K-AI Creator ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก K-AI Creator, ครีเอเตอร์ดิจิทัล, Bangkok.

​🤖 AI နည်းပညာဖြင့် Video ဖန်တီးခြင်း
✨ စိတ်ဝင်စားဖွယ် AI ဇာတ်လမ်းတိုများ
💡 နည်းပညာဆိုင်ရာ ဗဟုသုတ မျှဝေခြင်း
​📌 အသစ်သစ်သော နည်းပညာတွေ သိရဖို့ Page ကို Follow လုပ်ထားပါဦးခင်ဗျာ။

15/08/2026

မင်းမဟာဂီရိ မောင်တင့်တယ်ဟာ ဘာကြောင့် မြန်မာတို့ရဲ့ အိမ်တွင်းနတ်အဖြစ် ပူဇော်ခံခဲ့ရတာလဲ? ⛩️🔥
​ရှေးတကောင်းခေတ်က ခွန်အားကြီးမားလှတဲ့ ပန်းပဲဆရာ မောင်တင့်တယ်နဲ့ နှမဖြစ်သူ တို့ရဲ့ ကြေကွဲဖွယ် သမိုင်းရာဇဝင် ဇာတ်လမ်းဆိုးကို AI Visual များနဲ့ တင်ဆက်ပေးထားပါတယ်ရှင်။ 🎬✨
​နောက်ထပ် ဘယ်လို မြန်မာ့ရိုးရာ ၃၇ မင်း နတ်သမိုင်းတွေကို သိချင်သေးလဲဆိုတာ Comment မှာ ရေးခဲ့ပေးကြပါဦးနော့်! 👇💖
​ #မင်းမဟာဂီရိ #မောင်တင့်တယ် #မြန်မာ့သမိုင်း #37မင်းနတ်

14/08/2026

ကိုယ့်အတွက် အချိန်ပေးပြီး စိတ်ရင်းစေတနာနဲ့ လုပ်ပေးခဲ့အရာတွေကို တန်ဖိုးမထားဘဲ မလေးမစား လုပ်မိဖူးပါသလား... 💔🎨
​စေတနာနှင့် အချိန်၏ တန်ဖိုးကို မလေးစားခြင်းသည် ဘဝ၏ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း သင်ခန်းစာပေးထားသည့် 3D အန်နီမေးရှင်း ဇာတ်လမ်းတိုလေး "စေတနာ၏ တန်ဖိုး" ကို အစအဆုံး ကြည့်ရှုလိုက်ပါဦး။ ✨
​ဘဝအတွက် ခွန်အားဖြစ်စေမယ့် 3D ဇာတ်လမ်းတိုလေးတွေကို မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ KAI Creator Page လေးကိုလည်း Like, Share နဲ့ Follow လုပ်ထားဖို့ မမေ့နဲ့နော်! 😉👉
#စေတနာ၏တန်ဖိုး #ဘဝသင်ခန်းစာ

