HSU VLOGS ထိုင်းတောင်ဘက်ပိုင်းမှာနေတယ် ခရီးတွေသွားပြီး အစားတွေစားရတာကြိုက်တယ် …အချိန်ရရင် စာတွေရေးပြီး vlog တွေရိုက်ဖြစ်တယ် 💛💛💛

ဆု သုံးနေတဲ့ GoPro hero 13 creator edition လေးပြန်ရောင်းပါမယ် … 4k quality နဲ့ကြည်တောက်ရှင်း၊ အကြမ်းခံတာကတော့ GoPro မလို...
05/09/2025

ဆု သုံးနေတဲ့ GoPro hero 13 creator edition လေးပြန်ရောင်းပါမယ် …
4k quality နဲ့ကြည်တောက်ရှင်း၊ အကြမ်းခံတာကတော့ GoPro မလို့ပြောစရာကိုမလိုပါ။ action camera အမျိုးအစားမလို့ classic ရော adventure vlog ရိုက်ချင်တဲ့သူတွေအတွက်လည်းအရမ်းအဆင်ပြေပါတယ်။
ဆုဝယ်ထားတာ ပစ္စည်းအစုံ Creator editionမှာ
💡 ညဘက်အတွက် light mod
🎙️ Media mod လည်းပါလို့ အသံလည်းတော်တော်ကြည်တယ်။
🔋 original battery 1 + extra orginal battery 2 ၊ battery total 3 လုံးပါပါမယ်။
🎥 grip tripod မှာလည်း battery သွင်းလို့ရပါသေးတယ်။
💦 ရေအောက်ရိုက်ဖို့ waterproof case + tripod (TELESIN)
ပါ အကုန်ပါပြီး စျေးက ฿18000 ပါ။ ဝယ်တုန်းက 24000 လောက်ကျတယ်။ အခုပေါက်စျေးနဲ့ တွက်ကြည့်လည်း တန်ပါတယ်။ ၁ လပိုင်းကမှ ဆု Central Phuket Studio 7 ကဝယ်ထားတာပါ။ ဘောင်ချာရော၊ warranty ရောကျန်ပါသေးတယ်။

🌟ဒီပိုစ့်လေးကို ရှဲပေးတဲ့ သူငယ်ချင်းတွေအတွက် ဒါလေးအရောင်းထွက်သွားရင် ဆုအရင်ကသုံးခဲ့တဲ့ GoPro hero 7လေးမဲဖောက်ပေးပါမယ်နော် 🎁🎁🎁

အိမ်ချက်ပဲပြုတ်ဘူးကလေ အသင့်စားဆိုတော့ ဖောက်လိုက်ရင် ပဲပြုတ်နံ့လေးမွှေးမနေပဲ အထဲကအနံ့တမျိုးရကြတယ်မို့လားဟင်… ဆုလို့အဲ့အနံ...
28/08/2025

အိမ်ချက်ပဲပြုတ်ဘူးကလေ အသင့်စားဆိုတော့ ဖောက်လိုက်ရင် ပဲပြုတ်နံ့လေးမွှေးမနေပဲ အထဲကအနံ့တမျိုးရကြတယ်မို့လားဟင်…
ဆုလို့အဲ့အနံ့ကို မကြိုက်တဲ့သူတွေရှိရင် ဆုလုပ်တဲ့နည်းလေးအတိုင်းစမ်းကြည့်ပါလားနော် ။
ဘူးထဲက ပဲပြုတ်တွေကိုဇကာလေးထဲသွန်ပြီး
အပေါ်ကနေရေနွေးနဲ့ ဖွဖွလေးခါဆေးလိုက်တယ်
ပြီးမှ ပေါင်းအိုးထဲကို ပဲပြုတ်တွေထည့်
ရေနွေးကို ပဲတဝက်လောက်ပဲထည့်ပြီးရင်
ဆားလေးနည်းနည်းရယ်၊
ထန်းလျက်ခဲတဝက် (ဒါမှမဟုတ်ရင်)
သကြားနည်းနည်းထည့်ပြီး ပြန်တည်ပေးလိုက်တယ်။
ရေခမ်းသွားမယ့် အချိန်တော့ စောင့်ကြည့်ပေးဖို့လိုတယ်။
မွှေစရာမလိုဘူးနော်..
ရေခမ်းရင် သူ့ရယ်ဒီမိတ်အနံ့ပျောက်ပြီး
အရမ်းမမွှေးတောင် ပဲနံ့သင်းသင်းလေးတတ်လာပါတယ်

