Wai Yan - MarTech

Wai Yan - MarTech 🔔 MarTech Expert | Helping Youth and Support IT & Marketing Community | Author @ blog.waiyanthwin.com He has over 14 years of experience in his career.

Wai Yan Thwin is a MarTech Specialist and the Co-Founder of Newness – Digital Agency. He is passionate about sharing his knowledge on technology, digital marketing, and other topics through his blog and other channels.

Meta Agency Summit 2025သူတို့လဲ မြူဆွယ်ရပြီ competitor platform တွေ အထူးသဖြင့် TikTok လိုမျိုးပေါ်လာတော့ ဒီနှစ်မှာ ထူးထူ...
26/09/2025

Meta Agency Summit 2025

သူတို့လဲ မြူဆွယ်ရပြီ competitor platform တွေ အထူးသဖြင့် TikTok လိုမျိုးပေါ်လာတော့ ဒီနှစ်မှာ ထူးထူးခြားခြားတွေ ဘာရှိပါတယ်ပေါ့။ အခုမှ သူတို့က early stage မှာပဲရှိပါသေးတယ်ပေါ့ test နေတာတွေ ရှိပါတယ်ပေါ့။

Client တွေကို သူတို့ရဲ့ Tools တွေ နဲ့ ဘယ်လို ချဉ်းကပ်ပါပေါ့။

နောက်အားမှ အနှစ်ချုပ်တွေ blog မှာ ပြန်တင်ရမယ်

01/09/2025

ဒီနှစ် VarCamp မှာ Topic ဝင်ပြောဖို့ တွေးထားပါတယ်။

Speaker တစ်ယောက်အနေနဲ့ 45 mins ပဲရတာမိုလို့၊ 30 mins နဲ့ Topic ကို ဖြတ်ပြီး ကျန်တာတွေကို ဆွေးနွေးချင်တာ မျိုး လုပ်ချင်တာပါ။

စိတ်ဝင်စားတယ်ဆိုရင် အောက်က Topic ထဲက ဟာလေးတွေ vote လုပ်ပေးစေချင်ပါတယ်။ ဒီနေ့ ည ပဲ ဖြစ်ဖြစ် စာရင်းသွင်းလိုက်ချင်လို့ပါ

(1) 2026 Freelance Digital Marketer အဖြစ် ဘယ်လိုအစပြုပြင်ဆင်ကြမလဲ? (Beginner Topic)

(2) Digital Marketing Career Life vs Startup Founder Life (Experience Sharing Topic)

(3) 2026 အတွက် Marketing/Technology ထဲ အလုပ်ဖြစ်လာနိုင်တဲ့ Career များ (Future Prediction Topic)

AI မှာ ကိုယ့်လုပ်ငန်း ပါအောင် ဘာတွေ ပြင်ဆင်ထားကြမလဲ?====𝗔𝗜 𝗥𝗲𝘀𝘂𝗹𝘁𝘀 က Google လို 𝗦𝗲𝗮𝗿𝗰𝗵 𝗘𝗻𝗴𝗶𝗻𝗲 𝗥𝗲𝘀𝘂𝗹𝘁 ထပ် ပိုပြီး 4 ဆကျော...
30/08/2025

AI မှာ ကိုယ့်လုပ်ငန်း ပါအောင် ဘာတွေ ပြင်ဆင်ထားကြမလဲ?
====

𝗔𝗜 𝗥𝗲𝘀𝘂𝗹𝘁𝘀 က Google လို 𝗦𝗲𝗮𝗿𝗰𝗵 𝗘𝗻𝗴𝗶𝗻𝗲 𝗥𝗲𝘀𝘂𝗹𝘁 ထပ် ပိုပြီး 4 ဆကျော် လောက် Sale ကို အထောက်အကူပြုလာနိုင်တယ်လို့ Marketer တွေက ခန့်မှန်းလာကြပါတယ်။