14/08/2026

စိတ်ရှည်လက်ရှည် ကြိုးစားမှုနဲ့အတူ ပုံဖော်ဖန်တီးထားတဲ့ ချစ်စရာ ဇာတ်လမ်းတို Animation လေး” 🐰🐻✨
​ဒီနေ့တော့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေပြီး သင်တန်းစရောက်ကတည်းက အားလပ်ချိန်လေးမှာ သေချာ ကြိုးစားအားထုတ်မှုအပြည့်နဲ့ လေ့လာနေတဲ့ ညီမလေး Hsu Yee Htway ရဲ့ ချစ်စရာကောင်းတဲ့ အန်နီမေးရှင်း ဗီဒီယိုလေးကို တင်ပေးလိုက်ရပါတယ်။
​ဇာတ်ကောင် သတ္တဝါလေးတွေရဲ့ ချစ်စရာ ပုံရိပ်လေးတွေနဲ့ စိတ်ကူးအိုင်ဒီယာ ဆန်းဆန်းလေး ပုံဖော်ထားတာမို့လို့ ကြည့်မိသူတိုင်း သဘောကျမိမှာ ပါနော်။
​အစကတော့ ညီမလေးက iOS (iPhone) သမားဖြစ်တဲ့အပြင် ပုံထုတ်ရတာ ခက်ခဲမှုလေးတွေ ရှိခဲ့ပေမဲ့ ကျမဆီမှာ အသေးစိတ် လာရောက် မေးမြန်းတိုင်ပင်ခဲ့ပါတယ်။ ပြည်ပရောက်နေသူဖြစ်လို့ Net/Region အခြေအနေအရ အခွင့်အလမ်း ပိုသာတာရော၊ ကျမ သင်ပြပေးလိုက်တဲ့ နည်းလမ်းလေးတွေအတိုင်း သေချာ ကြိုးစားပြီး လိုက်လုပ်ခဲ့တာကြောင့်ပါ အခုလို လှပတဲ့ Animation ဗီဒီယိုလေးကို လွယ်လွယ်ကူကူ အောင်မြင်စွာ ဖန်တီးပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
​ကိုယ်တိုင်လည်း အခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့ ကျော်ဖြတ်ပြီး သင်ယူခဲ့တဲ့ ညီမလေးအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီထက်မက ဆန်းသစ်တဲ့ စိတ်ကူးအိုင်ဒီယာကောင်းများစွာနဲ့ လက်ရာကောင်းတွေကို ထပ်မံ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ❤️✨
​🎬 AI Animation ကို အခြေခံမှစ၍ လွယ်ကူစွာ သင်ယူချင်သူများအတွက် -
​မိမိ စိတ်ကူးထဲမှာရှိတဲ့ ဇာတ်လမ်းတွေကို နည်းပညာ အခက်အခဲမရှိဘဲ Animation ဗီဒီယိုတွေအဖြစ် ပြောင်းလဲချင်ပါသလား?
​ကျွန်မတို့ရဲ့ သင်တန်းမှာတော့ -
​အခုမှ စတင်လေ့လာမယ့်သူများပါ မတတ်မှာ စိုးရိမ်စရာမလိုဘဲ အခြေခံမှစ၍ စနစ်တကျ သင်ပေးခြင်း
​ဖုန်းတစ်လုံးတည်းနဲ့တင် အလွယ်ကူဆုံး နည်းလမ်းများဖြင့် စတင်နိုင်အောင် သင်ကြားပေးခြင်း
​သင်တန်းသားများ၏ အခက်အခဲများကို သေချာ အသေးစိတ် ကူညီလမ်းပြပေးခြင်း များကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။
​စိတ်ပါဝင်စားပြီး ကိုယ်တိုင် ဖန်တီးသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger (CB) မှာ သင်တန်းလာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။ 📩✨

14/08/2026

အလုပ်တစ်ဖက်နဲ့ ပင်ပန်းပေမဲ့ အားတဲ့အချိန်လေးမှာ ကြိုးစားဖန်တီးထားတဲ့ သင်တန်းကအစ်မရဲ့ အိမ်စာထပ်ထားတဲ့ဗီဒီယို​လေး” ✨
​ဒီနေ့တော့ မလေးရှားမှာ ရောက်နေပြီး အလုပ်တစ်ဖက်နဲ့ မအားလပ်တဲ့ကြားကမှ အလုပ်နားချိန်လေးတွေကို အကျိုးရှိရှိ အသုံးပြုပြီး စိတ်ပါလက်ပါ ဖန်တီးလာပြတဲ့မမ Kay Khaing Myint ရဲ့ အိမ်စာ AI Video လေးကို တင်ပေးလိုက်ရပါတယ်။
​ဒီဗီဒီယိုလေးရဲ့ အကြောင်းအရာကတော့ စာဖတ်သူတို့ သိပြီးသားဖြစ်တဲ့ “ရွှေဥ ဥတဲ့ ငန်းမကြီးနဲ့ လောဘကြီးတဲ့ သူဌေး” အကြောင်းလေးပဲ ဖြစ်ပါတယ်။ အားတဲ့အချိန် ခဏလေးပေးပြီး အပင်ပန်းခံကာ ခုလိုမျိုး သေချာလေး ဖန်တီးလာပြတဲ့ အစ်မရဲ့ ကြိုးစားမှုကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်။
​ဒါ့အပြင် ကျွန်မရဲ့ သင်တန်းသား/သူများအနေနဲ့ ဖန်တီးရတာ အဆင်မပြေတာပဲဖြစ်ဖြစ် အခက်အခဲမှန်သမျှ မေးဖို့ မတုံ့ဆိုင်းကြပါနဲ့နော်။ ပုံထုတ်ရတာ အဆင်မပြေတာ၊ နည်းပညာအခက်အခဲ ကြုံနေရတာမျိုးရှိရင် အားမနာဘဲ Messenger မှာ လာမေးကြပါ။ မမေးဘဲ ဒီအတိုင်းထားရင် အချိန်တွေသာ ကုန်သွားပြီး ခရီးမရောက်ဘဲ ကျန်ခဲ့မှာစိုးလို့ပါ။ လာရောက်မေးမြန်းရင်းနဲ့ အတူတူ လေ့လာဖန်တီးသွားကြပါမယ်ရှင်။
​လက်တွဲဖန်တီးပေးခဲ့တဲ့ အစ်မလည်း ရှေ့ဆက်ပြီး ဗီဒီယို အသစ်ဆန်းများစွာကို ပိုမိုဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ❤️
​🎬 AI Animation ကို အခြေခံမှစ၍ စနစ်တကျ လေ့လာချင်သူများအတွက် -
​မိမိမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ AIဗီဒီယိုဖန်တီးနည်းကိုနည်းလမ်းမှန်မှန်နဲ့ လေ့လာချင်သူများအတွက် ကျွန်မတို့ရဲ့ သင်တန်းမှာ -
​သင်တန်းသား/သူများ အဆင်ပြေစေရန် အခြေခံမှစ၍ အသေးစိတ် စနစ်တကျ သင်ကြားပေးခြင်း
​သင်တန်းကာလအတွင်း ကြုံတွေ့ရသည့် နည်းပညာ အခက်အခဲများကို ကျွန်မဆီမှာ တိုက်ရိုက် မေးမြန်းတိုင်ပင်နိုင်ခြင်း
​AI Animation လေးတွေကို ကိုယ်တိုင်ဖန်တီးသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့သင်တန်းကြေးသက်သက်သာသာနဲ့joinနိင်မဲ့အခွင့်ရေးပေးထားတာမို့ အခုပဲ Page Messenger မှာ လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။ 📩✨

