိရသည်။

"ကမ္ဘောဒီးယားဘက်ကတော့ ဒီလို ထပ်ခါတလဲလဲ ချိုးဖောက်မှုတွေကို ထိုင်းဘုရင့်တပ်မတော်က ရှုတ်ချပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေနဲ့အညီ တရားဝင် ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးကာ သင့်လျော်စွာ တုံ့ပြန်သွားပါမယ်။ ကျနော်တို့က အပစ်အခတ်ရပ်လိုက်ပေမယ့် သူတို့က မရပ်ပါဘူး။ ကမ္ဘောဒီးယားက သဘောတူညီချက်ကို ချိုးဖောက်တယ်၊ နိုင်ငံတကာ စံနှုန်းတွေကို လျစ်လျူရှုပြီး ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်တွေကို မထီမဲ့မြင်ပြုနေတဲ့ ကမ္ဘောဒီးယားဟာ ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ကမ္ဘာက သိသင့်ပါတယ်။" ဟု ဗိုလ်ချုပ် Vithai Laithomya ကပြောဆိုသည်။

ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသ အငြင်းပွားရာမှ ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ကမ္ဘောဒီးယားက ဒုံးများဖြင့် ထိုင်းနိုင်ငံထဲသို့ ပစ်ခတ်ခဲ့စဉ်။

ที่อยู่

Soi 11
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Khit Ta Mediaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Khit Ta Media:

แชร์