PNLA News & Information Department

PNLA News & Information Department PNLA News & Information Department

20/08/2025

ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ဆက်မီးရှို့နေ

သြဂုတ်လ၂၀ရက် ၂၀၂၅ခုနှစ်

ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထို ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ကျေးရွာကို မီးဆက်ရှို့နေသဖြင့် မီးလောင်နေသည့် videoဖြစ်သည်။

PNOပြည်သူ့စစ်က သြဂုတ်လ ၁၈ရက်နေ့ထိ မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့ခြင်းဖြစ်သည်။

Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။

နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်တပ်ဖွဲ့သည် ယနေ့အချိန်ထိ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှို့နေလျက်ရှိပြီး နေအိမ်၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ရသည်။

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

18/08/2025

ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့

သြဂုတ်လ၁၈ရက် ၂၀၂၅ခုနှစ်

ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့သည့် videoဖြစ်သည်။

နောင်ဗိုကျေးရွာတွင် နေအိမ် ၂၀ ထက်မနည်း မီးခံခဲ့ရကြောင်း သိရသည်။

PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့သည်။

Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။

နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်တပ်ဖွဲ့သည် ယနေ့အချိန်ထိ နောင်ထော် ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှို့နေလျက်ရှိသည်။

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

17/08/2025

နောင်ထော်ကယန်းပိုင်းကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့

သြဂုတ်လ၁၇ရက် ၂၀၂၅ခုနှစ်

ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့သည့် videoဖြစ်သည်။

PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့သည်။

Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

စစ်ကောင်စီနှင့် လက်ပါးစေ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးပြီး ပြည်သူကို သတ်ဖြတ်ကာ ပအိုဝ်းရွာများကို မီးရှို့ဖျက်ဆီးသြဂုတ်လ ...
13/08/2025

စစ်ကောင်စီနှင့် လက်ပါးစေ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးပြီး ပြည်သူကို သတ်ဖြတ်ကာ ပအိုဝ်းရွာများကို မီးရှို့ဖျက်ဆီး

သြဂုတ်လ ၁၃ ရက် ၂၀၂၅ ခုနှစ်

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်က သြဂုတ်လ ၅ရက်နေ့မှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းသို့ ထိုးစစ်ဆင်လာမှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PNLAက တပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ် ၁၀၀ ခန့် ထိခိုက်သေဆုံးခဲ့သည်။

ထိုသို့ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လာခြင်းကြောင့် နောင်ထောဝ်ကျေးရွာအနီးနှင့်ကောင်ထိုကျေးရွာအနီးမှ ဆုတ်ခွာခဲ့ရပါသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်များဖြင့် ကျေးရွာများနှင့် PNLO/PNLA ဌာနချုပ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ်များသည် သြဂုတ်လ ၉ရက်နေ့တွင် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက် နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့သဖြင့် နေအိမ် ၂၄အိမ် ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် စလောင်းထောင်ကျေးရွာ ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသား ၁ဦးကိုလည်း PNOပြည်သူ့စစ်က သတ်ဖြတ်ခဲ့သည်။

ထိုသို့ စကစနှင့်လက်ပါးစေ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးခြင်း ကျေးရွာကိုမီးရှို့ခြင်း ဒေသခံကိုပစ်သတ်ခြင်းများကြောင့် ပြည်သူ့၂၀၀၀ ကျော်ခန့်သည် တောတောင်ထဲတွင်လည်းကောင်း အခြားကျေးရွာများသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယခင်တွင်လည်း စကစလက်ပါးစေ PNOပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ် ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ဖူးသည်။ ထို့အပြင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာကိုလည်း ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။

PNLAသတင်းစဥ်

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက PNLO ဌာနချုပ်ပတ်ဝန်းကျင်နှင့် ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ဇူလိုင် ၂၇ရက် ၂၀၂၅...
27/07/2025

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက PNLO ဌာနချုပ်ပတ်ဝန်းကျင်နှင့် ကျေးရွာများကို ဗုံးကျဲတိုက်ခိုက်

ဇူလိုင် ၂၇ရက် ၂၀၂၅ခုနှစ်

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်ဧရိယာနှင့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ဇူလိုင် ၂၆ရက်နေ့ ညနေခင်း ၃နာရီအချိန်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် စစ်ကောင်စီသည် PNLOဌာနချုပ်ဧရိယာနှင့် နောင်ထောဝ်ကျေးရွာကို ပေါင် ၅၀၀ အပါအဝင် လေးကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထု၏ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်။ ထို့အပြင် လွယ်ချယ်လမ်းခွဲအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်ဖွဲ့ကိုလည်း စစ်ကောင်စီက ဗုံးတလုံးကျဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ယခင်တွင်လည်း PNLOဌာနချုပ်ဧရိယာနှင့် ဧရိယာအတွင်းရှိကျေးရွာများကို သုံးကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူနေအိမ်များ ပြည်သူ့ဆေးပေးခန်းများ ပျက်စီးခဲ့ရသည်။

PNLAသတင်းစဥ်

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနှင့် PNOက နောင်ဗိုကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခန်သဖြင့် ပြည်သူတဦးထိခိုက...
26/06/2025