14/08/2026

အခက်အခဲတွေကို မလျှော့သော ဇွဲနဲ့ ကျော်ဖြတ်ပြီး ဖန်တီးလိုက်တဲ့ ချစ်စရာ ဗီဒီယိုလေး” 🍒✨
​ဒီနေ့တော့ ကျမရဲ့ သင်တန်းစကတည်းက အတန်းထဲရောက်နေပြီး နည်းပညာ အခက်အခဲလေးတွေကြောင့် အကြာကြီး စိတ်ရှည်လက်ရှည် ကြိုးစားခဲ့ရတဲ့ မမ May Chan Myae ကိုယ်တိုင် ဖန်တီးပြထားတဲ့ ချစ်စရာ ဗီဒီယို အိမ်စာလေးကို တင်ပေးလိုက်ရပါတယ်နော်။
​ဒါလေးကတော့ကျမသင်တန်းကာလအတွင်း မမ ပထမဆုံး လာပြနိုင်ခဲ့တဲ့ အိမ်စာလေးပဲ ဖြစ်ပါတယ်။ ပြည်တွင်းက iOS (iPhone/iPad) သုံးတဲ့သူတွေမှာ Apple ရဲ့ လုံခြုံရေး စနစ် restriction တွေ၊ Browser အကန့်အသတ်တွေနဲ့ Network အခြေအနေတွေကြောင့် AI Website/Tools တွေ အသုံးပြုရတာ အခက်အခဲ အများကြီး ကြုံတွေ့ရလေ့ ရှိကြပါတယ်။
​မမကလဲသုံးရမယ့် AI Tool တွေမှာ အဆင်မပြေတာနဲ့ ကြုံခဲ့ရပေမဲ့ လုံးဝ စိတ်မပျက်ဘဲ အခွင့်အရေး ရတာနဲ့ Gemini ကနေ အဆင်ပြေအောင် ပုံတွေ၊ ဗီဒီယိုတွေကို တစိုက်မတ်မတ် ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။
​ဗီဒီယိုလေးက Cherry သီးလေးတွေအကြောင်းနဲ့ ကျန်းမာရေး ဗဟုသုတလေးကို ချစ်စရာ ဇာတ်ကောင်လေးတွေနဲ့ အပြည့်အဝ ပုံဖော်ထားတာမို့ အရမ်းကို ကြည့်လို့ကောင်းပါတယ်ရှင်။ 👏❤️
​iOS သမားတွေအနေနဲ့ နည်းနည်း အလုပ်ပိုပြီး အခက်အခဲရှိပေမဲ့လည်း မလျှော့သော ဇွဲနဲ့ ကြိုးစားထားတဲ့ မမအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်ရှင်။ကျမဘက်မှ နည်းလမ်းအသစ်တွေ ထပ်ရှာပြီး ပိုမို အဆင်ပြေအောင် ကူညီပေးသွားပါမယ်ရှင့်။
​🎬 AI Animation တွေကို နည်းလမ်းမှန်မှန်နဲ့ လေ့လာချင်သူများအတွက် -
​မိမိမှာ ဖုန်းတစ်လုံးပဲ ရှိရုံနဲ့ AIနည်းပညာကို စနစ်တကျနဲ့ ​လေ့လာချင်ပါတယ် ကိုယ်တိုင်လည်း AI ဖန်တီးသူတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင်တော့ အခုပဲ Page Messenger မှာ လာရောက် စုံစမ်းနိုင်ပါတယ်ရှင့်။ 📩✨

