i Sports Sports & Entertainment Media

ဝင်းသိင်္ဂီထွန်း ကို ရတနာပုံ အမျိုးသမီးအသင်း ခေါ်ယူ 🚨🤝✨⚽️--------မြန်မာအမျိုးသမီးလိဂ်အသင်းသစ် ရတနာပုံအက်ဖ်စီအသင်းဟာ သတင်...
13/06/2026

ဝင်းသိင်္ဂီထွန်း ကို ရတနာပုံ အမျိုးသမီးအသင်း ခေါ်ယူ 🚨🤝✨⚽️
--------
မြန်မာအမျိုးသမီးလိဂ်အသင်းသစ် ရတနာပုံအက်ဖ်စီအသင်းဟာ သတင်းထွက်နေတဲ့အတိုင်း မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ကိုခေါ်ယူခဲ့ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဝင်းသိင်္ဂီထွန်း ဟာ ရတနာပုံအသင်းမှာ ကျောနံပါတ်(၇) ဝတ်ဆင်ကစားမှာဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမယ်လို့လည်း သိရပါတယ်။

Please Like & Follow iSports Page ✅

မြန်မာဖူဆယ်ကော်မတီနဲ့ Hey Play Company Limited တို့  သဘောတူ စာချုပ် ချုပ် 🇲🇲🏟⚽📽📺----------မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်...
13/06/2026

မြန်မာဖူဆယ်ကော်မတီနဲ့ Hey Play Company Limited တို့ သဘောတူ စာချုပ် ချုပ် 🇲🇲🏟⚽📽📺
----------
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံးကော်မတီနဲ့ Hey Play Company Limited တို့ သဘောတူစာချုပ် ချုပ်ဆိုခြင်းကို ဒီနေ့ ​ဇွန်လ(၁၃)ရက် မှာ ပြုလုပ်ခဲ့ပါတယ်။

Hey Play Company Limited အနေနဲ့ ၂၀၂၆-၂၀၂၇ခုနှစ်အတွင်း ကျင်းပမယ့် ဖူဆယ်ပြိုင်ပွဲတွေကို အများပြည်သူ ကြည့်ရှုစေနိုင်ဖို့ Hey Play မှ ရိုက်ကူးပြီး Hey Play TV Channel, Hey Play Youtube Channel တွေမှာ (Live) ပြသပေးသွားမှာ ဖြစ်ပါတယ်။

Photo - MFF Futsal

Please Like & Follow ISports Page ✅

ဖိလစ်ပိုင်ကစားသမား အူဘေး ဧရာဝတီမှာ ဆက်ကစားမယ် 🛬 🤝 ✍️ 🔄⚽ 🏃‍♀️ 🇲🇲 🇵🇭--------ပြီးခဲ့တဲ့ဘောလုံးရာသီ ဒု-အကျော့မှာ ဧရာဝတီအမျို...
13/06/2026

ဖိလစ်ပိုင်ကစားသမား အူဘေး ဧရာဝတီမှာ ဆက်ကစားမယ် 🛬 🤝 ✍️ 🔄⚽ 🏃‍♀️ 🇲🇲 🇵🇭
--------
ပြီးခဲ့တဲ့ဘောလုံးရာသီ ဒု-အကျော့မှာ ဧရာဝတီအမျိုးသမီးအသင်းကို ရောက်ရှိခဲ့ပြီး ရာသီဝက်ကစားခဲ့တဲ့ ဖိလစ်ပိုင်ကစားသမား အူဘေးကို ပြန်လည်ခေါ်ယူထားကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက i Sports ကို အတည်ပြုပါတယ်။

ဖိလစ်ပိုင်ကလပ် စတေလီယွန်လဂူနာ ကစားသမား အူဘေး နဲ့ ဂျပန်ကစားသမား ကီရာ တို့နှစ်ယောက် ဟာ ပြီးခဲ့တဲ့ ရာသီက ဧရာဝတီအသင်းနဲ့ အတူ ချန်ပီယံဖြစ်အောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အူဘေး အနေနဲ့ ဒီနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိမှာဖြစ်ပြီး အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှုတွေ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Please Like & Follow iSports Page ✅

မြန်မာယူ-၁၇ အသင်းခေါင်းဆောင်ဟောင်း ပင်မြင့်ယံ ရတနာပုံမှာ ကစားမယ် 🇲🇲⚽️📣📸🏆---------မြန်မာအမျိုးသမီးလိဂ်အသင်းသစ် ရတနာပုံအသင...
12/06/2026