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနှင့် PNOက နောင်ဗိုကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခန်သဖြင့် ပြည်သူတဦးထိခိုက်ဒဏ်ရာရ

ဇွန်လ ၂၆ရက် ၂၀၂၅ ခုနှစ်

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် နေအိမ် ၁ လုံးထိခိုက်ပျက်စီးပြီး ပြည်သူတဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ည ဇွန်လ ၂၅ ရက် ည ၈ နာရီအချိန်ခန့်တွင် စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တောင်ရှေ့ကျေးရွာအုပ်စု နောင်ဗိုရွာကို ၆ဝမမလက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် အိမ်ရှင်ဖြစ်သူ မွိုးဒုံး အသက် ၄၉ နှစ်၏ အိမ်မှာ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး အိမ်ရှင် မွိုးဒုံး သည်လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူ မွိုးဒုံးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ကယ်ဆယ်ရေးတပ်ဖွဲ့မှ သွားရောက်ကယ်ထုတ်ကာ ကုသမှုပေးနေလျက်ရှိသည်။

ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စုတွင် မည်သည့် စစ်ရေးလှုပ်ရှားမှုများ တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူလူထု၏ နေအိမ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နှင့် ၂၃ ရက်နေ့တွင်လည်း ၄င်းတို့တပ်စွဲထားသည့် ဆီဆိုင်မြို့နယ် တပူးထိုရွာတွင် နေအိမ်များကို မီးရှို့ခဲ့သည်။

PNLAသတင်းစဥ်

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

PNO ပြည်သူ့စစ်က တပူးထိုကျေးရွာကို မီးရှို့ နေအိမ် ၆ အိမ်မီးလောင်ဇွန်လ ၁၆ ရက် ၂၀၂၅ ခုနှစ်ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာ...
16/06/2025

PNO ပြည်သူ့စစ်က တပူးထိုကျေးရွာကို မီးရှို့ နေအိမ် ၆ အိမ်မီးလောင်

ဇွန်လ ၁၆ ရက် ၂၀၂၅ ခုနှစ်

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့သဖြင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၁၂ ရက်နေ့ညတွင် တပူးထိုကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့ညအထိ မီးလောင်ခဲ့ရာ နေအိမ် ၆ လုံးမှာ မီးလောင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းတပူးထိုရွာတွင် PNO ပြည်သူ့စစ်မှ တပ်စွဲနေထိုင်နေသည်မှာ ၄ လကျော်ရှိပြီဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် ဒေသခံရွာသူရွာသားများကို PNO ပြည်သူ့စစ်က ရွာအတွင်းမှ မောင်းထုတ်ပြီးနောက် ကျေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

"အိမ်တွေကလည်း တအားကပ်ရပ်ကြီးတွေမဟုတ်လို့ရယ် ၊ မိုးရွာလို့ မီးတွေက ဆက်မကူးတာရယ်ကြောင့် တရွာလုံးမပါသွားတာ။ ရွာမှာ သူတို့(PNO ပြည်သူ့စစ်)ပဲရှိတယ်။ရွာသားတွေကိုလည်း သူတို့မောင်းထုတ်ထားတယ်”ဟု ဒေသခံတဦးကပြောပြသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု မောင်းထုတ်မှုပြုလုပ်ခဲ့သည်။

ကျေးရွာအတွင်းမှ ထွက်ခွါရန် PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့သည့်ကျေးရွာများမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ဖြစ်သည်။

ယင်းကျေးရွာရှိ ဒေသခံများအားလုံး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူဟု စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဇွန်လ ၇ ရက်နေ့တွင် ကျေးရွာများသို့ စာပို့လာခြင်းဖြစ်သည်။

PNLAသတင်းစဥ်

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ရွာအတွင်းမှ မောင်းထုတ်န...
09/06/2025

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ရွာအတွင်းမှ မောင်းထုတ်နေ

ဇွန်လ ၉ ရက် ၊ ၂၀၂၅ ခုနှစ်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု မောင်းထုတ်နေသည်။

ကျေးရွာအတွင်းမှ ထွက်ခွါရန် PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့သည့်ကျေးရွာများမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ဖြစ်သည်။

ယင်းကျေးရွာရှိ ‌ ဒေသခံများအားလုံး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူဟု စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဇွန်လ ၇ ရက်နေ့တွင် ကျေးရွာများသို့ စာပို့လာခြင်းဖြစ်သည်။

ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွါသည့်သူများအနေဖြင့်လည်း တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက်နေထိုင်ခြင်း မပြုရန် နှင့် ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့သာ ထွက်ခွါသွားရမည်ဟု PNO က ပို့လာသည့်စာတွင်တွေ့ရသည်။

"သူတို့ PNO ကလည်း စစတုန်းက ပြည်သူလူထုကြားကနေ ပေါက်ဖွားလာခဲ့တာပါ ။ အခုလုပ်ရပ်က လူထုထောင်နဲ့ချီကို ဖမ်းလိုက်တဲ့သဘောပဲဗျ။ အခုတော့ စစ်တပ်ကို ကာကွယ်ရင်း ကိုယ်ကျိုးစီးပွါးအတွက်နဲ့ ပအိုဝ်းလူထုကို ပြန်မောင်းထုတ်တဲ့အဖွဲ့ဖြစ်နေပြီ။ လူထုကို ကျေးဇူးကန်းနေပြီ” လို့ ဒေသခံပြည်သူတဦးကပြောပါတယ်။