13/08/2026

ရေထွက်ပေါက် ပိတ်နေတယ်ထင်လို့ သွားဖယ်လိုက်တာ... တကယ်တော့ အဆိပ်ရေတွေကို သန့်စင်ပေးနေတဲ့ သဘာဝ ရေစစ်ကျောက်တုံးကြီး ဖြစ်နေခဲ့ပါတယ်..." 🌊⚠️
​မစဉ်းစားမဆင်ခြင်ဘဲ လောဘဇောနဲ့ လုပ်ဆောင်မိလို့ ရွာတစ်ရွာလုံး ဒုက္ခကြုံခဲ့ရသလို၊ သဘာဝတရားရဲ့ တန်ဖိုးကိုသိပြီး သင်ခန်းစာကြီးကြီးမားမား ရသွားခဲ့တဲ့ ရွာသားတစ်ယောက်ရဲ့ စိတ်လှုပ်ရှားဖွယ် Cinematic AI ဇာတ်လမ်းတိုလေးပါ။
​ဗီဒီယိုလေးကို သဘောကျရင် Like & Share လေးနဲ့ အားပေးခဲ့ကြပါဦး ✨👇
​ #တောင်ပေါ်စမ်းချောင်း

13/08/2026

ချစ်ခြင်းမေတ္တာရဲ့ အနစ်နာခံမှုနဲ့ ရင်ထဲထိရှရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်” 💔🌧️✨
​ဒီနေ့တော့ ကျမရဲ့ သင်တန်းစရောက်ကတည်းက တကယ့်ကို ကြိုးစားလွန်းလို့ အမြဲတမ်း သဘောကျနေရတဲ့ ညီမလေး Soyeon Lay ရဲ့ လက်ရာ Animation ဗီဒီယိုလေးကို တင်ပေးလိုက်ရပါတယ်။
​ဒီဗီဒီယိုလေးကို ကျမ အရင်ကတည်းက ကြိုက်လွန်းလို့ တင်မယ်လို့ စိတ်ကူးထားတာပါ။ အလုပ်တွေရှုပ်နေတာနဲ့ မေ့နေပြီး အခုမှ တင်ဖြစ်သွားတယ်။ ညီမလေးက ဒီဗီဒီယိုလေးတင်မကဘူး၊ နောက်ထပ် ဖန်တီးထားတဲ့ ဇာတ်လမ်းတွေ၊ ဗီဒီယိုလေးတွေ အများကြီးကိုလည်း ကျမဆီ လာပြပြီး စီစစ်ခိုင်းထားတာ ရှိပါသေးတယ်။
​ဒီဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ဦးကြားက တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ အနစ်နာခံမှုတွေကို ပုံဖော်ထားတာဖြစ်ပြီး ကြည့်လိုက်တာနဲ့ တကယ့်ကို ရင်ထဲထိရှပြီး ဝမ်းနည်းစိတ်မကောင်း ဖြစ်ရတဲ့အထိ ပုံဖော်ထားတာ အရမ်းတော်လွန်းပါတယ်။ 👏✨
​ညီမလေး ပြထားတဲ့ ဗီဒီယိုတွေကိုလည်း မမ Messenger မှာ သေချာ စီစစ်ပေးထားပြီးပါပြီနော်ညီမ​လေးရေ။ လိုအပ်တာလေးတွေ နည်းနည်းပြင်ဆင်ပြီးရင် ဒီထက်မက ဆန်းသစ်ပြီး ကောင်းမွန်တဲ့ Animation ဇာတ်လမ်းလေးတွေ ဆက်လက် ဖန်တီးနိုင်ပါစေလို့ မမက ဆုတောင်းပေးလိုက်ပါတယ်ရှင်။ ကြိုးစားပါ ညီမလေးရေ…❤️
​🎬 Animation ဆိုတာ ကန့်သတ်ချက်မရှိတဲ့ စိတ်ကူးအိုင်ဒီယာတွေကို အသက်သွင်းတာပါ!
​မိမိ ရင်ထဲမှာရှိတဲ့ ဘယ်လို ဇာတ်လမ်း၊ ဘယ်လို အကြောင်းအရာမျိုးကိုမဆို ဆန်းသစ်လှပတဲ့ Animation ဗီဒီယိုတွေအဖြစ် အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ ဖန်တီးယူလို့ ရပါတယ်။
​ကျွန်မတို့ရဲ့ သင်တန်းမှာတော့ အစကတည်းက နည်းပညာနဲ့ စိမ်းနေသူများ၊ အခုမှ စတင်လေ့လာမယ့်သူများပါ လုံးဝ စိုးရိမ်စရာမလိုဘဲ အခြေခံမှစ၍ အလွယ်ကူဆုံး နည်းလမ်းများဖြင့် စနစ်တကျ သင်ကြားပေးထားပါတယ်။
​ကိုယ်တိုင်လည်း အကန့်အသတ်မရှိတဲ့ ဇာတ်လမ်းတို Animation လှလှလေးတွေကို ဖန်တီးချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger မှာ လာရောက် ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင့်။ 📩✨

