Life Abroad "Tears Behind the Baht"
ဘတ်ငွေနောက်က မျက်ရည်များ

"Life Behind the Baht"
ဘတ်ငွေနောက်က ဘဝများ

07/06/2026

ထိုင်းရောက်ရွှေမြန်မာများရဲ့ ဘဝအမှန် #ထိုင်းရောက်ရွှေမြန်မာ #ထိုင်း

07/06/2026

#ထိုင်း #ထိုင်းရောက်ရွှေမြန်မာ

04/06/2026

I like your style 😜

👉skincare လုပ်တယ်ဆိုတာ ဝက်ခြံလုံးဝမထွက်တာကို တားမြစ်လိုက်တာမျိုး မဟုတ်ပါဘူး။ အတွေးမှားနေကြတာလေး ရှင်းပြချင်ပါတယ်ဗျ။     ...
27/05/2026

👉skincare လုပ်တယ်ဆိုတာ ဝက်ခြံလုံးဝမထွက်တာကို တားမြစ်လိုက်တာမျိုး မဟုတ်ပါဘူး။
အတွေးမှားနေကြတာလေး ရှင်းပြချင်ပါတယ်ဗျ။

😟ဝက်ခြံဆိုတာ😟
အစာမှားလည်း ထွက်တတ်တာမျိုး
ခရီးသွားများလည်း ထွက်တတ်တာမျိုး
အိပ်ရေးမဝလည်း ထွက်တတ်တာမျိုး
ဖုန်နဲ့ထိထားပြီးလည်း ထွက်တတ်တာမျိုး
စိတ်ရှုပ်ရင်လည်း ထွက်တတ်တာမျိုးပါ။

Skincare ရဲ့ အကျိုးပေးခြင်းက
အရွယ်မတိုင်မီ အိုမင့်ရင့်ရော်မှုကနေ
ကာကွယ်ပေးတယ်
အသက်ကြီးလာလို့ထွက်တတ်တဲ့
အမဲကွက်လေးတွေ ကာကွယ်ပေးတယ်
အသားအရေ ကြည်ပြီး glow skin ရစေမယ်
နေရောင်ကနေ တိုက်ရိုက်ထိတွေ့တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးကနေ ကာကွယ်ပေးမယ်
ရေဓာတ်ပြည့်ဝတဲ့ မျက်နှာဖြစ်တဲ့အတွက် မိတ်ကပ်လိမ်းရင် လှပစေမယ်

ဒါကြောင့် အလှအပကို ချစ်မြတ်နိုးတဲ့ ကျား/မ မရွေး
Skincare ဖို့လိုပါတယ်။

သိသလောက်လေး ရှင်းပြထားပေးတာပါ။
အတွေးမှားတာတွေ သိသွားရင်ဖြင့် ကျေနပ်လှပါပြီနော်။

ချစ်တဲ့မင်မင်❤️❤️.......

🔥ဝက်ခြံဘာကြောင့် ထွက်သလဲ? ဝက်ခြံဖြစ်ရတဲ့ အခြေခံအကြောင်းရင်း (၄) ချက်ရှိပါတယ် -1️⃣ အဆီပြန်ခြင်းအရေပြားအောက်က အဆီဂလင်းတွေက...
12/05/2026

🔥ဝက်ခြံဘာကြောင့် ထွက်သလဲ?

ဝက်ခြံဖြစ်ရတဲ့ အခြေခံအကြောင်းရင်း (၄) ချက်ရှိပါတယ် -

1️⃣ အဆီပြန်ခြင်း

အရေပြားအောက်က အဆီဂလင်းတွေက အဆီ (Sebum) တွေ အလွန်အကျွံ ထုတ်လုပ်ခြင်း။

ချွေးပေါက်ပိတ်ခြင်း: ဆဲလ်သေတွေနဲ့ အဆီတွေ စုပုံပြီး ချွေးပေါက်ကို ပိတ်ဆို့ခြင်း။

ဘက်တီးရီးယား: ချွေးပေါက်ပိတ်နေတဲ့နေရာမှာ C. acnes လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပွားများလာခြင်း။

ရောင်ရမ်းခြင်း: ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဘက်တီးရီးယားကို တုံ့ပြန်တဲ့အခါ နီမြန်းပြီး ရောင်ရမ်းလာခြင်း။

👉တခြားဝက်ခြံထွက်စေသည့် အချက်များ:

ဟော်မုန်းအပြောင်းအလဲ (ဥပမာ- လူပျိုဖော်အပျိုဖော်ဝင်စ)၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း၊ အစားအသောက်နှင့် မိမိအသားအရေနဲ့ မကိုက်ညီသော အလှကုန်များ သုံးစွဲခြင်း။

2️⃣ အသားအရေ ထိန်းသိမ်းနည်း

ဝက်ခြံရှိတဲ့ ဝက်ခြံ ဖြစ်စေတဲ့ အသားအရေအတွက် အခြေခံအဆင့် (၃) ဆင့်ကို ပုံမှန်လုပ်ဆောင်သင့်ပါတယ် -
👉သန့်စင်ခြင်း (Cleansing):

မိမိအသားအရေနဲ့ ကိုက်ညီတဲ့ နူးညံ့တဲ့ မျက်နှာသစ်ဆေး (Gentle Cleanser) နဲ့ တစ်နေ့ ၂ ကြိမ် သစ်ပေးပါ။

ပြင်းလွန်းတဲ့ ဆပ်ပြာတွေ သုံးတာကို ရှောင်ကြဉ်ပါ။

👉အစိုဓာတ်ထိန်းခြင်း (Moisturizing)

အဆီပြန်လို့ဆိုပြီး Moisturizer မလိမ်းဘဲ မနေပါနဲ့။

ရေဓာတ်ဖြည့်ပေးတဲ့ Oil-free သို့မဟုတ် Non-comedogenic (ချွေးပေါက်မပိတ်စေသော) အမျိုးအစားကို ရွေးချယ်ပါ။
(Gel type ဆို ပို၍ကောင်းသည်)

👉နေရောင်ကာခြင်း (Sunscreen)

နေရောင်ခြည်က ဝက်ခြံအမာရွတ်တွေကို ပိုမည်းစေနိုင်တာကြောင့် အပြင်ထွက်တိုင်း Sunscreen လိမ်းဖို့ လိုအပ်ပါတယ်။

3️⃣ ကုသနည်းလမ်းများ (Treatment)

ဝက်ခြံအမျိုးအစားပေါ် မူတည်ပြီး ကုသပုံ ကွာခြားနိုင်ပါတယ် .......

👉အပျော့စား ဝက်ခြံအတွက် Salicylic Acid, Benzoyl Peroxide သို့မဟုတ် Adapalene ပါဝင်တဲ့ ခရင်မ်/ဂျယ်လ်တွေကို အသုံးပြုနိုင်ပါတယ်။

👉ရောင်ရမ်းဝက်ခြံ: ပဋိဇီဝဆေး (Antibiotics) လိမ်းဆေး ဒါမှမဟုတ် သောက်ဆေးတွေ လိုအပ်နိုင်တဲ့အတွက် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။

👉အိမ်တွင်းကုထုံး: မျက်နှာကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့၊ ဝက်ခြံကို မညှစ်ပါနဲ့ (ညှစ်ရင် ပိုရောင်ပြီး အမာရွတ်ကျန်တတ်ပါတယ်)။

4️⃣ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Tips)

🍟အစားအသောက်: သကြားဓာတ်များတာတွေနဲ့ ဆီကြော်စာတွေကို လျှော့စားပါ။

🚿သန့်ရှင်းရေး: ခေါင်းအုံးစွပ်နဲ့ မျက်နှာသုတ်ပဝါတွေကို ပုံမှန်လျှော်ဖွပ်ပါ။

🏖️အနားယူခြင်း: စိတ်ဖိစီးမှု လျှော့ချပြီး တစ်နေ့ကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်ပါ။

🔥🔥🔥🔥ဝက်ခြံဟာ တစ်ညတည်းနဲ့ ပျောက်ကွယ်သွားတဲ့အရာ မဟုတ်တာကြောင့် စိတ်ရှည်လက်ရှည်နဲ့ ပုံမှန်လေး ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ အခြေအနေ အရမ်းဆိုးရွားလာရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။

ချစ်သော
#ဝက်ခြံ #တင်းတိပ်

ခရီးသွားဖို့ သူငယ်ချင်းတွေကို ‘လိုက်မလား’ လို့ မေးတုန်းကတော့ တစ်ယောက်မှ အကြောင်းမပြန်ကြဘူး။ 🙄ဒါပေမဲ့... ငါတို့ လိုက်မယ် ...
09/05/2026