(Google Click ထက် AI ကပေးတဲ့ Link ဆို ဝင်ကြည့်ကြတာကို)

အဲကိစ္စကလဲ တကယ် မှန်တယ်။ ခုတစ်လော လူတွေက Refrence လုပ်ရင်တောင် AI က Data ကိုတောင် အတည်ယူလာကြတာနော်။ မှားတယ် လို့ပြောလို့လဲ မရပြန်ဘူး။ ကျနော်တို့ လူတွေက ပုံစံအမျိုးမျိုး ပတ်ဝန်းကျင်အမျိုးမျိုး နဲ့ မွေးဖွားလာကြတာပါ။ အကုန်လုံးက ဒီရေပဲ သောက် ဒီအသားပဲ စား ဒီ ဆန်ပဲ စား ပြီး Camp သွင်းပြီး မွေးဖွားလာရင်တောင် အသက်ကြီးရင် အနည်းဆုံး အယူအဆ နဲ့ ဉီးနှောက်မှတ်ဉာဏ် ပေါ်မူတည်ပြီး ကွဲပြားခြားနားကြမှာပါပဲ။

အဲတော့ အခု ကိစ္စမှာလဲ

Internet ကို စနစ်တကျ ဒါက website , ဒါက Email , WWW ဆိုတာ အရှည်ကောက် က Bla Bla ဆိုပြီး သင်ကြားခဲ့ရသူတွေ ရှိသလို

ရော့ ဒါက ဖုန်း ၊ ဒါက Facebook ဒီလိုလုပ် ဒီလို ပို့စ် တင်ပြီး ချက်ခြင်း Internet ပေါ် ရောက်လာတဲ့သူလဲ ရှိပါတယ်။

အဲတော့ ဒီ AI ကြီးကို လဲ လူအမျိုးမျိုး စိတ်အထွေထွေ အယူအဆ အမျိုးမျိုး နဲ့ သုံးကြမှာပါပဲ။ ဒါပေမဲ့ လူအများစု က ဒီ နည်းပညာ ပြောင်းလဲတဲ့ အကျိုးအပြစ်တွေမှာပဲ စီးမျှော်ရင်း Business တွေ ဆိုတာကလဲ အဲပေါ်မှာပဲ တည်ရှိနေအောင် လုပ်ရတာပါပဲ။

အဲတော့ AI မှာ ပါအောင် ဘယ်လိုလုပ်မလဲ

AI က Google လို keyword တွေ ပေါ်မှာ မဟုတ်ပဲ၊ အကြောင်းအရာ နဲ့ value ပေါ်ကိုကြည့်ပါတယ်။ ဆိုလိုတာက website ပေါ်မှာပဲ ကိုယ့်လုပ်ငန်းအကြောင်းကို တင်ထားရုံပဲ လုပ်လို့မရတော့ပါဘူး။ ကိုယ့်လုပ်ငန်းကို အထောက်အကူပြုမယ့် Forum၊ Blog Post၊ Directory Site တွေ၊ Review Site တွေ ။FAQ တွေ ၊မှာ ပါဝင်အောင် ပြင်ဆင်ထားရပါမယ်။

ဆိုလိုတာက ကိုယ့်အကြောင်းကို တစ်နေရာတည်းက ပြောတာထက် နေရာပေါင်းစုံက ပြောရင် AI က ပို value ရှိတယ်လို့သတ်မှတ်တယ်ပေါ့။ ဒါကြောင့် ဒါတွေကို ကျနော်တို့ လုပ်ငန်းတွေမှာ ပြင်ထားဖို့ လိုပါမယ်လို့ ကြိုတင် အသိပေးပါရစေ။

ဒီ Post နဲ့အတူ Marketer တွေ၊ Marketing Agency နဲ့ Business Owner တွေကို ဒီအောက်က မေးခွန်းတွေကို ပြန်ဆွေးနွေးစေချင်ပါတယ်။...
19/08/2025