13/08/2026

"မင်းရဲ့ စိတ်ခံစားချက်ကို မင်းကိုယ်တိုင် ပိုင်စိုးပါ” 🌿✨
​အခုပြထားတဲ့ ဗီဒီယိုလေးကတော့ ညီမလေး Thandar ရဲ့ သင်တန်း တက်ရောက်ပြီးတာနဲ့ အိမ်စာအဖြစ် ဖန်တီးပြသထားတဲ့ ဗီဒီယိုတွေထဲက အကြိုက်ဆုံး လက်ရာလေးတစ်ခုပဲ ဖြစ်ပါတယ်။
​ဒေါသနဲ့ စိုးရိမ်စိတ်တွေကို သတိတရားနဲ့ ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ "Emotional Intelligence & Mindfulness" ဆိုင်ရာ စိတ်ဓာတ်ခွန်အားပေး အကြောင်းအရာလေးကို အန်နီမေးရှင်းဇာတ်လမ်းလေးအဖြစ် အရမ်းကို လှလှပပနဲ့ စိတ်ကူးအိုင်ဒီယာ ကောင်းကောင်း ပုံဖော်ထားတာ ဖြစ်ပါတယ်နော်။
​သင်တန်း စတက်တာ ပြီးခြင်း အိမ်စာတွေကို ၃၊ ၄ ပုဒ်အထိ ကြိုးကြိုးစားစား ဖန်တီးပြသခဲ့ပြီး အခုလို စိတ်ကူး Idea ဆန်းဆန်းလေးနဲ့ ပုံဖော်နိုင်တာမို့လို့ တကယ့်ကို သဘောကျ ရပါတယ်။ ညီမလေးလည်း ဒီထက်မက ဆန်းသစ်တဲ့ စိတ်ကူး အိုင်ဒီယာ ပေါင်းများစွာနဲ့ လက်ရာကောင်းတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ❤️✨
​Animation ဆိုတာ မိမိရဲ့ စိတ်ကူး Idea က အဓိက သော့ချက်ပါပဲ။ ကိုယ့်မှာ စိတ်ကူး အိုင်ဒီယာ ကောင်းရင် ကောင်းသလို ဆန်းသစ်လှပတဲ့ ဗီဒီယိုတွေကို မြောက်မြားစွာ ဖန်တီးနိုင်ပါတယ်။
​သင်တန်းမှာတော့ ဘာမှ မလုပ်ဖူးသေးသူများပါ လွယ်ကူရိုးရှင်းစွာ တတ်မြောက်စေမယ့် နည်းလမ်းတွေကိုပဲ အခြေခံမှစ၍ စနစ်တကျ သင်ပေးထားတာ ဖြစ်တာမို့လို့ အခုမှ စတင်လေ့လာမယ့်သူတွေအနေနဲ့လည်း မတတ်မှာကို လုံးဝ စိုးရိမ်စရာ မလိုပါဘူးရှင်။
​ကိုယ်ပိုင် စိတ်ကူးတွေကို AI နည်းပညာနဲ့ ပုံဖော်ပြီး Animation ဗီဒီယို ဖန်တီးသူ တစ်ယောက် အဖြစ် ချင်သူတွေအတွက်...
သင်တန်းကြေး သက်သက်သာသာနဲ့ တတ်မြောက်လိုပါက အခုပဲ Page Messenger (CB) မှာ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီရှင့်။ 📩✨