တခြားရော ဘာနည်းလမ်းတွေရှိသေးလည်း
မန့်ခဲ့ပေးပါအူး🫶 🫶

သုံးနေကျ cotton pads ကုန်သွားလို့ Super Cheap ကနေအလွယ်ဝယ်လာလိုက်တာ ဒီလိုကြီးတွေပါလာတာ တထုပ်လုံးပဲ…အစက  ကလေးအီအီးကုန်းရင်...
27/08/2025

သုံးနေကျ cotton pads ကုန်သွားလို့ Super Cheap ကနေအလွယ်ဝယ်လာလိုက်တာ ဒီလိုကြီးတွေပါလာတာ တထုပ်လုံးပဲ…အစက ကလေးအီအီးကုန်းရင်သုံးတဲ့ဟာထင်လို့ အဲ့လိုလဲဟုတ်မနေပြန်ဘူး ။ကိုယ်ပဲထီပေါက်တာလားတော့ မသိ 🤧
ဒီတံဆိပ်ဝယ်ရင် သေချာကြည့်ဝယ်ကြပါခ

ပျင်းရင် …ဒီဆိုင်လေး အမြဲရောက်ဖြစ်တယ် ၊ ကိုယ့်အိမ် ကိုယ့်ယာလိုပဲ မို့ 🪹🍃🌧️☕️
12/08/2025

ပျင်းရင် …ဒီဆိုင်လေး အမြဲရောက်ဖြစ်တယ် ၊ ကိုယ့်အိမ် ကိုယ့်ယာလိုပဲ မို့ 🪹🍃🌧️☕️

မနက် ၄နာရီလောက်ထဲက အုန်းနို့ခေါက်ဆွဲထချက်ပြီး တနေ့လုံးစားနေတာ ၊ မိုးကလည်း ဒီတရက်လုံးတဖြောက်ဖြောက်နဲ့ဆိုတော့ ရှယ်ပဲ ☺️ ဆု...
11/08/2025

မနက် ၄နာရီလောက်ထဲက အုန်းနို့ခေါက်ဆွဲထချက်ပြီး တနေ့လုံးစားနေတာ ၊ မိုးကလည်း ဒီတရက်လုံးတဖြောက်ဖြောက်နဲ့ဆိုတော့ ရှယ်ပဲ ☺️
ဆုက တခုခုစားချင်ပြီဆို အဲ့တရက်လုံး တစိမ့်စိမ့်စားချင်နေတဲ့သူမျိုး ၊ ဆိုင်မှာ တထိုင်စာစားလိုက်ရတာထက် အိမ်မှာချက်စားရတာပိုကြိုက်တဲ့သူမျိုးပါ။ ပြီးတော့ ကိုယ်တိုင်ချက်စားတတ်တဲ့သူတွေကလေ တော်ရုံ လက်ရာလောက်ဆိုမတိုး၊ လက်ရာမကြိုက်ရင်ဆက်မစားချင် ဂျီးများအကောင်းကြိုက်တွေတဲ့ ဟုတ်လားတော့မသိ …
ပြီးတော့ ချက်ပဲချက်ချင်တာ ပန်းကန်တွေ၊ အိုးတွေမဆေးချင်တဲ့သူတွေတဲ့😂🤭

