Jiro - Video Clip

Jiro - Video Clip ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Jiro - Video Clip, ครีเอเตอร์ดิจิทัล, Bangkok.

23/03/2026

တွဲမယ်ဆိုလည်း မြန်မြန်တွဲ မြန်မြန်ပြတ်ကြလေ
နောက်လူတွေ တွဲဖို့စောင့်နေတယ် 🤣

သူများကို သိပ်ပြီးမသနားနဲ့နောက်ဆုံး သနာစရာ ကောင်းတဲ့လူကကိုယ်ဖြစ်နေတတ်တယ် 💪လေးစားစွာဖြင့်Jiro - Video Clip
23/03/2026

သူများကို သိပ်ပြီးမသနားနဲ့
နောက်ဆုံး သနာစရာ ကောင်းတဲ့လူက
ကိုယ်ဖြစ်နေတတ်တယ် 💪

လေးစားစွာဖြင့်
Jiro - Video Clip

23/03/2026

ကင်းခြေများ ဘယ်လိုကိုက်သလဲ ?

16/03/2026

ခုခေတ် ၁၂တန်းဖြေတဲ့
ကလေးတွေကလေ ‌ဖြေနိုင်ရင်ဖြေနိုင်သလို
ခုန်ပေါက်ထွက်လာတယ်။
မဖြေနိုင်ရင်လဲ မျက်ရည်တွေနဲ့ ငိုပြကြတာ။

ကိုယ်တွေ ၁၀တန်း ဖြေတဲ့ ခေတ်ကများ
ဖြေနိုင်လားမေးရင် ရုပ်တည်နဲ့
All D ပဲ နည်းနည်းမှမလျော့ဘူး

မိဘတွေကို ပျော်အောင်ထားတယ်။
အောင်စာရင်းထွက်မှ ဘာဖြစ်ဖြစ်။

Jiro - Video Clip

အောင်မြင်မှုဆိုတာ ဆင်ခြေတွေရဲ့ တစ်ဖက်ခြမ်းမှာရှိတယ်လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပေမယ့် အဲဒီအိမ်မက်တွေကို လက်တွေ့ဖြစ်မလ...
16/03/2026

အောင်မြင်မှုဆိုတာ ဆင်ခြေတွေရဲ့ တစ်ဖက်ခြမ်းမှာရှိတယ်

လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိကြပေမယ့် အဲဒီအိမ်မက်တွေကို လက်တွေ့ဖြစ်မလာအောင် တားဆီးထားတဲ့ အကြီးမားဆုံးရန်သူက "ဆင်ခြေ"တွေ ပါပဲ။

"ငါ့မှာ အရင်းအနှီးမရှိသေးလို့"
"ငါ့မှာ အချိန်မရှိလို့"
"ငါက သူများတွေလောက် ကံမကောင်းလို့"

ဒီလို အကြောင်းပြချက်တွေက နားထောင်လို့ကောင်းနေတတ်ပေမယ့် တကယ်တော့ မင်းရဲ့ အိမ်မက်တွေကို အမှိုက်ပုံးထဲ ရောက်သွားအောင် တွန်းပို့နေတာပါ။ အောင်မြင်တဲ့သူတွေနဲ့ ရှုံးနိမ့်တဲ့သူတွေကြားမှာ ရှိတဲ့ ခြားနားချက်တစ်ခုကတော့ "လုပ်ချင်တဲ့စိတ်" နဲ့ "လုပ်ရမယ့်အကြောင်းပြချက်" ပါပဲ။

အကြောင်းပြချက်တွေကို ရှေ့တန်းတင်နေသရွေ့ မင်းရဲ့ဘဝက ဒီနေရာမှာပဲ ရပ်နေပါလိမ့်မယ်။

ဒါပေမဲ့ အဲဒီဆင်ခြေတွေကို အလုပ်နဲ့ သက်သေပြလိုက်ရင်တော့ ခန့်ညားတဲ့ အောင်မြင်မှုက မင်းလက်ထဲ ရောက်လာမှာပါ။

အောင်မြင်မှုဆိုတာ မတော်တဆဖြစ်လာတာမဟုတ်ဘူး။ ဆင်ခြေတွေကို ကျော်ဖြတ်ပြီး မနားတမ်း ကြိုးစားခဲ့တဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

ဒီနေ့ကစပြီး ဆင်ခြေပေးတာကို ရပ်လိုက်ပါ။

လေးစားစွာဖြင့်
Jiro - Video Clip

16/03/2026

အယ်မကြီးရာ နန်းဆန်လိုက်တာဗျာ ゚viralシ

🌿📚 နားနားနေနေ ရှိပါစေ...ဆိုပေမဲ့ အားလွန်းရင်တော့ ပျက်စီးတတ်တယ်။⬜ နားနေလွန်းရင် ဒုက္ခဖြစ်တတ်တယ်။ လူရဲ့ သဘောသဘာဝအရ အားရင်း...
16/03/2026