13/08/2026

AI Animation ဆိုတာ ပုံသေကားကျ ရိုက်ခတ်ထားတဲ့ ပုံစံတစ်ခုတည်း မဟုတ်ပါဘူး... စိတ်ကူးအိုင်ဒီယာ ဆန်းသစ်ရင် ဆန်းသစ်သလို အကန့်အသတ်မရှိ ပုံဖော်လို့ရပါတယ်” 🎭✨
​အခုပြထားတဲ့ ဗီဒီယိုလေးကတော့ မမ Than Lwin May ရဲ့ သင်တန်းတက်ပြီးနောက်ပိုင်း ကိုယ်တိုင် ဖန်တီးထားတဲ့ ဟာသ အန်နီမေးရှင်း ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။
​သင်တန်းသူ/သားတွေထဲမှာ ပထမဦးဆုံး ဟာသ အိုင်ဒီယာဆန်းဆန်းလေးနဲ့ လာရောက်ပြသခဲ့တာမို့လို့ သဘောကျလွန်းလို့ မမကိုဂုဏ်ပြုရင်း အားလုံးနဲ့အတူကြည့်ရအောင် မျှဝေပေးလိုက်ပါတယ်နော်။ ဟာသလေးကလည်း တကယ့်ကို ချစ်စရာကောင်းပြီး ကြည့်မိသူတိုင်း ရီမိ ပြုံးမိမှာ အသေအချာပါပဲရှင်။ ❤️😂
​အန်နီမေးရှင်း ဖန်တီးတာဟာ ပုံမှန်အတိုင်း ပုံစံတစ်မျိုးတည်းပဲ သတ်မှတ်ထားလို့ မရပါဘူး။ မိမိစိတ်ထဲမှာရှိတဲ့ စိတ်ကူး အိုင်ဒီယာ ဆန်းသစ်ရင် ဆန်းသစ်သလို ရယ်စရာ ဟာသလေးတွေ၊ ပညာပေးတွေနဲ့ ရင်ထဲထိစရာ ဇာတ်လမ်းဆန်းတွေကို လက်ရာကောင်းမွန်တဲ့ ဗီဒီယိုတွေအဖြစ် ပုံဖော်ဖန်တီးနိုင်ပါတယ်။
​သင်တန်းမှာတော့ ဘာမှ မလုပ်ဖူးသေးသူများပါ လွယ်ကူရိုးရှင်းစွာ တတ်မြောက်စေမယ့် နည်းလမ်းတွေကိုပဲ အခြေခံမှစ၍ စနစ်တကျ သင်ပေးထားတာ ဖြစ်တာမို့လို့ မိမိရဲ့ စိတ်ကူးတွေကို အလွယ်တကူ လက်တွေ့ ပြောင်းလဲနိုင်မှာပါ။
​ကိုယ်ပိုင် စိတ်ကူးတွေကို AI နည်းပညာနဲ့ ပုံဖော်ပြီး Animation ဗီဒီယို ဖန်တီးသူ တစ်ယောက် အဖြစ် သင်တန်းကြေး သက်သက်သာသာနဲ့ တတ်မြောက်လိုပါက အခုပဲ Page Messenger (CB) မှာ လာရောက် စုံစမ်းမေးမြန်းနိုင်ပါပြီရှင့်။ 📩✨

12/08/2026

နန္ဒာရယ်လာပါတော့ မွှေးလွန်းတမော့မော့ 💗✨😊
ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာတို့ရဲ့ အချစ်ရာဇဝင်​ဇာတ်လမ်းလေးပြီးသွားလို့ သီချင်းလေးနဲ့လာနှုတ်ဆက်တာပါ😊😊နောက်ထပ်ဘယ်လိုဇာတ်လမ်းလေးကြည့်ချင်ကြလဲမန့်ခဲ့ကြဦးနော် 😁
#ရှင်မွှေးလွန်းနှင့်မင်းနန္ဒာ "

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ K-AI Creatorผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์