ယင်းကျေးရွာများတွင် ကျေးရွာအချို့သည် တော်လှန်ရေးနယ်မြေအတွင်းမှဖြစ်ပြီး ကျေးရွာအချို့သည် စစ်ကောင်စီနှင့်PNO ပြည်သူ့စစ်က ထိန်းချုပ်ထားသည့်ကျေးရွာများဖြစ်သည်။ ယင်းသို့ ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်သွားရန် မောင်းထုတ်သည့်စာ ပေးပို့ပြီးနောက် ကျေးရွာအချို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ဝင်ရောက်တပ်စွဲခဲ့သည်။

PNLAသတင်းစဥ်

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

03/06/2025

စစ်ကောင်စီနှင့်၎င်း၏လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများမှန်းတမ်းရမ်းတမ်းပစ်ခတ်တိုက်ခိုက်

ဇွန်လ ၃ရက် ၂၀၂၅ခုနှစ်

စစ်ကောင်စီသည် အပစ်ခတ်ရပ်စဲရေးကို ဇွန်လ (၁)ရက်နေ့မှ (၃၀) ရက်နေအထိ တစ်လ သက်တမ်းတိုးထားကြောင်း ထုတ်ပြန်ကြေညာသော်လည်း ၎င်းတို့၏ အောက်ခြေ တိုင်း၊ ဗျူဟာများနှင့် အပေါင်းပါ လက်အောက်ခံ PNO ပြည်သူ့စစ်မှ လိုက်နာဆောင်ရွက်ခြင်းမရှိတော့ပဲ ၂၀၂၅ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်ထော် ဒေသတွင်းသို့သော်လည်းကောင်း၊ ဇွန်လ (၂) ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်၍ ဗန်းမတ်ဒေသတွင်း သို့တွင် လည်းကောင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အကြောင်းမဲ့ လက်နက်ကြီးဖြင့် (၁၀) ကြိမ်ထက်မနည်း မှန်းတမ်းရမ်းတမ်းပစ်ခတ်ခဲ့သည်။

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ဥက္ကဋ္ဌကြီး ဦးလညော် ဇောင်းဟရား ဈာပနသို့ PNLO နှင့် PNFC တို့မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ
17/05/2025

ဥက္ကဋ္ဌကြီး ဦးလညော် ဇောင်းဟရား ဈာပနသို့ PNLO နှင့် PNFC တို့မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

Pa-O Youth Academy၊ပအိုဝ်းလူငယ်အကယ်ဒမီ၊ထုတ်ပြန်ကြေညာချက်။ရက်စွဲ။  ။ ၃.၅.၂၀၂၅။  -O Youth -O Youth Academy /PNLA
07/05/2025

Pa-O Youth Academy
၊ပအိုဝ်းလူငယ်အကယ်ဒမီ၊ထုတ်ပြန်ကြေညာချက်။
ရက်စွဲ။ ။ ၃.၅.၂၀၂၅။


-O Youth
-O Youth Academy
/PNLA

25/04/2025

စစ်ကောင်စီနှင့်အထက်လူကြီးနှိပ်စက်တာကို မခံနိုင်သဖြင့် PNOပြည်သူ့စစ်တဦး လက်နက်နှင့်တကွ ထွက်ပြေးပြီး အလင်းဝင်

ဧပြီ ၂၅ရက် ၂၀၂၅ခုနှစ်

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက စစ်ကောင်စီတပ်နှင့်အထက်လူကြီးဆိုသူများ နှိပ်စက်သည်ကို မခံနိုင်သဖြင့် PNLAဆီ ထပ်မံ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

၄င်းသည် ဧပြီလ ၁၆ရက်နေ့တွင် လက်နက်နှင့်တကွ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်လာသူသည် အနှိပ်စက်ခံထားရခြင်းကြောင့် ဒဏ်ရာများလည်းရရှိထားသဖြင့် PNLO/PNLAမှဆေးကုသပေးခဲ့သည်။ ထို့အပြင် ဆုငွေများလည်းပေးအပ်ခဲ့သည်။

ထွက်ပြေးလာသူ၏ ထွက်ဆိုချက်အရ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်းများကို ခိုးယူခြင်း ဓားပြတိုက်ခြင်း အောက်လက်ငယ်သားများအား ရိုက်နှက်နှိပ်စက်ခြင်း ‌များပြုလုပ်ခဲ့သည်ဟုဆိုသည်။

ပအိုဝ်းအမျိုးသားအချင်းချင်းသည် ရန်သူမဟုတ်ပါ စစ်အာဏာရှင်စနစ်သည်သာပြည်သူလူထုတရပ်လုံး၏ ရန်သူဖြစ်သည်။

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ที่อยู่

Pa O
Bangkok
0000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PNLA News & Information Departmentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์