🌿📚 နားနားနေနေ ရှိပါစေ...ဆိုပေမဲ့ အားလွန်းရင်တော့ ပျက်စီးတတ်တယ်။

⬜ နားနေလွန်းရင် ဒုက္ခဖြစ်တတ်တယ်။ လူရဲ့ သဘောသဘာဝအရ အားရင်း...အားရင်းနဲ့ တွန်းအား ကင်းမဲ့သွားပါတယ်။

⬜ အကျင့်ဆိုးတွေ စွဲကပ်လာတယ်၊ ဖုန်းပွတ်တယ်၊ ဂိမ်းပစ်တယ် ၊facebook မှာ ရှောက်ဖွတယ်၊ ဆိုင်တာမဆိုင်တာ ဝင်ဆဲလိုက်သေးတယ်။

⬜ အပျင်းထူလာတယ်၊ စားချိန်သောက်ချိန်ပျက်လာတယ်၊ တိုးတက်မှု မရှာဖွေချင်တော့ဘူး၊ သာမာန်နေထိုင်မှုဘဝ ဖျက်ဆီးပစ်လိုက်တယ်။

⬜ ဇိမ်ကျကျနေထိုင်တယ်၊ နားနားနေနေရှိတယ်၊ အချိန်ပိုတွေ များတယ်၊ လုပ်စရာ မယ်မယ်ရရ မရှိဘူး၊ အမြဲတမ်းအားနေတတ်တယ်။

⬜ တောင်တွေးမြောက်တွေး တွေးတယ်၊ တွေးရင်းတွေးရင်းနဲ့ စိမ်မချမ်းသာတော့ဘူး၊ စိတ်လုပ်ရှားခံစားမှုတွေ များလာတယ်။ မကျေမချမ်းတွေ ဖြစ်လာတယ်။

⬜ လူဆိုတာ..အားလွန်းနေရင် ပြဿနာမရှိရင် ပြဿနာရှာတယ်။

⬜ စကားပြောဖော်ရှာချင်လာတယ်၊ တောင်ပြောမြောက်ပြော ပြောလာတယ်။

⬜ သူများအကြောင်း၊ ကိုယ့်အကြောင်း၊
ကောင်းတာတွေ၊ မကောင်းတာတွေ၊ ပြောရင်းပြောရင်းနဲ့ ခံစားမှုတွေ ဝင်လာတယ်။

⬜ အမြင်တွေ ပြောင်းလာတယ်၊ သဘောထားငယ်လာတယ်၊ အမြင်ကျဉ်း လာတယ်။

⬜ တစ်ဖြည်းဖြည်းချင်း၊ လူတွေနဲ့ ဝေးလာတယ်၊ တိုးတက်ချင်စိတ် ပျောက်ဆုံးသွားတယ်၊ စဉ်းစားဉာဏ်တွေ ထိုင်းမိုင်းသွားတယ်၊ ထိုးဖေါက်ချင်စိတ် ကင်းဝေးသွားတယ်။

⬜ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေလုံးဝမ ရင်ဆိုင်ချင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အပယ်ခံဘဝ ဖြစ်သွားတယ်။

⬜ ဒါကြောင့်မို့လို့ လူရယ်လို့ ဖြစ်လာရင်၊ နားနားနေနေ သိပ်မနေရဘူး၊ ပြင်ပလောကမှာ ဒုက္ခကြုံရင်ကြုံပါစေ၊ အိမ်တွင်းအောင်းပြီး ခံစားချက်များနေတာမျိုး မဖြစ်ပါစေနဲ့.....။

⬜ အပြင်မှာ ပင်ပန်းပြီးသရင် သပါစေ၊ အိမ်မှာ ပျင်းရိပြီးဝိသ တာမျိုး မဖြစ်စေပါနဲ့။

⬜ ယောက်ျားဖြစ်ရင် ကိုယ့်တာဝန် ကိုယ်ယူ ရဲရမယ်။ မိန်းမဖြစ်ရင်၊ ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားနိုင်ရမယ်။

⬜ ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အားလွန်းတာမျိုး မဖြစ်သင့်ဘူး၊ ဘဝကို ကြိုးစားရင်းနဲ့ပဲ ခရီးဆက်စေချင်တယ်။

⬜ အကျိုးပြုတာ တစ်ခုခုလုပ်ပြီး အနှစ်သာရ ပြည့်ဝချင်တယ်။ အားလုံး အောင်မြင်ပျော်ရွှင်နိုင်ပါစေ...

လေးစားစွာဖြင့်
Jiro - Video Clip

ဘယ်သူ့ကိုမှ အားကိုးတကြီးနဲ့ မျှော်လင့်မထားပါနဲ့ အတက်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ။ဘာမှမသိရင် အောက်ကျ...
15/03/2026

ဘယ်သူ့ကိုမှ အားကိုးတကြီးနဲ့
မျှော်လင့်မထားပါနဲ့ အတက်နိုင်ဆုံး
ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ။

ဘာမှမသိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။

စာဖတ်ပါ။
အမှားနည်းပြီး အသိတရားကြွယ်ဖို့ အတွက်
လူတစ်ယောက်မှာ နေ့စဉ်
အချိန်ပေးပြီး စာဖတ်နေဖို့လိုအပ်တယ်။

ငွေရှာပါ။
ရှာပြီးမစုဆောင်းရင်လည်း
အိတ်ပေါက်နဲ့ ဖားကောက် ဆိုရိုးစကားလိုပဲ
သေအောင်ရှာ ချမ်းသာမှာ မဟုတ်တဲ့
အတွက်ကြောင့် ပိုက်ဆံစုပါ။

ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြနဲ့
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါလိုက်မယ်.....

တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။

လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။

ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။

လေးစားစွာဖြင့်
Jiro - Video Clip

15/03/2026

မြွေဘယ်လို ကိုက်သလဲ ? ゚viralシ

မေတ္တာတွေရနေရင်အဲ့ဒီ မေတ္တာတရား အပေါ်မှာ သိတတ်ရတယ် ။ကိုယ့်ကို စေတနာထားပေးရင်အဲ့ဒီ စေတနာကို မစော်ကားရဘူး ။တန်ပြန် မတုန့်ပ...
14/03/2026

မေတ္တာတွေရနေရင်
အဲ့ဒီ မေတ္တာတရား အပေါ်မှာ သိတတ်ရတယ် ။

ကိုယ့်ကို စေတနာထားပေးရင်
အဲ့ဒီ စေတနာကို မစော်ကားရဘူး ။

တန်ပြန် မတုန့်ပြန်နိုင်ရင်တောင်
မေတ္တာတရားနဲ့ ကျေးဇူးတရားဆိုတာ
သိတတ် နားလည်ရတယ် ။

ကိုယ့်အပေါ် စေတနာထားတဲ့ သူတွေအပေါ်မှာ
ဘယ်တော့မှ တစ်နှပ်စားမကြံရဘူး ။
မေတ္တာတုန်းရင် ဘာနဲ့မှမတူဘူး။ ❤️

လေးစားစွာဖြင့်
Jiro - Video Clip

14/03/2026

မတော်တဆ ကံ​ဆိုးခြင်း ゚viralシ

တစ်ယောက်တည်းနေဖို့ လိုလာတဲ့အခါတစ်ယောက်တည်းပဲ နေလိုက်ပါ​တကယ်တော့ ကံပါသလောက်ပဲ ဆိုတာကို လက်ခံလိုက်ရင် ဘာမှ သိပ်ခံစားမနေတော...
14/03/2026

တစ်ယောက်တည်းနေဖို့ လိုလာတဲ့အခါ
တစ်ယောက်တည်းပဲ နေလိုက်ပါ

​တကယ်တော့ ကံပါသလောက်ပဲ
ဆိုတာကို လက်ခံလိုက်ရင် ဘာမှ
သိပ်ခံစားမနေတော့ဘူး။

ကိုယ်နဲ့ မဆုံနိုင်တော့တဲ့သူ၊ ပြောင်းလဲသွားတဲ့သူတွေနောက်ကို လိုက်ပြီး "ဘာလို့လဲ" ဆိုတဲ့ အဖြေတွေ လိုက်မမေးပါနဲ့တော့။

​ကိုယ့်ဘက်ကတော့ တတ်နိုင်သလောက်
ကောင်းပေးခဲ့ပြီးပြီ၊ ပေးဆပ်ခဲ့ပြီးပြီပဲ။
ဒါဟာ လုံလောက်ပါပြီ။

အတိတ်မှာပဲ ထားခဲ့ရမယ့်အရာတွေကို
ဆုပ်ကိုင်ထားရင် ကိုယ်ပဲ ဆက်ပင်ပန်းနေမှာပါ။

ဒါကြောင့်
​မေ့ပစ်လိုက်တာက ပေါ့ပါးမယ်ဆိုရင် မေ့လိုက်ပါ။

​မဆက်သွယ်ဘဲ နေတာက
လွတ်လပ်မယ်ဆိုရင် မဆက်သွယ်ပါနဲ့တော့။

​ဘဝမှာ တစ်ယောက်တည်းနေဖို့
လိုလာတဲ့ အချိန်တွေရှိတယ်။
အဲဒီအခါကျရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ အေးအေးဆေးဆေးသာ နေလိုက်ပါ။

စာဖတ်မယ်၊ အလုပ်လုပ်မယ်၊
ကိုယ်ဝါသနာပါတာလေးတွေပဲ လုပ်နေလိုက်ပါ။

ချစ်တာတွေ၊ မုန်းတာတွေ
ဆုံးရှုံးမှာတွေကို ကြောက်မနေပါနဲ့။

ကိုယ့်ကမ္ဘာလေးထဲမှာ
ကိုယ်ပဲ အေးချမ်းအောင် နေကြည့်ပါ။
မဖြစ်မနေ ကိစ္စရှိမှ ပြောမယ်၊ သွားမယ်။

တခြားအရာတွေကိုတော့
လျစ်လျူရှု (ဥပေက္ခာပြု) လိုက်တာက
ကိုယ့်အတွက် အကောင်းဆုံး အနားယူခြင်းပါပဲ။

လေးစားစွာဖြင့်
Jiro - Video Clip

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Jiro - Video Clipผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Jiro - Video Clip:

แชร์