မြန်မာယူ-၁၇ အသင်းခေါင်းဆောင်ဟောင်း ပင်မြင့်ယံ ရတနာပုံမှာ ကစားမယ် 🇲🇲⚽️📣📸🏆
---------
မြန်မာအမျိုးသမီးလိဂ်အသင်းသစ် ရတနာပုံအသင်းမှာ မြန်မာယူ-၁၇အမျိုးသမီးလက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ပင်မြင့်ယံ ပါဝင်ကစားမှာ ဖြစ်ပါတယ်။

ရတနာပုံအသင်းဟာ ပင်မြင့်ယံကို ခေါ်ယူထားကြောင်း သတင်းမထုတ်ပြန်ပေမယ့် အသင်းရဲ့ဝတ်စုံ ဒီဇိုင်းထုတ်ပြန်ရာမှာ ပင်မြင့်ယံရဲ့ ပုံကို ထည့်သွင်းကြော်ငြာထားတာ မြင်တွေ့ရပါတယ်။

ပင်မြင့်ယံဟာ မြန်မာယူ-၁၇အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ အတူ အာရှယူ-၁၇ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲမှာတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခြင်းမရှိတော့တာကို မြင်တွေ့ရပါတယ်။

Please Like & Follow iSports Page ✅

12/06/2026

Welcom Ritu 🇧🇩✈️🇲🇲⚽🎙️🎥
--------
မြန်မာအမျိုးသမီးလိဂ်မှာ အလှုပ်ခတ်ဆုံး အပြောင်းအရွှေ့တစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကစားသမား ရီတူ ဧရာဝတီမှာ ကစားဖို့ ဒီနေ့ မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါပြီ..

မြန်မာလိဂ်မှာ ကစားဖို့ ရီတူ အသင့်ဖြစ်နေပြီလား...

သူ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ စကားသံတွေကို i Sports TV က ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

Please Like & Follow iSports Page ✅

ရီတူ ရန်ကုန်ရောက်ပြီ ✈🇲🇲🏟⚽🔥ဧရာဝတီအသင်းက အသစ်ခေါ်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ်ကစားသမား ရီတူ ဒီနေ့မနက်က ရန်ကုန်မြို့ကို ရောက်ရှိ...
12/06/2026

ရီတူ ရန်ကုန်ရောက်ပြီ ✈🇲🇲🏟⚽🔥

ဧရာဝတီအသင်းက အသစ်ခေါ်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ်ကစားသမား ရီတူ ဒီနေ့မနက်က ရန်ကုန်မြို့ကို ရောက်ရှိလာပါပြီ။

ရီတူနဲ့ အင်တာဗျူး အစီအစဥ်ကိုလည်း ISportsTV မှာ ဆက်လက်တက်ဆက်ပေးသွားပါမယ်။

Please Like & Follow iSports Page ✅

အမျိုးသမီးလိဂ် ပြိုင်ပွဲအကြို Official Partnership Signing Ceremony 📸🇲🇲🏟⚽🔥---------Myanmar Womens League 2026-27 ဘောလုံး...
12/06/2026

အမျိုးသမီးလိဂ် ပြိုင်ပွဲအကြို Official Partnership Signing Ceremony 📸🇲🇲🏟⚽🔥
---------
Myanmar Womens League 2026-27 ဘောလုံးရာသီ မစတင်မီ Official Partnership Signing Ceremony ကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ် မြန်မာနေရှင်နယ်လိဂ်ကို အသင်း ၁၀ သင်း ဝင်ပြိုင်မှာဖြစ်ပြီး စပွန်ဆာ ဆုကြေးငွေပေါင်း သိန်း နှစ်သောင်းကျော် ရရှိထားကာ ယခင်နှစ်တွေကထက် ငွေကြေး သုံးဆ ပိုမို သုံးစွဲသွားမယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီးလိဂ်မှာ ပွဲပေါင်း ၉၀ စလုံးကို MRTV-4, Channel-7, Readers Channel တို့ကနေ တိုက်ရိုက် ထုတ်လွှင့်မယ်လို့လည်း သိရပါတယ်။

Please Like & Follow iSports Page ✅
League #မြန်မာအမျိုးသမီးလိဂ်

11/06/2026

မြန်မာအမျိုးသမီးလိဂ် ခြေလှမ်းအရွေ့ 🇲🇲⚽✨🗓️📣💰📺🌱
---------
၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ် စတင်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာ လိဂ်ကော်မတီအနေနဲ့ သူတို့ရဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို တရားဝင်ချပြခဲ့ပါတယ်။ ဒီနှစ် မြန်မာနေရှင်နယ်လိဂ်ကို အသင်း ၁၀ သင်း ဝင်ပြိုင်မှာဖြစ်ပြီး စပွန်ဆာ ဆုကြေးငွေပေါင်း သိန်း နှစ်သောင်းကျော် ရရှိထားကာ ယခင်နှစ်တွေကထက် ငွေကြေး သုံးဆ ပိုမို သုံးစွဲသွားမယ်လို့ သိရပါတယ်။