ဒီ Post နဲ့အတူ Marketer တွေ၊ Marketing Agency နဲ့ Business Owner တွေကို ဒီအောက်က မေးခွန်းတွေကို ပြန်ဆွေးနွေးစေချင်ပါတယ်။

▪ Budget Planning တွေက Still Content Type တွေပေါ်မှာပဲ Invest ထားနေတာ ဘယ်လောက် ရာခိုင်းနှုန်းရှိလဲ?
▪ Reporting Template တွေမှာ ဘာတွေ ကို Update လုပ်ဖို့ လိုမလဲ?
▪ လစဉ် Output နဲ့ Media Buying Budget တွေကို ဘယ် အပေါ်မှာ ထပ်ဖြည့်ဖို့လိုမလဲပေါ့?

Read More : Comment

တစ်ပတ်အတွင်း 𝗧𝗼𝗽 (𝟭𝟬) 𝗧𝗶𝗸𝗧𝗼𝗸 𝗧𝗿𝗲𝗻𝗱𝗶𝗻𝗴 𝗛𝗮𝘀𝗵𝘁𝗮𝗴𝘀 များဘာရယ်မဟုတ်ပါဘူး။ Quality ကောင်းရင် Platform တွေပေါ် ဘယ်လောက်ထိ ပြန့်န...
11/08/2025

တစ်ပတ်အတွင်း 𝗧𝗼𝗽 (𝟭𝟬) 𝗧𝗶𝗸𝗧𝗼𝗸 𝗧𝗿𝗲𝗻𝗱𝗶𝗻𝗴 𝗛𝗮𝘀𝗵𝘁𝗮𝗴𝘀 များ

ဘာရယ်မဟုတ်ပါဘူး။ Quality ကောင်းရင် Platform တွေပေါ် ဘယ်လောက်ထိ ပြန့်နှံ့အားကောင်းတယ်ဆိုတာပါ။

Exclusive Video ဆို Only F** ပဲ ပြေးမြင်ကြတယ်မလား? သဘောတရားကတော့ အတူတူပါပဲ။ သူက တော့ တစ်မျိုးလေးရေးထားတာပေါ့။မင်း Fan တွ...
29/07/2025

Exclusive Video ဆို Only F** ပဲ ပြေးမြင်ကြတယ်မလား?

သဘောတရားကတော့ အတူတူပါပဲ။ သူက တော့ တစ်မျိုးလေးရေးထားတာပေါ့။

မင်း Fan တွေက မင်းဆီက Exclusive Video တွေကို Request လုပ်ပြီး ဝယ်လို့ရတယ်ပေါ့။

ဉပမာ - အခု မွေးနေ့တွေ အတွက်ဆို ဝန်ဆောင်မှုပေးနေတဲ့ ဆော်လေးတွေ ရှိတယ်မလား နာမည်ခေါ်ပြီး HBD သီချင်းဆိုပေးတာလေ။ ဒါမျိုးဆို သူငယ်ချင်း အချင်းချင်း Suprise ဆုတောင်းချင်ရင် အဲလူတွေဆီ ပိုက်ဆံပေးပြီး မှာရတယ်။

ခုလဲ အဲလိုပါပဲ။ ကျနော့်က ရုပ်ရှင် သရုပ်ဆောင်ဆိုရင် ကိုဝေယံ ဆီက ကျနော့် နာမည်လေးနဲ့ မွေးနေ့ဆုတောင်းတဲ့ video လေး လိုချင်လို့ဆို မှာလို့ရမယ့် Feature မျိုးပေါ့။

အသေးစိတ်ကတော့ comment မှာ Blog Link ချထားပေးမယ်။

ဟိုနေ့ကမှ tiktok ကို ချီကျူး Post တင်လိုက်လို့ ထင်တယ်===Facebook Live မှာလဲ Product တွေကို Pin လို့ရလာတာ ရုတ်တရက်တွေ့လို...
26/07/2025