ခရီးသွားဖို့ သူငယ်ချင်းတွေကို ‘လိုက်မလား’ လို့ မေးတုန်းကတော့ တစ်ယောက်မှ အကြောင်းမပြန်ကြဘူး။ 🙄
ဒါပေမဲ့... ငါတို့ လိုက်မယ် ဆိုပြီး အုပ်စုလိုက်ကြီး ရောက်လာတာကတော့ အဲ့ဒီ ဝက်ခြံတွေပဲ။
သူတို့က တကယ့်ကို Dedicated ဖြစ်တဲ့ သူငယ်ချင်းတွေလေ... ဘယ်သွားသွား တစ်ဖဝါးမခွာ လိုက်ရမှ😏

မဖိတ်ဘဲလိုက်မယ့် အဲ့ဒီသူငယ်ချင်းတွေကို နှင်ထုတ်ဖို့ အကြံကောင်းလေးတွေ ပေးကြပါအုံးလို့🙄🤔

#ဝက်ခြံ #တင်းတိပ်

ကဲ... ကိုယ့်ချစ်တို့ရေ❤️ ဒီကမင်မင်လို တစ်ညတည်းပါ....ဆိုပြီး ဇိမ်ခံမိလို့ ဝက်ခြံလက်ဆောင် ရဖူးတဲ့သူတွေ ရှိလား? အဲ့လို လုပ်...
07/05/2026

ကဲ... ကိုယ့်ချစ်တို့ရေ❤️

ဒီကမင်မင်လို တစ်ညတည်းပါ....ဆိုပြီး ဇိမ်ခံမိလို့ ဝက်ခြံလက်ဆောင် ရဖူးတဲ့သူတွေ ရှိလား?

အဲ့လို လုပ်ရဘူးနော်😝
အခုပဲ ထပြီး မျက်နှာသွားသစ်လိုက်ကြတော့...

😆မဟုတ်ရင် မနက်ဖြန် သူငယ်ချင်းအသစ်တွေပါ အုပ်စုလိုက် ထပ်တိုးလာလိမ့်မယ်။ 🏃‍♀️💨

​(မှတ်ချက် - ပျင်းရင်လဲလေးဘက်ထောက်သွားပြီး သစ်ရင်လည်း သစ်လိုက်ကြတော့... အဓိကက သစ်ဖို့ပဲ! 😂🚿)

#တင်းတိပ် #ဝက်ခြံ

💸ပိုက်ဆံမရှိရင် စိတ်ညစ်တယ်... 😜စိတ်ညစ်ရင် Skincare ဝယ်ချင်တယ်။😆 ဝယ်ပြီးရင် ပိုက်ဆံထပ်ကုန်လို့ စိတ်ပြန်ညစ်တယ်။ အဲ့ဒီ သံသရ...
07/05/2026

💸ပိုက်ဆံမရှိရင် စိတ်ညစ်တယ်...

😜စိတ်ညစ်ရင် Skincare ဝယ်ချင်တယ်။

😆 ဝယ်ပြီးရင် ပိုက်ဆံထပ်ကုန်လို့ စိတ်ပြန်ညစ်တယ်။

အဲ့ဒီ သံသရာထဲက ဘယ်လိုထွက်ရမလဲ? 🙄💸🧴

🤔ဒါပေမဲ့ စိတ်ညစ်ပြီး မျက်နှာကြီး အိုမင်းနေတာထက်စာရင်တော့

*** ပိုက်ဆံကုန်ပြီး မျက်နှာ Glow နေတာက ပိုအဆင်ပြေပါတယ်။
အကြွေးတင်ရင် တင်ပါစေ၊ မျက်နှာတော့ လှနေရမယ်လေနော့ 😂✨



#ဝက်ခြံ
#တင်းတိပ်

Good Morning! ✨မနက်နိုးနိုးချင်း သဲတို့ရေ💞 👉အရင်ဆုံး လုပ်ဖြစ်တဲ့ အလှအပဆိုင်ရာ အကျင့်လေးက ဘာဖြစ်မလဲ?​မျက်နှာအရင်သစ်တာလား ...
07/05/2026

Good Morning! ✨

မနက်နိုးနိုးချင်း သဲတို့ရေ💞

👉အရင်ဆုံး လုပ်ဖြစ်တဲ့ အလှအပဆိုင်ရာ အကျင့်လေးက ဘာဖြစ်မလဲ?

​မျက်နှာအရင်သစ်တာလား 🧼

​ရေအရင်သောက်တာလား 💧

​ဒါမှမဟုတ် မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ပြုံးနေတာလား? 😂

Comment မှာ ပြောသွားကြဦးနော်!"


ที่อยู่

Bangkok

เบอร์โทรศัพท์

+959797414857

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Life Abroadผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Life Abroad:

ทางลัด

แชร์