နှစ်စဉ် ကျင်းပပြုလုပ်နေတဲ့ မြန်မာအမျိုးသမီးလိဂ်မှာ အဓိက ပြစ်တင်ဝေဖန်ခံရလေ့ရှိတဲ့ အချက်တွေက ရုပ်သံထုတ်လွှင့်မှု နဲ့ ကွင်းမြက်ခင်းပြင် အရည်အသွေးပါ။ ဒီနှစ်လိဂ်မှာတော့ ဒီအချက် နှစ်ချက်စလုံးကို အဓိကထားပြင်ဆင်ထားပြီး ပွဲပေါင်း ၉၀ စလုံးကို MRTV-4, Channel-7, Readers Channel တို့ကနေ တိုက်ရိုက် ထုတ်လွှင့်မှာပါ။ ကွင်းအနေနဲ့လည်း အဓိက ကျင်းပမယ့် ကွင်းဖြစ်တဲ့ ပဒုမ္မာကွင်းကို အဝတ်လဲခန်း ပြင်ဆင်မှုတွေအပြင် ကွင်းမြက်ခင်းပြင်ကိုပါ ကောင်းမွန်အောင် ပြင်ဆင်ထားတယ်လို့ မြန်မာလိဂ် စီအီးအို က ဆိုပါတယ်။

Please Like & Follow iSports Page ✅
League #မြန်မာအမျိုးသမီးလိဂ်

ဧရာဝတီ အမျိုးသမီးအသင်း Co- Sponsor အဖြစ် GYCT ပံ့ပိုးမယ် 📢✨🚌⚽🤝🔥--------ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်င...
11/06/2026

ဧရာဝတီ အမျိုးသမီးအသင်း Co- Sponsor အဖြစ် GYCT ပံ့ပိုးမယ် 📢✨🚌⚽🤝🔥
--------
ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Golden Yangon City Transportation (GYCT) အနေနဲ့ ဧရာဝတီအမျိုးသမီးဘောလုံးအသင်း Co - Sponsor အဖြစ် ပံ့ပိုးကူညီမယ်လို့ အသင်းက သတင်းထုတ်ပြန်ပါတယ်။

GYCT ဟာ i Sports ရဲ့ Official Sponsor လည်းဖြစ်ပြီး ၂၀၂၆ နှစ်ကုန်အထိ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရှိထားပါတယ်။

Please Like & Follow iSports Page ✅

နာမည်ကျော် မြန်မာအမျိုးသမီးတိုက်စစ်မှူး တစ်ဦး ရတနာပုံမှာ ကစားမယ် လို့ သတင်းထွက် 🤔⚽🤝✨----------ဒီနှစ် အမျိုးသမီးလိဂ်မှာ ပ...
10/06/2026

နာမည်ကျော် မြန်မာအမျိုးသမီးတိုက်စစ်မှူး တစ်ဦး ရတနာပုံမှာ ကစားမယ် လို့ သတင်းထွက် 🤔⚽🤝✨
----------
ဒီနှစ် အမျိုးသမီးလိဂ်မှာ ပထမဆုံးအကြိမ် ဝင်ပြိုင်မယ့် ရတနာပုံအသင်းအနေနဲ့ နာမည်ကျော် လက်ရွေးစင်တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတချို့အရ သိရပါတယ်။

ရတနာပုံအသင်းဟာ မြန်မာအမျိုးသမီးလိဂ်မှာ အောင်မြင်မှုရဖို့အတွက် ကစားသမား အားဖြည့်မှုတွေကို ပြုလုပ်နေပြီး ဒီနှစ်မှာ ဝင်မပြိုင်တော့တဲ့ YREO အသင်းက ကစားသမားတွေကိုလည်း ခေါ်ယူထားပါတယ်။

ရတနာပုံအမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဘိုဘိုအောင် က တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပြီး အပြီးသတ် လူစာရင်းကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

Please Like & Follow iSports Page ✅

ที่อยู่

Lat Phrao , Chan Kasem, Khet Chatuchak, Krung Thep Maha Nakhon, Bangkok
Bangkok
10900

เบอร์โทรศัพท์

+959420702772

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ i Sportsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง i Sports:

แชร์