ဟိုနေ့ကမှ tiktok ကို ချီကျူး Post တင်လိုက်လို့ ထင်တယ်
===

Facebook Live မှာလဲ Product တွေကို Pin လို့ရလာတာ ရုတ်တရက်တွေ့လိုက်တော့ အံသြသွားသေးတယ်။

TikTok Live ကတော့ ပိုကောင်းတာပေါ့နော်။ Pin လို့လဲရသလို၊ အချိန်အကန့်အသတ်အတွင်း လုဝယ်ရတဲ့ Flash Sale လို Feature တွေ Product တစ်ခုချင်းစီအတွက် Pin လိုက်တာနဲ့ impression ဘယ်လောက်တက်လာတယ်။ ဘယ် နှစ်ခု add-to-cart ထည့်တာက အစ အကုန်ပြပေးထားတော့ TikTok Live Dashboard ကို မမှီသေးတာတော့ အမှန်ပဲ

အပြိုင်တော့ လိုက်လုပ်လာတာလား လာတော့မှာလားပေါ့.....

Thai မှာ e-commerce platform တွေကို အသုံးပြုနေတဲ့သူတွေကို ကာကွယ်ပေးဖို့၊ ထိုင်းလုပ်ငန်းတွေ အွန်လိုင်း Digital စီးပွားရေး...
13/07/2025

Thai မှာ e-commerce platform တွေကို အသုံးပြုနေတဲ့သူတွေကို ကာကွယ်ပေးဖို့၊ ထိုင်းလုပ်ငန်းတွေ အွန်လိုင်း Digital စီးပွားရေးမှာ တရားမျှ တတဲ့ ယှဉ်ပြိုင်မှု ဖြစ်ဖို့အတွက် TISI Watch ဆိုတဲ့ AI စနစ်သုံး System တစ်ခုရှိတယ်။

သိသလောက် Beta Run နေတာ (၅) လလောက်တော့ရှိပြီ။ အခု ပထမဆုံးအကြိမ် report ထွက်လာတယ်ပေါ့။

ဒီစနစ်က online platforms တွေမှာ ရောင်းနေတဲ့ စံသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ထုတ်ကုန်တွေကို AI နည်းပညာသုံးပြီး စောင့်ကြည့်ရှာဖွေပေးတယ် လို့ပြောတယ်။

အခု စမ်းသပ်ကာလ Data Report အရ

- သံသယဖြစ်ဖွယ် ပစ္စည်းများရဲ့ link ၁၂၅,၀၀၀ ကျော် ဖမ်းမိ
- ၂,၈၀၀ ကျော် listings တွေကို ပယ်ဖျက်ခဲ့ပြီး
- ၇၇၇ ခု တရားရေးကိစ္စတွေ စတင်ခဲ့ (အဓိကအားဖြင့် e-commerce platform ကြီး တော်တော်များများပါတယ် လက်ရှိ အဲ platform တွေကလဲ စည်းကမ်းတွေ တင်းကျပ်လာနိုင်တယ်)

TISI Watch (AI) က ဘယ်လိုအလုပ်လုပ်လဲ ဆိုရင်

- ၂၄ နာရီ ဆက်တိုက် လုပ်ဆောင်ပေးတဲ့ System တစ်ခုပေါ့
- Thailand Industrial Standards Institute (TISI) စည်းမျဉ်းတွေကို ချိုးဖောက်မည့် ပစ္စည်းများကို scan လုပ်ပြီး သုံးသပ်ပေးတယ်
- E-commerce လုပ်ငန်းတွေအတွက် တရားမျှတတဲ့ ယှဉ်ပြိုင်မှုကို သေချာစေရန် ရည်ရွယ်ပါတယ်

အဓိက ဖမ်းမိတဲ့ ထုတ်ကုန်အမျိုးအစားများ:

- အစားအစာအတွက် ပလပ်စတစ်ပစ္စည်းများ
- ကလေးအရုပ်များ
- မော်တော်ဆိုင်ကယ် အိတ်ဇော Pipe များ
- လျှပ်စစ် strips
- Power bank များ
- Certifcate မရှိတဲ့ မော်တော်ဆိုင်ကယ်ဦးထုပ်များ

ဒီစနစ်က စိတ်ဝင်စားဖို့ကောင်းတာ သူက အနာဂတ်မှာ

- ပစ္စည်းအတုတွေ များများ ရှာဖွေတွေ့ရှိနိုင်အောင် စွမ်းရည်ချဲ့ထွင်ဖို့
- လိုင်စင်အတုတွေ စစ်ဆေးနိုင်ဖို့
- ဥပဒေကနေ လွတ်နေတဲ့ တရားမဝင် ပစ္စည်းများကို ထိန်းချုပ်ဖို့

အဲလို နေရာတွေအတွက် သေချာ လုပ်နေတယ်လို့ကြေညာထားတယ်။

Photo Credit : tisi.go.th

09/07/2025

July 15 က စပြီး ပြောင်းသွားမယ့် YouTube Monetization Policy အသစ် တစ်ခုတွေ့ထားပါတယ်

Read More > Comment

Facebook မှာ Recent ad Activity ဆိုတဲ့ Tab လေးပေါ်လာတာ ဒီနေ့ သတိထားမိတယ် 👍Desktop Version ဆို ကိုယ့် ညာဘက်ခြမ်း Menu တွေ...
05/07/2025

Facebook မှာ Recent ad Activity ဆိုတဲ့ Tab လေးပေါ်လာတာ ဒီနေ့ သတိထားမိတယ် 👍

Desktop Version ဆို ကိုယ့် ညာဘက်ခြမ်း Menu တွေထဲမှာ ပထမ screenshot လို့တွေ့ရမယ်။

အဓိကက တော့ ကိုယ် click လိုက်မိတယ် Engage ဖြစ်ခဲ့တဲ့ News Feed ပေါ်က ads တွေကို ပြန်ရှာလို့ရတာပဲ။

စဉ်းစားမိတာကတော့ Dark Post တွေ နဲ့ run ရင်ရော ads တွေက active ဖြစ်အုံးမလားပေါ့ 🤯

TikTok Shop Live ကိုတော့ Meta Live က ခြေဖျားတောင် မမှီတော့ပါဘူး (လုံးဝ) ကျန်ခဲ့ပြီ Platform တွေ ထဲမှာ အကြိုက်ဆုံး Live D...
22/06/2025

TikTok Shop Live ကိုတော့ Meta Live က ခြေဖျားတောင် မမှီတော့ပါဘူး (လုံးဝ) ကျန်ခဲ့ပြီ

Platform တွေ ထဲမှာ အကြိုက်ဆုံး Live Dashboard ပဲ

FB Live Dashboard က current viewer လို ပျင်းစရာ metric ကိုပြနေတဲ့အချိန်မှာ TikTok က add to cart ဘယ်နှစ်ယောက်ထည့်ထားတယ်က အစ။ Live Product တစ်ခုစီက Impression တစ်ခုစီပါ detail ပြထားတာက တကယ် Next Level ဖြစ်သွားပြီ

မလိုဘူး ငါ့ကို ပုံမှန် အတိုင်းပဲ ဆက်ဆံပေးပါ pls 😜
20/06/2025

မလိုဘူး ငါ့ကို ပုံမှန် အတိုင်းပဲ ဆက်ဆံပေးပါ pls 😜

Address

Botataung

Website

https://www.udemy.com/course/digital-marketing-essential-101/, https://medium.com/@WaiYan

Alerts

Be the first to know and let us send you an email when Wai Yan - MarTech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wai Yan - MarTech:

Share