#အုန်းနို့ခေါက်ဆွဲ

Long time no beach 8ရက် 8လမှာ manifest လုပ်ရင်းမြေလာနင်းတာ 🪐 🌊
08/08/2025

Long time no beach 8ရက် 8လမှာ manifest လုပ်ရင်းမြေလာနင်းတာ 🪐 🌊

🍜ခေါက်ဆွဲတခါစားခါနီး သူတို့ရဲ့ multiple choices မှာ ကျရှူံး … 🤭ဒီဆိုင်က Boat Noodle တော်တော်စားကောင်းတယ်။ သူ့ဟင်းရည်က th...
01/08/2025

🍜ခေါက်ဆွဲတခါစားခါနီး သူတို့ရဲ့ multiple choices မှာ ကျရှူံး … 🤭

ဒီဆိုင်က Boat Noodle တော်တော်စားကောင်းတယ်။ သူ့ဟင်းရည်က thick ဖြစ်ပြီးအရသာလေးလေးပင်ပင်ရှိတယ်။ အားရှိတယ်၊ နေမကောင်းဖြစ်တဲ့ အချိန်စားသင့်၊ အသားကတော့ (ဝက်သား၊အမဲသား) ရတယ်။ ပြီးတော့ အသားလုံးတွေနဲ့ နံရိုးမီးတောက်လဲရတယ်။ လမ်းဘေးဆိုင်တွေထက် portion များလို့ ဆုတော့ တပွဲဆိုဗိုက်ပြည့်ပြီ။
ဆိုင်ခွဲတွေရှိမယ် ထင်တယ်။ ဆုတို့စားခဲ့တာ
📍Robison Thalang မှာပါခ…

ငါးကင်ကိုလေ တခြားနည်းနဲ့များကင်ပြီး မရောင်းချင်ကြတော့ဘူးလားလို့ ခွန်ထိုင်းတို့ကိုမေးလိုက်ချင်တယ် တနိုင်ငံလုံး ဒီငါးဆားအု...
29/07/2025

ငါးကင်ကိုလေ တခြားနည်းနဲ့များကင်ပြီး မရောင်းချင်ကြတော့ဘူးလားလို့ ခွန်ထိုင်းတို့ကိုမေးလိုက်ချင်တယ်
တနိုင်ငံလုံး ဒီငါးဆားအုံကင်ပဲစားနေကြတဲ့သူတို့ကို အရမ်းသနားတာပဲ 🥲
လှည်းတန်းငါးကင်၊ သုဝဏ္ဏမမကြီးငါးကင် စားချင်တိုင်း ဒီအရေခွံစားမရတဲ့ ဆားအုံကင်နဲ့ လာနှစ်သိမ့်နေရတဲ့ ကိုယ့်ကိုကိုယ်ပိုသနားတယ် 😌

ပြောမယ့်သာပြောတာ ကိုယ်တွေဆီက တရုတ်ကိုမြန်မာမှူပြု၊ ထိုင်းကိုမြန်မာမှူပြုထားတဲ့ အစားသောက်တွေကသိပ်စားကောင်းတာနော်။ ပြောရင်းနဲ့တောင်စားချင်လာပြီ ငါးခဲပတ်ကင်လေးနဲ့ ရုံးပတီသီးကင်ရယ် ၊ မြေအိုးမြီးရှည်နဲ့ သံဘူးအအေးလေးရယ် … 🤤


#ငါးကင်လွမ်းချင်း #ရန်ကုန်စာလွမ်းနေသောရန်ကုန်သူ #မြန်မာ့မြေနင်းရင်အစားအသောက်ပတ်စားဖို့အရေးဒို့အရေး 😆

fbမှာ သီချင်းနဲ့ပုံတင်လို့ရပြီဆိုလို့ 🖤🪽
21/07/2025

fbမှာ သီချင်းနဲ့ပုံတင်လို့ရပြီဆိုလို့ 🖤🪽

ที่อยู่

Huai Khwang
Bangkok
10310

เบอร์โทรศัพท์

+66649296219

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ HSU VLOGSผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์